၁၉၁၅ ခု
၁၉၁၅ ခု၊ ေဖေဖာ္ဝါရီလ ၁၃ ရက္ ( ၁၂၇၆ ခု၊ တေပါင္းလဆန္း ၁ ရက္) စေနေန႔တြင္ ဖြားျမင္ေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း သည္ သူ႔ကြၽန္မခံလိုသူ ဦးမင္းေရာင္း၏ေျမး ျဖစ္သည္။ ေတာင္တြင္းႀကီးခ႐ုိင္ နတ္ေမာက္ၿမိဳ႕တြင္ ေနထိုင္ေသာ ေ႐ွ႕ေနႀကီး အဘ - ဦးဖာ၊ အမိ - ေဒၚစု တို႔၏ အေထြးဆံုး သားျဖစ္သည္။ ငယ္မည္မွာ ေမာင္ထိန္းလင္း ျဖစ္သည္။ အကို " ေအာင္သန္း ” အမည္ႏွင့္ လိုက္ဖက္ေစရန္ ေအာင္ဆန္းဟု ေခၚတြင္ အမည္ေပးခဲ့သည္။
၁၉၂၂ ခု
အသက္ ၇ ႏွစ္တြင္ နတ္ေမာက္ၿမိဳ႕၊ ဆရာေတာ္ ဦးေသာဘိတ ေက်ာင္းတြင္ ေနခဲ့သည္။
၁၉၂၈ ခု
အသက္ ၁၃ ႏွစ္တြင္ ေရနံေခ်ာင္းၿမိဳ႕၊ အမ်ိဳးသား အထက္တန္းေက်ာင္းသို႔ ေျပာင္း၍ေနခဲ့သည္။
၁၉၃၂ ခု
ေရနံေခ်ာင္းၿမိဳ႕၊ အမ်ိဳးသားအထက္တန္းေက်ာင္းမွ ၁၀ တန္း စာေမးပဲြ ေအာင္သည္။ ရန္ကုန္တကၠသိုလ္သို႔ ေရာက္သည္။
၁၉၃၅ - ၃၆ ခု
ရန္ကုန္တကၠသိုလ္ သမဂၢအမႈေဆာင္အဖဲြ႕ဝင္ႏွင့္ အိုးေဝ မဂၢဇင္း အယ္ဒီတာ အျဖစ္ ေဆာင္ရြက္သည္။ ထိုသို႔ ေဆာင္ရြက္ေနစဥ္ အိုးေဝမဂၢဇင္းတြင္ ပါ႐ွိေသာ ( Hell Hound at Large) " ေခြးသရမ္းႀကီး လြတ္ေနသည္ ” ေဆာင္းပါးေရးသူးကို ထုတ္ေဖာ္မေျပာပဲေနခဲ့ေသာေၾကာင္း တကၠသိုလ္မွ ထုတ္ပယ္ျခင္းခံရသည္။
ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔တြင္ တကၠသိုလ္သပိတ္ႀကီးေမွာက္သည္။ တကၠသိုလ္ သပိတ္ေမွာက္႐သည့္ အေၾကာင္းရင္းမွာ ကိုေအာင္ဆန္းအား ေက်ာင္းမွ ထုတ္ပစ္ျခင္းေၾကာင့္ ျဖစ္သည္။
၁၉၃၇ ခု
ဝိဇၨာတန္းေအာင္ျမင္သည္။ ရန္ကုန္တကၠသိုလ္ ပဲခူးေဆာင္ သဟာယႏွင့္ စာဖတ္အသင္း ဥကၠ႒အျဖစ္ ေဆာင္ရြက္သည္။
၁၉၃၇ - ၃၈ ခု
တကၠသိုလ္ သမဂၢ ဒု - ဥကၠ႒ အျဖစ္ ေဆာင္ရြက္သည္။ ထို႔ေနာက္ တကၠသိုလ္ သမဂၢဥကၠ႒ႏွင့္ ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားမ်ား သမဂၢ ဥကၠ႒အျဖစ္ ေဆာင္ရြက္သည္။
၁၉၃၈ - ခု
ကိုေအာင္ဆန္း ေခါင္းေဆာင္ေသာ ေက်ာင္းသား ကိုယ္စားလွယ္အဖဲြ႕ အိႏိၵယျပည္သို႔သြားခဲ့သည္။ ဗမာႏိုင္ငံလံုးဆိုင္ရာေက်ာင္းသားမ်ား သမဂၢဥကၠ႒အျဖစ္မွလည္းေကာင္း၊ တကၠသိုလ္သမဂၢဥကၠ႒ အျဖစ္မွလည္းေကာင္း ႏုတ္ထြက္သည္။ ပထမဆံုး ေက်ာင္းသား ကိုုယ္စားလွယ္ တကၠသိုလ္ ေကာင္စီဝင္အျဖစ္ တင္ေျမႇာက္ျခင္းခံရသည္။ တို႔ဗမာအစည္းအ႐ုံး အေထြေထြ အတြင္းေရးမႈးအျဖစ္ ေဆာင္ရြက္သည္။ ၁၃၀၀ ျပည့္ အေရးေတာ္ပံုကို အားေပးကူညီသည္။
၁၉၃၉ ခု
ေမာ္လၿမိဳင္ၿမိဳ႕၌ က်င္းပေသာ တို႔ဗမာအစည္းအ႐ုံး ညီလာခံတြင္ စစ္အတြင္း၌ ၿဗိတိသ်ွကို မကူစတမ္း အဆိုတင္သည္။
၁၉၄၀ ျပည့္
ဟသၤာတခ႐ုိင္ဝန္က ဆုေတာ္ေငြ ၅ က်ပ္ျဖင့္ သခင္ေအာင္ဆန္းအား ဖမ္းရန္ဝရမ္းထုတ္သည္။ ဝရမ္းဆုေငြမွာ လူထုေခါင္းေဆာင္တဦးကို ေစာ္ကားျခင္းျဖစ္၍ တျပည္းလံုးက ႐ႈတ္ခ်သည္။ ဝရမ္းေျပး အျဖစ္ေနစဥ္ တကၠသိုလ္ ေကာင္စီဝင္ လူႀကီးရာထူးမွ ႏုတ္ထြက္သည္။ ဗမာ့လြတ္လပ္ေရးအတြက္ ႏိုင္ငံျခား အကူအညီ႐ွာရန္သခင္ျမတို႔ႏွင့္အတူ ျပည္သူ႔ အေရးေတာ္ပံုပါတီကို ဖဲြ႕စည္းခဲ့သည္။
ျပည္ပေတာ္လွန္ေရးအဖဲြ႕ ေခါင္းေဆာင္အျဖစ္ သခင္ေအာင္ဆန္းက တာဝန္ယူ၍ ျပည္တြင္းေတာ္လွန္ေရး ေခါင္းေဆာင္အျဖစ္ သခင္ျမက တာဝန္ယူသည္။
ျသဂုတ္လ ၈ ရက္ေန႔တြင္ ဟိုင္လီအမည္႐ွိေသာ သေဘၤာျဖင့္ ဂ်န္ျပည္သို႔ လ်ွိဳ႕ဝွက္စြာ ထြက္ခဲ့သည္။
၁၉၄၁ ခု
ဗမာ့လြတ္လပ္ေရးအတြက္ စီမံကိန္းတခုကို ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကိုယ္တိုင္ ေရးဆဲြခဲ့သည္။ မတ္လ ၃ ရက္ေန႔တြင္ သြားတုတပ္ကာ ႐ုပ္ဖ်တ္ၿပီး ျမန္မာႏိုင္ငံသို႔ ေခတၱ ျပန္လာသည္။
မ်ိဳးခ်စ္ လူငယ္မ်ားကို စည္း႐ုံးစုေဆာင္းၿပီး ဂ်ပန္ျပည္သို႔ ေခၚေဆာင္သြားခဲ့သည္။ ေနာင္အခါ ရဲေဘာ္သံုးက်ိပ္ဝင္မ်ား ျဖစ္လာသည္။
ဟိုင္နန္ကြၽန္း၌ ရဲေဘာ္သံုးက်ိပ္ကို ေခါင္းေဆာင္၍ စစ္ပညာ သင္ၾကားခဲ့သည္။
ဒီဇင္ဘာလ ၈ ရက္ေန႔တြင္ အေ႐ွ႕အာ႐ွ စစ္ႀကီး စတင္ျဖစ္သည္။
ဒီဇင္ဘာလ ၂၆ ရက္ေန႔တြင္ ယိုဒယားျပည္၊ ဘန္ေကာက္ၿမိဳ႕၌ ရဲေဘာ္သံုးက်ိပ္ႏွင့္အတူ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ ဘီ၊ အိုင္၊ ေအ ကို ဖဲြ႕စည္းခဲ့သည္။ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ ဖဲြ႕စည္းသည့္အခါ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ ဗိုလ္ေတဇအမည္ကို ခံယူသည္။
၁၉၄၂ ခု
ႏွစ္ဦးပိုင္းတြင္ ဂ်ပန္မ်ားႏွင့္ ပူးေပါင္းကာ ဗိုလ္ေတဇ ေခါင္းေဆာင္ေသာ ဗမာ့လြတ္လပ္ေရး တပ္မေတာ္သည္ ျမန္မာ့ႏိုင္ငံသို႔ ခ်ီတက္ကာ ရန္သူမ်ားကို တိုက္ခိုက္သည္။ မတ္လ ၈ ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္ေသာ ဘီ၊ အိုင္၊ ေအ တပ္မေတာ္ႀကီး ဘီ၊ အိုင္၊ ေအ အလံကို လႊင့္ထူကာ ရန္ကုန္ၿမိဳ႕ကို သိမ္းပိုက္သည္။
ဇူလိုင္လတြင္ ဗိုလ္မႉးႀကီးရာထူးျဖင့္ ဗမာ့ကာကြယ္ေရးတပ္မေတာ္ စစ္ေသနာပတိအျဖစ္ ေဆာင္ရြက္သည္။
စက္တင္ဘာလ ၆ ရက္ေန႔တြင္ ေဒၚခင္ၾကည္ႏွင့္ လက္ထပ္ခဲ့သည္။
၁၉၄၃ ခု
မတ္လ ၁၇ ရက္ေန႔တြင္ ေဒါက္တာဘေမာ္၊ ေဒါက္တာသိန္းေမာင္၊ သခင္ျမတို႔ႏွင့္ အတူ လြတ္လပ္ေရးအတြက္ ေဆြးေႏြးရန္ ဂ်ပန္ျပည္သို႔ သြားခဲ့သည္။ မတ္လ ၂၂ ရက္ေန႔တြင္ ဂ်ပန္ဘုရင္၏ ဆုတံဆိပ္ ခ်ီးျမႇင့္ျခင္း ခံရသည္။ ျသဂုတ္လ ၁ ရက္ေန႔တြင္ ေဒါက္တာဘေမာ္ အစိုးရအဖဲြ႕၌ စစ္ဝန္ႀကီးအျဖစ္ ေဆာင္ရြက္သည္။
အိႏိၵယျပည္႐ွိ မဟာမိတ္စစ္ဌာနခ်ဳပ္ႏွင့္ လ်ိွဳ႕ဝွက္စြာ ဆက္သြယ္သည္။
၁၉၄၄ ခု
ျသဂုတ္လတြင္ ဖက္ဆစ္တိုက္ဖ်က္ေရး ျပည္သူ႔လြတ္လပ္ေရး အဖဲြ႕ခ်ဳပ္ႀကီးကို လ်ိွဳ႕ဝွက္စြာဖဲြ႕စည္းသည္။ စက္တင္ဘာလ ၄ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၌ ဂ်ပန္ဘုရင္၏ ဆုတံဆိပ္ထပ္မံခ်ီးျမႇင့္ျခင္းခံရသည္။
၁၉၄၅ ခု
မတ္လ ၁၇ ရက္ေန႔တြင္ ရန္သူကိုတိုက္ခိုက္ရန္အတြက္ တပ္မေတာ္ကို ဦးေဆာင္၍ စစ္ေျမျပင္သို႔ ထြက္ခဲ့သည္။ မတ္လ ၂၇ ရက္ေန႔တြင္ ဖက္ဆစ္ဂ်ပန္ကိုေတာ္လွန္သည္။
ျသဂုတ္လ ၁၉ ရက္ေန႔တြင္ ေနသူရိန္အစည္းအေဝးႀကီး၌ သဘာပတိအျဖစ္ ေဆာင္ရြက္၍ ဗမာ့လြတ္လပ္ေရးေတာင္းဆိုသည္။
၁၉၄၆ ခု
ဇန္နဝါရီ္လတြင္ ေရႊတိဂံုအလယ္ပစၥယံ၌ က်င္းပေသာ ျပည္လံုးကြၽတ္ ဖ - ဆ - ပ - လ. ညီလာခံက အဖဲြ႕ခ်ဳပ္ဥကၠ႒ တင္ေျမႇာက္သည္။
စက္တင္ဘာလတြင္ နယ္ခ့်ဲ ၿဗိတိသ်ွအစိုးရအား အမႈထမ္းမ်ားသပိတ္ လက္နက္ျဖင့္ အင္အားျပသည္။ စက္တင္ဘာလ ၂၆ ရက္ေန႔တြင္ ဘုရင္ခံ၏ အမႈေဆာင္ေကာင္စီ၌ ဒုတိယသဘာပတိအျဖစ္ ရာထူးလက္ခံသည္။
၁၉၄၇ ခု
ဇန္နဝါရီ္လတြင္ ျမန္မာႏိုင္ငံ၏ ကိုယ္စားလွယ္အဖဲြ႕ကို ဦးစီးကာ အဂၤလန္ျပည္၊ လန္ဒန္ၿမိဳ႕၌ ေအာင္ဆန္း - အက္တလီစာခ်ဳပ္ ခ်ဳပ္ဆိုသည္။
ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔တြင္ တိုင္းရင္းသား ေသြးစည္းေရးျဖစ္ေသာ ပင္လံုညီလာခံကို ဦးစီးက်င္းပသည္။
ေမလ ၁၉ ရက္ေန႔တြင္ ဂ်ဴဗလီေဟာ၌ က်င္းပေသာ ဖ - ဆ - ပ - လ ပဏာမျပင္ဆင္မႈညီလာခံ၏ သဘာပတိအျဖစ္ ေဆာင္ရြက္သည္။
ဇြန္လ ၁၆ ရက္ေန႔တြင္ ပထမ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္၌ အခ်ဳပ္အျခာအာဏာပိုင္ သမၼတျမန္မာႏိုင္ငံေတာ္ ဖဲြ႕စည္းရန္အဆိုတင္သည္။
ဇူလိုင္လ ၁၃ ရက္ေန႔တြင္ ၿမိဳ႕ေတာ္ခန္းမ၌ အေရးႀကီးဆံုးေသာမိန္႔ခြန္းႁမြက္ၾကားသည္။ ( ဤမိန္႔ခြန္းမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေနာက္ဆံုး ႁမြက္ၾကားခဲ့ေသာ မိန္႔ခြန္းျဖစ္သည္။ )
ဇူလိုင္လ ၁၉ ရက္၊ စေနေန႔၊ နံနက္ ၁၀ နာရီ ၃၇ မိနစ္အခ်ိန္တြင္ နယ္ခ်ဲ့လက္ပါးေစမ်ား၏ လုပ္ၾကံျခင္းကိုခံရသည္။
ဇနီး ေဒၚခင္ၾကည္၊ သား ေအာင္ဆန္းဦး၊ ေအာင္ဆန္းလင္း ( ကြယ္လြန္) ႏွင့္ သမီး ေအာင္ဆန္းစုၾကည္တို႔ က်န္ခဲ့သည္။
၄၆ ႏွစ္ေျမာက္ အာဇာနည္ေန႔ စာေစာင္မွ
၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက် ( ၁၂၇၆ ခု၊ တပေါင်းလဆန်း ၁ ရက်) စနေနေ့တွင် ဖွားမြင်သော ဗိုလ်ချုပ်အောင်ဆန်း သည် သူ့ကျွန်မခံလိုသူ ဦးမင်းရောင်း၏မြေး ဖြစ်သည်။ တောင်တွင်းကြီးခရိုင် နတ်မောက်မြို့တွင် နေထိုင်သော ရှေ့နေကြီး အဘ - ဦးဖာ၊ အမိ - ဒေါ်စု တို့၏ အထွေးဆုံး သားဖြစ်သည်။ ငယ်မည်မှာ မောင်ထိန်းလင်း ဖြစ်သည်။ အကို " အောင်သန်း ” အမည်နှင့် လိုက်ဖက်စေရန် အောင်ဆန်းဟု ခေါ်တွင် အမည်ပေးခဲ့သည်။
၁၉၂၂ ခု
အသက် ၇ နှစ်တွင် နတ်မောက်မြို့၊ ဆရာတော် ဦးသောဘိတ ကျောင်းတွင် နေခဲ့သည်။
၁၉၂၈ ခု
အသက် ၁၃ နှစ်တွင် ရေနံချောင်းမြို့၊ အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်း၍နေခဲ့သည်။
၁၉၃၂ ခု
ရေနံချောင်းမြို့၊ အမျိုးသားအထက်တန်းကျောင်းမှ ၁၀ တန်း စာမေးပွဲ အောင်သည်။ ရန်ကုန်တက္ကသိုလ်သို့ ရောက်သည်။
၁၉၃၅ - ၃၆ ခု
ရန်ကုန်တက္ကသိုလ် သမဂ္ဂအမှုဆောင်အဖွဲ့ဝင်နှင့် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ် ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်နေစဉ် အိုးဝေမဂ္ဂဇင်းတွင် ပါရှိသော ( Hell Hound at Large) " ခွေးသရမ်းကြီး လွတ်နေသည် ” ဆောင်းပါးရေးသူးကို ထုတ်ဖော်မပြောပဲနေခဲ့သောကြောင်း တက္ကသိုလ်မှ ထုတ်ပယ်ခြင်းခံရသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တက္ကသိုလ်သပိတ်ကြီးမှောက်သည်။ တက္ကသိုလ် သပိတ်မှောက်ရသည့် အကြောင်းရင်းမှာ ကိုအောင်ဆန်းအား ကျောင်းမှ ထုတ်ပစ်ခြင်းကြောင့် ဖြစ်သည်။
၁၉၃၇ ခု
ဝိဇ္ဇာတန်းအောင်မြင်သည်။ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာယနှင့် စာဖတ်အသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။
၁၉၃၇ - ၃၈ ခု
တက္ကသိုလ် သမဂ္ဂ ဒု - ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။ ထို့နောက် တက္ကသိုလ် သမဂ္ဂဥက္ကဋ္ဌနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။
၁၉၃၈ - ခု
