မိမိကိုယ်ကို ယုံကြည်မှု

in esteem •  6 years ago 

image

မိမိကိုယ်ကို ယုံကြည်မှု

ဗေဒင်တို့ အကြားအမြင်တို့ကို ယုံတယ်ဆိုတာ အမှန်တော့ ကိုယ့်မှာ ဘာဉာဏ်မှလည်း မရှိပါဘူး ... ဘာပညာမှလည်း မရှိပါဘူး .. . စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း မရှိပါဘူး .. မြော်မြင်နိုင်စွမ်းလည်း မရှိပါဘူး ... ကိုယ့်အသိဉာဏ်အပေါ်မှာလည်း ကိုယ် ယုံကြည်မှု မရှိပါဘူးလို့ စိတ်ဒုံးဒုံးချထားသူတွေ သွေးရူးသွေးတန်းနဲ့ ပုံအောလိုက်တာ တစ်ခုပါပဲ။

 ကိုယ်​ဟာ အကြောင်းအကျိုးကို စဉ်းစားနိုင်တယ်​ .. ကိုယ့်မှာ ဉာဏ်ရှိတယ် .. လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ သူတစ်ယောက်ဟာ ဗေဒင်ဆရာ အကြားအမြင်ဆရာဆီ သွားပြီး ဘာလုပ်ရမလဲ လို့ မေးပါ့မလား။ 

image

သူ့အတွက် ဗေဒင်ဆရာ အကြားအမြင်ဆရာက ပြောသမျှဟာ နောက်ဆုံး အပြီးသတ်လိုက်နာရတော့မယ့်ဟာ ဖြစ်နိုင်ပါ့မလား။

 လူတစ်ယောက်ဟာ မိမိရဲ့ စဉ်းစား​တွေး​ခေါ်နိုင်​စွမ်းအပေါ်မှာ ချစ်မြတ်နိုးတဲ့စိတ် အပြည့်ရှိပြီး.. ဉာဏ်ပညာကြောင့် ရရှိတဲ့ပျော်ရွှင်မှုအပေါ် ဂုဏ်တင်ချီးမွှမ်းမှု လုပ်နိုင်တဲ့ အစွမ်း ရှိတယ်ဆိုရင် .. အဲဒီလူဟာ သူရဲ့အစွမ်း သူ့ရဲ့သတ္တိအပေါ်မှာ သစ္စာဖောက်နိုင်စွမ်း ရှိပါ့မလား။

photo : google

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!