မျောက်နဲ့ မိချောင်း

in esteemapp •  6 years ago 

image

မျောက်နဲ့ မိချောင်း🙊🐊

တစ်ခါတုန်းက ပါးနပ်ချက်ချာတဲ့ မျောက်တစ်ကောင် ဟာ အရည်ရွှန်းလှတဲ့ နှင်းပန်းပင် တစ်ပင်ပေါ်မှာ နေထိုင်သတဲ့။သူက နေ့တိုင်း နှင်းပန်းသီးတွေ စားပြီး ပျော်ရွှင်နေတာပေါ့။

တစ်နေ့ကျတော့ ပင်ပန်းနွမ်းနယ်နေတဲ့ မိချောင်း တစ်ကောင်ကနှင်းပန်းပင်အောက်က ချောင်းထဲမှာ ရေကူးရင်း မျောက်ကိုတွေ့တော့ အလွန် ဆာလောင် ကြောင်းပြောတယ်။ ကြင်နာတတ်တဲ့ မျောက်လေးက မိချောင်းကို နှင်းပန်းသီးတွေ ကျွေးလိုက်တယ်။ မိချောင်းက အရမ်းပျော်ရွှင် သွားပြီး နောက်နေ့ကော သူလာလို့ရမလားလို့ မျောက်ကို မေးတယ်။ သဘောကောင်းတဲ့ မျောက်က ၀မ်းသာအားရ လက်ခံလိုက်တယ်။

အဲဒီလိုနဲ့ မိချောင်းက နေ့တိုင်း နှင်းပန်းသီးတွေ လာစားရင်း သူတို့တွေ အရမ်းခင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။ မိချောင်းက သူ့မှာ မိန်းမရှိတယ် ပြောတော့ မျောက်က မိချောင်းမ အတွက် နှင်းပန်းသီးတွေ ပိုထည့် ပေးလိုက်တယ်။ မိချောင်းမက လည်းနှင်းပန်းသီး ကြိုက်တော့ နေ့တိုင်း ယောက်ျား ကို ယူလာ ခိုင်းတာပေါ့။

image

အချိန်တွေကြာလာတော့ မျောက်နဲ့ မိချောင်း ကြားက သံယောဇဉ်က ပိုခိုင်မြဲလာတော့ မိချောင်းမ က မနာလို ဖြစ်လာတယ်။ အဲဒါနဲ့ မိချောင်းမ က မျောက်ကိုစားဖို့ ကြံတယ်။

ပထမ မျောက်ကို အလည်ခေါ်ဖို့ ယောက်ျားကို ပြောတယ်။ ယောက်ျား ခေါ်မလာချင်ဘူး။ နောက်ဆုံးကျတော့ မိချောင်းမက နေမကောင်း ယောင်ဆောင်ပြီး ဆရာဝန်က သူ့ရောဂါပျောက်ဖို့ မျောက်အသည်းနှလုံးကို စားရမယ်လို့ ပြောတယ် လို့ သူ့ယောက်ျားကို ပြောသတဲ့။ အဲဒါမှ မစားရရင် သူ သေရတော့မယ်ပေါ့။

မိချောင်းမှာ တွေဝေသွားတယ်။တစ်ဖက်ကလည်း သူငယ်ချင်း၊ တခြားတစ်ဖက်မှာလည်း မိန်းမ ဖြစ်နေတယ်။ မိန်းမကိုလည်း အသေမခံနိုင်ဘူး။ ဒီကြားထဲ မိန်းမက သူသေရတော့မယ်လို့ တကျီကျီ လုပ်တယ်။

နောက်ဆုံးတော့ မိချောင်းက နှင်းပန်းပင်ဆီ သွားပြီး သူ့အိမ်လိုက်လည်ဖို့ ပြောတယ်။ မျောက်ကလည်း ပျော်ပျော်ပဲ မိချောင်းကျောပေါ် တက်ပြီး လိုက် လာတယ်။ မြစ်လယ်ရောက်တော့ မိချောင်းက တဖြည်းဖြည်း ရေအောက်ကို ငုံ့တယ်။ မျောက်က ကြောက်လာပြီး ဘာလို့ အဲလိုလုပ်တာ လဲလို့ မေးတော့ မိချောင်းက ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။သူ မျောက်ကို သတ်မှ ဖြစ်မယ်ပေါ့။

ပါးနပ်လွန်းတဲ့ မျောက်က သူ့အသည်းနှလုံးကို ပေးပါ့မယ်။ ဒါပေမဲ့ သူ့နှလုံးက နှင်းပန်းပြင်ပေါ် ကျန်ခဲ့တယ်။ သွားယူရမယ်လို့ ပြောတယ်။ မိချောင်း လည်း ၀မ်းသာအားရနဲ့ မျောက်ကို နှင်းပန်းပင်ဆီ ပြန်လိုက်ပို့တယ်။ နှင်းပန်းပင် လည်း ရောက်ရော မျောက်က သစ်ပင်ပေါ် ခုန်တက်သွားပါတယ်။

ဒီပုံပြင်လေးက ပေးချင်တဲ့ သင်ခန်းစာကတော့

ကိုယ့်အပေါ် ကျေးဇူးရှိဖူးသူ (သို့)သူငယ်ချင်း မိတ်ဆွေတွေ ကို ဘယ်တော့မှ သစ္စာမဖောက်ပါနဲ့။ ကိုယ်ပိုင်တွေးခေါ်ဥာဏ်နဲ့ စဉ်းစားတတ်ပါစေ။ မဟုတ်ရင်တော့ သူများပြောသမျှ ခေါင်းငုံ့ခံရသူ သာလျှင် ဖြစ်ပါလိမ့်မယ်။

photo : google

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!