သတိရခြင်းထက် မပိုလွန်စေဖို့
အတွေးအာရုံထဲမှာ ဘယ်တော့မှ မေ့ဖျောက်မရနိုင်တဲ့ ဒဏ်ရာတစ်ခုရရှိခဲ့တယ် အဲ့ဒီဒဏ်ရာက တမြည့်မြည့်နှင့်
နာကြည်းမိစေတဲ့ အသွင်ပြောင်းလဲသွားရတော့တယ် အပြောင်းအလဲတွေ များစွာကြုံရလဲ ဒဏ်ရာဟောင်းရဲ့ ခံစားရသော
ဝေဒနာကတော့ ပျောက်ပြယ်မသွားခဲ့ အစွဲအလမ်းကြီးလွန်းနေခဲ့တာလား မေ့မပြစ်ချင်ခဲ့တာလား အဲ့ဒီအခိုက်အတန့်မှာဘဲ
ကျကွဲသွားတဲ့ မနတွေ အရှက်တရားတွေက ကြေကွဲစရာတွေဘဲ မုန်းတီးစိတ်တွေ တော့ ဖြစ်ပေါ်မလာတက်ခဲ့
ပြန်လည်ဆုံစည်းဖို့ဆိုတာကတော့ မမျှော်သင့်တော့တဲ့ အခွင့်အခါဘဲပေါ့
တကယ်လို့ ပြန်တွေ့ခဲ့ရင်တောင် အဲ့ဒီဒဏ်ရာတွေ အတွက် ကြေကွဲရိပ်တွေ လှစ်ဟလို့ ပြလိမ့်မယ်မထင်ပါနဲ့
နှစ်ပေါင်းများစွာ ကြာခဲ့ရင်တောင် ဒီကြေကွဲမှုတွေကို လူမသိသူမသိ သိမ်းဆည်းလို့ထားမိမယ်
ရင်ထဲက စကားလုံးတွေက မျက်ဝန်းမှာ မထင်ဟပ်စေဖို့ ဟန်ဆောင်ရတာလည်း ကျင့်သားရနေခဲ့ပြီဘဲ
အကြိမ်ကြိမ်အခါအခါ မတ်နေခဲ့တဲ့ အိပ်မက်တွေကလည်း ခြောက်လှန့်နေတုန်းဘဲ အိပ်မက်တွေအကြောင်း
စာစီဖွဲ့ထားလည်း မှတ်တမ်းဆိုတာထက်တော့ မပိုလွန်ခဲ့နိုင်တော့ပါ
အရှုံးတွေအတွက် ဘယ်တော့မှ နောင်တမရသင့်ဘူးလေ နာကျင်မှုဆိုတာ အမှတ်တရတွေ လေးနက်စေဖို့အတွက်ရယ်ပါ
သတိရလိုက်တာလို့ နှုတ်ဖျားက ယောင်ယမ်းပြီး ထွက်အန်မလာမိအောင် နေရတာကလည်း နာကျင်မှုတွေ ရောထွေးနေတဲ့
အမှတ်တရတွေကြောင့်ပါဘဲ ဘ၀နှစ်ခုက အသွားတစ်လမ်း အပြန်တစ်လမ်းရယ်လို့ စကတည်းကသိရင် မင်းဘေးကကိုယ်
ဖြတ်မလျှောက်ခဲ့သင့်ဘူး။ အတိတ်ဆိုတာကို ဖုံးကွယ်ထားဖို့ အနာဂါတ်မှာ သတိရခြင်းထက် မပိုလွန်စေဖို့လိုအပ်နေပြန်တယ်
Author : @bobokyaw
လူမသိသူမသိ သိမ်းဆည်းလို့ထားမိမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေးလှချည်လား ဗျ။ 😜
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အာရုံပေါ်သလို ဆော်တာဘဲ
ရင်ဖွင့်စရာ စတီးမစ်ဘဲရှိဒယ်လေ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟာ😌😌sweet december မာ feel,လှပါလား😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူကသာ အသက်တစ်နှစ်ပြီးတစ်နှစ်ကြီးလာဒယ်
စိတ်ကတော့ နှစ်ဆယ်နားကကို မတက်သေးပူးလေ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit