60000
" ပန်း ကောက် သူ "
ကြာခဲ့ပြီ…
ရန်ကုန်စက်မှုတက္ကသိုလ် ရဲ့တညခင်းက…
Building 1 ရဲ့ ကားအဝင်လမ်းထိပ်တရုတ်စံကားပင်ရှေ့ ဖြတ်အလျောက် နင်းမိမလိုဖြစ်သော တရုတ်စံကားတပွင့်ကို ကောက်ယူပြီး မြက်ခင်းပေါ်တင်မိရာက အစပြု၍ သူငယ်ချင်းတဦးနှင့် ငြင်းခုံရဖူးသည်။ Building 1 ရှေ့ လှေကားထစ်များပေါ် ထိုင်ရင်း ဒီအပြုအမူအတွက် အဓိပ္ပါယ်ရှိ မရှိ အငြင်းသန်ခဲ့ကြဘူးသည်။
RIT တက်စဉ်က ကျွန်တော်နေခဲ့ဖူးသော တောင်ပေါ်မြို့လေးမှာ ကားမရှုပ်သော ကတ္တရာလမ်းသွယ်လေးတွေရှိသည်။ စက်ဘီးလေးတွေအများစု နှင့် စူပါကပ်ဘ် အနည်းငယ်ကို သက်တောင့်သက်သာ ကျောပိုးထားရသော လမ်းပြာပြာလေးများရှိသည်။တိမ်ပြာသောကောင်းကင်တခုလည်းရှိသည်။ ရှိုက်လိုက်တိုင်း ရင်ထဲ အဆုတ်ထဲ အေးဝင်သွားအောင် သန့်စင်သော တောင်ပေါ်လေအေးလည်းရှိသည်။ ဟိုးအဝေးက ယူကလစ်နံ့သင်းသင်းက လေယူရာ စီးမျောလိုက်လာတတ်သေးသည်။ စိန်ပန်းပြာ စိန်ပန်းနီ ချယ်ရီ နှင့် ပန်းမျိုးစုံက မြို့လေးကို တနှစ်ပတ်လုံး ဆေးရောင်စုံခြယ်သည်။ လူသူရှင်းသောလမ်းလေးများပါးပြင်မှာ အနှောင့်အယှက်မဲ့ ကြွေနေသော ခရမ်းရောင် အပြာရောင် အနီရောင် ပွင့်ဖတ်များ လှချင်တိုင်းလှနေခဲ့သည်။ အနှီပန်းကြွေများကြား လမ်းကြိုလမ်းကြားမှာ မယ်မယ်ရရ အဓိပ္ပါယ်မရှိပါဘဲ ကျင်လည်ကျက်စားသော စက်ဘီးသရဲ ချာတိတ်တကောင်လည်းရှိသည်။ သူ့ဘီးအောက်မှာ ဘယ်ပွင့်ဖတ်မှ မကြွေ မကြေခဲ့တာလည်း သူသာသိပါသည်။
ပန်းတပွင့် ပွင့်ဖို့ရာက တကယ်ဆို လွယ်ကူလှသည်မဟုတ်ပါ။ သင့်လျော်သောရာသီဥတုရှိရမည်။ မျိုးစေ့ရှိရမည်။ အပင်ပေါက်ရမည်။ အဖူးဖူးလာလောက်အောင် အ မသွားသော သစ်ပင်ဖြစ်ရမည်။အဖူးဘဝမှာ ပိုးမကိုက် ငှက်မထိုး ရာသီဆိုးနှင့် မကြုံမှ ပန်းလေးတပွင့် ပွင့်ဖူးလာရသည်။ ပွင့်သောပန်းတိုင်းလည်း အပင်မှာ ကြာကြာမဝေနိုင်။
လေပြင်းခတ်လျင် ကြွေရသည်။ ကြွေသောပန်းလေးတွေမှာ ကျွန်တော်နေခဲ့သော မြို့လေးတွင် အနှောင့်အယှက်မဲ့ ကံကောင်းစွာ မြေမှာဆက်ဝေ ခွင့်ရသော်ငြား ကျွန်တော် အလုပ်လုပ်သော စည်းကမ်းကျန ခေတ်မီသည်ဆိုသော ကျွန်းနိုင်ငံလေးတွင်မူ တခဏ တာသာနေခွင့်ရရှာပြီး အမှိုက်ကားတွင်းနိဌိတံကြရရှာသည်။ ဒီပန်းလေးတွေ လိုချင်၍ ဒီအပင်ကို အချိန်ယူပျိုးခဲ့ပြီး ပန်းပွင့်ခါမှ တကယ့်မြင်သာရာ မြေမှာ အလှဆင်ချိန်မပေးဘဲ သန့်ရှင်းစေခြင်းက မိုက်မဲသော စည်းကမ်းကျနခြင်း မလှပသော သန့်ရှင်းခြင်းဟု complaint တက်ချင်လှသော်လည်း သူများနိုင်ငံမို့ မောင်းထုတ်ခံရမည်စိုး၍ ဆိတ်ဆိတ်သာနေခဲ့ရသည်။
=======================================
ပန်းလေးတွေက ခလေးတွေနှင့်တူသည်။
သားသမီးရှိသော မိဘ တိုင်းက ဒါကိုသိသည်။မြင်သည်။ခံစားနိုင်ကြပါသည်။ သိသော်သိငြားအချို့သော အတ္တသမားတို့က သူ့ပန်းလေးပျော်စေဖို့ အခြားအခြားသောပန်းတို့ကို ခြွေသည်။ သူ့ပန်းလေးလှ သထက်လှအောင် ပြုစုပျိုးထောင်သော်ငြား အခြားရွယ်တူ ပန်းလေးများဘဝ ကို စိတ်မဝင်စား။ အဆိုးဆုံးက သူ့အပင်က ပန်းတွေတင့်စေဖို့ ကြိုးစားရင်း အခြားအခြားသောပန်းတွေကို ဖျက်ဆီးမျိုးသတ် အနာဂတ်ကို ညစ်ထေးအောင် လုပ်ထားခြင်းဖြစ်သည်။
သင့်ရင်တွင်းက ပန်းကလေး ခံစားတတ်သလို တခြားတခြားသော ပန်းကလေးများလည်း ခံစားတတ်ကြပါသည်။
======================================
ပန်းတပွင့်ကို ကြုံကြိုက်လေတိုင်း တပါးသူမနင်းမီ ကောက်ယူကာ မြက်ခင်းပေါ်တင်သည့် အလုပ်ကို မမေ့မလျော့ မရှက်မကြောက် ကျွန်တော်လုပ်နေဆဲဖြစ်သည်။ ချစ်ခင်ရသော ညီလေးတယောက်က " အကို က very sentimental " ဟု သာသာနှင့် နာနာ နှက်တာပြန်သတိရမိသည်။
တကယ်တော့ ကျွန်တော်က ဒီကိစ္စမှာ အလွန် လက်တွေ့ကျပါသည်။ သဘာဝ တရားကြီးက သစ်တပင်ကို ပြုစုပျိုးထောင်ပေးသည်။ လူသားတို့ မသိမမြင်လိုက်ရသော အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ ပန်းလေးတပွင့် ပွင့်လာသည်။ ဒီပန်းပွင့်လေးကို မြင်သည့်အခါ ကျေးငှက်လေးတွေက စ၍ ပျော်သည်။ ပျား ပိတုန်းလေးတွေ ပျော်သည်။ မိန်းမလှလေးတွေပျော်သည်။ မြင်တွေ့သူတို့စိတ်နှလုံးအေးချမ်းသည်။
ပန်းကလေးအချိန်မတန်မီ ကြွေသည်ဆိုပါစို့။ အနင်းချေခံရ၍ ပျောက်ပျက်သွားဖို့များသည်။ ကျွန်တော်ကကောက်ယူ၍ ဘေးကင်းမြင်သာရာထားမည်။ ။ ဟော … ပန်းကလေးအလှသည် သူ့ဝန်းကျင်ထဲ ဆက်လက်ပါဝင်နေသေးသည်။ ငှက်ကလေးတွေ ဆက်၍မြင်နိုင်သည်။ ပျားလေးတွေ လည်း ဝတ်ရည်ယူနိုင်သေးသည်။ ပိုးပုရွက်လေးတွေ အချိုရည် စုပ်နိုင်ပါသေးသည်။ ဒီပန်းလေးကို ပီဘိ ခလေးငယ်တယောက်လည်း အံ့သြငေးမောခွင့်ရချင်ရမည်။ အဆင်သင့်လျင် မိန်းမချောလေးတယောက် ကေသာပေါ် ရောက်ချင်လည်းရောက်နိုင်ခွင့်ရှိနေပါသေးသည်။အချိန်တန်၍ သူ့သက်တမ်းမကုန်မချင်းပေါ့။
ဒီလိုအခြေအနေမှာ ပန်းကလေးကို ဦးဆုံးပထမ မွေးဖွားပေးသူက သူ့မိခင်သစ်ပင်ဖြစ်ပြီး ဒုတိယဆက်လက်မွေးဖွားပေးသူက ကျွန်တော်ပင်ဖြစ်သည်။ ပန်းကလေး၏ ပထမ သက်တမ်းဖြင့် လောကကို အလှဆင်စေသူက မိခင်သစ်ပင်ဖြစ်ပြီး ဒုတိယသက်တမ်းကိုတော့ ကျွန်တော်က ပါဝင်ခွင့်ရသည်။ တနည်းအားဖြင့် လောက၏ အလှပန်းချီကို ပန်းပွင့်ပေါင်းများစွာဖြင့် ရေးခြယ်ထားသည်ဆိုငြားအံ့။ ပန်းတပွင့်ကောက်သော ကျွန်တော့်အားထုတ်မှုသည် ပန်းချီကားထဲမှ စုတ်ချက်တချက်တော့ဖြစ်ပါလိမ့်မည်။ ဖြစ်စေချင်ပါသည်။ ကျွန်တော်သည် ပန်းတို့ကိုပွင့်စေနိုင်သူ မဟုတ်ငြား ပန်းတို့ကိုဆက်လက်ပွင့်နေစေသူဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ ဤ အပြုအမူနှင့်ပတ်သက်၍ ကျွန်တော်သည် မည်သည့်အခါကမျ sentimental မဖြစ်ခဲ့ဘဲ အလွန်အမင်း practical ဖြစ်ခဲ့ပါသည်။ ဖြစ်နေပါဦးမည်။
..
ပန်းလေးတွေဝေနေတာသာ မြင်ချင်လှပါသည်။ အချိန်မတန်မီ မကြွေစေချင်ပါ။ ကြွေခဲ့လျင်တောင်မှ သူ့ဘဝနောက်ဆုံးအချိန်အထိ လှပလန်းဆန်းစွာဖြင့် လောကကိုအလှဆင်သွားတာသာ တွေ့မြင်ချင်ပါသည်။
မည်သည့်အပင်ကပွင့်သည်ဖြစ်စေ ကျွန်တော့်အတွက်တော့ ပန်းတပွင့်တိုင်းမှာ အလှကိုယ်စီရှိနေပါသည်။ မည်သည့် မျိုးနွယ်ဖြစ်ပါစေ ပန်းပွင့်လေးများသည် ပန်းပွင့်လေးများသာ။
မိတ်ဆွေ…
လမ်းလျောက်တဲ့အခါ ( ကြုံလျင်) ပန်းကောက်စေချင်ပါသည်။ ပျင်းတယ်
ဘာတွေလည်း ပေးဝို့လား.မပေးကလားစောသ့်ကြည့်မေတယ် ခမင နောက်နှစ်သင်္ကြန်လား တရားစခန်းဝင်ရအုံးမယ် ဝင်ကိုဝင်ရမယ် ပိယ ကာိံ၊ယူဓတယနဘိကိုနာနဒး။ လူတစ်ယောက်ကို လွယ်လွယ်နဲ့လည်းမချစ်သင့် ခလ်ွသင့်ပါ လူတိုင်းကကိုယ်လို့ဟုတ်ဘူး တကယ်ဟ ပြောထားတဲ့ကတိတွေလည်းတည်မာမဟုတ်ဘူးဟာ ဘာမှမကောင်းဘူး အပိုက်ဆံစုမယ်..
...
...
..
..
......
....
..
မမလွယ်ဘူး ဘာမှ ပိုကြေးပြားရှိက