ပညာသည် တန်ခိုးဖြစ်၏။
တန်ခိုးစွမ်းအားအပေါင်းတို့အနက် သစ္စာတရားကို မြင်သည့် ပညာရှင်၏ တန်ခိုးစွမ်းအားသည်သာ
အကြီးမားဆုံး ဖြစ်ချေသည်။
လူတစ်ယောက်၏ အတွေးကို သူ ဘာတွေ တွေးနေပါသည် ပြောသဖြင့် မသိရ။ သူ့လုပ်ဆောင်ချက်
များအားဖြင့်သာ သိရ၏။
👉👉အိုက်ဇက် ဘာရှိဗစ်ဆင်းဂါး
ကျွန်ုပ်တို့၏ ကံကြမ္မာများကို ဖန်တီးသော တန်ခိုးရှင်ကား ကျွန်ုပ်တို့ကိုယ်တွင်း၌ရှိသည့် ကျွန်ုပ်တို့၏
အတ္တသာလျှင် ဖြစ်ချေသည်။
👉👉 အို၊ အက်စ်၊ မာဒင်
သင့်အား ဆင်းရဲပင်ပန်းစေသော အရာသည် ပြင်ပ အခြေအနေမဟုတ်။ သင့်အတွေးများများသာ ဖြစ်သည်။
ယင်းတို့ကို ယနေ့ယခု ဤနေရာမှာပင် သင် ပြောင်းလဲပစ်နိုင်သည်။ သင်သည် ငြိမ်းချမ်းမှုကို ယခုပင်လျှင် ဤနေရာ၌
ရယူနိုင်သည်။ ငြိမ်းချမ်းခြင်း၊ မငြိမ်းချမ်းခြင်းသည် သင့်ရွေးချယ်မှုပေါ်၌သာ မူတည်၍ အခြားသူများ၏ အထင်အမြင်များ
လုပ်ရပ်များနှင့် လုံးဝ မသက်ဆိုင်ပေ။
👉👉 ဂျရယ် ဂျမ်ပိုးလ်စကီး
စိတ်၏ ခွင့်ပြုချက်မရဘဲ မျက်နှာသည် သူ၏သက်တမ်းကို မဖော်ပြနိုင်။ စိတ်သည်ပင် လူ၏ ရုပ်သွင်ကို
ထုဆစ်သည့် ပန်းပုဆရာ ဖြစ်သည်။
👉👉 အို၊ အက်စ်၊ မာဒင်
ကျွန်ုပ်တို့ခေတ်၏ အကြီးကျယ်ဆုံး တွေ့ရှိချက်ကား လူသည် အတွေးအကြံကို ပြောင်းလဲခြင်းဖြင့် မိမိဘ၀ကို
ပြောင်းလဲပစ်နိုင်သည် ဟူသော အချက်ပင် ဖြစ်သည်။
👉👉 ၀ီလျံဂျိမ်းစ်