Mi band 3

in esteem •  7 years ago 

Mi Band 3 ဟန်းအွန်။

Display က 0.78" ရှိပြီး OLED အမျိုးအစား ဖြစ်ကာ Touch Screen ပါ။ Mi Band 2 ထက် Display ကြီးတာမို့ ဖုန်းထဲကို ရောက်လာတဲ့ Message တွေကို ဖတ်လို့ရပါတယ်။ ဒါပေမယ့် တရုတ်လိုနဲ့ အင်္ဂလိပ်လိုပဲ ရပါတယ်။ Touchscreen ဖြစ်တာမို့ နာရီ ၊ ခြေလှမ်း ၊ နှလုံးခုန်နှုန်းနဲ့ Battery အား စတာတွေကို ကြည့်ရှု့ရာမှာ ပိုမိုလွယ်ကူ လျှင်မြန်စေပါတယ်။ တစ်ခုရှိတာက Display က လုံးပြီး ခုံးနေလို့ အစင်းရာတော့ ထင်လွယ်ပါမယ်ဗျ။ Mi Band 3 အတွက် မှန်ကပ်လေးကို မဝယ်ခင် စုံစမ်းထားသင့်ပါတယ်။ image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!