ဂျင်းဒေါင်း

in esteem •  7 years ago  (edited)

image

ဂျင်းဒေါင်း

ပညာရေးဌာနကို ဂျင်း (ချင်း) စရောက်လာပုံအကြောင်း ပြောချင်သေးတယ်။ ကြုံကြိုက်လို့ပါ။ ဂျင်း (ချင်း) သမိုင်းပေါ့

၂၀၀၀ ပြည့်နှစ်ပိုင်းလောက်က မာလ်တီမီဒီယာ ရောဂါတွေ အပြင်းအထန်ထခဲ့ကြတာ မှတ်မိဦးမှာပါ။

အဲဒီအချိန် ကွန်ပျူတာဆိုတာ မင်းသားပဲ။ သူမပါလို့ကို မရတာ။ ဒါပေမဲ့ ကျောင်းတွေကို ထုတ်ပေးထားတဲ့ ကွန်ပျူတာက ကမ္ဘာကျော်အမှတ်တံဆိပ်ကြီး Apple နော်။ နိုင်ငံတော်ရဲ့စေတနာတဲ့

အထင်တွေ အရမ်းမကြီးနဲ့ ပန်းသီးကွန်ပျူတာ LC 630 ဆိုတာကို သုံးနေကြရတာ။ အဲဒီအချိန်က LC 630 ကွန်ပျူတာတွေရဲ့

“ကလစ် …. ကလစ် … ကလစ်”

ဖျစ်ညှစ်ပြီးအော်နေတဲ့အသံ ခုတောင် နားထဲက မထွက်ဘူး။

ကိုင်း … နိုင်ငံတော်က စေတနာထားပြီး ဈေးသက်သာအောင် လုပ်ပေးထားပါတယ်ဆိုတဲ့ ကွန်ပျူတာ ကျောင်းပေါ်ကို ရောက်လာပါပြီဗျာ။ ငါးလုံးတောင်ပါ။

image

လေ့ကျင့်ကြဟေ့ … အဘ ဗိုလ်ချုပ်တွေလာလို့ အလိုတော်မကျရင် အဆူခံရမယ်။ လုပ်ကြ … လုပ်ကြ

လုပ်ကြဆိုမှ ဒုက္ခတွေ့တာ။ ကျွန်တော်တို့မြို့က အလှည့်ကျမီးပေး။ ည ၁၁ နာရီမှ မီးလာ။ ဘယ်အချိန်မှာ လေ့ကျင့်ကြရမှာလဲ

“ကယ်တော်မူပါ … အဘ ဗိုလ်ချုပ် … အဘညွှန်ချုပ်”

အလို … ငါ့တပည့်သားများ ဒုက္ခရောက် မီးစက်ကို ပေးစေ

“ဟေ့ … မပူနဲ့တော့ အဘက မီးစက်ကြီးတစ်လုံး အလကားပေးမယ်တဲ့”

ကျောင်းမှာ မီးစက်ကြိုဆိုပွဲတောင် လုပ်ရင်ကောင်းမယ်လို့ ကျောင်းအုပ်ကြီးကို အကြံပေး။ ကျောင်းအုပ်ကြီးက

“ဟေ့ကောင်ရာ … ပိုက်ဆံ နိမ်းဟေး …” တဲ့

ကိုင်း ကျောင်းကို ကားကြီးနဲ့ရောက်လာ။ မီးစက်တွေ ထမ်းချ။ ဆင်ကြသဗျ။
မီးစက် တရုတ်စက်

နာမည်က “ဂျင်းဒေါင်း” တဲ့

image

တကယ့်စက်ပဲ။ စက်နှိုးရင် လက်လှည့်ဂေါက်နဲ့ လှည့်ရတယ်။ ယောက်ျားအားနဲ့ လှည့်

“ဖွတ် … ဖွတ် … ဖွတ် … ဂျင်း … ဂျင်း … ဂျင်း … ဒေါင်း … ဒေါင်း … ဒေါင်း”

စက်သံက အဲဒီအတိုင်းပဲ။ ဆရာကြီးကတောင်

“သြော် … ဒါကြောင့် ဂျင်းဒေါင်း လို့ခေါ်တာကိုး” တဲ့

အဘချုပ်တို့ရဲ့စေတနာ ဂျင်းကောင်ကြီးက ကျောင်းထဲရောက်လာ။ မီးမလာရင် မုန့်စားတန်းက ဂျင်းကောင်ကို လှည့်နိုင်တဲ့ ကိုဗလကိုပြေးခေါ်ရ။ နှိုးလိုက်ကြ

image

“ဖွတ် … ဖွတ် … ဖွတ် … ဂျင်း … ဂျင်း … ဂျင်း … ဒေါင်း … ဒေါင်း … ဒေါင်း”

လေ့ကျင့်ကြဟေ့ … အဘတွေ လာတော့မယ်။ လုပ်ကြ

စာလေးတွေရိုက်လိုက်၊ ပါဝါပွိုင့်လေးတွေ တင်လိုက်၊ ပုံလေးတွေဆွဲလိုက်၊ ကွန်ပျူတာကတော့ ဖျစ်ညှစ်ပြီး

