ကျွန်တော့်အတွက် ကဗျာ မရှိရင်မနိုင်ပါ...သူ့ဘဝမှာ ကျွန်တော်လိုသလို သူ့ဘဝမှာလဲ ကျွန်တော်လိုတယ်။
ကျွန်တော့် တစ်သက် မေ့ရက်စရာ မရှိတာ ကဗျာပါ ခင်ဗျာ....
စာတွေ ရေးပြီး စာရေးဆရာတစ်ယောက်လုပ်မယ်လို့ ကလေးဘဝ ကတည်းက စိတ်ကူးယဉ်ခဲ့လေတော့ တွေ့သမျစာတွေ အကုန်ဖတ်ဖြစ်တယ်။
ကဗျာလို့ ကိုယ်ထင်တဲ့ စာပိုဒ်လေးတစ်ခုကို စာရွက်တစ်ရွက်ပေါ် ချရေးလိုက်မိတယ်...
"ဖူးငုံချစ်ပန်း၊ ပျက်ကြွေနွမ်းလို့
ကိုသန်းဘဝ၊ မလှပ၊
တမ်းတဆွေးကာ၊ မဖြေသာ"တဲ့
အဖွဲ့အနွဲ့က လေးလုံးစပ်ကို တိတိပပဖြစ်အောင် အားထုတ်ကာ ရေးလွှတ်လိုက်မိတယ်။ ၁၉၈၅ ခုနှစ်မှာ ဂျာနယ်တိုက် တစ်တိုက်ဆီ အရဲစွန့် ပို့မိတော့ အယ်ဒီတာရဲ့ လုံးခြင်းနဲ့ တည့်တည့် တိုးခဲ့တယ်။
အချစ်နဲ့ တွေ့သူတိုင်း ကဗျာဆရာ ဖြစ်တတ်ကြတယ်လို့ ဆိုလေတော့ အချစ်နဲ့တွေ့အောင် အားထုတ်ရင်း ကဗျာတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ဆက်တိုက် ရေးထုတ်မိတယ်။
ကဗျာရေးဖွဲ့ပုံတွေ ကျွန်တော် လေ့လာမိတယ်။ လေးလုံးစပ်၊ ဘီလူးရယ် နောက်တော့ တခြားရေးထုံးတွေလည်း ဖတ်လေ၊ ရေးလေ၊ ကဗျာကောင်း မဖြစ်လေလို့ ထင်လာတယ်။
ကိုယ့်အရှေ့မှာ 'က'ကြီးကနေ 'အ'အထိ မြန်မာဗျည်း ၃၃ လုံးကို ချရေးထာတယ်။ ကဗျာတစ်ပုဒ် စပ်တော့မယ် ဆို စိတ်က ရွတ်နေမိတယ်။
က၊ကာ၊ကိ၊ကီ၊ ကု၊ကူ၊ကေ၊ကဲ၊ ကော့၊ကော်၊ကံ၊ကား....
ကိုယ်ရေးပြီးသား စာတစ်ပုဒ်နဲ့ ကာရန်တူ အချိန်အဆက် မိဖို့ရာ ဘယ်လို ရေးရမလဲ စဉ်းစားရ ကျပ်လာတဲ့အခါ ကျောက်သင်ပုန်းနဲ့ ကျောက်တံကို အသုံးပြုလို့ စာသင်ပေးခဲ့ဖူးတဲ့ ဆရာတော်ဦးပဏ္ဍိတ ကို သတိရမိရဲ့၊
ကလေးဘဝမှာ အလွတ်ရွတ်ဆိုခဲ့ရတဲ့ အဲဒီစာသားတွေက ကဗျာရေး တိုင်း အသုံးတည့်နေတုန်းပဲ။
"ကဗျာ ဆရာဟာ... ကပျာကယာ ကာရန်ယူရေးဖို့
ရင်တွင်းစကားသံကို စကားလုံးနဲ့ တဲ့တဲ့သုံးလိုက်လေတော့၊
ကဗျာတစ်ပုဒ်လို အလှအပနဲ့ မူဘောင်ကျကျ၊ ကနွဲ့ကလျ မဖြစ်ပေဘူး။
ဟူး...အသက်အရွယ်ကြီးတဲ့ အမယ်ကြီးလို
အရိုးအဆစ်တွေ ခိုင်နေတာကို၊ ကဗျာလွတ်အက စသင်ပေးမိတော့
ခမျာ...သနားစရာ ကုန်းကွကွနဲ့
ပုံမကျ၊ပန်းမကျ ဖြစ်သလို၊ ကဗျာရနံ့ မရခဲ့ဘူးပေါ့နော်..."
အဲဒီ့လို ကာရန်အတိအကျ မပါတဲ့ စာပိုဒ်တွေတော့ နေ့တိုင်းလိုလို ရေးနေမိတော့တယ်။ ကဗျာ ဖြစ်၊မဖြစ် သေချာ မသိပေမယ့် ရှိစေတော့...
ဒီလို အခက်တွေ့တော့ ကာရန်မိအောင် အားထုတ်ရင်းက ကဗျာရဲ့ ဆိုလိုချင်တဲ့ အနက်ကို မထိပေမယ့် ကဗျာမဖြစ်၊ စကားပြေမရောက်နဲ့ ငါ့နှယ် ကဗျာဖျက်သူဘဝ ရောက်သွားမှာ ကြောက်ရချည်ရဲ့ ဆိုပြီး....
ကဗျာရေးတာ ခဏရပ်လို့ ကဗျာဆရာတွေရဲ့ စာအုပ်တွေ ဝယ်ဖတ်မိချိန် ဘာသွားတွေ့သလဲ ဆိုတော့......
ကဗျာ ဥာဏ်ကွန့်မြူးချိန်နဲ့ စကားလုံးတွေ ရွေးချယ်သုံးတတ်ဖို့ လိုတယ်ဆိုတဲ့ ဗီဇစိတ်နဲ့ အတတ်ပညာပေါင်းဖွဲ့မှုကို မြင်မိသလိုပဲ။ စာလုံးပေါင်းကို လည်း သတိထားမိပါတယ်။
တစ်နေ့တစ်ပုဒ်ကဗျာ....ရေးရမှကျေနပ်ရတဲ့ဘဝပါ.ကဗျာဟာ ကျွန်တော့်ငယ်ချစ်ဦးပါ..
Steemitမှာအလုပ်ရတာပျော်မိပါတယ်..ဘာလို့လဲဆိုတော့...ဒီလိုခံစားချက်မျိုးတင်ခွင့်ရလို့ပါ.။ကျေးဇူးပါ.
credit form google photo
Thank steemit.
wow..nice
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit