ဘဝရဲ့ ဒဿန

in esteem •  6 years ago 

image
ခေတ်သစ်ပြောလဲပြော ပိုးပုဝါရဲ့ခါးလေးကိုဆွဲဖက်လိုက်သည်
"ဟင် ဘယ်လိုလုပ်တာလဲ တစ်ယောက်ယောက်မြင်သွားရင်မကောင်းပါဘူး "
"ဘယ်သူမှမမြင်ပါဘူး ဝါရဲ့"
"ဟင့်အင်း သွားပါတော်ကြာတွေ့သွားရင်မကောင်းဘူး "
"ကောင်းပါပြီ ဗျာ ဒါဆိုလဲသွားတော့မယ်နော်"
ခေတ်သစ် ပိုးပုဝါကိုနှုတ်ဆက်ပြီးထွက်လာခဲ့တော့သည်
"ပျို "
ဒေါ်မြတ်နိုး ပျိုမဒီကိုလှမ်းခေါ်လိုက်သည်
"ကြီးကြီး ပျိုတောင်းပန်ပါတယ်နော် "
ဒေါ်မြတ်နိုး လက်ကာပြသည်
"ကြီးကြီးနားလည်ပါတယ်ကွယ် ငယ်ရွယ်သူဆိုတာလှချင်ကြတာဓမ္မတာပဲလေ"
"ဟုတ်"
"ကဲကဲ အဲ့အဝတ်အစားဝတ်ထားလိုက်တော့"
"ဟင်"
အဲ့ဒါမှပြသနာ သူမထိုအဝတ်အစားတွေကိုမကြိုက်ပါ
အခုတော့ကိုယ့်အပြစ်နဲ့ကိုယ်မို့ ငြင်းလို့လဲမရ သူမထိုဂါဝန်ကြီးတကားကားနဲ့ထွက်လာတော့သည်
ထိုစဉ်
သူမအရှေ့မှအနက်ရောင်ဝတ်စုံနဲ့လူနှစ်ယောက်သုတ်သီးသုတ်ပြာနဲ့ထွက်သွားလေသည်
ပျိုမဒီ အနောက်မှတိတ်တဆိတ်လိုက်လာတော့သည်
သူမအရှေ့တွင်လူသတ်သွားသောလူတစ်ယောက်ပါနေတော့သည်
သူမလည်း အနောက်မှတိတ်တဆိတ်လိုက်သွားလေသည်
ထိုလူနှစ်ယောက်အနက်ရောင်အိတ်တစ်လုံးကိုတစ်ယောက်ကကိုင်၍ တစ်ယောက်ကတော့ လူအခြေအနေကိုကြည့်နေသည်
ပျိုမဒီလဲနံရံတစ်ခုအနောက်ကို အမြန်ဝင်ပုန်းလိုက်သည်
ထိုလူနှစ်ယောက်ခုံအောက်သို့အိတ်အနက်ကိုထည့်သွားပြီးထားခဲ့လေသည်

စိတ်ချရတဲ့အနေအထားရောက်မှ ထိုလူတွေထွက်သွားလေသည် ပျိုမဒီ လဲ ထိုနေရာသို့အမြန်သွား၍ထိုအိတ်အနက်ကြီးကို ဆွဲထုတ်လာခဲ့သည်
"ဟင်"
မင်းကောင်းကင် ပျိုမဒီခုံအောက်ထဲသို့အတင်းတိုးဝင်နေပြီး လက်ထဲမှာ အိတ်တစ်လုံးကိုင်ထားတာကို တွေ့သွားသည်
"ပျို လက်ထဲကအိတ်က ဘာတွေပါလိမ့်"
ပျို မဒီလဲ ထိုအိတ်နက်ထဲတွင် ဘာထည့်ထားလဲ အလွန်အမင်းသိချင်နေသည်
ထို့ကြောင့်ထိုနေရာနှင့်ခပ်လှမ်းလှမ်း အခန်းတစ်ခုထဲသို့ ဝင်သွားလိုက်သည်
ထိုစဉ်
"ကျွီ"
တံခါးဖွင့်သံတစ်ခုကြောင့်အလန့်တကြားလှည့်ကြည့်မိလေသည်
"ဟင် "
"ကိုကောင်း ဘယ်သူများလဲလို့လန့်သွားတာပဲ"
"ပျို လက်ထဲကဘာတွေလဲ"
"ပျို လဲသေချာတော့မသိဘူး ဟိုလူတွေကိုမသင်္ကာလို့ သွားယူလာခဲ့တာ"
"ဟုတ်လား "
"ပျို "
"ပြောလေ"
"အခုလိုမိန်းကလေးပုံစံဝတ်ထားတော့လဲ အရမ်းလှတာပဲသိလား"
"ဟမ်"
ပျို မဒီ မင်းကောင်းကင်ရဲ့ အဆက်စပ်မရှိတဲ့စကားကြောင့် ကြောင်င်္ပြီးကြည့်နေမိတော့သည်
မင်းကောင်းကင်ကတော့ တစ်ခါမှမမြင်ဖူးခဲ့တဲ့ ပျို့ရဲ့ပုံသဏ္ဍာန်လေးကိုကြည့်ပြီး ရင်ထဲမှာချစ့်မတ်နိုးနေမိတော့သည်
သည်လိုမိန်းကလေးဆန်တော့လဲ အရမ်းကိုလှနေသူပါပဲလား
ပျိုမဒီ သူမကိုစိုက်ကြည့်နေသောမင်းကောင်းကင် ကိုရှက်ရှက်နှင့် မျက်နှာလေးလွှဲသွားမိသည်
ထိုအခါမှ ငေးနေမိသောမင်းကောင်းကင်သတိရကာ
"အာ sorry ပျို"
image
သူအကြည့်ကိုလွှဲရင်းတောင်းပန်လိုက်မိသည်
"'ရပါတယ် ကိုကောင်း"
"ဟိုလေ ဒီအိတ်ကိုဖွင့်ကြည့်ရအောင်"
"ဟုတ်"
နေတံခွန်တစ်ယောက် ပျိုမဒီကိုလိုက်ရှာနေမိသည်
"သူဆူလိုက်၍များစိတ်ဆိုးပြီးထွက်သွားပြီလား"
ရင်ထဲမှနေမထိထိုင်မသာ ပျိုမဒီစိတ်ဆိုးင်္ပြီးထွက်သွားရင် သူအပြစ်ပဲဖြစ်သည်
သူပျိုမဒီကို တစ်ခါမှစိတ်ချမ်းသာမှုမပေးခဲ့ဖူးပေ
ပျော်ရွှင်မှုဆိုတာသူမဘဝမှာသူု့ကြောင့်နဲ့ပျက်သုန်းခဲ့ရသည်
အခုချိန်ကစပြီးပျို့ရဲ့ ပျော်ရွှင်မှုတွေကိုသူဖန်တီးပေးမည်
ပျိုစိတ်ချမ်းသာအောင်သူထားမည်ဟုဆုံးဖြတ်လိုက်သည်
ပ်ျိုမဒီနဲ့ မင်းကောင်းကင် အိတ်ကိုဖွင့်ကြည့်လိုက်ကြသည်
"ဟင်"
နှစ်ယောက်သားအံ့သြလွန်း၍ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိသည်
သူတို့တွေ့သည်က စိတ်ကြွဆေး မူးယစ်ဆေးဝါး ပေါင်းစုံပဲဖြစ်နေသည်
"ကိုကောငိး"
"ရှုး"
မင်းကောင်းကင် လက်ညိုးကိုနှုတ်ခမ်းပေါ်တင်၍ ပျိုမဒီကိုတိတ်တိတ်နေရန်အချက်ပြလိုက်မိသည်
ပျိုမဒီလဲ စကားတစ်ဝက်တစ်ပျက်မှာရပ်သွားတော့သည်
ထိုစဉ် မင်းကောင်းကင် ပျိုမဒီလက်ကိုဆွဲ၍ အခန်းထောင့်နံရံဘေးသို့ပြေးကပ်လိုက်သည်

ထိုစဉ် တံခါးတစ်ချပ် ပွင့်လာတော့သည်
"ကျွီ"
"ဟင်"
ပျိုမဒီမျက်လုံးလေးဝိုင်း၍ ကြည့်နေမိသည် အခန်းထဲသို့ ဝင်လာသောသူအားလုံးအနက်ဝတ်စုံတွေနှင့်လူခြောက်ယောက်ဖြစ်သည်
"တောက် မင်းတို့တော်တော်အသုံးမကျတာပဲ"
လူတစ်ယောက်ရဲ့အသံကဟိန်းခနဲထွက်လာသည် သူမတို့ဒီအထဲတွင်ရှိနေသည်ကိုသိပုံမပေါ်ပေ။
အသံကိုကြားနေရပေမယ့် ထိုလူဘယ်သူမှန်းသဲသဲကွဲကွဲ မမြင်ရပေ
"အခုဘယ်လိုလုပ်မလဲ ဟင်"
"အဲ့အိတ်က ဝယ်လက်တွေဆီရောက်ရင်ကိစ္စမရှိဘူး ရဲလက်ထဲရောက်ရင်အားလုံးသွားပြီ"
"မီးခိုးကြွက်လျှောက် ငါပါအဖမ်းခံရမှာ "
"တောက် လုပ်လိုက်ရင်ဘာအသုံးကျတာရှိလဲ"
ပျိုမဒီ တွေးနေမိသည်
သူမယူလာသောအိတ်က ဒီလူတွေနဲ့ပတ်သတ်လိမ့်မည် အခုချိန်သူမတို့ကိုတွေ့လျှင်တော့လွယ်မည်မထင်
နှစ်ယောက်စလုံးသေသွားနိုင်သည် သတိထားရမည်
မင်းကောင်းကင် အခုချိန်မှာအရေးကြီးနေပြီဆိုတာသိလိုက်သည်
image
အခုချိန်မှာသူ့ထက်အရေးကြီးနေသည်က ပျို့အသက်ဖြစ်သည်
သူတို့နှစ်ယောက်စလုံး သေမင်းခံတွင်းဝ ကိုရောက်နေလေသည်
ဘာပဲဖြစ်ဖြစ် သူ့အသက်နဲ့ လဲပြီးပျို့ကိုကာကွယ်စောင့်ရှောက်ရလိမ့်မည်
သူဆက်သွယ်ရေးစက်လေးကိုသတိရသွားသည်
သူအကျီ င်္အိပ်ကပ်ထဲစမ်းလိုက်မိသည်
"ဟင်"
"စက်ကလေး ဘယ်ရောက်သွားပါလိမ့်"
သူရှာနေရင်းအနောက်ကဗီဒိုနဲ့လက်သွားတိုက်မိသည်
"ဒုတ်"
"ဟင် ဒါဘာသံလဲ"
ခေတ်သစ် အသံတစ်ခုကြားလိုက်မိသည်
ဒီဘက်ကိုလှည့်ကြည့်လိုက်တော့သည် ထိုအခါမှမင်းကောင်းကင်ရော ပျိုမဒီပါ ခေတ်သစ်မျက်နှာကိုတွေ့လိုက်မိသည်
ထိုစဉ် အသံထွက်လာသည်
"ဟေ့ကောင်တွေ ဒီထဲမှာလူရှိတယ် ငါတို့ပြောတာတွေကြားသွားလောက်ပြီ"

ထဲ ခေါင်း​လေးညိတ်​လိုက်​ ​ခေါင်း​လေးခါလိုက်​နှင့်​ အလုပ်​​တွေရှုပ်​​နေ​လေသည်​ကို ခြံရဲ့အပြင်​ဘက်​က​နေရပ်​ကြည့်​​နေတဲ့ လူတစ်​​ယောက်​က

" ဟိတ်​....ချွတ်​.......ချွတ်​......."

" ဟင်​..... "လူစိမ်းတစ်​​ယောက်​ပါလား သူများခြံ​ရှေ့မှာရပ်​ပြီး ဘယ်​သူ့ကို​ခေါ်​နေပါလိမ့်​ "လမင်း သူမအ​နောက်​ဘက်​နဲ့ ​ဘေးပတ်​လည်​ကိုကြည့်​လိုက်​သည်​ ။

" ဟိတ်​ ချာတိတ်​ ဘာ​တွေလိုက်​ကြည့်​​နေတာလဲ မင်းကို​ခေါ်​နေတာ တံခါးလာဖွင့်​​ပေး "

"​ ဟင်​......ဘာလို့ဖွင့်​​ပေးရမှာလဲ ကြီး​မေကမှာထားတယ်​ လူစိမ်း​တွေလာရင်​ ခြံတံခါးဖွင့်​မ​ပေးရဘူးတဲ့ မဖွင့်​​ပေးနိုင်
ဘူး "

" ဒီချာတိတ်​နဲ့​တော့ ဒုက္ခပါပဲ "

မာန်​ စိတ်​ညစ်​သွားမိသည်​။ ကိုယ့်​အိမ်​ကိုပြန်​လာတာ​တောင်​တံခါးဖွင့်​မ​ပေးဘူးတဲ့။ဘွားဘွားနဲ့မာမီ့ကို ဖုန်းကြို
ဆက်​မထားတာ မှားပြီထင်​တယ်​။

တံခါးမဖွင့်​​ပေးဘူး​ပြောတာ​တောင်​ လှည့်​မပြန်​​သေးပဲ ခြံ​ရှေ့မှာရပ်​​နေ​သေးသည်​မို့ လမင်း​ကြောက်​သွားမိသည်​။ မြို့မှာဆိုရင်​ လူ​လိမ်​တွေက အဝတ်​အစား​ကောင်း​တွေဝတ်​ပြီး အိမ်​ထဲလိမ်​ပြီးဝင်​တယ်​ပြီးရင် လူ​တောင်​သတ်​​သွားတယ်​ဆိုတာ လမင်းခဏခဏ ကြားဖူးတာ​ကြောင့်

" ဒီမှာ ဟိတ်​လူ ရှင်​ခြံ​ရှေ့ကမသွားရင်​ ကျွန်​မရဲစခန်းကို
ဖုန်းဆက်​လိုက်​မှာ​နော်​ "

" ဟမ်​ မင်းကဘယ်​သူလဲ ဒီအိမ်​ကနဲ့ဘာ​တော်​လို့်​လဲ "

" ကျွန်​မက ဒီအိမ်​ရဲ့​မြေးပဲ အဲ့​တော့ ရဲမတိုင်​ခင်​ဒီလူမြန်​မြန်
ပြန်​သွားလို်​က်​​တော့ "
image
မြေးအရင်းမဟုတ်​လဲ ​ကြောက်​​အောင်​​တော့ ဖြဲ​​ခြောက်ရ
မှာပဲ​လေး။

ဟင်​ ​မြေးဆို​တော့ သူက သျှံရဲ့ချစ်​သူများလား​။ခယ်​မ​လေး
က ချစ်​စရာ​တော့​ကောင်းသားပဲ။ညီကအကိုထက်​​တော့
ဒီ​နေရာမှာ သာ​နေပြီထင်​တယ်​ ။သူ့မှာ​တော့ ခုထိသူချစ်​ရမဲ့မိန်းက​လေးက မ​မွေး​သေးဘူးထင်​တယ်​။အဟင်း...
ဒါ​ပေမဲ့ ခပ်​စွာစွာ ခယ်​မ​လေးကို​တော့ မာန်​နည်းနည်းစချင်
သေးသည်​။

"ကို​ယ်​ကသျှံရဲ့​မွေး​နေ့ပွဲကိုလာတာ မင်းဘွားဘွားဖိတ်​ထား
တဲ့ ဧည့်​သည်​ အဲ့ဒါဆိုရင်​​ရော ဖွင့်​​ပေးလို့ရပြီလား "

လမင်း လူစိမ်းကို​အကဲခတ်သလို ​သေချာကြည့်​လိုက်​သည်
လှိုင်းထ​နေ​သော ညို​ပျော့​ပျော့ဆံပင်​ကုပ်​​ထောက်​နှင့်​မျက်
မှန်​အနက်​တပ်​ထားကာ နားမှာနားကွင်း​သေးသေး​လေးနဲ့
နိုင်​ငံခြားစတိုင်​မျိုးဖြစ်​သည်​။ဒါ​ပေမဲ့ လူဆိုးရုပ်​​တော့မ
ပေါက်​​​ပေ။ အ​နောက်​တိုင်းဝတ်​စုံအပြည့်​နဲ့မို့ လူချမ်းသာ
အသိုင်းဝိုင်း က​တော့ဖြစ်​နိုင်​သည်​။ဒါ​ပေမဲ့ ဘွားဘွားဖိတ်​ထားတာဖြစ်​နို​င်​ပါ့မလား။
်
" ဟိတ်​ မင်းဧည့်​သည်​ကို တံခါးမဖွင့်​​ပေး​တော့ဘူးလား "

"ခဏ​စောင့်​ဦး ဦးချိုကို​ခေါ်​ပေးမယ်​ "

" ဟင်​ ​စောင့်​ရဦးမှာလား ​တော်​ပြီးမင်းသွားမ​ခေါ်နဲ့​တော့ အိမ်​ထဲ​ရောက်​ဖို့က အဝေးကြီးဝင်​ရဦးမှာ "

" ဟင်​ သူကဘယ်လိုသိတာလဲ "

လမင်း ကြည့်​လိုက်​တော့ထိုလူက ဖုန်းထုတ်​ပြီးဆက်​​နေ​လေရဲ့ ။ခဏကြာ​တော့ အိမ်​ကြီးထဲကကား​လေးထွက်​လာ
သည်​။ကားပေါ်မှာ ဘွားဘွား​ရော အန်​တ်ီ​​ရောပါလာကြ
သည်​ လမင်းက VlPဧည့်​သည်​ပဲထင်​​သော်​လဲ ခြံတံခါးဖွင့်
ပြီးတာနဲ့ ကြားလိုက်​ရ​သော ဘွားဘွားစကား​သံကြောင့်​ လမင်း မျက်​လုံး​တွေပင်​ ပြူးသွားရသည်​။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinsi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.