Facebook Messenger လုံခြုံရေးနဲ့ပက်သက်ပြီး
ကွန်ပြူတာ ပညာရှင် ခေတ်မင်းညိုရဲ့ ပို့စ်ကို ပြန်လည်တင်ပြပေးပါရစေ..
အကယ်ဒမီပွဲအပြီး ss ပေါက်ကြားမှု အလှည့်ကျလာကာမှ Messenger နဲ့ Fb ရဲ့ ကိုယ်ရေးလုံခြုံမှုကို လူတွေ စောင့်ကြည့်လာကြတယ်။
2017 ဖေဖော်ဝါရီ ၃ရက်နေ့မှာ ကျွန်တော် Post တစ်ခု တင်ခဲ့ပါတယ်။ Facebook Messenger ကနေတစ်ဆင့် ကိုယ်ရေးကိုယ်တာ အတော်များများ ခိုးယူခံခဲ့ရခြင်း ကြုံခဲ့ပါတယ်။ (ဘာကြောင့် ကြုံရတယ်ဆိုတာတော့ personal secret တစ်ခုမို့ မပြောလိုပါ)
.
Facebook နဲ့ Messenger app တွေကို install ပြီး သုံးခဲ့စဉ်က ကျွန်တော်တို့အနေနဲ့
- Camera
- Microphone
- Storage စတာတွေကို အသုံးပြုခွင့် ပေးခဲ့ရပြီး ဖြစ်ပါတယ်။
.
ကျွန်တော် ကြုံခဲ့တာလေး ပြောပြပါမယ်။
ကျွန်တော် Ooredoo သုံးတာပါ။ Data Package 6GB ဝယ်ထားပါတယ်။ ဘေ ၁ထောင် ဝန်းကျင် (အတိအကျ မမှတ်မိတော့) ကျန်ပါတယ်။ ည ၁၂နာရီ မတိုင်ခင် ဒေါင်းရတာ နည်းနည်းရှိပြီး 700MB လောက် သုံးမိပါတယ်။ 5GB ကို အများကြီး ကျော် ကျန်ပါသေးတယ်။
(Edit : ကြားဖြတ်ပြောလိုတာက ဒီ post သည် ဘေကုန်ကြောင်းပြောတာမဟုတ်ပါ။ အင်တာနက်ပေါ်မှ လုံခြုံရေးကိုသာ ဆိုလိုပါတယ်။ ဘေကုန်လို့ပြောတယ်ထင်ရင် သေချာပြန်ဖတ်ကြည့်ပါ)
အဲသည်ညက စာရင်းတွေရှုပ်နေလို့ Facebook တောင် မကြည့်အားပါ။ ဒုတိယ ပုံမှာ Data Usage ပြ ထားပါတယ်။
နံနက် ၃နာရီ (သန်းခေါင်ကျော်လွန်းနေပြီ) အိပ်ချင်လာတဲ့အတွက် ကွန်ပျူတာ မှာ Kali ကို upgrade (apt upgrade -y) ရိုက်ခဲ့ပြီး အိပ်လိုက်ပါတယ်။
Wifi hotspots သုံးတာမို့ Kali က သုံးလိုက်တဲ့ Data သည် 783.9MB သာ ကျပါတယ်။ 1GB ထက် အများကြီး နည်းတာပါ။
.
အိပ်ယာဝင် နောက်ကျပေမယ့် (အလုပ်သွားရမှာမို့) ၆နာရီခွဲ အိပ်ယာထ၊ ရေချိုးပြီး အပြင်ထွက်တော့ ၇နာရီ ရှိပြီပေါ့။
ကားပေါ့်မှာ နေရာရလို့ ထိုင်ပြီး ဖုန်းလေးထုတ်ကြည့်မိတော့ လည်လိုက်တဲ့အဝိုင်းဗျာ။ ဘာမှကြည့်မရဘူး။
ဘေကုန်မယ်မထင်ခဲ့ (သိပ်မှမသုံးခဲ့တာ)
ဖုန်းကို restart တောင်လုပ်လိုက်သေးတယ်။ ပြန်ပွင့်လာလည်း မတက်ဘူး။
ဒါနဲ့ လိုလိုမည်မည် package စစ်မိတော့ လုံးဝ မကျန်ဘူး
Bill ပါဆက်စစ်မိတော့ ပြောင်နေပြီ (0 Ks)
အဲချိန်မှာ ဒေါသထွက်သွားတာက Ooredoo ကို
ဖုန်းဆက်ပြီး ဖြဲမလို့ပါပဲ။ ဘာတွေသုံးလဲ ပြန်မေးရင် ဖြေရအောင် Data usage ကို တစ်ချက် ပြန်ကြည့်မိတယ်
.
မြင်အောင်သာကြည့်ကြဗျို့
Messenger တစ်ခုတည်းကနေ သုံးထားတာ ပုံမှာမြင်တဲ့အတိုင်းပါပဲ။
4.6GB တဲ့။
ကိုယ့်ဘာသာ အလုပ်ရှုပ်နေတာနဲ့ ၁၂နာရီနောက်ပိုင်း မှာ လုံးဝ လုံးဝ အင်တာနက်မသုံးဖြစ်ပါ။
ဒါ့အပြင် log တွေတော့ မပြောတော့ပါဘူး။
ဒါပေမယ့် အဲချိန်ကတည်းက စပြီး messenger ကြီးကို ကျွန်တော် သတိထားတတ်လာတယ်
.
ကြုံတုန်းလေး ပြန်ဖောက်သည်ချပေးတာပါ
.
App တွေကို ပေးလိုက်ရတဲ့ Access တွေကို သတိပြုကြပါ
မလိုအပ်တဲ့ access တွေကို ရမ်းမပေးကြပါနဲ့။ ပိတ်တန်ပိတ်ထားပါ။
တကယ့်ကို မယုံကြည်ရတာတွေလည်း ဖြစ်တတ်ပါကြောင်း
.
.
.
SMT No 55
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt 62
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt61
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT 57
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT-59
👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT(51)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt-66
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt 52
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT 64
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit