နှမ်း အကြောင်း

in esteem •  7 years ago 

မကွေးတိုင်း ဒေသကြီး၏ နှမ်းနက် စိုက်ပျိုးရေး လက်ရှိ အခြေအနေနှင့် ဈေးကွက် အလားအလာ မြန်မာနိုင်ငံ၏ ဆီထွက် သီးနှံ စိုက်ပျိုးမှုများအနက် နှမ်းသည် စိုက်ပျိုးမြေဧက အများဆုံးဖြစ်ပြီး ဆီထွက်သီးနှံ စုစုပေါင်း စိုက်ပျိုးဧက၏ ၅၁ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်၊ စာရင်းအရ မကွေးတိုင်း ဒေသကြီးတွင် နှမ်းစိုက်ပျိုးမှုဧက ၁ ဒသမ ၃ သန်းကျော်ရှိနေပြီး၊ အထွက်နှုန်းမှာ မက်ထရစ်တန် လေးသိန်းနီးပါးရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနရှိ စာရင်းများအရသိရသည်။ ဆီထွက် သီးနှံကဏ္ဍတွင် နှမ်း သီးနှံ၏ ဈေးကွက်မှာ တရုတ်နိုင်ငံမှ အရည်အသွေး မကြည့်သည့်အတွက် အများဆုံး ၀ယ်ယူနေပြီး ဈေးနှုန်းရရှိမှုမှာ နည်းပါးနေသော်လည်း ပုံမှန်ရောင်းချနိုင်သည့် အခြေအနေတွင်ရှိကာ ပြီးခဲ့သည့်နှစ်ပိုင်းမှ အရည်အသွေးမြင့် နှမ်း နက်စိုက်ပျိုးမှုကြောင့် ဂျပန်ဈေးကွက်ဆီသို့ဈေးနှုန်းများများဖြင့်ရောင်းချခွင့်ရရှိရန်
မကွေးတိုင်းဒေသကြီး၊ တောင်သူအကျိုးပြုအဖွဲ့ မှ စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ဂျပန်သို့ စမ်းသပ်တင်ပို့ရန် တန် ၃၀၀ ၀န်းကျင် လျာထားစိုက်ပျိုး ခဲ့သော်လည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် အထွက်နည်းပါးခဲ့ပြီး တန် ၇၀ ကျော်ဝန်းကျင်သာ တင်ပို့နိုင်ခဲ့သည်။ ထိုတန် ၇၀ မှာ သာမန် အရည်အသွေးရှိသည့် နှမ်းနက်များထက် ပိုမိုအရည်အသွေး ကောင်းသည့်နှမ်းဖြစ်ပြီး အဆင့်တစ် အရည်အသွေးရှိနှမ်းမှာတစ်တင်းလျှင် ဒေသပေါက်ဈေးထက် တန်ဖိုးငွေ ကျပ် လေးထောင်နှင့် အဆင့်နှစ် အရည်အသွေးရှိ နှမ်းမှာ ဒေသပေါက်ဈေးထက် ၃၅၀၀ ကျပ်ပိုရခဲ့ကြောင်း၊ ယခုနှစ်များတွင်လည်း တန်ချိန် ၅၀၀၀န်းကျင်တင်ပို့နိုင်ရန် ထပ်မံလျာထား ဆောင်ရွက်နေကြောင်း သိရသည်။ ထိုသို့ တင်ပို့နိုင်ရန်အတွက် မကွေးတိုင်း ဒေသကြီး၊ တောင်သူဖွံ့ဖြိုးရေးအဖွဲ့ အနေဖြင့် မကွေး၊ မင်းဘူး၊ မင်းလှနှင့် နတ်မောက်မြို့နယ်များမှ ၃ç၀၉၄ ဧက၊ တောင်သူပေါင်းက ၈၆၅ ဦးတို့ကို စည်းရုံးနိုင်ခဲ့ပြီး Network Acticities Group (NAG) ၏ အကူအညီဖြင့်စိုက်ပျိုးခြင်းမှ ဈေးကွက် ရှာဖွေခြင်းများဖြင့် ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီးတောင်သူအဖွဲ့ အစည်းဥက္ကဋ္ဌ ဦးဟန်ညွန့်က “ကျွန်တော်တို့ အဲ့ဒီလိုအောင်မြင်မှုတွေ ရရှိတဲ့အတွက် အစိုးရကလည်း ပံ့ပိုးမှုတွေအနေနဲ့ ၂၅ မြို့နယ်မှာ ဆိုင်ကယ် အစီးရေ ၃၀၀ ပံ့ပိုးပေးတာတွေ၊ နောက်ပြီး ကွင်းဆင်းကြီးကြပ်ပေးမယ့် ဌာနဆိုင်ရာ ၀န်ထမ်းအင်အားတွေဖြည့်ဆည်းပေးတာတွေတွေ့ရတယ်။ ၀န်ကြီးတို့၊ လွှတ်တော်ကိုယ်စားလှယ်တို့နဲ့တွေ့ပြီးကျွန်တော်တို့လိုအပ်ချက်တွေကို
