ဝေဒနာ
in information •  7 years ago 
လေးပါ။ ဒီဆလိုက်မီးထဲကျတဲ့ ရေတို မှတ်ဥာဏ်လေး
နဲ့  သိစိတ်ထဲရောက်တဲ့ ရေတို မှတ်ဥာဏ် ဟာ လည်း
ပြောင်း လဲသွားပါတယ်။
တယ်။
လည်းသိဖို့ ပါပဲ။
လောက်ပါတယ် ။ ခုန်ရမှာ ပျင်းလို့ လေ။
လို့ ခေါ်ပါတယ်။
အပေါ်ဆုံး နီညိုရောင်ကတော့ primate brain လို့ 
၁။ Seeking
၂။Fear
ကြောက်လန့် တာ။ နာတာကျင်တာ ကိုကြောက်
၃။Rage
၎။Panic
၅။ Lust
၆။Care
၇။ Play
ယ်
ဒီမှာ သတိပြုဖို့ က ခံစားမှုကို ဖိနှိပ်တာ ၊ဖျောက်ဖျက်
တာမဟုတ်ပါဘူး။ ထိန်းညှိတာပါ။
                                               ပိုင်သွန်
ဝဒေနာ
သိစိတ် ဆိုတာက Global workspace theory
အရတော့ short term memory ဆိုတဲ့ စင်မြင့်
ထက်မှာ ဟို နားရွှေ ့လိုက် ဒီနား ရွှေ ့လိုက်နဲ ့ပြောင်း
လဲနေတဲ့ attention ဆိုတဲ့ Spotlight (ဆလိုက်မီး)
လေးပါ။ ဒီဆလိုက်မီးထဲကျတဲ့ ရေတို မှတ်ဉာဏ်လေး
ကသိစိတ် ဖြစ်ပြီး ဆလိုက်မီးနေရာ ပြောင်းသွားတာ
နဲ ့ သိစိတ်ထဲရောက်တဲ့ ရေတို မှတ်ဉာဏ် ဟာ လည်း
ပြောင်း လဲသွားပါတယ်။
ဆလိုက်မီး ဆိုတဲ့ Attention ထဲကို ရောက်ရင်
အဲ့ ဒီ short term memory ကို သယ်ထားတဲ့
ဦးနှောက် ရဲ ့ အစိတ် အပိုင်းဟာ တခြား ဦးနှောက်
အပိုင်းတွေ အားလုံးကို လို အပ်ရင် လိုအပ်သလို
access လုပ်လို ့ရပါတယ်။ ဒီလို access လုပ်မှု
အများစုကတော့ မသိစိတ်မှာ ဖြစ်တာများ ပါတယ်။
Access က 2 way ဖြစ်ပြီး သူရှိကို လာသလို သူက
လည်းသွားပါတယ်။ တနည်း သူ ့ကို ခိုင်းတဲ့ သူရှိ
သလို သူကလည်း ခိုင်းပါတယ်။ ဒီ အထဲမှာ Emotion
ခေါ်တဲ့ ခံစားမှု ဝေဒနာ အစိတ်အပိုင်း တွေ လည်းပါပါ
တယ်။
ဒီပို ့စ်က ဝေဒနာ တွေ အကြောင်းပြောမှာပါ။ အမှန်
တော့ ဦးနှောက်မှာ ရှင်းပြရ ခက်တာက သိစိတ်ပါ။
ဘာလို ့ဆိုတော့ သိစိတ်နဲ့ သက်ဆိုင်တဲ့ ဦးနှောက်
အစိတ်အပိုင်းရယ်လို ့တိတိကျကျ မရှိလို ့ပါ။ ဒါကြောင့်
လဲ ဆလိုက်မီးလို သိစိတ်ဟာ ဦးနှောက်တခုလုံး နေ
ရာပြောင်း ထိုးနေတယ်လို ့ GWT က သုံးသပ်တာ
ပါ။ သိစိတ်ကလွဲ ရင် ဦးနှောက်ရဲ ့ အခြား function
တွေက ရှင်းပြရ မခတ်ပါဘူး။ သူတို ့က software
တခု processor တခု လိုပါပဲ။ အရေးကြီးတာက
အဲ့ ဒီ processor က ဦးနှောက်ရဲ့ ဘယ်နေရာမှာ ရှိလဲ
သိရင် အလုပ်တဝက်လောက်ပြီးပါတယ် ။ ကျန်တဝက်
က နျူရွန်းတွေ ဘယ်လို အသေးစိတ် circuit ပါတ်ထား
လည်းသိဖို ့ပါပဲ။
Emotion ခေါ်တဲ့ လူ ့ခံစားမှု ဦးနှောက်ဘယ်နေရာမှာ ရှိလဲသိဖို ့ ပထမဆုံး ဆင့်ကဲဖြစ်စဉ်တလျှောက် ဦး
နှောက် အဆင့်ဆင့် ပြောင်းလဲလာပုံ အရင်သိရပါ
