မြတ်စွာဘုရားရဲ့တရားဥိးဟောတော်မူခြင်းကို ဖတ်ကြည့်ရအောင်
မြတ်စွာဘုရားရှင် တော်သည် ဗာရာဏသီ ပြည် မိဂဒါဝုန် တောရပ်ဋ္ဌာနေ၌ ဓမ္မစကြာ သုတ်တရားတော်
ကို စတင် ဟောကြားသည့်  နေ့ နှစိ အချိန် တို့ သည်မှာ မဟာ သက္ကရာဇ် ၁၀၃ ခု ဝါဆို လပြည့် 
စ နေ နေ့  ည နေချမ်း နေဝင် ခါနီး အချိန် ဖြစ်သည်။
အ နောက်ဘက် အရပ် မှ နေဝင် ခါနီး နီနီရဲရဲ ပုံသဏ္ဍန် ဖြစ်နေသည့် အချိန် ၊အ ရှေ့ အရပ် ဘက် မှာ
လည်း လမင်းကြီး ဝါဝါဝင်းဝင်း ကြီး ပေါ်ထွက်လာကာစ ရှိနေတဲ့ အချိန်မှာ မြတ်စွာဘုရားရှင် သည်
ငါးပါးသော ပဉ္စဝဂ္ဂီ ရ သေ့ တို့ အား ငါ ဟာ အရဟံ ပူဇော်အထူးကို ခံတော် မူထိုက်သော ဘုရား ဖြစ်
လာပြီး တထာဂတ ရှေးဘုရားတို့ နှင့်  အလားတူ ဖြစ်လာပြီ သမ္မာ သမ္ဗုဒ္ဓေါ ကိုယ်ပိုင် ဥာဏ်ဖြင့် ကျင့် 
ကြံအားထုတ်၍ သစ္စာတရား အမှန် တိုင်းကို သိလာပြီး ရဟန်း တို့ နားထောင် ကြ ဆင်းရဲ ခပ်သိမ်းငြိမ်း
တဲ့  ချမ်းသာ သော အမြိုက် နိဗ္ဗာန် တရားကို ငါ ဟောမည်၊ ငါ နည်းပေး လမ်းညွန် ပြမည် ၊ငါ ဘုရား
ညွန်ပြသည့် အတိုင်း သင် တို့ လိုက်နာ ကျင့် ကြံ ကြလျှင် အမြတ်ဆုံး အရဟတ္တဖိုလ် (နိဗ္ဗာန်)ကို မျက်
မှောက် ဘဝ ၌ မကြာမီ သင် တို့ ကိုယ်ပိုင် ဥာဏ်ဖြင့် မျက်မှောက် သိရပြီး မြင် တြွေ့ကရလိမ့် မည်ဟု
ဗုဒ္ဓ ဘုရားရှင် ထပ်မံပြီး ဝန်ခံ မိန့် ကြားတော် မူလိုက်လေသည်။
ချစ်သား ရဟန်းတို့  အရိယာ သူမြတ် ဖြစ်သော ပုဂ္ဂိုလ် သည် လိုချင် နှစ်သက်ဖွယ် အာရုံ ကာမ ဂုဏ်
ဝတ္ထု တို့ ၌ တပ်မက် နှစ်သက်ခြင်း တွယ်တာခြင်း စွဲလမ်းအောက်မေ့ နှစ်သက်သာယာ နေ ခြင်းတို့ မှာ
ယုတ်ညံ့ သော နေ ခြင်းမည်၏။
ချစ်သား ရဟန်းတို့  ထိုသို့  နေခြင်းသည် အရိယာ သူမြတ်တို့ ၏ ကျင့် ကြံ နေထိုင် လိုသည့်  အကျင့် 
ကောင်း အကျင့် မြတ် မဟုတ်ကြ ပေ။
မစင် ကြယ် ကြ သော အကျင့်  မအပ်စပ် သော အကျင့်  ဟု မည်ပေ၏။ အရိယာ သူမြတ် တို့  လိုလား
အပ်သည့်  အကျိုးစီးပွား အစစ်နှင့်  မစပ်ဆိုင် ပေ ။
ရွာသူရွာသား မြို့ သူ မြို့ သား ပုထုဇဉ် လူအများစု တို့  ၏ အ လေ့ အလာ ကျင့် သုံးကြတဲ့  လူ တို့ အ
ကျင့် ဥစ္စာ ဖြစ်ကြ၏။
ထိုကြောင့်  ချစ်သား ရဟန်းတို့  အရိယာသူမြတ် တို့ နှင့်  မအပ်စပ် သော လူ များစုတို့  ကျင့် သုံးသော
ကာမ ဂုဏ် ဝတ္ထုတွေ အ ပေါ် မမှီဝဲ သင့် သော အယုတ် တရား တို့ ကို ရှောင် ကြည် ကြရမည်။
