ကျွန်ုပ် စက်မှုသိပ္ပံကျောင်းသားဘဝက ရန်ကုန်မှ ၁၁၂ ကီလို မိုင်အားဖြင့် ၇၀မိုင်ခန့်ကွားဝေးသော ဝါးခယ်မမြို့သို့သွားရောက် ပညာသင်ကြားရသည်။ ဝါးခယ်မမြို့မှာ ရှည်မျောမျာပုံစံရှိပြီး လည်စရာပတ်စရာ သိပ်မရှိ။ သို့သော် လမ်းပန်းဆက်သွယ်ရေးကောင်း၏။ ဝါးခယ်မကြိုးတံတားပေါ်က လှမ်းကြည့်လျှင်မူ မြို့၏အလှကို ကောင်းကောင်းခံစားနိုင်၏။ ရှည်မျောမျောမြို့ကြီး၏ တစ်ဖက်စွန်းတွင် ကျွန်ုပ်တို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကြီးတည်ရှိ၏။
ရောက်စတုန်းက ကျောင်း၏ပုံစံမှာ မခမ်းနား၊ နှစ်ချို့နေသော နံရံတွေပေါ်ကို လမ်းအောက်ရှိ မြက်ခင်းတပ်မကြီးက ဝါးမြိုလုနီးနီးဖြစ်နေသည်။ တစ်နှစ်ပတ်လုံး မြက်ပင်ရှည်များ ဂျိုကြွ၍နေနိုင်သည်တော့မဟုတ်ပါ။ ဝသုန်ကာလအဆုံး၏ ဘောပွဲရာသီရောက်လျှင် ကျောင်းအုပ်ကြီး၏ တစ်ချက်လွှတ်အမိန့်ဖြင့် စိမ်းရှည်ရှည်မြက်ပင်ရှည်တို့ တပ်ဆုတ်သွားရစမြဲသာ။ ဆရာ၊ဆရာမများအတွက်အဆောင်မူကား ကျွန်ုပ်ကြည့်ဖူးသော မြန်မာသရဲကားများထဲမှ သရဲအိမ်လို ရှေးကျသောနံရံများနှင့် ပင့်ကူအိမ်အလိပ်လိပ်နှင့်။ ကျောင်းသားတို့အတွက် canteen မှာကား လူနှစ်ရာခန့်အတွက် နှစ်ဆိုင်ဆိုလေတော့ ဆိုင်သေးသေးလေးတစ်ဆိုင်တွင် လူတစ်ရာမဆန့်ဆန့်အောင်ပြွတ်သိပ်ထိုင်ရမည့်ကိန်းလားမပြောတတ်။ အထူးသဖြင့် မေဂျာအကုန်တူသော breakချိန်များတွင် တဂွီဂွီမြည်နေသော ဗိုက်ကို အသာအယာပွတ်သတ်ရင်း လူပြည့်နေသောcanteenကို အဝေးတစ်နေရာကနေသာ လှမ်းကြည့်ရင်းအဆာဖြေရသည့်နေ့များကို အမှတ်ရမိ၏။ ထို့စဉ်တုန်းက စာရေးသူသည် မိမိတက်ရောက်ရမည့် နိုင်ငံ့အကျိုးပြုမည့် အင်ဂျင်နီယာလောင်းများမွေးထုတ်ပေးမည့် အစိုးစက်မှုသိပ္ပံကြီး၏ ရူပကာကိုရှုစား၍ အနည်းငယ်တော့ စိတ်ပျက်သွားမိသည်မှာအမှန်။
ကျွန်ုပ် ကျောင်းစတက်တုန်းက ဘော်ဒါအပေါင်းအသင်းရယ်လို့ ရေရေရာရာမရှိ။ နဂိုအေးအေးလူလူနေတတ်သောဗီဇနှင့် တည်လွန်းသောမျက်နှာထားကြောင့် ဘော်ဒါကောင်း လွယ်လွယ်နှင့်မရခဲ့။ ဤသို့ကျွန်ုပ်၏အထီးကျန်ညများဖြတ်သန်းရင်း နှစ်လယ်လောက်ရောက်လေတော့ အဆောင်အပေါ်ထပ် သူငယ်ချင်းများနှင့် အတော်လေးရင်းနှီးခွင့်ရလာ၏။ ကျွန်ုပ်မှာ ဖုန်းဆော့ဝဲပိုင်းနှင့်ပတ်သတ်၍ မတောက်တခေါက်ပြုပြင်တတ်လေရာ သူတို့နှင့် ပို၍ရင်းနှီးခွင့်ရလာ၏။ သူတို့အကူအညီလိုတိုင်း ကျွန်ုပ်ဆီအားကိုးတကြီးလာကြသည်။ ကျွန်ုပ်မှာ မိတ်ဆွေလည်းတိုး ပညာလည်းတိုးဖြစ်၍ ပိတီအပြုံးများအပြည့်ဖြင့်။ ထိုစဉ်အခါမှ ကျွန်ုပ်နှင့် မေဂျာတူသူငယ်ချင်းတစ်ချို့ အဆောင်၌ရှိသည်ကို သတိထားမိ၏။ မကြာခင် မေဂျာတူသူငယ်ချင်းများနှင့် လည်းရင်းနှီးလာ၏။
ဒုတိယနှစ်ရောက်တော့ ကျွန်ုပ်မှာ ဂိမ်းအဆိပ်သင့်နေပြီဖြစ်သည်။ ပထမနှစ်ကတည်း နည်းနည်းပါးပါးဆော့ခဲ့သည်ဖြစ်၍ ဒုတိယနှစ်တစ်နှစ်လုံး ရူးရူးမူးမူး ဂိမ်းကိုဆော့ခဲ့သည်။ အင်တာနက်ဂိမ်းဖြစ်၍ ပို၍စွဲလမ်းသွား၏။ သို့သော် ဂိမ်းကားကျွန်ုပ်ဝါသနာတစ်ခုမဟုတ်သည်ဖြစ်၍ အပြင်းပြေ အားသည့်အချိန်ဆော့သည်မှတစ်ပါး အခြားမရှိ။ ကျွန်ုပ်မှာ ထိုစဉ်တုန်းက ဤကျောင်းနှင့်ပတ်သတ်၍ ကြီးကြီးမားမားမှန်းထားသည်မရှိ၍ ကျောင်းသုံးနှစ်တာကာလလေးမှာ ပျော်ပျော်နေဖို့သာဆုံးဖြတ်ထား၏။ ထိုနှစ်တွင်းက အဆောင်တွင်းအပြောင်းအလဲကြီးတစ်ရပ် ဖြစ်ခဲ့ပြန်သည်။ ကျွန်ုပ်တို့ အပေါ်ထပ်မှ ဘော်ဒါတစ်ချို့က အသစ်ဖွင့်ခါစ အဆောင်သစ်တစ်ခုကိုပြောင်းရန် စိတ်အားထက်သန်နေကြခြင်းပင်။ ကျွန်ုပ်တို့မှာ အချင်းချင်းရင်းနှီးခင်မင်နေကြပြီဖြစ်၍ တစ်ဦးပြောင်းလျှင် ကျန်သူများလည်း မနေချင်တော့။ စိတ်တူကိုယ်တူဖြစ်နေကြ၏။ သို့သော် ကျွန်ုပ်အပာအဝင်မေဂျာတူတူသူငယ်ချင်း ၅ယောက်တို့မှာ ပြောင်းရနိုးနိုး ဆက်နေရနိုးနိုးဖြင့် ဝေခွဲရခက်နေချိန်ဖြစ်၏။ မကြာမီတွင်ပင် ကျန်သူငယ်ချင်းများအားလုံး တခြားအဆောင်သစ်ဆီသို့ပြောင်းကုန်ကြ၏။ အဆောင်မှူးတောင် သိလိုက်ပုံမရ။ ကျွန်ုပ်တို့ ၅ယောက်မှာ အဆောင်မှူးကိုအားနာ၍ နေကျန်ခဲ့၏။ ဤသို့ သူငယ်ချင်းတစ်ချို့ထွက်သွားပြီးနောက်ပိုင်းတွင်တော့ အဆောင်မှာ ခြောက်ကပ်တိတ်ဆိတ်လာခဲ့သည်။ ပျော်ပျော်နေတတ်၍ ပြောလိုက်ဆိုလိုက် နောက်လိုက်ပြောင်လိုက်ဖြင့်အတူတူဖြတ်သန်းခဲ့ကြသော သူငယ်ချင်းအချို့ ဆုံးရှုံးရတော့ စိတ်ထဲမကောင်းဖြစ်ခဲ့ရသည်တော့အမှန်။ ထိုအဆောင်သစ်ကြီးမှာ ကျွန်ုပ်တို့အဆောင်နှင့် မျက်စောင်းထိုးတွင်ရှိ၍တော့တစ်မျိုး စိတ်သက်သာရာရ၏။ ထိုအချိန်များအတွင်းတွင် ကျွန်ုပ်နှင့်မေဂျာတူ သူငယ်ချင်း၎ယောက်နှင့်ပိုပြီးရင်းနှီးလာ၏။ ကျွန်ုပ်တို့ ၅ယောက်မှာ တစ်ယောက်နှင့်တစ်ယောက်မတူသောစရိုက်ရှိပြီး ဝါသနာချင်းလည်းမတူကြ၊ ဘဝအခြေအနေချင်းလည်းမတူကြပေ။ ဤသို့ဖြင့် ဒုတိယနှစ်တစ်နှစ်မှာလည်း ကုန်ဆုံးသွားခဲ့ပြန်လေသည်။
တတိယနှစ်ရောက်တော့ ကျောင်းရှိဘော်ဒါတော်တော်များများက ပုံစံပြောင်းကုန်ကြသည်။ အကြောင်းမှာ AGTI၏ နောက်ဆုံးနှစ်တွင် ထူးချွန်စွာအောင်မြင်သူများကို BEဘွဲ့တန်းတက်ခွင့်ပေးသောကြောင့်ပင်။ ကျွန်ုပ်အဖြစ်ကဲ့သို့ ကျောင်းသားမိဘ တော်တော်များများက AGTIကိုမမြင်ဖူးခင်ကတည်းက BEပါအောင်လုပ်ဆိုတဲ့ commandကို ဦးနှောက်ထဲတစ်ခါတည်း ရိုက်ထည့်ပေးလိုက်၍ဖြစ်မည်။ ကျွန်ုပ်ကိုယ်တိုင်လည်း ထိုအချိန်တုန်းက ဝါသနာမဟုတ်သည်ကတစ်ကြောင်း၊ နည်းပညာနှင့်အလှမ်းကွာသွားမည်စိုး၍ကတစ်ကြောင်း BEကိုစိတ်ထဲမထည့်ထားခဲ့။ တတိယနှစ်တွင် ကျွန်ုပ်တို့မှာ ကျောင်းပင်မှန်မှန်မသွားတော့ ကျူရှင်မှန်မှန်တက်ပြီး စာမေးပွဲနီးမှ စာလုပ်ကြ၏။ ကျွန်ုပ်သူငယ်ချင်းများနှင့်လည်း တစိတ်တည်းတစ်ဉာဏ်တည်းဖြစ်၍ တက်ညီလက်ညီ ကျောင်းပြေးကြသည့်နေ့များကိုမှတ်မိသေး၏။ သို့သော် နည်းပညာကျောင်းဖြစ်လေရာ သင်ခန်းစာများ လက်တွေ့များလွတ်ကုန်မည်စိုး၍ roll call ကျောင်းတက်ရောက်စာရင်း များဖြင့် ကျောင်းပျက်သူနည်းလေအောင် ချုပ်ကိုင်ထား၏။ ၎င်းင်းကိုအလေးမထားဘဲ ကျောင်းဆက်တိုက်ပျက်နေလျှင် နောက်တစ်နှစ်အတွက် ကြိုတင်ဘိုကင် လုပ်ထားပြီးမှ ပြန်ရမည်မှာအသေအချာ။ သို့ဖြစ်၍ တစ်ပတ်တွင် တစ်ရက်၊ အလွန်ဆုံးနှစ်ရက် နှုန်းဖြင့်သာ ပျက်ကြ၏။ ကျောင်းပျက်၍မည်သည့်အနှစ်သာရမျိုးခံစားရသနည်းဟုမေးလျှင် ထူးထူးခြားခြားမရှိ။ ညဖက်တွင် ဂိမ်းတုပ်ကွေးပိုးက မအိပ်ရအောင် ဒုက္ခပေးသဖြင့် မနက်ဖက်တွင် အနည်းငယ်မျှပိုအိပ်လို၍သာ။ မျက်စိနှစ်လုံးပွင့်ပြန်လျှင်လည်း စာအုပ်ကိုဖွင့်မည့်အစား ဖုန်းကိုသာဖွင့်မည်ကိုလည်း မိမိကိုမိမိသိ၏။ ထို့ကြောင့် ထိုနေ့များတွင် နေမထိထိုင်မသာ ဖြစ်နေတတ်သည်။ တစ်ပါးသူများကျောင်းသွားနေချိန်တွင် မိမိမှာမသွားဘဲ အဆောင်တွင် အိပ်နေရသော အချိန်များမှာ ကျွန်ုပ်အတွက် မချိုမြိန်လှသည်မှာအမှန်။ ထို့အတွက်ကြောင့်လည်း ရက်ဆက်ကျောင်းမပျက်လိုခြင်းပါသည်တမုံ။ ကျွန်ုပ်၏တတိယနှစ်အတွက် ထူးခြားချက်မှာ ဆရာ၊ဆရာမများနှင့် နီးနီးကပ်ကပ်နေခွင့်ရခြင်းဖြစ်သည်။ ဤသည်မှာလည်း ဆရာ၊ဆရာမများ၏ တပည့်များကိုအောင်စေလိုသောစိတ်ဖြင့် အတန်းထဲရှိကျောင်းသားအားလုံးကို အာရုံစိုက်ပြီး ထိန်းမတ်ပေးမှုကြောင့်သာဖြစ်၏။ ဆရာ၊ဆရာမများ၏ သဘောကောင်းမှုနှင့် စေတနာရှိမှုက ကျွန်ုပ်အတွက် မှတ်ကျောက်တင်လောက်၏။ ကျွန်ုပ်တို့ဆိုးသလောက်၊ အချိန်မလေးစားသလောက်၊ မိုက်မဲသလောက် သူတို့က ကျွန်ုပ်တို့အပေါ်စိတ်မပျက်။ အမြဲသွန်သင်ဆုံးမနေဆဲပင်။ စာမလုပ်သည့်ကျောင်းသားက စာမရ၍ပူပန်သည်မရှိဘဲ ဆရာ၊ဆရာမများက ပို၍ပူပန်ပြီး ကြိုးစားကူညီပေးနေသည်ကို နားမလည်နိုင်ဖြစ်ရသည်။ ဆရာများနှင့် ယခုအခါမှနီးနီးကပ်ကပ်နေဖူး၍လား တော့မပြောတတ်။ ထို့ကြောင့်ပင် အစရိယဂုန္တော အနန္တောဟု ပြောကြသည်ဖြစ်မည်။ နောက်ဆုံးနှစ်အတွက် စာသင်ချိန်များမှာလည်း တဖြည်းဖြည်းကုန်ဆုံးလာသည်မှာ ဒုတိယနှစ်ဝက်စာမေးပွဲကြီးပင် နီးကပ်လာပြီဖြစ်သည်။ စာမေးပွဲဖြေရန် နှစ်ပတ်လောက်အလိုကိုရောက်သည်နှင့် ကျွန်ုပ်နှင့် ဘော်ဒါတစ်သိုက်မှာ စာမေးပွဲအတွက် စာမဖြစ်မနေလုပ်ရတော့သည်။ ခေါင်းထဲရှိ မပေးထားသောနှိုးစက်ကြီးက စာမေးပွဲနောက်ဆုံးနေ့ထိ စာလုပ်ရန် တဂွမ်ဂွမ်သတိပေးနေပေဦးမည်။
ထိုနှစ်စာမေးပွဲဖြေချိန်များသည် ကျွန်ုပ်အတွက် အိပ်မက်ဆိုးများပင်ဖြစ်၏။ အကြောင်းမှာ စာမရ၍တော့မဟုတ်။ နှစ်စကမလိုချင်ခဲ့သော BEမှာ စာမေးပွဲစဖြေသည့်နေ့ရောက်မှပင် တဖွားဖွားလိုချင်လာ၍ဖြစ်၏။ ထိုအချိန်မှလိုချင်၍မရတော့ကြောင်း ကျွန်ုပ်သိသည်။ ပထမနှစ်ဝက်တုန်းက ကျွန်ုပ်အမှတ်ကောင်းထားသော်လည်း BEအတွက်မူ အမှတ်အပြည့်နီးပါးရနေမှ အဆင်ပြေမည်ကိုသိနေသောကြောင့်ပင်။ ပထမ တစ်ဘာသာမှာ လွယ်ကူ၍ အခက်အခဲမရှိအေးအေးဆေးဆေးဖြေဆိုပြီးနောက် ဒုတိယတစ်ဘာသာဖြေဆိုရမည့်နေသို့ရောက်လာ၏။ ထိုဘာသာမှာ အင်ဂျင်နီယာဘာသာရပ် ပီသလွန်း၏။ ၄နာရီနီးပါးလောက်ကြာမည့် စာများကို ၃နာရီအတွင်းပြီးစီးအောင် တွက်ချက်ရသည်။ သို့သော် ထိုအရာကို ကျွန်ုပ်ဂရုမမူခဲ့ ရထားသည့် ဖော်မြူလာများ မမေ့စေရန်သာအာရုံစိုက်၍ စာမေးပွဲခန်းထဲဝင်၏။ ထိုနေ့၏ ရိုက်ချက်ကားပြင်းထန်လှ၏။ ၅ပုဒ်ဖြေရသည်တွင် ၄ပုဒ်သာမှီပြီး ကျန်အပုဒ်ကို စိတ်ဖြင့်သာတွက်၍မှီတော့သည်။ တစ်ပုဒ်ဟူသည်ကား တစ်ပုဒ်အလျှောက်ကံကြမ္မာအပြောင်းအလဲအမျိုးမျိုး ဖြစ်လာနိုင်သည်မဟုတ်ပါလော။ ထို့နေ့မှ စ၍ BEပိုးမှပိုပြီးထကြွလာရသည်။ အရက်ကိုပြောသည်တော့မဟုတ်။ AGTIပြီးလျှင် အစိုးရအသိအမှတ်ပြု အင်ဂျင်နီယာ diplomaကို ဘွဲ့ဝတ်စုံ အခမ်းအနားဖြင့် ပေးအပ်သည်။ diplomaဖြစ်၍ ဘွဲ့တော့မဟုတ်။ ဤသုံးနှစ်တွင်ထူးချွန်ပြီး ပေါင်းကူးတက်ခွင့်ရလျှင် TUတွင် ၄နှစ်ထပ်တက်ပြီး BEဘွဲ့ယူခွင့်ရမည်ဖြစ်သည်။
ထိုနေ့ပြီး စနေ၊တနင်္ဂနွေ ပိတ်ရက်များတွင် ကျွန်ုပ်စိတ်များမှာထွေပြားလျက်။ တစ်နှစ်အကျခံပြီး နောက်တစ်နှစ်ပြန်ကြိုးစားလျှင် ဖြစ်လာနိုင်မည်ဆိုသည့် အတွေးလေးတစ်ခု။ တစ်ဖက်ကလည်း BEပါနိုင်မည့်အခွင့်အရေးဟူသည် ဇွဲ၊လုံ့လ သာမက ကံ လည်းလိုပေသေးသည်မို့ မရင်းရဲ။ စာသင်နှစ်တစ်နှစ်အတွက် မိဘများကျွန်ုပ်တွက် ကုန်ကျသော စရိတ်ကို ကျွန်ုပ်ကောင်းကောင်းနားလည်သည်။ အောင်လျက်နှင့်ကျနေသလိုခံစားရမည့်စိတ်ကိုလည်း ကျွန်ုပ်တွက်ဆမိသည်။ ဤသို့ဖြင့် အတွေးနှစ်ခုလွန်ဆွဲရင်း နောက်ဆုံးဘာသာဖြေဖို့ တစ်ဘာသာအလိုတွင်တော့ ကျွန်ုပ်စိတ်ထဲရှိ အတွေးမုန်တိုင်းများအားဖြိုလှဲနိုင်ခဲ့ပြီ။ ထိုအခါမှ ကျွန်ုပ်အနည်းငယ် နေ၍ထိုင်၍ကောင်းသလိုခံစားရသည်။ အကြောင်းမှာ အကောင်းဆုံးကြိုးစားပြီး ကံအပေါ်ပုံအပ်ထားလိုက်ခြင်းဖြစ်၏။ BEမပါ၍လည်း စိတ်ထဲရှိတော့မည်မဟုတ်၊ ပါခဲ့လျှင်တော့ ဝမ်းမြောက်ဝမ်းသာမိမည်။ မတော်တဆ ကျခဲ့လျှင်လည်း နောက်နှစ်အတွက် အခွင့်အရေးတစ်ခုဟု စိတ်ထဲတွင် မှတ်ယူပြီး ရင်ဆိုင်လိုခြင်းဖြစ်၏။ ဤသို့ဖြင့် နောက်ဆုံးဘာသာဖြေဆိုအပြီးတွင်တော့ မုန်တိုင်းအပြီးလေပြည်ရဲ့အရသာကို ခံစားရလေပြီ။ လွတ်လပ်သောအရသာ၊ ပေါ့ပါးသောအရသာဖြစ်၏။
စာမေးပွဲဖြေပြီးညဆိုလေတော့ ထုံးစံအတိုင်း သူငယ်ချင်းငါးယောက် သောက်ကြစားကြပျော်ကြပါးကြ ဖြင့်ကုန်ဆုံးကြ၏။ ထိုနေ့ကား ဘော်ဒါများဖြင့် နောက်ဆုံးအနေနှင့် ကောင်းကောင်းပျော်ခဲ့ရသည်။ နောက်ဆုံးနှစ်ပြီးလေတော့ ခွဲခွာရမည့်အချိန်ကိုပင် ရောက်လာခဲ့လေပြီ။ ယခုအခါတွင်မူ ယခင်နှစ်များကဲ့သို့ တဒင်္ဂ ခွဲခွာခြင်းမဟုတ်။ တသက်လုံးလည်း ဖြစ်ကောင်းဖြစ်သွားနိုင်သည်။ စာမေးပွဲအပြီး နောက်တစ်နေ့တွင် တတိယနှစ်သင်ကျွန်ုပ်တို့ဆရာ၊ဆရာမများက ကျွန်ုပ်တို့အားလုံးအား ရေခဲမုန့်ခေါ်ကျွေး၏။ ထိုနေ့ကား ကျောင်းသားများအားလုံး အတွက်နောက်ဆုံးတွေ့ဆုံပွဲ ဆိုလျှင်လည်းမမှား။ ကျောင်းသားများကဆရာများ၊ သူငယ်ချင်းများဖြင့် အမှတ်တရဓာတ်ပုံများရိုက်ကြ၊ အချင်းချင်းစကြနောက်ကြဖြင့် ကြည်နူးစရာကောင်းလှ၏။ ဆရာ၊ဆရာမတစ်ချို့မှာမူ ပြုံးချိုချိုမျက်နှာဝန်းထဲတွင် မသိမသာ စိုရွဲနေသော မျက်ရည်စများဖြင့်။ သုံးနှစ်တာ သင်ကြားပေးခဲ့သော တပည့်ရင်းများဖြစ်လေတော့ သူတို့လည်း နှမြောတသဖြစ်မိမှာအမှန်။ ယခင်က စိတ်ပျက်ဖွယ်ဖြစ်ခဲ့သော ကျောင်းတော်ကြီးမှာ ယခုမူ အမှတ်ရစရာများအပြည့်ဖြင့်။ ရေခဲမုန့်စားအပြီး ပြန်ပြီပြောတော့ ကျွန်ုပ်တို့ကိုပထမနှစ်ကတည်းက သင်ကြားပေးသူ မေဂျာ၏ သက်ကြီးဝါကြီး ဆရာမတစ်ဦး၏ ပြုံးရယ်နေသောအပြုံးများ မဲ့သွားပြီး စိတ်မကောင်းသောမျက်နှာဖြင့် ပြန်နှုတ်ဆက်၏။ ဤသို့ဖြင့် ကျွန်ုပ်၏ကျောင်းတော်ကြီးကို ခပ်လှမ်းလှမ်းကနေ တစ်ချက်ပြန်နှုတ်ဆက်ပြီး အဆောင်သို့ပြန်၏။ ထို့နောက် ထမင်းစားရန် စားနေကြထမင်းဆိုင်သို့ ဝင်၍ ခရီးအတွက်အစာဖြည့်ရ၏။ ထမင်းဆိုင်မှ အဒေါ်မှာ အတော်သဘောကောင်းသူဖြစ်ပြီး စကားလည်းချို၏။ နောက်ဆုံးအနေဖြင့် သူ့ဆိုင်တွင်ရှိသမျှဟင်းငါးအစုံဖြင့် ဧည့်ခံ၏။ ကျွန်ုပ်တို့စားသောက်နေချိန်တွင် စိတ်မကောင်းသော မျက်နှာဖြင့် ဘေးနားမှထိုင်၍ဧည့်ခံ၏။ သုံးနှစ်တာ ကာလလုံး အားပေးခဲ့သော ဖောက်သည်လည်းဖြစ် သံယောဇဉ် လည်းရှိနေပြီဖြစ်သောကြောင့်ပင်။ ဝါးခယ်မတွင် ကျန်ရစ်ခဲ့မည့်မြို့ခံ သူငယ်ချင်းများမှာလည်း သူငယ်ချင်းများပြန်ကြတော့မည်ဖြစ်၍ နေမထိထိုင်မသာဖြစ်နေကြသည်ကိုလည်း ပြန်မြင်ယောင်မိသေး၏။
မည်သည့်နေရာသွားသွား အမှတ်ရစရာလူတွေ နေရာတွေရှိနေလေတော့ ကျွန်ုပ်မှာ ဆက်ပြီး မလည်ပတ်လိုတော့။ ဝါးခယ်မပြည်သူများ၏ ချစ်စဖွယ်ဖော်ရွေတတ်သော အလေ့တစ်ခုကြောင့် လည်း ကျွန်ုပ်မှာ ဝါးခယ်မမြို့လေးကို သံယောဇဉ်တွယ်နေခဲ့ပြီဖြစ်သည်။ သို့သော် မကြာခင်မှာ ကျွန်ုပ်ပြန်ရတော့မည်ဖြစ်၍ ခေါင်းထဲတွင် ဘာမှဖိအားမပေးချင်တော့။ အမှတ်တရများကို ရင်ထဲတွင်သိမ်းထား၍ ဝါးခယ်မမြို့ ကားဂိတ်ကိုရောက်လာခဲ့သည်။ သုံးနှစ်တာကာလတွင် နှစ်နှစ်ကြာရင်းနှီးခဲ့သော ကိုယ့်ထက်တစ်တန်းငယ် ECကဂျူနီယာကောင်မလေးက ကျွန်ုပ်ကို ကားဂိတ်တွင်လာနှုတ်ဆက်၏။ ကျောင်းသုံးနှစ်အတွင်း အရင်းနှီးဆုံး ခင်မင်ဖူးသော မိန်းကလေးသူငယ်ချင်းတစ်ယောက်ဖြစ်၏။ ထိုနေ့တွင်ပင် တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်ကကားလမ်းကြောင်းများပိတ်၍ ကားများအလွန်နောက်ကျ၏။ ၁၂:၄၅လက်မှတ်ဖြင့်ကားစောင့်နေခဲ့သော ကျွန်ုပ်မှာ ၃နာရီခွဲမှ ကားပေါ်တက်ခွင့်ရလေ၏။ ထိုအချိန်ထိ ထိုကောင်မလေးမှ မပြန်သေး။ ကားထွက်သွားတော့မှ ပြန်သွားသည်။ ကျွန်ုပ်မှာ အားကလည်းနာ ကားကလည်းမလာနှင့် နေမထိထိုင်မသာ ဖြစ်နေခဲ့သည်မှာမဆန်း။ ဝါးခယ်မကြိုးတံတားပေါ်သို့အရောက်တွင် ဝါးခယ်မနှင့်ပတ်သတ်သောအမှတ်တရများစွာကို ပါကင်ပိတ်ပီး ရင်ထဲတစ်နေရာတွင် မှတ်ကျောက်တင်ကာ မျက်လုံးမှိတ် တဒင်္ဂ မှေးစက်ရင်း ရန်ကုန်သို့ ပြန်လာခဲ့တော့သည်။
Author - Ye Htet Hein
Photo Credit - Google, Aung Ko Oo
စိတ်ရှည်လက်ရှည်ရေးထားတာပဲ ကောင်းပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နှစ်ရက်လောက်ရေးထားရတာ 😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တွေ့ဆုံ..ခွဲခွာခြင်းဟာ တနေ့မဟုတ်တနေ့ကြုံနေကြရတဲ့ လူသဘာဝပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိပ်ဟုတ်တာပေါ့ဗျာ 😢
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ထပ်တူ သတိရမိပါတယ်ညီ။ တစ်နေ့ပြန်ဆုံကြတာပေါ့ကွာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
😢
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Nice Post!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
:)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
@mrainp420 has voted on behalf of @minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond. To be Resteemed to 4k+ followers and upvoted heavier send 0.25SBD to @minnowpond with your posts url as the memo
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝါးခယ်မ ရောက်ဖူးချင်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြို့လေးက နေချင်စရာလေးပါ :)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်လို့ကောင်းပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မုအပြည့်နဲ့ရေးထားတာပဲ
ကောင်းပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Postကောင်းတစ်ခုရဖို့မလွယ်ဘူးဗျာ
Good post bro.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks for reading bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @yehtethein! You have received a personal award!
1 Year on Steemit
Click on the badge to view your Board of Honor.
Do not miss the last post from @steemitboard:
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @yehtethein! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit