ဝီးကူ ပါဝါစုသင့်ပြီလား

in esteem •  5 years ago  (edited)

ဟိုဘက်ရပ်ကွက်အကြောင်းလေး ရေးပါဦးမယ် စတီးမစ်နဲ့ တူလွန်းနေလို့ လူတွေ စိတ်ဝင်စားမှု နည်းခဲ့တယ်လို့ ဆိုရင်မှန်မယ်ထင်ပါတယ် စတီးမစ်ကို ကလုံးထားလို့ သိပ်သဘောမကျသူတွေ များပါတယ် ဘယ်လို ပါတ်သက်မှုတွေ ရှိတယ်ဆိုတာတော့ အတွင်းကျကျ မသိနိုင်ကြပါဘူး အခုချိန်မှာတော့ တန်ဖိုးတစ်ခုသက်မှတ်ပေးလာပြီဖြစ်လို့ အရင်ထက်တော့ များစွာ အခြေအနေကောင်းလာနေပါပြီ အရင်ကတော့ တစ်ပြားမှ မတန်သေးလို့ လူတွေ စိတ်ဝင်စားမှု နည်းပါတယ် အခုတော့ အိတ်ချိန်းတွေကနေတစ်ဆင့် ချိန်းနိုင်ပြီဖြစ်လို့ တန်ဖိုးအနည်းငယ်တော့ ရှိလို့လာနေပါပြီ
စတီးမစ် စတင်တဲ့ အချိန်ကို မမှီခဲ့ပါဘူး သူဘယ်လိုဖြတ်သန်းလာသလဲ အများကြီးမသိပါဘူး စတီးမစ်ပါဝါရဖို့ တော်တော်လေး လုပ်ကြရပါတယ် ခက်ခက်ခဲခဲပါဘဲ အခုထိလည်း လုပ်နေရတုန်းပါဘဲ ခက်ခဲနေတုန်းပါဘဲ ၀ီးကူကိုတော့ အစပိုင်းမှာ မှီခဲ့ပါတယ်
ဝီးကူ စထွက်လာတော့ အခွင့်အရေးတွေ များစွာပေးပါတယ် အခွင့်အရေးကို အသုံးချသူတွေလည်း များစွာ တွေ့မြင်ရပါတယ် မြန်မာတွေ အခွင့်အရေး အသုံးချတယ်ဆိုတာ နည်းနည်းလေးရယ်ပါ နိုင်ငံခြားသားတွေ လုပ်သွားတာ တော်တ်ာကို ပီပြင်ပါတယ်
ပါဝါတွေကို အကောင့်တစ်ခုတည်းကနေ စုပီး ယူကြပါတယ် ဆိုင်းအပ် ဘောနပ်ကို အခွင့်အရေးတစ်ခုလို အသုံးချကြတာပါ
နောက်ပိုင်း ဒီအကောင့် စုသူတွေကို ဘမ်းပါတယ် ထုံးစံအတိုင်းပါဘဲ လူတိုင်းကိုတော့ သူ မပိတ်ပင်နိုင်ခဲ့ပါဘူး လွတ်ထွက်သွားတဲ့ သူတွေ အများကြီးပါ သူတို့ကတော့ လက်တလုံးခြား လှည့်စားနိုင်သူတွေပေါ့
အခု ၀ီးကူမှာ ဝေလငါးဖြစ်နေသူ တစ်ဝက်လောက်က အဲ့ဒီလို လူရည်လည်တဲ့ နိုင်ငံခြားသားတွေပါဘဲ
ဒါကတော့ ပြီးခဲ့ပါပြီ အကောင့်ဘမ်းတာတွေက တစ်ခန်းရပ်ခဲ့ပြီ မလုပ်နိုင်ခဲ့တာတော့ ဘယ်တက်နိုင်မလဲ
အလကားပေးတဲ့ အဆင့်ကို နည်းနည်းကျော်လာပြီးတဲ့နောက် ယခု တန်ဖိုး တစ်ခု သက်မှန်ပေးလာပြီးတဲ့နောက်မှာတော့
ပါဝါ စုချင်သူတွေအတွက် နောက်ထပ် အခွင့်အရေးက ဈေးနည်းနည်းနဲ့ ၀ယ်စုတဲ့ အလှည့်ဖြစ်ပါတယ်
အရင်က မလုပ်ခဲ့မိသူတွေနဲ့ စလုပ်ခဲ့သော်လည်း တစိုက်မက်မက်မလုပ်ခဲ့သူတွေဟာ ယခုဆိုရင် ပါဝါ ၀ယ်ပြီး စုနေကြပါပြီ
သူတို့ ဘာလို့ ၀ယ်စုနေကြတာလည်း ဈေးပေါနေသေးလို့ပါ တန်ဖိုးရှီလာပြီဆိုတာ သေချာတဲ့အတွက်ပါ
ဝီးကူကနေ စတင်းကို ဒါရိုက် ချိန်းလို့ရနေပါပြီ ၀န်ဆောင်မှုပေးနေတဲ့ အိတ်ချိန်းလုပ်နေတဲ့ သူတွေ ရှီနေပါပြီ
လက်ရှီ ပေါက်ဈေးကတော့ တစ်ဆယ် စတင်းကို ၀ီးကူပါဝါ ခုနှစ်ရာဝန်းကျင်လောက် ရပါတယ် ၀ီးကူရှိပြီးသားသူကလည်း စတင်းပြောင်းချင်ရင် ရပါတယ် ၀ီးကူ ခုနှစ်ရာကို တစ်ဆယ်စတင်း ရပါတယ်
တစ်ရက်ကို ၀ီးကူ ခုနှစ်ဆယ် ရအောင် ရှာနိုင်တယ်ဆိုရင် ၀ီးကူကနေ တစ်ရက် ၀မ်းစတင်း ရနေတယ်ဆိုတဲ့သဘောပါဘဲ
အဆင်ပြေ နေသူတွေကတော့ တစ်ရက် ၀ီးကူ ရာဂဏန်း ရနေကြပါတယ်
နောက်ပိုင်းတော့ စတင်းဈေး နီးပါး ရောက်လာမယ်လို့ သိရပါတယ် ဒါဆိုရင်တော့ အခုချိန်ခါ ၀ီးကူပါဝါ စုရမှာပေါ့
ဝယ်စုရင်တော့ မြန်ပါတယ် စတင်းတစ်ရာလောက် သုံးရင် ၀ီးကူပါဝါ ခုနှစ်ထောင်လောက် ရမယ် စာရေး စုရင်တော့ တော်တော်လေးကြာမှ ခုနှစ်ထောင်ရမယ်
တက်နိင်သလောက်လည်း ၀ယ်စုလိုက်မယ် စာလည်း ရေးပြီး ရှာမယ်ဆိုရင်တော့ အကောင်းဆုံးပါဘဲ
အခုချိန်ထိ ၀ီးကူကို စောင့်ကြည့်နေသူတွေ ရှိတုန်းပါဘဲ အမြင်ရှိသူတွေကတော့ အင်နဲ့ အားနဲ့ ၀င်ရောက် ရင်းနှီးလုပ်ကိုင်နေကြပါပြီ
ဝီးကူကို ဒီအတိုင်း စောင့်ကြည့်မလား ဒါမှမဟုတ် ရင်းနှီးအားထုတ်မှု အနည်းငယ်နဲ့ မြေစမ်းခရမ်းပျိုးပြီး စောင့်ကြည့်မလား.....