မယ် ။ ရေသတ္တဝါတွေ ကုန်းပေါ်တက်ပြီး ပထမဆုံး
ဖြစ်လာတာက reptile လို ့ခေါ်တဲ့ တွားသွားသတ္တဝါ
တွေပါ။ ပုတ်သင်ညိုတို ့မြွေတို ့ဒီထဲမှာပါပါတယ်။
သူတို ့ရဲ ့ဦးနှောက်ကို Reptilian brain ခေါ်ပါတယ်။
အောက်က ပထမပုံရဲ ့အဝါရောင်အပိုင်းပါ။ မြွေလို
ကောင်မှာ ဦးနှောက်က အဲ့ အပိုင်းလေးပဲပါပါတယ်။
သိစိတ်ဆိုတာထက် အလိုလျောက်တုန် ့ပြန်မှု တွေပါ။
လူတွေမှာတော့ ဒီအပိုင်းဟာ မှလုံးနဲ ့ အဆုတ်လို ဟာ
မျိုးကို ထိန်းချုပ်ထားပါတယ်။ ဒါကလည်း အဓိပ္ပါယ်ရှိ
ပါတယ် နှလုံးလို ဟာမျိုးကို သိစိတ်နဲ ့သာ ထိန်းချုပ်လို ့
ကတော့ ပျင်းတဲ့သူတွေဆို နှလုံး ခုန်နှုန်းရပ်သွား
လောက်ပါတယ် ။ ခုန်ရမှာ ပျင်းလို ့လေ။
မီးခိုရောင် အလယ်က အပိုင်းကို mammalian brain
လို ့ခေါ်ပါတယ် နို ့တိုက်သတ္တဝါတွေ ရဲ ့ဦးနှောက်ပေါ့
တွားသွားသတ္တဝါကနေ နို ့တိုက်သတ္တဝါ အဖြစ် ဆင့်
ကဲပြောင်းလဲတဲ့ အခါ ဒီအပိုင်းက နဂို ရှိပြီးသား ဦး
နှောက်ပေါ် မှာဖြစ်လာပါတယ်။ mammalian brain
ဟာ ဝေဒနာတို ့ ရဲတည်ရာပါ။ ဆင့်ကဲ ပြောင်းလဲမှုက
လိုအပ်လို ့ နို ့တိုက်သတ္တဝါတွေ ရှင်သန် နိုင်ဖို ့ ဖန်တီး
ပေးလိုက်တဲ့ အရာပါ။ ဒေါသ တွေ ၊ ကြောက်လန် ့မှု
တွေ၊ ပျော်ရွှင်မှုတွေ ၊ ချစ်ခြင်းတွေ ၊ သားသမီးကို
ခင်တွယ်မှု စသဖြင့် ခံစားမှုပေါင်းစုံရှိရာ ပန်ဒိုရာ ရဲ ့
အိုးဟာ ဒီ mammalian brain ပါပဲ။ လူလို primate
တွေ အတွက် ကတော့ ဒီနေရာကို Limbic system
လို ့ခေါ်ပါတယ်။
အပေါ်ဆုုံး နီညိုရောင်ကတော့ primate brain လို ့
ခေါ်ပြီး မျောက်လို လူလို ဟာမျိုးတွေမှာရှိပါတယ်။
ဒီနေရာက သိစိတ်ရှိရာ နေရာ မြင်၊ကြား၊ ဘာသာစ
ကား နဲ ့အဆင့်မြင့် လုပ်ဆောင်မှုတွေရှိရာ နေရာပါ။
Limbic system မှာ စိတ်ခံစားမှု စနစ် တွေရှိပါတယ်။
မွေးမွေးချင်းပါတာ ၄ မျိုးနဲ ့ ကြီးလာတော့ ၃ မျိုးပါ။
မွေးမွေးချင်း ၄ မျိုးက
၁။ Seeking
ဒါက ရှာတာဖွေတာ ၊စူးစမ်းတာ၊စပ်စုတာ ။စားဖို ့
သောက်ဖို ့ဒီစိတ်တော့ ရှိရပါမယ်။ အစားအစာ၊
နားစရာနဲ ့ လိင်ဟာ ဒီထဲမှာပါပါတယ်
၂။Fear
ကြောက်လန် ့တာ။ နာတာကျင်တာ ကိုကြောက်
လို ့ပြေးတာမျိုး။ ဒါမှ နို ့တိုက်သတ္တဝါဟာ
အန္တရာယ်ကလွတ်မြောက်ပါမယ်
၃။Rage
ဒေါသ ပေါ့ ။ တိုက်ဖို ့ခိုက်ဖို ့အတွက်၊ အစာလုဖို ့
မိတ်ဖတ်လုဖို ့ အသက်ရှင်ဖို ့ ဒေါသ လို တုန် ့ပြန်
မှုဟာ နို ့တိုက်သတ္တဝါတွေမှာ လိုပါတယ်။
၄။Panic
အကောင်ပေါက်တွေဟာ မိခင်နဲ ့ကွဲရင် နာကျင်
စွာ အော်/ငို တာ ၊ အသံပြုတာ စတာတွေကိုဖြစ်
စေတဲ့ ခံစားမှု စနစ်ပါ။ နာကျင်မှု လို ့ပြန် ရမလား?