ကိုအောင်ဆန်း ခေါင်းဆောင်သော ကျောင်းသား ကိုယ်စားလှယ်အဖွဲ့ အိနိ္ဒယပြည်သို့သွားခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌအဖြစ်မှလည်းကောင်း၊ တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌ အဖြစ်မှလည်းကောင်း နုတ်ထွက်သည်။ ပထမဆုံး ကျောင်းသား ကိုယ်စားလှယ် တက္ကသိုလ် ကောင်စီဝင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ တို့ဗမာအစည်းအရုံး အထွေထွေ အတွင်းရေးမှုးအဖြစ် ဆောင်ရွက်သည်။ ၁၃၀၀ ပြည့် အရေးတော်ပုံကို အားပေးကူညီသည်။
၁၉၃၉ ခု
မော်လမြိုင်မြို့၌ ကျင်းပသော တို့ဗမာအစည်းအရုံး ညီလာခံတွင် စစ်အတွင်း၌ ဗြိတိသျှကို မကူစတမ်း အဆိုတင်သည်။
၁၉၄၀ ပြည့်
ဟင်္သာတခရိုင်ဝန်က ဆုတော်ငွေ ၅ ကျပ်ဖြင့် သခင်အောင်ဆန်းအား ဖမ်းရန်ဝရမ်းထုတ်သည်။ ဝရမ်းဆုငွေမှာ လူထုခေါင်းဆောင်တဦးကို စော်ကားခြင်းဖြစ်၍ တပြည်းလုံးက ရှုတ်ချသည်။ ဝရမ်းပြေး အဖြစ်နေစဉ် တက္ကသိုလ် ကောင်စီဝင် လူကြီးရာထူးမှ နုတ်ထွက်သည်။ ဗမာ့လွတ်လပ်ရေးအတွက် နိုင်ငံခြား အကူအညီရှာရန်သခင်မြတို့နှင့်အတူ ပြည်သူ့ အရေးတော်ပုံပါတီကို ဖွဲ့စည်းခဲ့သည်။
ပြည်ပတော်လှန်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် သခင်အောင်ဆန်းက တာဝန်ယူ၍ ပြည်တွင်းတော်လှန်ရေး ခေါင်းဆောင်အဖြစ် သခင်မြက တာဝန်ယူသည်။
သြဂုတ်လ ၈ ရက်နေ့တွင် ဟိုင်လီအမည်ရှိသော သငေ်္ဘာဖြင့် ဂျန်ပြည်သို့ လျှို့ဝှက်စွာ ထွက်ခဲ့သည်။
၁၉၄၁ ခု
ဗမာ့လွတ်လပ်ရေးအတွက် စီမံကိန်းတခုကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးဆွဲခဲ့သည်။ မတ်လ ၃ ရက်နေ့တွင် သွားတုတပ်ကာ ရုပ်ဖျတ်ပြီး မြန်မာနိုင်ငံသို့ ခေတ္တ ပြန်လာသည်။
မျိုးချစ် လူငယ်များကို စည်းရုံးစုဆောင်းပြီး ဂျပန်ပြည်သို့ ခေါ်ဆောင်သွားခဲ့သည်။ နောင်အခါ ရဲဘော်သုံးကျိပ်ဝင်များ ဖြစ်လာသည်။
ဟိုင်နန်ကျွန်း၌ ရဲဘော်သုံးကျိပ်ကို ခေါင်းဆောင်၍ စစ်ပညာ သင်ကြားခဲ့သည်။
ဒီဇင်ဘာလ ၈ ရက်နေ့တွင် အရှေ့အာရှ စစ်ကြီး စတင်ဖြစ်သည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ယိုဒယားပြည်၊ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်လပ်ရေးတပ်မတော် ဘီ၊ အိုင်၊ အေ ကို ဖွဲ့စည်းခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ဖွဲ့စည်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်တေဇအမည်ကို ခံယူသည်။
၁၉၄၂ ခု
နှစ်ဦးပိုင်းတွင် ဂျပန်များနှင့် ပူးပေါင်းကာ ဗိုလ်တေဇ ခေါင်းဆောင်သော ဗမာ့လွတ်လပ်ရေး တပ်မတော်သည် မြန်မာ့နိုင်ငံသို့ ချီတက်ကာ ရန်သူများကို တိုက်ခိုက်သည်။ မတ်လ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဘီ၊ အိုင်၊ အေ တပ်မတော်ကြီး ဘီ၊ အိုင်၊ အေ အလံကို လွှင့်ထူကာ ရန်ကုန်မြို့ကို သိမ်းပိုက်သည်။
ဇူလိုင်လတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိအဖြစ် ဆောင်ရွက်သည်။
စက်တင်ဘာလ ၆ ရက်နေ့တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့သည်။
၁၉၄၃ ခု
မတ်လ ၁၇ ရက်နေ့တွင် ဒေါက်တာဘမော်၊ ဒေါက်တာသိန်းမောင်၊ သခင်မြတို့နှင့် အတူ လွတ်လပ်ရေးအတွက် ဆွေးနွေးရန် ဂျပန်ပြည်သို့ သွားခဲ့သည်။ မတ်လ ၂၂ ရက်နေ့တွင် ဂျပန်ဘုရင်၏ ဆုတံဆိပ် ချီးမြှင့်ခြင်း ခံရသည်။ သြဂုတ်လ ၁ ရက်နေ့တွင် ဒေါက်တာဘမော် အစိုးရအဖွဲ့၌ စစ်ဝန်ကြီးအဖြစ် ဆောင်ရွက်သည်။
အိနိ္ဒယပြည်ရှိ မဟာမိတ်စစ်ဌာနချုပ်နှင့် လျှို့ဝှက်စွာ ဆက်သွယ်သည်။
၁၉၄၄ ခု
သြဂုတ်လတွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကို လျှို့ဝှက်စွာဖွဲ့စည်းသည်။ စက်တင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ဂျပန်ဘုရင်၏ ဆုတံဆိပ်ထပ်မံချီးမြှင့်ခြင်းခံရသည်။
၁၉၄၅ ခု
မတ်လ ၁၇ ရက်နေ့တွင် ရန်သူကိုတိုက်ခိုက်ရန်အတွက် တပ်မတော်ကို ဦးဆောင်၍ စစ်မြေပြင်သို့ ထွက်ခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်ဂျပန်ကိုတော်လှန်သည်။
သြဂုတ်လ ၁၉ ရက်နေ့တွင် နေသူရိန်အစည်းအဝေးကြီး၌ သဘာပတိအဖြစ် ဆောင်ရွက်၍ ဗမာ့လွတ်လပ်ရေးတောင်းဆိုသည်။
၁၉၄၆ ခု
ဇန်နဝါရီ်လတွင် ရွှေတိဂုံအလယ်ပစ္စယံ၌ ကျင်းပသော ပြည်လုံးကျွတ် ဖ - ဆ - ပ - လ. ညီလာခံက အဖွဲ့ချုပ်ဥက္ကဋ္ဌ တင်မြှောက်သည်။
စက်တင်ဘာလတွင် နယ်ချ့ဲ ဗြိတိသျှအစိုးရအား အမှုထမ်းများသပိတ် လက်နက်ဖြင့် အင်အားပြသည်။ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၌ ဒုတိယသဘာပတိအဖြစ် ရာထူးလက်ခံသည်။
၁၉၄၇ ခု
ဇန်နဝါရီ်လတွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့ကို ဦးစီးကာ အင်္ဂလန်ပြည်၊ လန်ဒန်မြို့၌ အောင်ဆန်း - အက်တလီစာချုပ် ချုပ်ဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသား သွေးစည်းရေးဖြစ်သော ပင်လုံညီလာခံကို ဦးစီးကျင်းပသည်။
မေလ ၁၉ ရက်နေ့တွင် ဂျူဗလီဟော၌ ကျင်းပသော ဖ - ဆ - ပ - လ ပဏာမပြင်ဆင်မှုညီလာခံ၏ သဘာပတိအဖြစ် ဆောင်ရွက်သည်။
ဇွန်လ ၁၆ ရက်နေ့တွင် ပထမ တိုင်းပြုပြည်ပြုလွှတ်တော်၌ အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းရန်အဆိုတင်သည်။
ဇူလိုင်လ ၁၃ ရက်နေ့တွင် မြို့တော်ခန်းမ၌ အရေးကြီးဆုံးသောမိန့်ခွန်းမြွက်ကြားသည်။ ( ဤမိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံး မြွက်ကြားခဲ့သော မိန့်ခွန်းဖြစ်သည်။ )
ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် နယ်ချဲ့လက်ပါးစေများ၏ လုပ်ကြံခြင်းကိုခံရသည်။
ဇနီး ဒေါ်ခင်ကြည်၊ သား အောင်ဆန်းဦး၊ အောင်ဆန်းလင်း ( ကွယ်လွန်) နှင့် သမီး အောင်ဆန်းစုကြည်တို့ ကျန်ခဲ့သည်။
၄၆ နှစ်မြောက် အာဇာနည်နေ့ စာစောင်မှ
*** Bogyoke Aung San ***
Bon on 13th February 1915 at Natmauk, of parents U Pha, a lawyer, and Daw Su. Received early education at a monastic school. At 13, joined the National High School at Yenangyaung. On matriculation in 1932, joined the Rangoon University. Was an Exceutive Committee member of the Rangoon University Student's Union ( RUSU) and Editor of the " Oway ”, the mouthpiece of the Union. After obtaining B.A. degree in 1937, continued to study law and became Vice - Chairman of the RUSU and Chairman of All - Burma Students' Union, 1937 - 38. Joined the Dobama Asiayone ( a progressive party), 1938, and was elected its General Secretary. On 8th August 1940, slipped out of Myanmar to seek foreign assistance to liberate Myanmar from the yoke of imperialism. Returned briefly to Myanmar to recruit patriotic young men for military training in Japan. These patriots later won fame as the " Thirty Comrades ”.
After receiving military training on Hainan Island, proceeded to Bangkok, Thailand, and formed the Burma Independence Army ( BIA) on 26th December 1941. As Major - General Aung San ( or Bogyoke Aung San as he was endearingly called), he marched into Myanmar at the head of the BIA, together with the Japanese Army.
On 8th March 1942, the BIA occupied Yangon. Myanmar proelaimed independence on 1st August 1943 and General Aung San became War Minister. On 27th March 1945, General Aung San launched the resistance movement against the Japanese.
On the return of the British in 1945, General Aung San went into politics. He founded the Anti - Fascist People's Freedom League in January 1946 and worked tirelessly to achieve national unity and solidarity.
Following the widespread strikes of government employees, the British administration was paralyzed. At the invitation of the Governors' Executive Council. On 20th December 1946, he was invited by the British Government to negotiate and decide the details of the transfer of power to Myanmar. Subsequently, the Aung San - Attlee Agreement was signed in London on 27th January 1947.
On return to Myanmar, Bogyoke Aung San signed the historic Panglong Agreement with the leaders and representatives of the Frontier Areas on 12th February 1947. This day marks the coming together of all the national groups to form the Union of Myanmar.
Unfortunately for the country, Bogyoke Aung San and some of his colleagues were assassinated at 10:37 a.m on 19th July 1947, before we won our independence on 4th January 1948.![FB_IMG_1500384314252.jpg](https://steemitimages.com/DQmeKXKocGKk3jcdYrmDC45zBj8A3EYmruiHYXtDwc9VfGf/FB_IMG_1500384314252.jpg)![FB_IMG_1500370107886.jpg](https://steemitimages.com/DQmS4Ae63tosZYncyhzrZAQxyhKzoErzjzfayn1z8UkLAck/FB_IMG_1500370107886.jpg)![FB_IMG_1500384401229.jpg](https://steemitimages.com/DQmR6iYfJnrJ1a35AMtFAZE8ZR1T3tVZqiXe9tERCqMMMM9/FB_IMG_1500384401229.jpg)![FB_IMG_1500384371240.jpg](https://steemitimages.com/DQmTEXG4Kp8FZ7D66r2bD5U1wnwaqZEn5DWhsY2m69f6R38/FB_IMG_1500384371240.jpg)![FB_IMG_1500384314252.jpg](https://steemitimages.com/DQmeKXKocGKk3jcdYrmDC45zBj8A3EYmruiHYXtDwc9VfGf/FB_IMG_1500384314252.jpg)