Author : @bobokyaw
@bobokyaw.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

wekuခုနှစ်ထောင်ကိုစတင်းတစ်ရာလောက်ရှိတယ်ဆိုတော့ စာတွေဆက်ရေးဖို့တွန်းအားရှိလာပြီဗျို့
ကူညီမယ့်သူတွေရှိလာပြီဆိုတော့ စာဆက်ရေးနိုင်ဖို့ပဲလိုတော့တယ်ဗျာ

လုပ်ထားခဲ့ပြီဘဲ ရှေ့ဆက်ရမှာပေါ့
စတီးမစ်နဲ့ မတူကွဲပြားတာတွေ အများကြီးရှိပါတယ်
တစ်ချို့နေရာတွေက စတီးမစ်ထက်ပိုကောင်းတာတွေ့ရပါတယ်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks you @esteemapp

weku မှာ vote တွေ မနားတမ်းပေးတာ ကျေးဇူးပါနော်


Congratulation ! @hnineikhaing have featured @bobokyaw 's awesome post in my bounty post . If you interest in, you can visit to me.


ဂုဏ်ယူပါတယ် ခင်ဗျ။ @bobokyaw ၏ ထူးခြား ပြောင်မြောက်သော ဒီပိုစ့်ကို @hnineikhaing မှ ကျွန်တော့ ပိုစ့် အောက်တွင် လာရောက် ညွှန်းဆို ပေးသွားပါသည်။ စိတ်ဝင်စားရင် ကျွန်တော့ ပိုစ့်ကို လာလည်ဖို့ ဖိတ်ခေါ်ပါသည်။

My bounty post link : https://steemit.com/myanmar/@aggamun/together-with-you-1-steem-bounty-thng-esny-nyaa-thng-wng-atu-week-26-aggamun