Poem

in kyi •  7 years ago  (edited)

*** သောက အနမ်းဝိုင်​ ***

ကျွန်မအတွက်
မလုံခြုံတဲ့ ပစ္စုပ္ပန်ဟာ အရိုင်းဆန်တယ် ။

အနာဂတ်မှာနေကြည့်တော့လည်း
ဟိုက်…ဟိုက် မောရတယ် ။

အတိတ်မှာ နေလိုက်တော့လည်း
အယုံအကြည်တွေ မဲ့လို့

ကျွန်မအတွက်
နေရာပျောက် ဒုက္ခက အတည်တကျမရှိ ။

ရွေ့လျားပြယ်ပျက်
နာရီစက်တွေအကြောင်းပြောပြမဲ့
ဆရာကောင်း သမားကောင်းတွေကို
အကြောင်းအမျိုးမျိုးနဲ့
ပိုင်ဆိုင်ခွင့်ရချင်တယ် ။

တည်နေရာမဲ့နေတာထက်
တစ်ဖက်ဖက်က
ဆုပ်ကိုင်မိရာကို မြဲမြံချင်ရုံပါ ။

ဘဝဟာ ခါးတယ် ခါးတယ်ဆိုပြီး
ပြောကြတယ် ။
ကျွန်မက အခါးကိုကြိုက်တတ်ဖို့
သင်ယူမယ်လေ ။

အများတကာကို
လိုက်လံရှာဖွေနေတဲ့အခါ ကိုယ့်ကိုယ်ကို
ပျောက်ဆုံးရတယ် ။

ကိုယ့်ကိုယ်ကိုရှာဖွေနေရင်
ပတ်ဝန်းကျင်ပျောက်ဆုံးသွားတယ် ။
သဟဇာတတွေထဲမှာအဖြေညှိဖို့
ကျွန်မ ညီမျှခြင်းပေါ်မှာ နေရာရချင်တယ် ။

သင်ယူချင်တာကအလှတရား
ရှိနေတဲ့အရာက ဘဝများစွာ
ရှာဖွေတတ်တဲ့ပညာက
ဗလာသက်သက်
အချိန်တွေ ဉာဥ့်နက်လာတာပဲ
အဖတ်တင်တယ် ။

အရာရာ ကင်းလွှတ်ခွင့်ရှိရင်
ကာလသုံးပါးရဲ့
သက်ရောက်ခြင်းကနေပဲ
ထာဝရကင်းလွှတ်လိုက်ချင်တယ် ။

ကျွန်မမှာ
ဘာဆို ဘာမှမရှိ………

ဒါပေမဲ့ ကျွန်မ
ကိုယ့်ကိုယ်ကို ရှာဖွေရင်း
ကိုယ့်ဘာသာ
သက်ရောက်နေတာတွေက
အခုထိ မဆုံးနိုင်သေးဘူး………

ထပ်ပြီးးထပ်ပြီး မောပန်းရအုံးမယ် ………

ကျွန်မမေ့နေခဲ့တယ်
ကျွန်မ ဘဝထဲမှာ
ရှိနေသေးတဲ့အကြောင်း…………။ ။

I'm ATM.( atom ) image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တော်တယ် ညီမလေး😁😁

☺☺ဆျဲ့ ဆျဲ့ မ

ဟုတ်ပါတယ် မမေ့ပါနဲ့
ဟီးး