တင်ပြဆွေးနွေးခွင့်တွေလည်းရပြီး ပံ့ပိုးပေးမှုတွေလည်း ရတယ်။ အဲ့ဒီအတွက် ဒီနှစ်ထဲမှာလည်း မြို့နယ်တွေစည်းရုံးတိုးချဲ့ဆောင်ရွက်နေပါတယ်”ဟု
ပြောသည်။
image
ယခုနှစ်တွင် ပွင့်ဖြူ၊ မြို့သစ်၊ ရေနံချောင်းမြို့နယ်သုံးမြို့နယ်ကို
စည်းရုံးထားပြီး မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပူးပေါင်းဆောင်ရွက်လိုသည့် မကွေးတိုင်းဒေသကြီးမှ တခြားသောမြို့နယ်များကိုလည်း စုစည်းဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။ “ကျွန်တော်တို့ လုပ်နိုင်သလောက်တော့ လုပ်နေတယ်။ အရမ်းကျယ်ပြန့်တာမျိုးကတော့ ကျွန်တော်တို့အဖွဲ့ရဲ့အားအပြင် အစိုးရဌာနဆိုင်ရာနဲ့ တခြားသော အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးဆောင်ရွက်ပေးမှုတွေ လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။ အဆိုပါ စီမံကိန်း မှ မျိုးကောင်းမျိုး သန့်၊ မျိုးစေ့များကို ကိုယ်တိုင် စိုက်ပျိုးပြီး ရန်ပုံငွေတစ်ရပ်ထားကာ စိုက်ကြောင်း၊ မျိုးကောင်းမျိုးသန့်ရရှိရန်
မျိုးသန့် စိုက်ပျိုးဧက ၅၂ ဧကတွင် စိုက်ပျိုးထားပြီး မျိုးစေ့
တင်းပေါင်း ၄၆၈ တင်း တောင်သူများထံမှ ၀ယ်ယူထားပြီး လုပ်ငန်းပူးတွဲလုပ်ဆောင်နေသည့် မြင့်မြတ်တော်ဝင်ပွဲရုံ ဂိုထောင်တွင် သိုလှောင်ထားကာ စိုက်ပျိုးချိန်တွင် တောင်သူများ ထံရောင်းချမည်ဖြစ်ကြောင်း သိရသည်။ တစ်ကွင်း တစ်ဆက်တည်း နှမ်းနက် များစိုက်ပျိုးရာတွင် ပါဝင်လိုသည့်ကျေးရွာများ၌ ကိုယ်စားလှယ်များ၊ကြီးကြပ် ခေါင်းဆောင်များထားရှိပြီး တစ်လတစ်ကြိမ် ဆွေးနွေးမှုများဖြင့် ဖြေရှင်းဆောင်ရွက်နေကြောင်း၊ လိုအပ်သည့် သွင်းအားစုများ အတွက် ကုမ္ပဏီတချို့နှင့်ချိတ်ဆက်၍ စုပေါင်းဝယ်ယူခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။ မြန်မာတစ်နိုင်ငံလုံး၏ ဆီထွက် သီးနှံများနှင့် ပဲမျိုးစုံသီးနှံများ၏ သီးနှံစိုက်ပျိုးမှု ဧရိယာစာရင်းအရ ၁၉၉၅-၁၉၉၆ ခုနှစ်တွင် နှမ်းစိုက်ဧက သုံးသန်းကျော်စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၁၃-၁၄ခုနှစ်တွင် စိုက်ဧက ၄ ဒသမ ၅ သန်း နီးပါးအထိ တိုးတက်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ Network Acticities Group (NAG) ဥက္ကဋ္ဌ ဦးဘော်ဘီက “ကျွန်တော်တို့ဘက်က နှမ်းတွေကို တရုတ်ကတော့ အရည်အသွေးမရွေးဘဲဝယ်တယ်။ အခုဂျပန်ဆီပို့တဲ့ အရည်အသွေးရအောင် ထုတ်နိုင်တော့ သူတို့သဘောကျကြတယ်။ ရေရှည်ဈေးကွက်ရဖို့အဓိကတော့ ကိုယ့်စည်းကိုယ်လုံဖို့ လိုတယ်။ စိုက်ပျိုးထုတ်လုပ်မှု နည်းနည်းဂရုစိုက်ရင် အရည်အသွေးက မကောင်းမရှိဘူး။ နှမ်း ကိုတရုတ်က ပုံမှန်တစ်မီလျံ တန်ချိန်ဝယ်တဲ့ ဈေးကွက်ရှိတယ်။ နှမ်းဖြူ၊ အနက် အကုန်ဝယ်တော့ ပုံမှန်ဈေးကွက်မှာကိုဘဲအလားအလာ ကောင်းတယ်။ နောက်တစ်ခုက အော်ဂဲနစ် ဈေးကွက်အတွက် နယ်သာလန်ကနေပြီး ကွန်တိန်နာတစ်လုံးစာရရင်ဝယ်မယ်ဆိုပြီး ကမ်းလှမ်းထားတာရှိတယ်။ နောက်ပိုင်းတော့ ဈေးကွက်က အရည်အသွေးမြင့်တဲ့ အပိုင်းကို တဖြည်းဖြည်းပြောင်းလဲရမှာပါ”ဟု ဈေးကွက်အလားအလာကို သုံးသပ်ပြောသည်။ Network Acticities Group (NAG) အနေဖြင့် တောင်သူဖွံ့ဖြိုးရေး အဖွဲ့အစည်း၏ လုပ်ဆောင်ချင်သည့် ကဏ္ဍကို ဦးစားပေးပြီး ပံ့ပိုးမှုများ ဆောင်ရွက်ပေးကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အဆိုပါ တောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ စုပေါင်း စိုက်ပျိုးခြင်း၊ စုပေါင်းရောင်းချခြင်း၊ စုပေါင်း ဈေးကွက်ရှာဖွေခြင်း လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဆိုတော့ မိုးအပေါ်မှာမူတည်တယ်။ မနှစ်က ရာသီဥတုအကောင်း လွန်ပြီး ပျက်တယ်။နှမ်းထောင်တာတွေမှာလည်း သုတေသန လုပ်ထားတာမျိုးတွေနဲ့ ပံ့ပိုးပေးထားတော့ ရက်ဘယ်လောက်မှာ ယ်လိုအရည်အသွေးရှိတယ်ဆိုတာကို လုပ်ထားပေးတယ်။ သန့်စင်တဲ့စနစ်အတွက်တော့ ပံ့ပိုးပေးဖို့တော့လိုမယ်”ဟု ဦးဘော်ဘီက ပြောသည်။ ယခင်နှစ်က အတွေ့အကြုံတစ်ခုမှာ အောက်ခြေတောင်သူများ၌ ငွေပိုငွေလျှံ မရှိသဖြင့် ပွဲရုံမှ ပစ္စည်းပေး ငွေသုံးပုံတစ်ပုံသာ ချေပေးသည့်စနစ်ကြောင့် စိုက်ပျိုးနေသည့် တောင်သူများမှာ တခြားဈေးကွက်သို့ ရောင်းချမှုများရှိခဲ့သည့်အတွက် ဂျပန်သို့ တင်ပို့ရာတွင် လျော့နည်းခဲ့ရခြင်းလည်းဖြစ် သည့်အတွက် တင်ပို့သည့် ပွဲရုံနှင့် ညှိနှိုင်းကာ ယခုနှစ်တွင် ကုန်စည်ဂိုထောင်ထဲတွင် လာရောက်အပ်နှံသည်နှင့် ပွဲရုံဘက်မှ ငွေအကျေ ပေးချေရန် သဘောတူလုပ်ဆောင်နေကြောင်း၊ ပြီးခဲ့သည့် နှစ်ဈေးကွက်ထက် သာလွန်သည့် ဈေးကွက်ရရှိရန်အတွက် ရန်ကုန်မှကုမ္ပဏီနှင့် တစ်ဆင့်ခံ ချိတ်ဆက်ခြင်း မပြုလုပ်တော့ဘဲ ဂျပန်ကုမ္ပဏီများနှင့် တိုက်ရိုက် တစ်လအတွင်း ရှာဖွေချိတ်ဆက်ကာ တောင်သူများ စိတ်ကြိုက်ရသည့် ဈေး ကွက်သို့တင်ပို့ ရောင်းချခြင်းများ ပြုလုပ်ရန် တောင်သူအဖွဲ့အစည်းနှင့် အကျိုးတူ မိတ်ဘက် ဆောင်ရွက်နေသည့် မြင့်မြတ် တော်ဝင်ပွဲရုံမှ သိရသည်။ မြင့်မြတ် တော်ဝင်ပွဲရုံမှ ဦးမြင့်အောင်က “ကျွန်တော်တို့က ဓာတု ဓာတ်ကြွင်းကင်းတဲ့ သီးနှံတွေထွက်ရှိမှု ပိုများလာဖို့ အားပေးထောက်ပံ့တဲ့ သဘောနဲ့ ကူညီပေးနေတယ်။ ဓာတုဓာတ်<ကင်း ကင်းရင် ဂျပန်နိုင်ငံက ဈေးကွက်အလားအလာကောင်းတယ်။ဈေးကွက်ခိုင်မာပြီး
