📝📝📒📒📙

in esteem •  7 years ago 

သိက္ခာချခြင်း
🌷🌷🌷

သိက္ခာချခြင်းဆိုသည်မှာ မိမိသည် ရဟန်းသီလကို ကျင့်သုံးနိုင်ခြင်းမရှိတော့ပါကြောင်း ဖွင့်ဟပြောကြားခြင်းပင် ဖြစ်သည်။ သိက္ခာချပြီးနောက် ပါရာဇိကအမှုများကို ကျူးလွန်ပါက ရဟန်းမဟုတ်တော့ပြီဖြစ်၍ ပါရာဇိကအာပတ်မသင့်တော့ပါ။ ပါရာဇိကကျပြီးသော ရဟန်းမှာလည်း သီလသိက္ခာမရှိတော့ပြီဖြစ်၍ သိက္ခာချရန် မလိုတော့ပါ။ သိက္ခာချရာ အောက်ပါအချက် (၆)ချက်နှင့် ပြည့်စုံရမည်။

၁။ အမှန်တကယ် ရဟန်းအဖြစ်ဖြင့် မနေလိုခြင်း(သိက္ခာချလိုစိတ်ရှိခြင်း)၊

၂။ သတ်မှတ်ထားသည့် သိက္ခာချ စကားလုံး မှန်ကန်ခြင်း၊

၃။ ပစ္စုပ္ပန်ကာလဖြင့် ပြောဆိုခြင်း၊

၎။ နှုတ်ဖြင့် ပီသစွာဆိုခြင်း၊ (လက်ဟန်ပြခြင်း၊ စာရေးခြင်းဖြင့် သိက္ခာချလျှင် သိက္ခာမကျချေ)၊

၅။ ထိုပြောဆိုသောစကားကို နားထောင်သူ (သိက္ခာချပေးသူ)မှာ လူသား စင်စစ်ဖြစ်ခြင်း၊

၆။ နားထောင်သူက ချက်ခြင်း နားလည်ခြင်း။

သိက္ခာချ စကားလုံး ၂၆-လုံး
🌷🌷🌷🌷🌷🌷🌷
၁.ဘုရားကို စွန့်ပါ၏။ (ဗုဒ္ဓံ ပစ္စက္ခာမိ)

၂.တရားတော်ကို စွန့်ပါ၏။ (ဓမ္မံ ပစ္စက္ခာမိ)

၃.သံဃာတော်ကို စွန့်ပါ၏။ (သံဃံ ပစ္စက္ခာမိ)

၎.ရဟန်းသိက္ခာကို စွန့်ပါ၏။ (သိက္ခံ ပစ္စက္ခာမိ)

၅.၀ိနည်းတော်ကို စွန့်ပါ၏။ (၀ိနယံ ပစ္စက္ခာမိ)

၆.ပါတိမောက် (၀ိနည်းသိက္ခာပုဒ် မာတိကာ)ကို စွန့်ပါ၏။ (ပါတိမောက္ခံ ပစ္စက္ခာမိ)

၇.၀ိနည်းသိက္ခာပုဒ် အကျဉ်းချုပ်ကို စွန့်ပါ၏။ (ဥဒ္ဒေသံ ပစ္စက္ခာမိ)

၈.ဥပဇ္ဈာယ်ဆရာကို စွန့်ပါ၏။ (ဥပဇ္ဈာယံ ပစ္စက္ခာမိ)

၉.ဆရာကို စွန့်ပါ၏။ (အာစရိယံ ပစ္စက္ခာမိ)

၁၀.အတူနေတပည့်ကို စွန့်ပါ၏။ (သဒ္ဓိဝိဟာရိကံ ပစ္စက္ခာမိ)

၁၁.အနီးနေ တပည့်ကို စွန့်ပါ၏။ (အန္တေ၀ါသိကံ ပစ္စက္ခာမိ)

၁၂.ဥပဇ္ဈာယ်တူ ရဟန်းကို စွန့်ပါ၏။ (သမာနုပဇ္ဈာယကံ ပစ္စက္ခာမိ)

၁၃.ဆရာတူတပည့်ကို စွန့်ပါ၏။ (သမာနာစရိယံ ပစ္စက္ခာမိ)

၁၄.အတူနေ သီတင်းသုံးဖော်ကို စွန့်ပါ၏။ (သဗြဟ္မစာရိံ ပစ္စက္ခာမိ)

၁၅.အကျွန်ုပ်ကို လူဝတ်ကြောင်ဟူ၍ မှတ်ပါလော့။ (ဂိဟီတိ မံ ဓာရေဟိ)

၁၆.အကျွန်ုပ်ကို ဥပါသကာဟူ၍ မှတ်ပါလော့။ (ဥပါသကောတိ မံ ဓာရေဟိ)

၁၇.အကျွန်ုပ်ကို အရာမ်စောင့်၊ ကျောင်းစောင့်ဟူ၍ မှတ်ပါလော့။ (အာရာမိကောတိ မံ ဓာရေဟိ)

၁၈.အကျွန်ုပ်ကို ရှင်သာမဏေဟူ၍ မှတ်တော်မူပါလော့။ (သာမဏေရောတိ မံ ဓာရေဟိ)

၁၉.အကျွန်ုပ်ကို တိတ္ထိ (မိစ္ဆာဒိဋ္ဌိဆရာကြီး) ဟူ၍ မှတ်ပါလော့။ (တိတ္ထိယောတိ မံ ဓာရေဟိ)

၂၀.အကျွန်ုပ်ကို တိတ္ထိတပည့်ဟူ၍ မှတ်ပါလော့။ (တိတ္ထိယသာဝကောတိ မံ ဓာရေဟိ)

၂၁.အကျွန်ုပ်ကို ရဟန်း မဟုတ်တော့ဟူ၍ မှတ်ပါလော့။ (အသမဏေတိ မံ ဓာရေဟိ)

၂၂.အကျွန်ုပ်ကို သာကီဝင်မင်းသား ဘုရားသားတော် မဟုတ်ဟူ၍ မှတ်ပါလော့၊ (အသကျပုတ္တိယောတိ မံ ဓာရေဟိ)

၂၃.ဘုရားသည် ငါ့အတွက် အကျိုးမရှိ၊ တော်ပြီ၊ တန်ပြီ၊ (အလံ မေ ဗုဒ္ဓေန)

၂၄.ဘုရားသည် ငါ့အတွက် ဘာလုပ်ဖို့လဲ၊ (ကိံ နု မေ ဗုဒ္ဓေန)

၂၅.ငါသည် ဘုရားကို အလိုမရှိပြီ၊ ဘုရားသည် ငါ့အတွက် မလိုတော့ပြီ၊ (နအတ္ထော မေ ဗုဒ္ဓေန)

၂၆.ငါသည် ဘုရားလက်အောက်မှ လွတ်မြောက်ပြီ၊ (သုမုတ္တော ဟံ ဗုဒ္ဓေန)

အထက်ဖော်ပြပါ သတ်မှတ်ထားသော သိက္ခာချ စကားလုံး ၂၆-လုံးတို့အနက် တစ်လုံးလုံးကို ပါဠိဘာသာဖြင့် ဖြစ်စေ၊ မိမိနားလည်ရာ အခြားဘာသာ စကားဖြင့်ဖြစ်စေ ရွတ်ဆိုခွင့်ရှိသည်။ (၂၆ပုဒ်စလုံး ဆိုစရာမလိုပေ။ တစ်ချို့စကားလုံးများသည် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် ရွတ်ဆိုရမည်ကိုပင် မရဲဝံ့ချေ။ ဤသည်ကားမိမိအမြင်)။ ဘုရားကို စွန့်ခဲ့ပြီဟု အတိတ်ကာလဖြင့် လည်းကောင်း၊ ဘုရားကို စွန့်တော့မည်ဟု အနာဂတ်ကာလဖြင့် လည်းကောင်း ပြောဆိုလျှင် သိက္ခာမကျချေ၊ စွန့်ပါ၏ဟု ပစ္စုပ္ပန်ကာလဖြင့် ပြောဆိုမှသာ သိက္ခာကျသည်။ သိက္ခာချရာ ယောက်ျား မိန်းမ မည်သူ့ထံ၌မဆို သိက္ခာချနိုင်၏။ နားထောင်သူ အနေဖြင့် ဤရဟန်းသည် သိက္ခာ ချသည်ဟု ချက်ချင်းနားလည်ရမည်။ ဖြေးဖြေးစဉ်းစားပြီးမှ (သူတပါးရှင်းပြမှ) နားလည်လျှင် သိက္ခာမကျချေ။

ထို့ကြောင့် ၀ိနည်း နားလည်သူအထံတွင်သာ သိက္ခာချသင့်၏။ ၀ိနည်းနားမလည်သူထံ သိက္ခာချလိုပါက သိက္ခာချခြင်း၏ အဓိပ္ပာယ်ကို ကြိုတင်ရှင်းလင်း ပြောပြပြီး နောက်မှသာ သိက္ခာချသင့်သည်။ (ဒါကြောင့် ၀ိနည်းကို နားလည်သင့်တယ်ဆိုတာ ဒီလို အချက်တွေကြောင့် အရှေ့မှာ ရေးခဲ့တာပါ) ထို့ပြင်မြန်မာစကား မတတ်သူထံ မြန်မာဘာသာဖြင့် သိက္ခာချလျှင် ပါဠိစကားမတတ်သူထံ ပါဠိဘာသာဖြင့် သိက္ခာချလျှင်၊ သိက္ခာမကျချေ။ ရုပ်ပွားဆင်းတုတော်ရှေ့လည်းကောင်း၊ သစ်ပင်ရှေ့လည်းကောင်း၊ တိရစ္ဆာန်ထံ၌လည်းကောင်း သိက္ခာချလျှင် သိက္ခာမကျချေ။

ဤခေတ် ဒုလ္လဘရဟန်းခံသူတို့သည် သိက္ခာကျအောင် သိက္ခာချဖို့ အရေးကြီး၏။ သိက္ခာမကျဘဲ လူဝတ်လဲ၍ မိမိအိမ်ပြန်လာပါက သင်္ကန်းဝတ်စဉ်က ပါရာဇိကမကျဘဲ ပုဆိုးဝတ်ပြီးမှ ပါရာဇိကကျမည်ကို သတိပြုသင့်ကြသည်။
(ဒါက မနှစ်ကမိမိတင်ခဲ့တဲ့ Credit#Ntပို့စ်ကို ပြန်တင်လိုက်တာပါ။)

ဒါက ပါဠိသီးသန့်ပါဗျ
👇👇👇👇👇👇
‘‘ကထဉ္စ, ဘိက္ခဝေ, ဒုဗ္ဗလျာဝိကမ္မဉ္စေဝ ဟောတိ သိက္ခာ စ ပစ္စက္ခာတာ? ဣဓ, ဘိက္ခဝေ, ဘိက္ခု ဥက္ကဏ္ဌိတော အနဘိရတော သာမညာ စဝိတုကာမော ဘိက္ခုဘာဝံ အဋ္ဋီယမာနော ဟရာယမာနော ဇိဂုစ္ဆမာနော ဂိဟိဘာဝံ ပတ္ထယမာနော…ပေ… အသကျပုတ္တိယဘာဝံ ပတ္ထယမာနော – ‘ဗုဒ္ဓံ ပစ္စက္ခာမီ’တိ ဝဒတိ ဝိညာပေတိ။ ဧဝမ္ပိ, ဘိက္ခဝေ, ဒုဗ္ဗလျာဝိကမ္မဉ္စေဝ ဟောတိ သိက္ခာ စ ပစ္စက္ခာတာ။

‘‘အထ ဝါ ပန ဥက္ကဏ္ဌိတော အနဘိရတော သာမညာ စဝိတုကာမော ဘိက္ခုဘာဝံ အဋ္ဋီယမာနော ဟရာယမာနော ဇိဂုစ္ဆမာနော ဂိဟိဘာဝံ ပတ္ထယမာနော…ပေ… အသကျပုတ္တိယဘာဝံ ပတ္ထယမာနော – ‘ဓမ္မံ ပစ္စက္ခာမီ’တိ ဝဒတိ ဝိညာပေတိ… ‘သံဃံ ပစ္စက္ခာမီ’တိ ဝဒတိ ဝိညာပေတိ… ‘သိက္ခံ ပစ္စက္ခာမီ’တိ ဝဒတိ ဝိညာပေတိ… ‘ဝိနယံ ပစ္စက္ခာမီ’တိ ဝဒတိ ဝိညာပေတိ… ‘ပါတိမောက္ခံ ပစ္စက္ခာမီ’တိ ဝဒတိ ဝိညာပေတိ… ‘ဥဒ္ဒေသံ ပစ္စက္ခာမီ’တိ ဝဒတိ ဝိညာပေတိ… ‘ဥပဇ္ဈာယံ ပစ္စက္ခာမီ’တိ ဝဒတိ ဝိညာပေတိ… ‘အာစရိယံ ပစ္စက္ခာမီ’တိ ဝဒတိ ဝိညာပေတိ… ‘သဒ္ဓိဝိဟာရိကံ ပစ္စက္ခာမီ’တိ ဝဒတိ ဝိညာပေတိ… ‘အန္တေဝါသိကံ ပစ္စက္ခာမီ’တိ ဝဒတိ ဝိညာပေတိ… ‘သမာနုပဇ္ဈာယကံ ပစ္စက္ခာမီ’တိ ဝဒတိ ဝိညာပေတိ… ‘သမာနာစရိယကံ ပစ္စက္ခာမီ’တိ ဝဒတိ ဝိညာပေတိ… ‘သဗြဟ္မစာရိံ ပစ္စက္ခာမီ’တိ ဝဒတိ ဝိညာပေတိ… ‘ဂိဟီတိ မံ ဓာရေဟီ’တိ ဝဒတိ ဝိညာပေတိ… ‘ဥပါသကောတိ မံ ဓာရေဟီ’တိ ဝဒတိ ဝိညာပေတိ… ‘အာရာမိကောတိ မံ ဓာရေဟီ’တိ ဝဒတိ ဝိညာပေတိ… ‘သာမဏေရောတိ မံ ဓာရေဟီ’တိ ဝဒတိ ဝိညာပေတိ… ‘တိတ္ထိယောတိ မံ ဓာရေဟီ’တိ ဝဒတိ ဝိညာပေတိ… ‘တိတ္ထိယသာဝကောတိ မံ ဓာရေဟီ’တိ ဝဒတိ ဝိညာပေတိ… ‘အဿမဏောတိ မံ ဓာရေဟီ’တိ ဝဒတိ ဝိညာပေတိ… ‘အသကျပုတ္တိယောတိ မံ ဓာရေဟီ’တိ ဝဒတိ ဝိညာပေတိ။ ဧဝမ္ပိ, ဘိက္ခဝေ, ဒုဗ္ဗလျာဝိကမ္မဉ္စေဝ ဟောတိ သိက္ခာ စ ပစ္စက္ခာတာ။
(ပါရာဇိကဏ်ပါဠိတော် နှာ ၃၂။ ပိုဒ် ၅၁။)

ဒါက ပါဠိတော် မြန်မာပြန်ပါဗျ
👇👇👇👇👇👇👇👇👇
ရဟန်းတို့ အဘယ်သို့လျှင် အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းလည်း ဖြစ်၍ သိက္ခာလည်း ကျသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည် ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍ လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရား အနွယ်တော် မဟုတ်သည်၏ အဖြစ်ကို တောင့်တလျက် "မြတ်စွာဘုရားကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ ရဟန်းတို့ ဤသို့ ပြောဆို သိစေလျှင်ကား အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းလည်း ဖြစ်၍ သိက္ခာလည်း ကျ၏။ တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည် ဖြစ်၍ ရှက်နိုးသည် ဖြစ်၍ စက်ဆုပ်သည် ဖြစ်၍ လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏ အဖြစ်ကို တောင့်တလျက် "တရားတော်ကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "သံဃာတော်ကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "သိက္ခာကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "၀ိနည်းကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "ပါတိမောက်ကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "ပါတိမောက်ရွတ်ခြင်းကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "ဥပဇ္ဈာယ်ဆရာကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "ဆရာငါးပါးကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "အတူနေတပည့်ကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "အနီးနေတပည့်ကိုစွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "ဥပဇ္ဈာယ်ဆရာတူ ဖြစ်သူကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "နိဿရည်းဆရာတူ ဖြစ်သူကို စွန့်ပါ၏"ဟု ပြော၏၊ သိစေ၏။ "သီတင်းသုံးဖော်ကို စွန့်ပါ၏"ဟုပြော၏၊ သိစေ၏။ "ငါ့ကို လူဟူ၍ မှတ်ပါ"ဟု ပြော၏၊ သိစေ၏။ "ငါ့ကို ဥပါသကာဟူ၍ မှတ်ပါ"ဟု ပြော၏၊ စသိစေ၏။ "ငါ့ကို အရံစောင့်ဟူ၍ မှတ်ပါ"ဟု ပြော၏၊ သိစေ၏။ "ငါ့ကို သာမဏေဟူ၍မှတ်ပါ"ဟု ပြော၏၊ သိစေ၏။ "ငါ့ကို တိတ္ထိဟူ၍ မှတ်ပါ"ဟု ပြော၏၊ သိစေ၏။ "ငါ့ကို တိတ္ထိ၏တပည့်ဟူ၍ မှတ်ပါ"ဟု ပြော၏၊ သိစေ၏။ "ငါ့ကို ရဟန်း မဟုတ်သူဟူ၍ မှတ်ပါ"ဟု ပြော၏၊ သိစေ၏။ "ငါ့ကို သာဝကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူဟူ၍ မှတ်ပါ"ဟု ပြော၏၊ သိစေ၏။ ရဟန်းတို့ ဤသို့ ပြောဆို သိစေလျှင်ကား အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းလည်း ဖြစ်၍သိက္ခာလည်း ကျ၏။
မဂ်နောင်ဖိုလ် ဖလသမာပတ်(ဖိုလ်) ကွာဟချက်
🌷🌷🌷🌷🌷🌷🌷🌷🌷

တထာ ဖလဉ္စ မဂ္ဂါဂမနဝသေန မဂ္ဂဝီထိယံ

ဖိုလ်၏ ဖြစ်ပေါ်လာကြောင်းဖြစ်သော မဂ်သည် မဂ္ဂါဂမန မည်၏၊ မဂ္ဂဝီထိ၌ပါသော ဖိုလ်နှစ်ကြိမ် သုံးကြိမ်လည်း မဂ်နာမည်ကို လိုက်၍ နာမည်အမျိုးမျိုးရသည်။ မဂ်က သုညတဝိမောက္ခမဂ် ဖြစ်လျှင် ဖိုလ်လည်း သုညတဝိမောက္ခဖိုလ် မည်၏။ မဂ်က အနိမိတ္တ ဝိမောက္ခ ဖြစ်လျှင် ဖိုလ်လည်း အနိမိတ္တဝိမောက္ခ, မဂ်က အပ္ပဏိဟိတဖြစ်လျှင် ဖိုလ်လည်း အပ္ပဏိဟိတ ဖိုလ်ပင် ဖြစ်သည်-ဟူလို။ [အာဂစ္ဆတိ ဖလံ ဧတေနာတိ အာဂမနံ၊ မဂ္ဂေါယေဝ+အာဂမနံ မဂ္ဂါဂမနံ။]

ဖလသမာပတ္တိဝီထိယံ၊ပေ၊ သုညတာဒိဝိမောက္ခောတိ စ ပဝုစ္စတိ။

ဖလသမာပတ် ဝင်စားခါနီး၌ အနိစ္စ,ဒုက္ခ,အနတ္တဟု ရုပ်နာမ်တစ်ခုခုကို ဝိပဿနာ ရှုရသေး၏။ ထို့ကြောင့် မဂ္ဂဝီထိတုန်းက မဂ်သည် သုညတဝိမောက္ခ စသောမိမိနာမည်ကို ဖိုလ်အား ဆက်လက်၍ ပေးနိုင်သော်လည်း ဖလသမာပတ္တိဝီထိခန်း၌ မဂ်မပါတော့ပြီဖြစ်၍ မဂ်က ဖိုလ်အား နာမည် မပေးနိုင်တော့ပြီ။ ဖလသမာပတ် မဝင်စားမီ ရှေ့ကဖြစ်သော ဝိပဿနာကသာ ဖိုလ်အား သုညတဝိမောက္ခစသော နာမည် တစ်ခုခုကို ပေးနိုင်သည်။ ဥပမာ- သမာပတ်ရှေ့က ဝိပဿနာသည် သုညတာနုပဿနာ ဖြစ်လျှင် ဖိုလ်အား သုညတာ ဝိမောက္ခဟူသော နာမည်ကို ပေးနိုင်သည်။ ဤသို့ စသည်ဖြင့် သိပါ။

ယထာသကံ ဖလမုပ္ပဇ္ဇမာနံပိ။

ဖလသမာပတ်ဝင်စားသောအခါ မိမိတည်းဟူသော မဂ်အားလျော် သော ဖိုလ်ပင် ဖြစ်၏။ ဥပမာ- မဂ်ရတုန်းက သုညတဝိမောက္ခမဂ်ဖြစ်လျှင် ဖလသမာပတ် ဝင်စားသောအခါ ဖိုလ်လည်း ထိုသုညတဝိမောက္ခ၏ အကျိုးဖြစ်သော ဖိုလ်စိတ်ပင်တည်း။ ထိုသို့ ပထမရခဲ့တုန်းက မဂ်၏ ဖိုလ်ပင်ဖြစ်သော်လည်း ထိုမဂ်က ဖလသမာပတ်အတွင်း၌ဖြစ်သော ဖိုလ်အား သုညတဝိမောက္ခစသော နာမည်ကို မပေးနိုင်-ဟူလို။ အကြောင်းကား- ပထမရခဲ့သောမဂ်နှင့် ဖလသမာပတ်တွင်းက ဖိုလ်မှာ အလွန် ဝေးကွာခဲ့ပြီဖြစ်၍ ယခု သမာပတ်ဝင်စားခါနီးဖြစ်သော ဝိပဿနာကသာ ဖိုလ်နှင့် နီးကပ်သောကြောင့် တည်း။ [ယထာသကံ အရာဝယ် မဏိမဉ္ဇူ၌ "ယထာသက"ဟု ဖွင့်၏။ "ယထာသကဖလံ-အကြင် အကြင် မိမိ၏ဥစ္စာဖြစ်သော ဖိုလ်သည်" ဟု အနက်ပေးစေလိုသည်။ နိဂ္ဂဟိတ်မှာ အာဂုံသာတည်းတဲ့။]

အာရမဏဝသေန၊ပေ၊ သဗ္ဗတ္ထ သဗ္ဗေသံပိ သမမေဝ။

မဂ်ဖိုလ်တို့၌ သုညတဝိမောက္ခ စသော နာမည်ရမှုသည် ဝိပဿနာနှင့် ဆက်သွယ်၍သာ ဖြစ်သည် မဟုတ်သေး။ အာရုံနှင့် ဆက်သွယ်၍ လည်းကောင်း, မိမိ၏ ပင်ကိုသဘောအားဖြင့်လည်းကောင်း ဖြစ်သေး၏။ ထင်ရှားစေအံ့- မဂ်ဖိုလ်တို့၏ အာရုံ ဟူသည် နိဗ္ဗာန်တည်း။ ထိုနိဗ္ဗာန်ကား ရုပ်ပိုင်း နိဗ္ဗာန်ခန်း၌ ပြခဲ့သည့်အတိုင်း သုညတ အနိမိတ္တ အပ္ပဏိဟိတ အမည် သုံးမျိုးလုံး ရ၏။ ထိုနိဗ္ဗာန်ကို အာရုံပြုသော မဂ်ဖိုလ်များလည်း (အကြောင်းအာရုံ၏ အမည်ကို အကျိုးအာရမဏိက မဂ်ဖိုလ်ပေါ် တင်စား၍) သုညတဝိမောက္ခ အနိမိတ္တဝိမောက္ခ အပ္ပဏိဟိတဝိမောက္ခဟု နာမည်သုံးမျိုးပင် မဂ္ဂဝီထိ၌ဖြစ်စေ, ဖလသမာပတ္တိဝီထိ၌ဖြစ်စေ အခါခပ်သိမ်း ဖြစ်နိုင်ပေသည်၊ မိမိသဘောအတိုင်း အမည်သုံးမျိုးဖြစ်ပုံကိုကား- မဂ်ဖိုလ်တို့၌ ရာဂစသော ကိလေသာတို့မှ ကင်းဆိတ်သောကြောင့် အမြဲပင် သုညတဝိမောက္ခ အမည် ဖြစ်၏။ [သင်္ခါရတရားတို့သည် ပရမတ်အထည်ဝတ္ထုဖြစ်၍ ယောဂီတို့ဉာဏ်မှာ ပုံသဏ္ဌာန်နိမိတ် ထင်၏။] ထိုသင်္ခါရနိမိတ်ကို အာရုံ မပြုဘဲ နိဗ္ဗာန်ကို အာရုံပြုသောကြောင့် အမြဲပင် အနိမိတ္တဝိမောက္ခအမည် ဖြစ်၏။ ရာဂစသော တောင့်တတတ်သော ကိလေသာတို့နှင့် မယှဉ်ရကား အမြဲပင် အပ္ပဏိဟိတဝိမောက္ခ မည်၏။ ဤသို့လျှင် အာရုံအားဖြင့်လည်းကောင်း, မိမိသဘောအားဖြင့်လည်းကောင်း မဂ်ဖိုလ်တို့၌ သုညတဝိမောက္ခစသော နာမည်သုံးပါးလုံး အမြဲပင် ဖြစ်နိုင်သည်။
(သင်္ဂြိုဟ်ဘာသာဋီကာ)

image

@gla

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
  ·  7 years ago Reveal Comment

Thank you so much.

Hey @gla, gotta love Steemit! Still awesome platform and community and it's nice having great people contribute so we all benefit. Keep up the good work! Cheers!

Cheers!

WARNING - The message you received from @samsulbahri1991 is a CONFIRMED SCAM!
DO NOT FOLLOW any instruction and DO NOT CLICK on any link in the comment!
For more information, read this post: https://steemit.com/steemit/@arcange/phishing-site-reported-steemautobot-dot-ml
Please consider to upvote this warning if you find my work to protect you and the platform valuable. Your support is welcome!