Ancient City (Myanmar)
ရခိုင်အပါအဝင် အရှေ့တောင်အာရှနိုင်ငံတို့သည် အိန္ဒိယကိုယ်ပွားအလား ထင်ရလောက်အောင် ဟိန္ဒူနှင့်ဗုဒ္ဓဝါဒဆိုင်ရာ အယူဆများလွှမ်းမိုးခဲ့ပါသည်၊
မင်းနိုင်ငံတစ်ခုသည် စင်္ကြာဝဠာကို ကိုယ်စားပြုထားခြင်းနှင့်ပုံစံတူပြီး မင်းနိုင်ငံ၏ အလယ်ဗဟိုရှိ ဘုရင့်နန်းတော်သည် စင်္ကြာဝဠာ၏ ဒေါက်တိုင်ဖြစ်သော မြင့်မိုရ်တောင် နှင့် သဏ္ဍာန်တူသည့်ဘုရင်မြို့ပြနိုင်ငံများတည်ဆောက်ရာတွင် ယင်းအယူဆကို အသုံးပြကြပါသည်၊
နန်းမြို့များသည် မင်းနိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိပါသည် မင်းနေပြည်တော်ကို တွင်းမြို့ (နန်းမြို့) ပြင်မြို့ ဟူ၍ ဖွဲ့စည်းကြပါသည်၊
နန်းမြို့သည် ဘုရင်နှင့် မင်းဆွေမင်းသားများ ယင်း၏အခြွေအရံမိသားစုများ နေထိုင်ကြပြီး ကျုံး မြို့ရိုး တံတိုင်းစသည်တို့ဖြင့် ကာရံထားခြင်းမှာ ပြင်ပမှတိုက်ခိုက်လာမည့် အန္တာရယ်ကို ကာကွယ်ရာရောက်သည့်အပြင် ဟိန္ဒူ စင်္ကြာဝဠာ ဗေဒခံယူချက်အရစင်္ကြာဝဠာကိုကျောက်တုံးများပင်လယ်သမုဒ္ဒရာများဖြင့်ဝန်းရံထားသည်ဟူသောယူဆချက်အတိုင်း နန်းမြို့များကို ကျုံး မြို့ရိုး တံတိုင်းတို့ဖြင့် ကာရံထားခြင်းဖြစ်သည်။
ပြင်မြို့မှာ သာမှန်လူတို့နေထိုင်ရန်ဖြစ်သည်၊
(ဂျေအက်စ် တမ်ဘီယာ)
ဓညဝတီမြို့ဟောင်း
ဓညဝတီမြို့ဟောင်းသည် ကျောက်တော်မြို့၏အရှေ့ဘက် ၆မိုင်အကွာ သရီချောင်းဖျား သရက်တစ်ပင်ရွာအနီးတည်ရှိပါသည် မြို့တံတိုင်းသည်
စက်ဝိုင်းပုံပျက်သဏ္ဍန်ဖြစ်ပြီး (တောင်မြောက်၁.၅၅မိုင်၊ပေ၈၀၀၀) အရှေ့အနောက် (၁.၃မိုင် ပေ ၇၀၀၀) ကျယ်ဝန်းသည်၊
အတွင်းဘက်တွင်ထောင့်မှန်ပုံသဏ္ဍာန် အတွင်းမြို့တော်(နန်းမြို့တော်)သည်မဟာမုနိဘုရားကုန်းတော်၏တောင်ဘက်၌ကပ်လျက်ရှိပြီးအရှေ့အနောက် (ပေ ၂၀၀၀) တောင်မြောက် (ပေ ၁၇၀၀) ကျယ်ဝန်းသည်။ ယင်းနန်းမြို့တော်အား (ပေ ၂၀၀) ခန့်ကျယ်သည့်ရေကျုံးပတ်ပတ်လည်ဝိုင်းကာထားသည်၊
ဓညဝတီမြို့ဟောင်းအတွင်းတွင်နန်းတော်ဆောက်လုပ်ခဲ့သည်ဟုထင်ရသည့်ကုန်းတန်းများ၊မင်းဆွေမင်းမျိုး၏နေရာအိမ်များဟုထင်ရသည့်ကုန်းတန်းငယ်များ၊ဘာသာရေးဆိုင်ရာအဆောက်ဦးဟောင်းနေရာများဟုထင်ရသည့်နေရာများ၊ တခြားအဆောက်အအုံများတည်ဆောက်ခဲ့သည်ဟုထင်ရသည့်နေရာအနှံ့အုတ်ကုန်းကြီးငယ်တို့ဖြင့်ရှိနေပေသေးသည် တောင်ဘက်မြို့တံတိုင်းသည် ညောင်ချောင်းကျေးရွာမှဖြတ်သန်းကာ အမြင့် ၁ ပေခန့်ထိယခုတိုင်ထင်ထင်ရှားရှားရှိနေပါသေးသည်အနောက်ဘက်တံတိုင်းကြီးမှာသီရိမာနဒီခေါ်သရီမြစ်ချောင်း၏ရေတိုက်စားခြင်း၏အောက်သို့မျောပါပိုင်းပြတ်သွားပြီဖြစ်ပါသည်၊မြောက်ဘက်မြို့တံတိုင်းကြီးမှာစပါးဆိပ်ကျေးရွာအတွင်းမှကျော်ဖြတ်သွားပြီးမညီမညာသောကုန်းတန်းကြီးတခုပမာအဖြစ်သာတွေ့မြင်ကြရပါတော့သည်၊
ဝေသာလီမြို့ဟောင်း
ဝေသာလီမြို့ဟောင်းသည် မြောက်ဦးမြို့မှ ၅ မိုင်ခန့်အကွာတွင်တည်ရှိသည် မြို့၏ပုံသဏ္ဍာန်မှာ အောက်ဘက်၌ ရှူး၍ကွေးနေသော စတုရန်းပုံပျက်သဏ္ဍာန်ဖြစ်သည် မြောက်ဘက်နှင့်အရှေ့ဘက်မြို့ရိုးမှာ ဖြောင့်တန်းနေပြီး တောင်ဘက်နှင့် အနောက်ဘက်မြို့ရိုးတို့မှာ ကွေးနေသည်၊ ဝေသာလီမြို့၏ မြောက်ဘက်နှင့် တောင်ဘက်မြို့ရိုးများကြား ပေ ၁၀၀၀၀ မျှကျယ်ဝန်းပြီး အရှေ့အနောက်မြို့ရိုးများအကွာအဝေးမှာ ပေ ၆၅၀၀ မျှကျယ်ဝန်းသည်၊ ဤမြို့ရိုးမှာ အပြင်မြို့ရိုးဖြစ်သည်၊
အတွင်းမြို့ (နန်းမြို့) သည် ဝေသာလီရွာတွင်တည်ရှိပြီး ယင်းကို ကျုံးဖြင့်ဝန်းရံထားသည်၊နန်းရာကုန်းမှာ လက်ခတ်တောင်နှင့်ကပ်လျက်ရှိသည်၊ မြောက်ဘက်မှ တောင်ဘက်သို့ ပေ ၁၅၀၀ မျှကျယ်ပြီးလျှင် အရှေ့ဘက်မှ အနောက်ဘက်သို့ ပေ ၁၀၀၀ မျှကျယ်ဝန်းသည်၊
ဝေသာလီမြို့သူ မြို့သားများသည် အပြင်မြို့ရိုးအတွင်း၌ နေထိုင်ကြပြီး သူတို့နေထိုင်ရာ မြို့ရိုးအတွင်း၌ပင် ထွန်ယက်စိုက်ပျိုးကြပေလိမ့်မယ်၊
မြောက်ဦးမြို့ဟောင်း
မြောက်ဦးမင်းနေပြည်တော်ကို ကစ္ဆပ နဒီ (ကုလားတန် မြစ်) နှင့် အဉ္ဖန နဒီ (လေးမြို့ မြစ်) ကြား ထို မြစ်နှစ်စင်းဧ။် ရေဝေကြော တွင်
(၁၉) မိုင်မျှရှည်လျားသော မြို့ရိုးတံတိုင်း တောင်ကြောတောင်စွန်းများကိုကျောက်တံတိုင်းလေးထပ် ကာရံထားတဲ့အလည်မှာ မြို့မြောက်ဦးကို ကျုံး ၈ ကျုံး ခံတပ် ၁၀ ခု ကန် ၆ ကန် စပါးကျီ ၃၈ ကျီ မြို့တံခါး ၃၃ ပေါက် နဲ့ တည်ထားခဲ့ပါတယ်၊
မြောက်ဦး ရဲ့ အောင်တပ်ချောင်းမှ ကစ္ဆပ နဒီ သို့ ပေါင်းတုပ်မှ လေးမြို့ မြစ်တလျှောက်သို့ သို့ဖြစ်ရာ ပင်လယ်ဘက်မှ ၀င်လာသော၊ ပင်လယ်ဘက်သို့ ထွက်ခွာသော ပင်လယ်ကူး သင်္ဘောများ အတွက် မြောက်ဦးသည် ဆိပ်ကမ်းကောင်း တစ်ခု အဖြစ် တည်ရှိခဲ့ဖူးကြောင်း ရှေးသမိုင်းတွင်ထင်ရှားခဲ့ပေသည်၊
သာမာန်လူတန်းစားဖြစ်သော မြေထည်လုပ်ငန်းလုပ်ကိုင်သူတို့မှာ ယခု မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာတွင်နေထိုင်ခဲ့ကြသည်၊ ကန့်သရီကျေးရွာတွင် ကြေးအိုး ကြေးခွက် ကြေးပန်းကန်တို့လုပ်ကိုင်ကြသော ကြေးလက်မှုပညာသည်များစုပေါင်းနေထိုင်ကြသည်၊ ပိုးဖြူကျွန်းတွင် သံရည်ကျိုလုပ်ငန်းများ ပန်းထိမ်တောင် ရွှေတောင် တောင်ခြေတလျောက်တွင် ပန်းထိမ်ပညာသည်များ အရက်သည်မကျေးရွာ ယိုင်သည်ရွာတို့တွင့် ရက္ကန်းပညာသည်များ ရွာဟောင်းတောကျေးရွာတွင် ယွန်းထည်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်သူများ ဒိုင်းကျီကမ်းတွင် ပေါ်တူဂီလူမျိုးများ ဓမ္မရာဇ်ကျေးရွာတွင် ထီးလုပ်ငန်းလုပ်ကိုင်သူများနေထိုင်ကြသည်ဟု မြောက်ဦးဖြစ်စဉ်သမိုင်းတွင်တွေ့ရှိရပါသည်၊
်Credit# Na Ma Zaung (မြောက်ဦး Historical)
Photo Credit # Nga Paw Media ( Myouk Oo Image)
MSO-42 (@aungpaing)
#MSO
#Steemit
စိတ်ဝင်စားဖို့ကောင်းပါတယ်။ဗဟုသုတတိုးတာပေါ mso54
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Mso 82
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit