အတာကူးသော နှစ်ဦး သင်္ကြန် ( Henry Aung )

in mayanmar •  6 years ago 

henry Aung.jpg

မင်္ဂလာပါခင်ဗျား။ ပျော်ရွှင်ဖွယ်ကောင်းသော နှစ်သစ်ကူး အခါသမယ မှာ ကိုယ်၏ ကျန်းမာခြင်း ၊ စိတ်၏ ချမ်းသာ ခြင်း တို့နှင့်အတူချစ်ခင်ကြင်နာခြင်း ၊ အေးချမ်း ငြိမ်သက် ခြင်း တို့သည် Steemit Platform ပေါ်သို့ ရောက်ရှိနေကြသော Myanmar Steemit Community Members တိုင်း အပေါ်သို့ သက်ရောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။

ဧပြီလ အစောပိုင်းကပင် ပြင်ဆင်နေကြသော အတာကူးသည့် နှစ်ဦး သင်္ကြန်ကကတော့ တနှစ်စာ ပြီး သွားပြန်ပါလေပြီ။ တူ့ပို့ တူးပို့ သီးချင်းသံကြားတိုင်း မရိုးမယွ ဖြစ်လာတတ်ကြသည့် မြန်မာလူမျိုးတိုင်း ပျော်ရွှင်ဖွယ်ကောင်းသော ဤကာလ ကို ပျော်ရွှင် ခုံမင်စွာ ဖြတ်သန်းကြ သကဲ့သို့ နှစ်သစ်ကူး သင်္ကြန်နှင့် ပါတ်သက်ပြီး ခံစားချက်ကိုယ်စီရှိကြပါသည်။

မိမိတို့ ၏ ငယ်ဘဝ သင်္ကြန်ပုံရိပ်များ အစ , မြီးကောင်းပေါက်အရွယ် သင်္ကြန်ပျော်ကြပုံနှင့် အသက်အရွယ် ရလာသည့် အလျောက် အပျော်အပါးဘက်တွင် လျှော့ ၍ ဤနှစ်ကူးကာလ အတွင်း တရားအားထုတ်ကြပုံ တို့ မှာ တနှစ်ပြီး တနှစ် ပိတ်ကားထက်တွင် အရောင်ပြောင်းသွားကြသော ပုံရိပ်များပမှာကုန်လွန်သွားခဲ့ကြပါသည်။

ရှေးမြန်မာမင်းများ လက်ထက်ကလည်း သင်္ကြန် ကစားခဲ့ကြသည်။ ကျွန်တော်တို့ အဘိုးအဘွားများလည်း သင်္ကြန် ကစားခဲ့ကြသလို့ ကျွန်တော်တို့ မိဘများ လက်ထက်ကလည်း အတာသင်္ကြန်ကို ဆင်နွဲခဲ့ကြပါသည်။ ထို့ နောက် မိမိတို့ လက်ထက် မိမိတို့ သားသမီးများလည်း သင်္ကြန်ရေပက်၍ နှစ်ဦး အတာကို ကြိုကြအုံးမည်သာ ဖြစ်ပါသည်။ ရာသီ အလီလီပြောင်း၍ နှစ်ဦးကတော့ အချိန်တန်လျင် ပြန်ရောက်လာဦးမည် ဖြစ်ပါသည်။

အဘယ်သို့မျှ ပြောင်းလည်း မသွားပါ။ သို့သော် ပြောင်းလည်း သွားသည်ကတော့ ကျွန်တော်တို့ လူသားများနှင့် သက္ကရာဇ် များသာ ဖြစ်ပါသည်။ မနှစ်က သင်္ကြန်နှင့် ဒီနှစ်သင်္ကြန် ရေပက်ကြသည်ခြင်း တူသော်လည်း မိမိတို့ ၏ စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာတို့ မှာ အတော်ပင် ကွာခြားနေကြမည်မှာ သေချာပါသည်။

0009.jpg

ကျွန်တော်တို့ မြန်မာလူမျိုးတို့ သင်္ကြန်ရေကစား ၍ ပြောကြသည်မှာ နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့် ပက်ဖျန်း ၍ ဆေးကြောကြသည်ဟု ပြောကြပါသည်။ မှန်ပါသည်။ နှစ်သစ်တွင် အတာရေ ဖြင့် ဆေးကြောလိုက်သောကြောင့် လန်းဆန်းနေရုံဖြင့် မပြီးသေးပါ။ ထို သန့်စင်နေသော အနေအထားအား နောက်ထပ် အညစ်အကြေးများ မစွန်းထင်ရအောင် ဂရုစိုက်ရမည် ဖြစ်သလို အခြားသူများအားလည်း မိမိကြောင့် အညစ်အကြေးများ စွန်းထင် မသွားရအောင် လည်းဂရုစိုက်ရအုံးမည် ဖြစ်ပါသည်။

ကျွန်တော်တို့ ၏ နေ့စဉ် လျှောက်လှမ်း နေရသော အသက်တာတွင် အခြာသူများကပေးသော စိတ်အနှောက်အယှက်များ ၊ စိတ်သောကများ ၊ မိမိ၏ အလိုလောဘများကြောင့် ဖြစ်ပေါ်လာသော ပူလောင်ခြင်းများကို ထမ်း၍ လျှောက်လှမ်းနေကြရပါသည်။ ထိုအရာအားလုံးတို့ မှာ မိမိအား အမှန်ပင် ညစ်နွမ်းစေသော အညစ်အကြေးများ ဖြစ်ကြပါသည်။

ထို့ကြောင့် အတာရေဖြင့် သန့်စင် ပြီးသွားကြပြီ ဖြစ်သော MSC members များလည်း မိမိ ကြောင့် အခြားသူများ ညစ်နွမ်းမသွားစေရန် ဤနှစ်သစ်တွင် အထူးဂရုစိုက်ရန် လိုအပ်လှပါသည်။ နှစ်သစ်ကူးပြီ ဖြစ်သော နှစ်ဦးနှင့်အတူ မျော်လင့်ချက်ဟူသော အရာဖြင့် အသက်ရှင် နေထိုင်ကြသော မိမိတို့ မှာ ဤနှစ်သစ်တွင် ဘယ်ပုံ နေထိုင်မည် ဘယ်သို့ ဖြတ်သန်း မည်ဟူသော စိတ်ကူး မျှော်လင့်ချက်များ ဖြစ်ပေါ်လာစမြဲဖြစ်ပါသည်။

steemit Platform ကောက်ရိုးတမျှင်ကို ဆုပ်ကိုင်မိကြပြီ ဖြစ်သော Myanmar Steemit Community Members များအနေဖြင့် မိမိ၏ ရှေ့ဆက်ရမည်ဖြစ်သော နေ့စဉ်ဘဝများ အတွက် ဤကောက်ရိုးတမျှင်ကလည်း members များ၏ မျှော်လင့်ချက်များကို အကောင်အထည် ဖေါ်ပေးနိုင်ပါလိမ့်မည်။ များမကြာသော နှစ်ဦး အတာ သင်္ကြန်ကာလတွင် MSC members တို့ အနေဖြင့် " MSC ရေကစားမဏ္ဍပ် " ဟူသော မဏ္ဍပ် ဆိုင်းဘုတ် အောက်တွင် အတူတကွ ရေကစား၍ နှစ်သစ် ကြို နိုင်ကြပါမည့် အကြောင်း ထပ်မံ၍ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်။

အတာကူးသော နှစ်ဦးတွင် MSC members များလိုအင် ဆန္ဒ ပြည့်ဝကြပါစေ။

logo.png

Photo Credit : Original source .

Author : Henry Aung ( Kachin )
MSC : 001

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

MSC ရေကစားမဏ္ဍပ် အောက်မှာ နောက်နှစ်ရေကစားချင်တယ်။

အခုကတည်းက ကြိုတင် စီစဉ်ထားရင် ဖြစ်လောက်ပါတယ်။

နောင်နှစ် MSC မဏ္ဍပ်ကျုံးဘေးမှာ
နေရာယူထားမယ်နော့ ကိုဟင်
နှစ်သစ်မှာပျော်ရွပ်ချမ်းမြေ့ပါစေဗျာ

တကယ်နေရာယူထားနော်... အခုကတည်းက ကြိုတင် စီစဉ် ကြမယ်လေ။

အပျက်ကို ကဲပြိုက်မယ်ကွယ် msc မဏ္ဍာမှာ

အဟုတ်ဖြစ်လာအောင် ကြိုးစားနေပါတယ်။

အဲဒီအချိန်ကာလကို စောင့်မျှော်နေပါတယ် ကိုဟင်

ဟုတ်ကဲ့။ အ ကောင်အထည် ပေါ်လာအောင် ဝိုင်းကြိုးစားကြတာပေါ့။

ကျေးဇူးတင်ပါတယ်အစ်ကို
အစ်ကိုလည်း နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့
ဘဝမှာ ဒီထက်မက အောင်မြင်မှု့များ ရရှိပြီးတော့
ထာဝရပျော်ရွင်ပါစေလို ဆုတောင်းပေးပါတယ်ခင်ဗျာ...

ကျေးဇူးတင်ပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

နှစ်​သစ်​မှာ စိတ်​သစ်​ကိုယ်​သစ်​နှင့်​ MSC အကျိုးများကို ပိုမို​ဆောင်​ရွက်​နိုင်​ပါ​စေ အကိုဟင်​​ရေ.....။

ကျေးဇူးတင်ပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

‌နောင်‌နှစ်‌ Sbd steem ‌တွေနဲ့ ‌ရေ‌လောင်းမယ်‌ ဆရာ‌ရေ။

Thank you for the occasion. Likewise celebrate the festival with joy.

Thank you my friend.

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ အကို

နှစ်​သစ်​မှာ​ပျော်​ရွင်​နိုင်​ပါ​စေကို henary။ ဒီနှစ်​​တော့ ကျွန်​​တော်​က​တော့ဘာအံမှာပဲကဲလျုက်​​တော့တာ်​ ။အရင်​လို​တော့စိတ်​သွားတိုင်​ကိုမပါ​တော့ဘူး။အသက်​ကြေီးလို့​တော့ဟုတ်​ဘူးမိန်းမရ​နေပြီးဖြစ်​လို့​လေ။

ကျေးဇူးတင်ပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

"MSC ရေကစားမဏ္ဍပ် " .....
တွေးကြည့်ရုံနဲ့တင် ပျော်စရာကောင်းနေပြီ 😃😃

msc မန်ဘာများအားလုံးနှင့်တကွ steemit အသုံးပြုသူ မိတ်ဆွေများအားလုံး နှစ်သစ်မှာ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ထပ်ဆင့်ဆုတောင်းပေးပါတယ်ဗျာ။

  ·  6 years ago (edited)

MSC မဏ္ဍပ်ပေါ်မှာ DJတွေ ဖွင့်ပြီး ရှယ် ဒွန့်ပါရစေ🤗🤗

ဘယ်မြို့ဆိုကောင်းမလဲ

ကျနော်ပြန်လာမည်ဆိုသောနှစ်မှာ သတင်းကောင်းကြီးဘဲကြားရလို့ဝမ်းသာပါတယ်ဗျာ MSC .မွေးနေ့ရယ် MSC ရေကစားမဏ္ဌပ်ရယ် ဟီးးးတွေးရင်းရင်တောင်ခုန်လာပီ နှစ်သစ်မှာ ခေါင်းဆောင်နှင့်တကွ အဖွဲသူအဖွဲ့သားများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပို့သလိုက်ပါ၏ ခင်ဗျားးးးး

နှစ်ကူးတော့ တစနှစ်အသက်များလာပ်ြတာပေါ့ကွယ် အသက်များလာသလို အသိအမြင်များလာရင်ပိုမိုကောင်းမွန်ပါလိမ့်မယ်ကွယ်။