လွမ်းမိပါသည် မွေးရပ်ဆီ
မွေးမိမြေ ရပ်ရွာကိုတဲ့
ကျောခိုင်းလို့ ငါထွက်ခွာ
ငါ့ဘဝ သာယာရေးအတွက်ကွယ်
တနယ်ခြားဝယ် ငါရှင်သန်ရသော်လည်း
ငါ့အတွေးစိတ်တွေထဲမယ်
ငယ်ပေါင်းဖော်သူငယ်ချင်းတွေနှင့်
တောရပ်ရွာ အညာဓလေ့ကိုဖြင့်
မေ့လျော့ကာ မနေခဲ့တယ်
အခွင့်အခါရယ် ပေးသောခါမှ
မွေးရပ်ကို အပြေးပြန်ပါ့မယ်ဟု
တွေးနေသူ ငါ့စိတ်ထဲဝယ်
တမ်းတကာ လွမ်းစိတ်ဖြေလို့
မှန်းဆကြည်နူး………………