((ကာမသုခလ္လိကာနုယောဂ ပါဠိ စကားလုံး က တော့  အနှစ်ချုပ် ပြောရရင် လိုချင် နှစ်သက်စရာ
ကာမဂုဏ်တွေကို နှစ်သက် သာယာပြီး ခံစားခြင်းပါပဲ။ အဲဒီ ကာမဂုဏ် အာရုံတွေမှာ နှစ်သက်
သာယာ တဲ့  တဏှာ နဲ့  ယှဉ်ပြီး ချမ်းသာ မူ ဖြစ်အောင် လုံလ စိုက် အားထုတ် ကာ ခံစားခြင်းပါပဲ။
လိုချင် နှစ်သက်စရာ ကာမ ဂုဏ် ဆိုလို့ အာရုံ ငါးမျိုးရှိပါတယ် ။စိတ်အာရုံထဲလိုချင် နှစ်သက် ဖွယ်
ကောင်းတဲ့  အရာ က တော့  ၁။ အဆင်း ကို စွဲတဲ့  စိတ်အာရုံ ၂။ အသံ ကို စွဲတဲ့  စိတ်အာရုံ
၃။ အနံ့  ကို စွဲတဲ့  စိတ်အာရုံ ၄။ အရသာ တွေ အ ပေါ် စွဲတဲ့  စိတ်အာရုံ ၅ ။အထိ အ တွေ့ ပေါ် စွဲတဲ့ 
စိတ်အာရုံ ငါးမျိးတွေ ပဲ ဖြစ်ပါတယ်။
ခေတ်သုံး စကားနဲ့  ပြောရရင် လူ တွေ သုံးစွဲ နေတဲ့  သက် ရှိ သက်မဲ့  ဝတ္ထု ပစ္စည်းတွေ အကုန်လုံးပါဝင်
ပါတယ်။
လှပတင့် တယ် နေ တယ်လို့ ထင် ရတဲ့  အဆင်းအာရုံဝတ္ထု တွေကို နှစ်သက်သာယာပြီး ကြည့် ရှုခံစား
နေတာဟာ ''ကာမသုခလ္လိကာနုယောဂ'အကျင့် လို့  ခေါ်ပါတယ်။
အဆင်း အာရုံ ဆိုတာ မျက်စိ နဲ့ မြင် ရတဲ့  အဆင်း ရှုပါရုံ သက်သက် မဟုတ်ဘဲ အဲဒီ အဆင်း၏ တည်
ရာ မိန်းမ ၊ ယောက်ျား စသည် ဖြင့် ခေါ်ရတဲ့  အာရုံဝတ္ထုတွေပါ အကုန်လုံး အဆင်းအာရုံ ကာမဂုဏ်
လို့ ခေါ်ပါတယ်။
အသံ အာရုံ ၊အနံ့  အာရုံ အ တွေ့  အထိ အာရုံ တွေ မှာ ထိုနည်းအတိုင်း ပါပဲ ၊အသံ ၏ တည် ရာ
အနံ့  ၏ တည် ရာ အ တွေ့ အထိ တည် ရာ မိန်းမ ၊ ယောက်ျား တူရိယာ အစ ရှိ သော အာရုံ ဝတ္ထု
တွေ အကုန် လုံး ကို အသံ အာရုံ အနံ့  အာရုံ အ တွေ့ အထိ အာရုံ ကာမဂုဏ်လို့  ဆိုပါတယ်။
အရသာ အာရုံ ကြ တော့  အရသာ တည် ရာ ထမင်း ၊ဟင်း ၊မုန့်  ၊သစ်သီး အစ ရှိသော အရသာ အာရုံ
ကာမဂုဏ် လို့ ဆိုတယ် ။ အရသာ အာရုံ ပေါ် စွဲလမ်းကြီးလာပြီး ဆိုရင် ဟင်းကောင်းမှ ထမင်းစားချင်
ကြတယ် ။
သာယာတဲ့  အသံ တွေ နားထောင် နေတာလည်း ကာမ ဂုဏ် အာရုံခံစားတာပါပဲ။
မွှေးတဲ့ အနံ့ တွေ ကို နမ်းရှိုက် ရလို့  သာယာ ခံစား နေတာဟာ လည်း ကာမဂုဏ် ချမ်းသာ ခံစားနေ
တာပါပဲ ၊နူးညံ့ တဲ့  အိပ် ရာ နေ ရာမှ မိန်းမ နဲ့  ယောက်ျား တို့  အထိ အ တွေ့  ပြီး သာယာ ခံစား
နေတာဟာလည်း ကာမဂုဏ် အာရုံ ခံစားနေ ကြတာပါပဲ။
အဲဒီ ကာမဂုဏ် အာရုံ ကာမ ချမ်းသာ တွေကို သာယာ နှစ်သက် ပြီး ခံစားနေတာ ဟာ ယုတ်ညံ့ သော
ခံစားခြင်း လို့  ဗုဒ္ဓ မြတ်စွာဘုရား ဟောကြားတော်မူပါတယ်။))
ဘာ ကြောင့်  လဲ ဆိုရင် အဲဒီ ကာမဂုဏ် တွေကို သုံးဆောင် တဲ့အခါမှာ ယုတ်ညံ့ တဲ့ ကိ လေသာ တွေ
ဖြစ်တယ်။
တပ်မက် တွယ်တာ သာယာတဲ့  ကာမ ရာဂ ကာမ တဏှာ တွေ ဖြစ် ပေါ်တယ်။
ငါ သာ ဒီလို အ ကောင်းတွေ ခံစားရတယ် ဆိုတဲ့  အ နေ နဲ့ လည်း မာန စိတ် တွေ ဖြစ် ပေါ်လာတယ်။
မိမိ ပိုင် တဲ့  သက် ရှိ သက်မဲ့  ကာမဂုဏ် တွေကို သူတစ်ပါးနဲ့  မနီးစပ် စေလိုတဲ့  ဝန်တိုမှု ၊မစ္ဆရိယ လည်း
ဖြစ်တယ်။
ကိုယ်လို သူတစ်ပါးအား မပြည့် စုံ စေချင် တဲ့  မနာလိုမှု ဣဿာ လည်းဖြစ်တယ်။ ဆန့် ကျင် ဘက်
ရန်သူ ထင် ရတဲ့  ပုဂ္ဂိုလ် တွေ အ ပေါ် ပြစ်မှားတဲ့  ဒေါသလည်း ဖြစ်တတ်တယ်။
အရှက် အ ကြောက် ကင်းမဲ့ တဲ့  အဟိရိက အ နောတ္တပ ဆိုတာတွေ လည်း ဖြစ်တတ်တယ်။
ချမ်းသာ တယ် ကောင်းတယ် စသည် တို့  အသိမှားတဲ့  မောဟ လည်း ဖြစ်နိုင် တယ်။ပုထုဇဉ် သ ဘော
အသက် ရှင် နေတဲ့  အတ္တ ကောင် ပမာ ကံ ၏ ဆိုးကျိုး ကောင်းကျိုး ပေါ် မယုံကြည် တဲ့  အမြင် မှား
အယူမှားတဲ့  ဒိဋ္ဌိလည်း ဖြစ်တတ်တယ်။
အဲဒီလို ယုတ်ညံ့ တဲ့  ကိ လေသာ အညစ်ကြေး တွေ ဖြစ်ပေါ်လာ စေသည့်  အတွက် 'ကာမသုခလ္လိကာ
နုယောဂ '' ကာမ ချမ်းသာ ကာမဂုဏ် ခံစားခြင်း သည် ယုတ်ညံ့  ပါတယ် လို့  ရှင် တော် ဘုရား ဟော
ကြားတော် မူပါတယ်။
အဲဒီ ကာမ ဂုဏ် အာရုံ တွေ ပုထုစဉ် ရွာသူ ရွာသား မြို့ သူ မြို့ သား လူ အများစု ခံစား လို နေ နိုင် ကြ
သလို ယုတ်ညံ့  တဲ့  တိရစ္ဆာန် ပြိတ္တာ ဝါ တွေက တောင် သုံးဆောင် ခံစား နေ နိုင် ကြပါတယ်။
ကာမဂုဏ် အာရုံ တွေ နှစ်သက်သာယာ ခံစားနေ ကြ သော ယုတ်ညံ့ သည့်  သတ္တဝါ တွေနဲ့  စပ်ဆိုင်
သောကြောင့်  အဲဒီ ကာမသုခလ္လိကာနုယောဂ အကျင့်  ကို ချစ်သား ရဟန်း အရိယာ သူမြတ်များ
မမှီဝဲ သင့် ပါဘူး ရှောင် ကြည် ရမယ် လို့  မြတ်စွာဘုရား ဟောကြားတော် မူပါတယ်
သာဓု သာဓု သာဓု ပါဘုရာ။
သာဓု သာဓု သာဓု ပါဘုရာ
သာဓု သာဓု သာဓု ပါဘုရား။
photo crdit
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.facebook.com/%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%80%A1%E1%80%9B%E1%80%AD%E1%80%95%E1%80%B9-985054874841497/posts_to_page
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Yes,sir. Thank you very much.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit