True Love

in love •  7 years ago  (edited)

''ကျနော် သူ့ ကိုချစ်တယ်''

''အချစ်ဆိုတာ ပိုင်ဆိုင်ဖို့ လား စွန့်  လွှတ်ဖို့ လား''

''နှစ်ခုစလုံးမှားတယ်''

''ဟေ''

''အချစ်ဆိုတာ ကိုယ်ချစ်ရတဲ့သူ
ပိုကောင်းသွားစေဖို့ ပဲ...
ကျနော်ပိုင်ဆိုင်မှ သူ့ အတွက် ကောင်းမယ်ဆိုရင် ပိုင်ဆိုင်ချင်တယ်
ကျနော်စွန့် လွှတ်မှ သူ့ အတွက် ကောင်းမယ်ဆို ကျနော် စွန့် လွှတ် ရမယ်...''

''သူပိုကောင်းမကောင်းကို မင်းဘယ်လိုတိုင်းမလဲ'

''ကျနော့်မှာအသိဥာဏ်ရှိတယ်လေ
ဒါကြောင့် ဥာဏ်မီသလောက်ချစ်မယ်''

ဟူး ကနဲ သက်ပြင်းချတယ်
ပြီးတော့ စကားဆက်ပြောတယ်

''လူတွေက အချစ်နဲ့ အတ္တကို လေနဲ့  ဝမ်းမကွဲကြဘူးဗျ
သူ့ နဖူးလေးကိုနမ်းချင်တာ
ကျနော့်အတ္တပါ
သူ့ ကို ပျော်ရွှင်စေချင်တာ
ကျနော်ရဲ့အချစ်...
ကျနော့်ကြောင့်ပဲပျော်ရမယ်လို့  မရည်ရွယ်ဘူး ဘယ်သူ့ ကြောင့် ပဲ ပျော်ပျော် ဘာကြောင့်ပဲပျော်ပျော်
သူ့ ကိုပျော်စေချင်တယ်''

''သိပ်မြတ်နိုးတဲ့ပန်းကို နမ်းချင်တာ ဓမ္မတာမဟုတ်ဘူးလား''

''ဟုတ်ပါတယ် ဒါပေမယ့် ပန်းတစ်ပွင့် ငွားငွားစွင့်ပွင့်လန်းလာခြင်းဟာ အနမ်းကြောင့်မဟုတ်ဘူး
ဥယျာဉ်မှုးရဲ့ ဂရုတစိုက်စောင့်ရှောက် မှုတွေကြောင့်

နမ်းတယ်ဆိုတာ လူတစ်ယောက်ရဲ့ ပန်းတစ်ပွင့်အပေါ်ထားတဲ့ အတ္တပါ
အဲ့လူရဲ့အချစ်ဟာ ပန်းလေးကု ပွင့်လန်းအောင်စောင့်ရှောက်ခြင်းမျိုး''

''သူ့ ရဲ့အသိအမှတ်ပြုမှုကို မင်းမလိုချင်ဘူးလား''

''လိုချင်တာပေါ့... ပြောခဲ့သလို
လိုချင်မိတာ ကကျနော့်အတ္တပါ
သူအဆင်ပြေမှ အသိအမှတ်ပြုပါလို့  လိုက်လျောနားလည်နေမိတာ
ကျနော့်ရဲ့အချစ်

ငါ့ကိုထွေးမှ နွေးရမယ်ဆိုတဲ့ စောင်တစ်ထည်ရဲ့အတ္တမျိုး
ကျနော့်မထားချင်ဘူး
ရင်ခွင်ကို မီးပုံရှို့ လို့ မှ
သူလှုံမယ်ဆို ရင်
အလောင်အကျွမ်းခံပြီး နွေးစေချင်မိရဲ့....

ပြာကျတဲ့အထိ ချစ်ပြလိုက်ချင်တာ
မီးခိုးငွေ့ လိုလည်း တိုးတိုးတိတ်တိတ် ထွက်ခွာသွားမယ်
သူနာကျင်မှာ စိုးတယ်''

ခဏတိတ်ဆိတ်သွားပြန်တယ်

''ခင်ဗျာသိရဲ့လား ဒဿ ကို သိပ်ချစ်တတ်တာပဲတဲ့
ကျနော်က ရယ်ချင်တယ်...
ဒဿ ကြောင့် သီတာပျော်ခဲ့ရဲ့လား

စဉ်းစားမိတိုင်း အဲ့ဘီလူးကိုဟားချင် တယ်... သီတာမျက်နှာညိုမှာကို
မကြည့်ရက်တဲ့ လက္ခဏလောက် မချစ်တတ်သေးပါဘူး
လက္ခဏကပိုင်ဆိုင်ဖို့  စွန့် လွှတ်ဖို့  ဦးမတည်ခဲ့ဘူး
ဒါကြောင့်လည်း သီတာမလိုချင်တဲ့
ဒဿ ကို အနိုင်ယူပြီး သီတာလိုချင်တဲ့ ရာမကို အရှုံးပေးခဲ့တာပေါ့
သူဦးတည်ခဲ့တာ သီတာပျော်ဖို့ ပဲ

အဲ့လိုစိတ်ထားနဲ့  ကျနော်သူ့ ကိုချစ်တယ်''
Lo''ကျနော် သူ့ ကိုချစ်တယ်''

image
Writer by @gold-mm

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations @gold-mm! You have completed some achievement on Steemit and have been rewarded with new badge(s) :

You published your First Post
You made your First Vote
You got a First Vote

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Thank

Good

Good