##နွေရာသီ မယ်ဘွဲ့ရတု
** ဖန်စကြာလျှင် ၊ နွေခါအလျောက်၊မြောက်သို့ ချဉ်း၍၊ ပျဉ်ကား ပျံ့ရွှင်း၊အင်ကြင်း ပေါက်လဲ၊ ရဲရဲ တွေးတွေး ၊ ရွန့်ရွန့်ကွေးမျှ ၊စဲမေးပြင်ခုံ၊ မြစ်မှာတုံလည်း၊ စုံစုံကျေးငှက် ၊ လည်ယှက်လည်တင်၊လွမ်းဖွယ်ရင်သို့ ၊ရွှင်ကြမြူးစံ ၊ ချစ်သံ ခေါ်ထူး ၊ ရင့်ကျူး ဝမ်းပါး ၊ သနားဘွယ်မှု ၊ သည်ရတုမူ ၊ ရှုက ကဲလွန် ၊ အလွမ်း သန်သည်.....
လေသွန် သာညီ လ တကား။
** ချန်ရက်ကြာတင် ၊ ရှေးနှယ်ပင်တည့် ၊ ပြာစင်ရွှေလှော် ၊ တွေးနှောင်းမြော်လျှင် ၊ စိတ်တော်နှစ်ကြံ ၊ သူတို့ လံ၍ ၊ မြလျှံလိုလို ၊ စိမ်းစိမ်းညိုသား ၊ နဂိုဦးကိုင် ၊ ရွှေစံပိုင်လျှင် ၊ယိမ်းယိုင်တတ်၏ ၊ မှတ်လိမ့်မည့်ကြောင့် ၊ ယုံသည့်တမန် ၊ လျင်စဟန်နှင့် ၊ ပြန်ပေခဲ၍ ၊ သမ်းမဲပျောင်းခွေ့ ၊ အောက်မေ့မြော်ခိုက် ၊ တစဉ်ကြိုက်ဝယ် ၊ ရှေ့၌သာမော ၊ ရောက်ပြီပြောသို့ ၊ ဥသြတည့်မှန် ၊ ပြာလှာ ညွှန့်သည် .....
စေကျွန်လာဆီက တကား။
** ပြန်တက် ရာစင် ၊ ဝေသက် ကြင်သား ၊ နှောင်းမြင်ငြိမ့်လေး ၊ ဖြူမွတ်မွှေးလျှင် ၊ သုံး,လေး ရက် ငါး ၊ မှာစင်ထားဘိ ၊ နည်းများဆွတ်ပျံ့ ၊ ဆယ်ရံ့ရံ့ဖန် ၊ ကြောင်းဝန်ရှိ၍ ၊ တနေ့တည ၊ သာကိုမျှလည်း ၊ မကသောင်းနှစ် ၊ စင်ရှိလစ်သို့ ၊ ချစ်သည့်သူ့ဝမ်း ၊ အလွမ်းဝှန်သွယ် ၊ နောင့်နည်းကြွယ်၍ ၊ ရှိဘွယ်ပေပင် ၊ ရေးရေးထင်ခဲ့ ၊ ထက်ခွင်ယုဂန် ၊ ပူရှိန်ထန်သည်....
နွေပြန်ရာသီ စ တကား ။
နတ်သျှင်နောင်
( နတ်သျှင်နောင် ရတုပေါင်းချုပ်မှ )
@ayethatmon, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။
Submit
ငါယူဂန်ဒါကနေဖြစ်ကြောင်းကို, မြန်မာကနေဖတ်ရှုဖို့ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်မိတ်ဆွေတစ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit