အားငယ်တဲ့ မိန်းကလေးတွေ အပေါ် နှိမ့်စက်တတ်တဲ့ အကျင့်စရိုက်ရှိတဲ့ ယောင်္ကျားမျိုးကိုတော့ လက်မထပ်မိအောင် ဂရုစိုက်ပါ။ တစ်ဘဝလုံး အနှိပ်စက်ခံ ဖြစ်ရပါလိမ့်မယ်။ မင်းဆံပင်သာ ဒီ့ထက်ရှည်မယ်ဆိုရင် သိပ်ကောင်းမှာပဲ တို့၊ ဒီ့ထက်ပိန်မှ ချစ်မှာနော်တို့ စသဖြင့် ကိုယ့်ချစ်သူကောင်မလေးရဲ့ အားနည်းချက်တစ်ခုခုကို ထောက်ပြပြောဆိုလေ့ရှိတဲ့သူတွေဟာ ယောင်္ကျားကောင်း မဟုတ်ပါဘူး။ အထူးသဖြင့် ချစ်သူကောင်းမဟုတ်ပါဘူး။ လူတစ်ယောက်ကို ချစ်ပြီဆိုရင် သူနဲ့ပတ်သက်သမျှအရာရာတိုင်းကို လက်ခံနားလည်ပေးနိုင်တဲ့သူသာ ကောင်းမွန်သင့်တော်တဲ့ ချစ်သူပါ။ လေးစားမှုရှိတယ်၊မရှိဘူးဆိုတာ တွဲလာတဲ့နှစ်နဲ့ မဆိုင်ပါဘူး။
သူတို့က သတ္တိရှိကြတယ်။ အခြားသူတွေ လက်လျှော့အရှုံးပေးသွားတတ်တဲ့ အခက်အခဲတွေကို အောင်မြင်သူတွေက ရင်ဆိုင်ချင်စိတ်ရှိကြပါတယ်။ အောင်မြင်မှုရဲ့ အဓိကရန်သူနှစ်ဦးကတော့ စိုးရိမ်စိတ်နဲ့ သံသယပဲဖြစ်ပါတယ်။ တစ်ခုခုကို ထပ်ခါတလဲလဲလုပ်ဆောင်မယ်ဆိုရင် အလေ့အကျင့်ဖြစ်လာပါတယ်။ သင် လုပ်ဆောင်ရမှာ စိုးရိမ်ကြောက်လန့်နေတဲ့အရာတွေကို လုပ်ဆောင်နိုင်မယ့် အလေ့အကျင့်ကို ပျိုးထောင်ပါ။ သင်ကြောက်တဲ့အရာတွေကို လုပ်ဆောင်မယ်ဆိုရင် စိုးရိမ်စိတ်ဆိုတာ လွင့်ပါးပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်ကြောက်လန့်မှုတွေကို ရင်ဆိုင်ပါ။ စိုးရိမ်စိတ်တွေကို ရင်ဆိုင်နိုင်စွမ်းဟာ အောင်မြင်သူတွေရဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။ ရည်မှန်းချက်မြင့်မားပြီး ထိပ်ဆုံးအောင်မြင်မှုကို ရရှိချင်တယ်ဆိုရင် စိုးရိမ်စိတ်ကို ရင်ဆိုင်ပြီး မ၀ံ့မရဲဖြစ်နေတာတွေကို လုပ်ဆောင်ပါ။ သူတို့က ဆုံးဖြတ်ချက်ခိုင်မာကြတယ်။
သစ္စာမရှိတဲ့သူကို ဆက်ပြီးချစ်နေဖို့ထက် သတိမရဖို့က ပိုပြီးအရေးကြီးတယ်။ အချစ်မှာ ပုံသေနည်းတော့မရှိဘူး ဒါပေမယ့် အချစ်ကြောင့် မျက်ရည်ကျရတာကတော့ သေချာတယ်လေ အလွမ်း ဆိုတာ လက်ဆုပ်လက်ကိုင် ပြသလို့တော့မရဘူး ဒါပေမယ့် လူမသိသူမသိ တိတ်တိတ်လေး လောင်ကျွမ်းနေတာ အလွမ်းဆိုတဲ့ အရာပဲလေ သံယောဇဉ် ဆိုတာ ထုတ်ဖော်ပြလို့တော့ မရဘူး ဒါပေမယ့် အချိန်ကြာလာလေ တင်းကြပ်ပူလောင်လာတာ သံယောဇဉ် ပဲလေ အမုန်း ဆိုတာ မချစ်တော့လို့ မုန်းခဲ့တာမှ မဟုတ်တာ အစွန်းရောက်အောင်ချစ်ခဲ့မိလို့ နာကျင်မှုတွေ စုပြုံနေတဲ့ အရမ်းကြီးမားတဲ့ အစိုင်အခဲပဲလေ အချစ် အမုန်း အလွမ်း သံယောဇဉ် ဆိုတာ နှလုံးသားရှိတဲ့ သတ္တဝါတိုင်း ကျော်ဖြတ်ရမည့် မဟာတံတိုင်းကြီးတွေပါ သံယောဇဉ်ကြောင့် ဖြစ်လာတဲ့ ပူလောင်မှု ၊ လှိုင်းတံပိုးတွေကို ပညာသားပါပါနဲ့ ပါးနပ်စွာ ကျော်ဖြတ်လာနိုင်ရင်သင်ဟာ ရင့်ကျက်သူတစ်ယောက်ပါပဲ ပိုင်ဆိုင်ဖို့ ကံပါမလာရင် စွန့်လွှတ်နိုင်အောင် ကြိုးစားပါ။
ကိုယ့်ရွေးချယ် မှုမပေါ် ယုံကြည်ချက်ထားပါ။ သံသယဟာ သင့် အောင်မြင်မှုကို တိုက်စားသူတွေပါယုံကြည်မှုကသာ
သင့်အောင်မြင်ဖို့ကို လမ်းပြပေးနိုင်မှာပါ။ အောင်မြင်သူတွေဟာ ဘယ်လိုအချိန်မှာ ဘယ်လို ငြင်းရမလဲဆိုတာ ကောင်းစွာသိသူတွေပါ တစ်ယောက်မဟုတ်ပါဘူးသင်မလုပ်နိုင်သေးတဲ့ အရာတွေအတွက်နဲ့ သင့်ကိုယ်ကို အဆိုးမမြင်သင့်ပါဘူး ဘယ်အရာမဆို ချက်ချင်း မကျွမ်းကျင်နိုင်ပါဘူးအရေးကြီးတာက အဓိကနဲ့ သာမည ကို ခွဲခြားသိပြီး သင်လုပ်သင့်
တာတွေကို အမှန်တကယ် လုပ်ဆောင်ဖို့ သင်ဟာဆိုးရွားတဲ့နေ့တွေကြောင့် အရမ်း စိတ်အပင်ပန်းမခံသင့်ပါဘူးသင်ဟာ အရာရာကို အကောင်းမြင်နေတာ တောင်မှ ဆိုးရွားတာတွေ ကြုံလာနိုင်ပါတယ်ပြီးပြည့်စုံတဲ့လူ ရယ်လို့မရှိပါဘူး။ လူတိုင်းမှားဖူးတယ် စိတ်ညစ်စရာတွေ ကြုံရပါတယ်။ ဒါတွေကိုမေ့ပြီး ဘဝကို အကောင်းမြင်ပါတစ်နေ့တာ စိတ်ရှုပ်စရာတွေ့ကိုမေ့ပစ်ပါသင်ပိုပျော်ရွှင်လာပါ
လိမ့်မယ်။ တစ်ခါတစ်လေ မှာ လူတွေဟာ ကျရှုံးမှုတွေ ဆုံးဖြတ်ချက်တွေ ငြင်းပယ်ခံရမှုတွေကြောင့် စွန့်စားရတာတွေကို ရှောင်လေ့ရှိပါတယ်ဒါတွေဟာ မအောင်မြင်ဖို့ အတွက် လမ်းစတွေပါပဲမစွန့်စားပဲ အောင်မြင်မှုဆိုတာ မရရှိနိုင်ပါဘူး
ဒါ့ကြောင့် ကြောက်ရွံ့တာတွေ သံသယတွေ အချည်းအနှီးဖြစ်မှာတွေ စိုးရိမ်တာတွေကို စွန့်လိုက်ပါ။သင့်ပန်းတိုင် အတွက် ကောင်းတာတွေ ပဲတွေးပါ သင်လုပ်နိုင်တယ်လို့ ယုံကြည်ထားပါ။ သင်ပိုကောင်းအောင် စွမ်းဆောင်နိုင်လာပါလိမ့်မယ် ဒီအချက်လေးတွေထဲက လုပ်သင့်တာတွေလုပ် ပစ်ပယ်သင့်တာတွေပစ်ပယ်ပြီး ပိုမိုပျော်ရွှင် အောင်မြင်တဲ့ ဘဝတွေ ပိုင်ဆိုင် ကြပါစေ။
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
wow
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit