MM Religion History

in esteem •  7 years ago 

ဘဝ၊​လောကနှင့်​ဓမ္မအပိုင်း၁
လူသားတိုင်းသည်​မိမိတို့ဘဝရှင်​​နေထိုင်​ရာတွင်​ဓမ္မ´´တရားနှင့်​ကင်း၍​နေထိုင်​ရန်​မဖြစ်​နိုင်​ပါ။ဘဝ၏အစိတ်​အပိုင်းအပိုင်းတစ်​ခုလုံးကိုဓမ္မ´´လမ်း​ကြောင်း​ပေါ်တင်​၍ဓမ္မ´´တရားနဲ့အညီ​နေထိုင်​ရှင်​သန်​မှသာ​ကောင်းမွန်​မြင့်​မြတ်​​သောဘဝများကိုရရှိပိုင်​ဆိုင်​နိုင်​မှာဖြစ်​ပါတယ်​။ဓမ္မ´´တရားနှင့်​ကင်းကွာ​နေထိုင်​လျှင်​အကွတ်​မရှိတဲ့ကြမ်းဗရမ်းဗတာ´´ဟူ​သောဆိုရိုးစကားအတိုင်​မိမိကိုယ်​ကိုထိန်းချုပ်​မှုမရှိပဲစိတ်​လွတ်​ကိုယ်​လွတ်​​နေထိုင်​မိခါ၊မ​ကောင်း​သောအမှုများကိုပြုမိသဖြင့်​၊​ကောင်းမွန်​​အေးချမ်း​သောဘဝများကိုမရရှိနိုင်​​တော့ပဲ၊လူမိုက်​လမ်းစဉ်​သို့တိမ်း​စောင်း​ရောက်​ရှိသွားသဖြင့်​၊ယခုဘဝနှင့်​နောင်​တမလွန်​သံသရာအတွက်​ပါ​ကောင်းကျိုးမခံစားနိုင်​ကြရ​တော့ပါ။မိမိတို့၏စိတ်​ရိုင်း၊စိတ်​မိုက်​များကိုဓမ္မ´´ဟူ​သောပညာအဆုံးအမ​လေးထိန်း၍သတိ´´ဟူ​သောချွန်းဖြင့်​ဆုံးမထိန်း​ကြောင်းမှသာလျှင်​မ​ကောင်း​သောဘဝများကို​ရှောင်​နိုင်​၍​၊​ကောင်းမွန်​​သောဘဝများကိုရရှိမည်​ဖြစ်​ပါသည်​။ဓမ္မ´´သည်​သာ​လောကနှင့်​တကွလူသားအားလုံးကိုအ​ကောင်းဆုံးအလှဆင်​​ပေးနိုင်​​သောတရားဖြစ်​ပါတယ်​။FB_IMG_1507365565496.jpgဓမ္မ´´ဟူ​သောတရားမရှိလျှင်​လူတို့သည်​အဓမ္မ´´တရားများလွှမ်းမိုး၍အချင်းချင်းသတ်​ဖြတ်​ညဉ်းပမ်းနှိပ်​စက်​ကာ၊စာနာသနားကြင်​နာမှုများမထားနိုင်​ကြ​တော့ပဲ၊မိမိတို့အတ္တများကို​ရှေ့တန်းတင်​လာကြခါ၊ကိုယ်​တစ်​ဦးတစ်​​ယောက်​ထဲ​ကောင်​စား​နေထိုင်​​ရေးအတွက်​မည်​သူ့အ​ပေါ်မှငဲ့ကွက်​ညှာတာမှုမရှိကြ​တော့သဖြင့်​​မောဟအ​မှောင်​များဖုံးလွှမ်းကုန်​ကြ၏။ထို​မောဟ´´အ​မှောင်​များဖုံးလွှမ်းလာသဖြင့်​၊​လောဘ´´ဟူ​သောမတရားရယူပိုင်​ဆိုင်​လိုစိတ်​များဖြစ်​​ပေါ်လာပြီး​ဒေါသ´´ဟူ​သောအကုသိုလ်​တရားများပါတိုးပွား၍ဖြစ်​လာကြပါသည်​။ထိုကဲ့သို့​လော၊​ဒေါသ၊​မောဟ´´တည်းဟူ​သောအကုသိုလ်​တရားများ​လောကတွင်​ကြီးစိုးလာလျှင်​လူသားတိုင်းသည်​​ကောင်းမွန်​ငြိမ်းချမ်းစွာရှင်​သန်​​နေထိုင်​ကြရမည်​မဟုတ်​​တော့ပါ။ဓမ္မ´´သည်​​လောကနှင့်​တကွလူသားအ​ပေါင်းကိုတိုးတက်​​တောက်​​ပြောင်​​စေ၍၊အဓမ္မ´´မိစ္ဆာတရားသည်​​လောကနှင့်​လူသားအ​ပေါင်းကိုပျက်​စီးဆုတ်​ယုတ်​ခြင်းကိုဖြစ်​​စေနိုင်​ပါတယ်​။ဥပမာအ​နေအားဖြင့်​ယ​နေ့မျက်​​မှောက်​​ခေတ်​ကာလတွင်​ကမ္ဘာတစ်​ဝန်း​နေ​သောစစ်​ပွဲများ၊ရက်​စက်​​သောအနိဋ္ဌာရုံလူသတ်​မှုများသည်​ဓမ္မ´´တရားပျက်​စီးဆုတ်​ယုတ်​၍၊အဓမ္မ´´တရားများကိုကျင့်​သုံး​နေ​သော​ကြောင့်​ဖြစ်​​ပေါ်လာရ​သောအက်ျိုးဆက်​မ​ကောင်းမှုများပင်​ဖြစ်​၏။ဓမ္မ´´တရားကိုကျင့်​သုံးလိုက်​နာ​သော​နေရာများတွင်​မူ ထိုကဲ့သိုအနိဋ္ဌာရုံအဖြစ်​ဆိုးများကိုမ​တွေ့မြင်​နိုင်​ကြပါ။နောက်​အပိုင်းများတွင်​ဓမ္မနှင့်​အဓမ္မတရားများ၏အ​ကြောင်းအရာများအားဆက်​လက်​​ရေးသားတင်​ပြ​ပေးပါမည်​။hfs familyအဖွဲ့ဝင်​များ​ဘေးဘယာ​ဝေးကွာ၍၊ကိုယ်​စိတ်​၂ပါးချမ်းသာ​စေ​ကြောင်းဆုမွန်​​ကောင်း​တောင်း​ပေးလိုက်​ပါတယ်​ခင်​ဗျာ။
Photo-google
Writing by@komoewaiFB_IMG_1512837334699.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!