မုန်း၍မဟူ အပိုင်း(၅၇)
တစ်နှစ် တစ်ခေါက် မိခင်ထံသို့ ရောက်သည်။
သီလရှင် ဝတ်သွားသည်မှာ ငါးနှစ်ခန့် ရှိပြီ။
ဝေဝေ့အစ်ကို ကိုနေဦးနှင့် အဝေးရောက်နေသော ထားထားတို့မှာ မိခင်အတွက် ပထမ စိတ်မကောင်းဖြစ်လိုက်ကြတာ။
နောက်မှ ကောင်းတာ လုပ်တာပဲဟာ စိတ်ဖြေကြရလေသည်။
ဦးဘိုးသိန်းသည် သီလရှင် ဝတ်သွားပြီးကတည်းက ယခုအထိ မတွေ့ဘဲ နေ၏။
စာတစ်စောင်မှ မရေးပေ။
လစဉ်စရိတ်သာ ထောက်ပံ့နေကာ စိတ်ကို ဖြေဖျောက်နေထိုင်သည်။
အမှန်စင်စစ် မိခင်ကသာ ပြတ်သွားသော်လည်း ဖခင်မှာ မိခင်ကို စိတ်မပြတ်မှန်း သိ၍ တွေးမိတိုင်း စိတ်မချမ်းမသာ ဖြစ်ရလေသည်။
အပိုင်း (၅၈)ဆက်ရန်