image
ဈေးပိုရတယ်။ မနှစ်က ရန်ကုန်က ကုန်သည်နဲ့ချိတ်ပြီး ဂျပန်ကို ပို့တယ်။ ဒီနှစ်ကတော့ တောင်သူတွေဆန္ဒအရ ဈေးဘယ်လောက် ပိုရနိုင်မလဲသိချင်ကြလို့ နှမ်းတွေကို ကျွန်တော့်သိုလှောင်ရုံမှာ သိမ်းဆည်းပေးရမယ်။ ဈေးကွက်ဖော် ဆောင်ပေးရမယ်။ နှမ်းသိုလှောင်ရုံထဲ လာအပ်ချိန် ၁၀၀ ရာခိုင်နှုန်းပေးချေမယ်။ တစ်လ ကုန်စည်စု၊ နောက်တစ်လအတွင်းရောင်းချဖို့ စီစဉ်ထားတယ်။ ဂျပန်နဲ့ ချိတ်ဆက်ပြီး ရောင်းရတဲ့ အသားတင်အမြတ်ငွေအပေါ်မှာ တောင်သူ ၄၀ ရာခိုင်နှုန်းနဲ့ကျွန်တော်က ၆၀ ရာခိုင်နှုန်း ထပ်ဆောင်းဖို့ သဘောတူထားတယ်။ ကျွန်တော်က သိုလှောင်မှု၊ လုပ်သားခ၊ အာမခံကိစ္စတွေကို တာဝန်ယူရတယ်။ ရောင်းချိန်ဈေးနှုန်း ကျရင်တော့ တောင်သူတွေက ပြန်ပေးစရာ မလိုဘူး။ ကျွန်တော်ဘဲ အရှုံးခံရမယ့်သဘော ဖြစ်ပါတယ်”ဟု ပြောသည်။ တောင်သူများ၏ မိရိုးဖလာ စိုက်ပျိုး မှုပုံစံများဖြင့်သာ ဆက်သွားပါက ဈေးကွက်မှာတဖြည်းဖြည်းနိမ့်ကျလာသော ကြောင့် တောင်သူဖွံ့ဖြိုးမှုရှိမှ တင်ပို့ရောင်းဝယ်မှုများ အဆင်ပြေလာမည်ဖြစ်သောကြောင့် ပရဟိတ သဘောမျိုး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် နှမ်းနက်များအတွက် အရည်အသွေးမြင့် သိုလှောင်ရုံကဏ္ဍ လိုအပ်ပြီး သိုလှောင်ရုံ၌ GAP ဖြင့် စိုက်ပျိုးနေသည့် သီးနှံတွေကို အရည်အသွေးမီ သိုလှောင်ရုံနဲ့ ထားနိုင်ဖို့အတွက်အစိုးရအနေဖြင့် နည်းလမ်းတကျ လုပ်ဆောင်မှုများတွင် ပံ့ပိုးကူညီရန် လိုအပ်ကြောင်း ပြောသည်။ “ကျွန်တော်တို့ လုပ်ကိုင်နေဆဲမှာ ဌာနဆိုင်ရာ၊ စိုက်ပျိုးရေးဝန်ထမ်း၊ အစိုးရ၊ ၀န်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်တွေက စိတ်ဝင်တစားနဲ့ လုပ်ဆောင်ပေးလာကြတာ တွေ့ရတယ်”ဟု ဦးမြင့်အောင်မှ ပြောသည်။ မကွေးတိုင်းဒေသကြီး၊ တောင်သူဖွံ့ဖြိုးရေး အဖွဲ့အစည်း၏ အတွင်းရေးမှူး ဖြစ်သူ ဦးစိုးလွင်အေးက တောင်သူများကြုံတွေ့ နေရသည့် စိုက်ပျိုးရင်းနှီးငွေနှင့် ရောင်းချချိန်ရငွေ၊ တောင်သူစိုက်ပျိုးမှု၏ ၀င်ငွေ၊ ထွက်ငွေမှာ မမျှတမှုရှိနေသည့် ပြဿနာ တစ်ရပ်ရှိသည်ကို အစိုးရအနေဖြင့် ရေရှည် ရပ်တည်နိုင်ရန် ဖြေရှင်းပေးစေလိုကြောင်း၊ အထူးသဖြင့် သွင်းအားစုဈေးများမှာ ရာသီပေါ်ပေး အတိုးဈေးနှုန်းဖြင့် ၀ယ်ယူမှု လုပ်ဆောင်နေရပြီး အတိုးနှုန်းသက်သာစွာဖြင့် လုပ်ဆောင်နိုင်သည့်နည်းလမ်းကို ရှာပေးစေလိုကြောင်း ပြောသည်။ “ကျွန်တော်တို့ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံပြီး စိုက်ပျိုး လုပ်ကိုင်မှုမှာ တွေ့ကြုံနေရတဲ့ ပြဿနာတွေကို တင်ပြဆွေးနွေးဖို့ ရှိတယ်။ပြီးခဲ့တဲ့နှစ်ကလည်း စိုက်ပျိုးမှုမှာ စပါးစိုက်ပျိုးမှုလိုမျိုး တစ်သိန်း ၀န်းကျင်လောက်ရဖို့ တင်ပြထားဖူးတယ်။ မနှစ်ကတော့လွှတ်တော် ကိုယ်စားလှယ်နဲ့တွေ့တော့ တင်ပြခဲ့ပေမယ့် ရာသီလွန်သွားတဲ့အတွက် မရခဲ့ဘဲ တစ်ဧက ကျပ်ငါးသောင်းနှုန်းတော့ရခဲ့တယ်။ အစိုးရက ကျွန်တော်တို့ စီမံကိန်းကို တော်တော် စိတ်ဝင်စားလို့ ပံ့ပိုးမှုတွေလည်း တတ် နိုင်သမျှလုပ်ပေးနေတာတွေ့ရတယ်” ဟု ဦးဟံညွန့်က ပြောသည်။ တောင်သူများ ကြုံတွေ့နေရသည့် ပြဿနာတစ်ရပ်မှာ တောင်သူများထံ၌ ပုံစံ(၇) မှာလည်း အစိုးရ၏ကူညီပေးမှုကြောင့်ဒေသခံအတော်များများ အဆင်ပြေလာကြောင်း၊ အခြားသော အခက်အခဲ တစ်ရပ် အနေဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီများ၌ အောက်ခြေ ကျေးရွာအဆင့်များတွင် လယ်သမားကိုယ်စားလှယ်ပါဝင်မှု ဦးရေ ပိုတိုးတောင်းဆိုရန်နှင့် မြို့နယ်အဆင့်များ၌ လယ်သမားတစ်ဦးမှ ပါဝင်ခွင့်မရသည့် အခြေအနေများကို ၀န်ကြီးချုပ်နှင့် တွေ့ဆုံချိန်တွင် တင်ပြသွားရန်ရှိကြောင်း တိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ သိရသည်။

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

WARNING! The comment below by @jemonsa leads to a known phishing site that could steal your account.
Do not open links from users you do not trust. Do not provide your private keys to any third party websites.

Congratulations @thanzawoo! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

WARNING - The message you received from @jemonsa is a CONFIRMED SCAM!
DO NOT FOLLOW any instruction and DO NOT CLICK on any link in the comment!

For more information, read this post:
https://steemit.com/steemit/@arcange/anti-phishing-war-the-crooks-continue-their-bashing-campaign

If you find my work to protect you and the community valuable, please consider to upvote this warning or to vote for my witness.

Congratulations! This post has been upvoted from the communal account, @minnowsupport, by thanzawoo from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

  ·  7 years ago Reveal Comment