အကောင်းဆုံးကတော့ Panic ပါ
နောက်ပိုင်း ပေါ်လာတဲ ့စနစ် ၃ မျိုးကတော့
၅။ Lust
sexual desire တွေ ကို တွန်းပို ့ပေးတဲ့ ခံစားမှုတွေ
၆။Care
ဒါက Panic ရဲ ့ပြောင်းပြန်ပါ ။ မိခင်ဖခင်က သား
သမီးကို စောက်ရှောက်ချင်တဲ့ စိတ်
၇။ Play
အကောင်ငယ်တွေမှာကြီးလာရင် အဆင်သင့်ဖြစ်
ဖို ့ငယ်စဉ်အချိန်မှာ ဆော့ကစားကြတာ ။ ဒီစနစ်က
ပျော်ရွှင်မှုနဲ ့ သာယာမှု ကိုပေးတယ်လို ့ယူဆရပါတ
ယ်
အောက်က တတိယပုံက ဒါတွေ နဲနဲ ချဲ ့ထားတဲ့ ဇယား
ပါ။ ဒါက ခံစားမှုတည်ရာ ဦးနှောက် အစိတ်အပိုင်း
အကြောင်းပါ။ လင့်ဘစ် စနစ်ဟာ ဆင်ကဲ့ ဖြစ်စဉ်ရဲ ့
နို ့တိုက်သတ္တဝါ အဆင့်မှာ ရှင်သန်မှု အတွက် လို အပ်
လို ့ဖြစ်လာရတဲ့ အရာပါ။ သူမရှိရင် သတ္တဝါ ဟာ ရှင်
သန်နိုင်ပါ့မလား မတွေးရဲစရာပါ။ လူတွေ မှာတော့
ဒါက အရေးတကြီးမလိုအပ်တော့ပေမဲ့ တချို ့အချိန်
တွေမှာတော့ ရှိဖို ့လိုဦးမှာပါ။ လူဟာ social animal
ဖြစ်ပြီး အစုအဖွဲ ့နဲ ့နေရာမှာ ဆက်ဆံရေး အရေး
ပါလာပါတယ် ဒါကို frontal lobe ခေါ်တဲ့ ဦးနှောက်
ရှေ ့ပိုင်းကပြုလုပ်ပေးပြီး ဒီအပိုင်းဟာ သတ္တဝါ အား
လုံးမှာ လူဟာ အဖွင့်ဖြိုးဆုံးပါ။ ဒါကြောင့် ဦးနှောက်
ရှေ ့ပိုင်း frontal lobe ကို Organ of Civilization
လို ့ခေါ်ပါတယ် ။ လူ ့ယဉ်းကျေးမှု ရဲ ့ အင်္ဂါ ပေါ့။
သူ ့ရဲ ့အလုပ်တွေထဲက တခုက လင့်ဘစ် စနစ်ကို
ထိန်းညှိပေးတာပါ။ တနည်းအားဖြင့် ခံစားမှုကို အခြေအနေနဲ ့အညီ သင့်တော်အောင် ဖန်တီး ပေးရတာပါ။
ဒီမှာ သတိပြုဖို ့က ခံစားမှုကို ဖိနှိပ်တာ ၊ဖျောက််ဖျက်
တာမဟုတ်ပါဘူး။ ထိန်းညှိတာပါ။
ဘာလို ့ဆိုတော့ Emotion ဟာ များလည်း မကောင်း
သလို နဲလည်း မကောင်းပါဘူး။ အခြေနေ အချိန်ခါနဲ ့
လိုက်လျောညီဖို ့သာ လို ရင်းပါ။ ဒါဟာ ရှင်သန်မှု
အတွက် ကျနော်တို ့က ပေးရမဲ ့ အရင်းအနှီးတွေပါ။
                                               ပိုင်သွန်
Copy from သိပ္ပံ သင်္ချာနှင့် ရူပဗေဒ
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
awesome