မြန်​မာ့အလှူပွဲ ၃

in esteem •  7 years ago 

image

ဖက်စိမ်းကွမ်းတောင်ချိုးရန် ငှက်ပျော်ဖက်အစိမ်း ငှက်ပျောဖက်အဝါများကို အပြစ်အနာအဆာမရှိအောင်ဂရုတစိုက်ဆုတ်ယူရပါသည်။ဆုတ်ယူရာတွင်လဲ ညင်သာစွာကိုင်တွယ်ဆုတ်ယူတတ်ရပါသည်။ ကွမ်းတောင်ချိုးမည့်အမျိုးသမီးအားအလှူအိမ်မှ ကျွန်တော်ကျွန်မတို့အလှူအတွက် မင်္ဂလာဖက်စိမ်းကွမ်းတောင်ချိုးရန်ဖိတ်ပါသည်။ဘယ်နေ့ဘယ်ရက်တွင်ကွမ်းတောင်ချိုးကြွရောက်ပေးပါဟုဖိတ်ကြားရပါသည်။
မနက်ဖြန်အလှူကြီးနေ့ဆိုရင် ဒီနေ့မှစ၍ ဖက်စိမ်းကွမ်းတောင်ချိုးရပါသည်။ သစ်သားကလပ်ပေါ်တွင် ပန်းလည်တိုင်ကိုခိုင်အောင်စိုက်၍ ဖက်စိမ်းကွမ်းတောင်ဖူးညွန့်နေအောင်ထိုးရပါသည်။ ထမင်းစားစားပွဲအားရေစင်စင်ဆေး၍ အလည်တွင်ချထားပါသည်။စားပွဲပေါ်တွင်ပိတ်ဖြူခင်း၍ ကလပ်ကိုတင်ကာကွမ်းတောင်ချိုးရပါသည်
ကွမ်းတောင်ချိုးအမျိုးသမီးအားကူညီရန် အမျိုးသမီးလေး ငါးယောက်လဲထားရှိရပါသည်။ ကွမ်းတောင်ချိုးအမျိုးသမီးက ဖက်စိမ်းကွမ်းတောင်ချိုးနေစဉ် ကျန်အမျိုးသမီးများက ကလပ်ကြာ ကွေးထောက်ကုန်း စိန်တောင် ကြာဖက် ကြာပွင် ကြက်တူရွေးရုပ် စသည်တို့ပြုလုပ်ရပါသည်။ ဖက်စိမ်း ဖက်ဝါများကိုတစ်လှည့်စီ လှည့်ပတ်၍ ကွက်ပြောက်ထိုးရသည်မှာ လွယ်မလိုနှင့်ခက်လှပါသည်။ ကလပ်တွင် ကလပ်ကြာကိုလှည့်ပတ်၍ စိန်တောင်ကြာပွင့်များတစ်ဆင့်စီဆင့်၍ တင်ရပါသည်။ ဖက်စိမ်းကတော့ဖူးတွင် ကြာဖက်ကြာပွင့်များ ကပ်လိုက်သေအခါ စေတီပုံ ဖက်စိမ်းကွမ်းတောင် ရုပ်လုံးပေါ်လာပါသည်။ကလပ်တိုင်ထိပ်တွင် ကြက်တူရွေးရုပ်အမြီးကောကော့ဖြင့် လှပစွာဆင်မြန်းထားပါသည်။ ကွမ်းရွက်များကို ကတော့ထိုး၍ ထိပ်တွင်ထိုးညှပ်ထားပ်သည်။ ရောင်စုံချည်များကို ကလပ်ထိုင်ထိပ်မှအောက်ခြေထိ တင်းအောင်ချည်ဆွဲထားရပါသည်။ စံပယ်ပန်း သဇင်ပန်း စသည်ဖြင့်လဲ ချည်ဆွဲကြပါသည်။ လှပသောဖက်စိမ်းကွမ်းတောင်ဖူးကလေးအား မဏ္ဍပ်ထဲတွင်တင်၍ထားပါသည်။
မြန်မာ့အလှူပွဲနှင့် မြန်မာအမျိုးသမီးများ၏ ဂုဏ်ကျက်သရေ ရှိမှုပင်ဖြစ်ပါတော့သည်။

Photo;Credit

MSU

NO;017

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Promo post သည် သက်မှတ် စာလုံးအရေအတွက် မပြည့်မှီပါဘူး/
ဒီထက်ပိုပြီးများများရေးဖို့လိုအပ်ပါတယ်

မအိမ်​ကံကို သတိရမိ

Nice

နှုတ်တစ်ရာ စာတစ်လုံး ဆိုသလိုပေါ့ဗျာ ကျွန်တော် ရိုးရာ ကို မှတ်တမ်းတင်သလို ဖြစ်တာပေါ့ အားပေးနေပါမည်

MSU 018

အ​ရေးအသား​လေး​ကောင်းတယ်​အကို ဗဟုသုတလဲရပါတယ်​ဗျ

MSU 042