“ကလစ် …. ကလစ် … ကလစ်”

မီးလာနေရာကနေ …

“ဖွတ် … ဖွတ် … ဖွတ် … ရွှတ်”

မီးစက်ကကျ။ ကွန်ပျူတာတွေက ရပ်

“ဟာ ရေရှည်မှာ မဖြစ်ဘူး။ UPS တွေဝယ်ရမယ်”

အထက်က ညွှန်ကြားချက်လာ။ ကုန်ပြန်ပြီဗျာ။

UPS တွေလာပေမယ့် မီးမလာတဲ့ရက်ကကြာ။ အားမပြည့်ပါ။ မီးစက်ကိုနှိုး။ မီးစက်နားတစ်ယောက်ဂျူတီချ။ ပိုက်ဆံပေးရ

“ဖွတ် … ဖွတ် … ဖွတ် … ဂျင်း … ဂျင်း … ဂျင်း … ဒေါင်း … ဒေါင်း … ဒေါင်း”

အဲဒီလိုနဲ့ အဘဗိုလ်ချုပ်ကြီးတွေ မလာမီ ကွန်ပျူတာ ငါးလုံးက တစ်လုံးပျက် … နှစ်လုံးပျက်။ ဘာမှန်းလဲမသိ။

“ရန်ကုန်က ကုမ္ပဏီကိုပို့စေ”

အမိန့်တော်မြတ်အတိုင်း ကားနဲ့တင်။ ရန်ကုန်ကိုပို့

“ဟာ … ဟိုဟာလောင် … သည်ဟာကျွမ်း … ပေးစမ်း နှစ်သောင်း”

ပြန်လာပြီး ဆရာကြီးဆီကို အစီရင်ခံ

“ဆရာကြီး ဒီ ကွန်ပျူတာတွေ ပျက်တဲ့ တရားခံက အဲဒီ ဂျင်းဒေါင်းကြောင့်တဲ့။ ဂျင်းဒေါင်းနဲ့သုံးရင် ပျက်မှာပဲတဲ့”

“ကဲ … ငါလည်း မတတ်နိုင် … မီးစက်ကြီးပေးထားပြီး မသုံးရင်လည်းအဆူခံရ၊ သုံးတော့လည်း ပိုက်ဆံထုတ်ရ … ငါအလုပ်ထွက်လိုက်မှပဲ”

image

အဘတွေကလာစစ်

“ဖွတ် … ဖွတ် … ဖွတ် … ဂျင်း … ဂျင်း … ဂျင်း … ဒေါင်း … ဒေါင်း … ဒေါင်း”

ကွန်ပျူတာတွေဖွင့်

“ကလစ် … ကလစ် … ကလစ်”

အဘကပြုံး၊ ညွှန်ချုပ်က ကုန်း (ခါး)

“အဘ … အဘတို့ပေးထားတဲ့ မီးစက်နဲ့ စမ်းသပ်ပြီး လုပ်ဆောင်ပြနေတာပါ”

“ဒါပေါ့ … ဒါပဲပေါ့ … ခင်ဗျားတို့က မီးမလာတာပဲပြောတယ် … မီးလာအောင် ဘယ်လိုလုပ်ရမယ်လို့ စဉ်းမှ မစဉ်းစားကြတာပဲ”

“ဟုတ်ကဲ့ အဘ … ဟုတ်ကဲ့ အဘ”

အဘလည်း ပြန်အထွက်၊ ကျောင်းဝကိုအရောက်

“ဖွတ် … ဖွတ် … ဖွတ် … လပြွတ်”

စက်ကထိုးရပ်။ ကွန်ပျူတာတစ်လုံးက ဖောက်ဆိုထမြည်။

“ဟာ … စာစီထားတာ Save မလုပ်လိုက်ရသေးဘူး”

အဘပေးထားတဲ့ ဂျင်းဒေါင်းကတော့ နောက်ထပ် ကွန်ပျူတာတစ်လုံးကို ထပ်ဖောင်းစေလိုက်ပြီ။

“ဆရာကြီး ကွန်ပျူတာက ညှော်နံ့တောင် ထွက်လာသလိုပဲ”

“ဟေ … ဖွင့်ပွဲကနီးပြီ … ဦးစီးကိုဆက် … နောက်ထပ်တစ်လုံးလောက် ဝယ်လို့ရဦးမလား”

ပညာရေးမှာ ဂျင်းကိုမှ အကြီးကြီးထည့်ပြီး ဒေါင်းစေခဲ့တာ မှတ်တမ်းပါဗျာ။ အဲဒီသမိုင်း အဝေးကြီး မဟုတ်ပါ။

#တင်ညွန့်

photo credit; google image
SMT 8

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

SMT 35

This post has received a 100 % upvote from @min2thant (S M T 33)

SMT37

SMT44

Smt40

Congratulations! This post has been upvoted from the communal account, @minnowsupport, by watoke from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

SMT 32

Smt26

smt38

Smt 30

SMT 48

Smt29

smt36

SMT-28

Smt.34

smt39

Smt47

SMT 45

Smt31

Smt 43

SMT 46