Photo Credit
အိမ်ပြန်ရောက်ရောက်ခြင်း ရှုပ်ထွေးနေသောစိတ်ကို သက်သာလို သက်သာငြား ရေချိုးပစ်လိုက်သည်။ အပတ်စဉ်ထုတ် Internet Journal လေးကို ကောက်ယူဖတ်ကြည့်လိုက်ရာ...."Singapore နိုင်ငံတွင် Mechatronics မေဂျာရပ်မှာ အမှတ်အမြင့်ဆုံးဘာသာရပ်တစ်ခုဖြစ်ကြောင်း.... "စသည့်ဖြင့် ရေးသားထားပေရာ မနက်ဖြန် မေဂျာပြောင်းဖို့ သွားလျှောက်ရန် ဆုံးဖြတ်ချက် ချလိုက်ပါတော့သည် ။ ကျနော့် အကျင့်က ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ တိုင်ပင်လေ့မရှိပါ ၊ ချက်ချင်း အကောင်အထည် ဖော်တတ်သည် ။ အိမ်သားများကိုလည်း ကျနော် MC major လျှောက်မည့်အကြောင်း မပြောပြဖြစ်ပါ ၊ သူတို့ ကန့်ကွက်မှာ စိုးရသည်။ ထိုနေ့ညက အိပ်မက်ထဲမှာ စက်ရုပ်လေးတွေကို မြင်မက်သည်လေ 💤💤💤။
မနက်ပိုင်း ကျောင်းရောက်တော့  break time အချိန်ခေါင်းလောင်းတီးသံကိုသာ နားစွင့်နေမိသည်။ ဟော...ခေါင်းလောင်းတီးပြီ ကျနော် canteen ဘက်မသွားဘဲ ကျောင်းသားရေးရာဌာနဘက်သို့ ခပ်သုတ်သုတ် ထွက်လာခဲ့သည်။break အချိန်က ၁၅ မိနစ်ထဲရယ်...အချိန်လောက်ပါ့မလား...ကျောင်းသားရေးရာက စာရေးမတွေက အပေါက်ဆိုးသည်၊ ရစ်တတ်သည်ဟု ကြားဖူးသည်။
ကြားထားသည်က အမှန်ပင်ဖြစ်သည်....တစ်လောကလုံးသူ့လုပ်စာထိုင်စားနေသည့်ရုပ်နှင့် "ဘာကိစ္စလဲ"ဟု ခပ်မာမာမေးလိုက်ရာ...ကျနော်နည်းနည်းလန့်ဖျတ်သွားသည်...သို့သော် "ဟန်ကိုယ့်ဖို့" ဆိုသည့်အတိုင်း မျက်နှာထားကို ကြိုးစား၍ တည်လိုက်ပြီး "မေဂျာပြောင်း လျှောက်ချင်လို့ပါ ဆရာမ" ဟုပြောလိုက်ရာ ...အလုပ်ရှုပ်လိုက်တာ ဇိမ်ပျက်တယ် ဟူသောအကြည့်ဖြင့် ကျနော့်ကို တစ်ချက်ကြည့်လိုက်သည်။ ကျနော်ကလည်း အားတော့နာပါတယ်၊ တကယ်အရေးကြီးနေလို့ပါ ဟူ၍ အဓိပ္ပါယ်ရသော အကြည့်ဖြင့် ပြန်၍ ကြည့်လိုက်ရာ...စာရေးမက ဘာမှမပြောတော့ဘဲ Form(လျှောက်လွှာစာရွက်) တစ်ခုကို ထုတ်ပေးသည် ။ ကျနော်လဲ ဦးစားပေး မေဂျာ ဟူသော နံပါတ် ၁ မေဂျာမှာ Mechatronic Engineering ဟူ၍ ရေးလိုက်သည်။ ကျန်တဲ့ နံပါတ် တွေမှာတော့ Civil,EC,EP,IT ဟူ၍ ချရေးလိုက်သည်။ စာရွက်ကို ပြန်အပ်ပြီး ပေါ့ပါးသော ခြေလှမ်းများဖြင့် စာသင်ခန်းဆီသို့ လျှောက်လာခဲ့သည်။...စိတ်ထဲမှလဲ "မယ်မင်းကြီးမ စာရေးမ..ကျန်းမာပါစေ၊ ချမ်းသာပါစေ ၊ ဘာမှမရစ်လို့ကျေးဇူးတင်ပါတယ်။ "ဟု မေတ္တာ ပို့ပေးနေမိသည်။
ဒီလိုနဲ့ သုံးရက်တာမျှ အချိန်ကုန်ဆုံးပြီးနောက်....."ကဲ...အခုဆိုရင် မင်းတို့ကို မေဂျာခွဲပြီးသွားပြီ၊ Main Building မှာ စာရွက်ကပ်ထားတယ်၊ ဘယ်မေဂျာရလဲဆိုတာ သွားကြည့်လိုက်ကြ...အခုသွားကြည့်ခိုင်းတာ မဟုတ်ဘူးနော်..ကျောင်းဆင်းမှသွားကြည့်လိုက်ကြ"ဟု ပြော၍ ဆရာမက စာဆက်သင်သည်။
(Main buildingတွင် ကျောင်းသားများစုဝေးနေပုံ)
Photo Credit
ကျောင်းဆင်းတော့ Mechatronic Engineering ဟူသော ခေါင်းစဉ်အောက်မှာသာ ကျနော့် နာမည်ကို အသည်းအသန်ရှာကြည့်ဖြစ်သည်။ ကျနော့်
ထင်သည့်အတိုင်း ကျနော် MC မေဂျာရပါသည်။ " 1GMC-11" တဲ့ ကျနော့် ခုံနံပါတ်။
(ထိုစဉ်က ပညာသင်နှစ် ၅နှစ် ၊AGTI ၂နှစ်၊ B-Tech ၂ နှစ် ၊ BE ၁ နှစ် ။ခုံနံပါတ်တွေကို ပထမနှစ်ဆို 1G,ဒုတိယနှစ်ဆိုလျှင် 2G, တတိယနှစ်ဆိုလျှင် 1T,စတုတ္ထနှစ်ဆိုလျှင် 2T, နောက်ဆုံးနှစ်ဆိုလျှင် BE ..ဟူ၍ သတ်မှတ်ထားပါသည်။)
2009-2010 ပညာသင်နှစ်အတွက် MC မေဂျာ ပထမနှစ် တတ်ခွင့်ရသူ ကျောင်းသားအရေအတွက် စုစုပေါင်း ၂၈ ယောက် တဲ့။ဟယ်..ဘယ်လိုဖြစ်တာလဲ...လူနည်းလှချေလား ။ (ထို လူနည်းလှခြင်း အကြောင်းအရင်းကို နောက်မှသိရသည်မှာ ၀န်ကြီးပြောင်းသွား၍ ပညာရေးစနစ်ပြောင်းသွားခြင်းဖြစ်ပါသည်။ အရင်နှစ်တွေကဆို အမှတ်အလိုက်မေဂျာစဉ်ခြင်းဖြစ်သည်။ ဘယ်မေဂျာမှာ ကျောင်းသားဦးရေဘယ်လောက်ဟူ၍ သတ်မှတ်ထားသည်။ ကျနော်တို့နှစ်တွင်မူ လူဦးရေ သတ်မှတ်မထား။ လျှောက်သည့်မေဂျာကိုသာ ချထားပေးပုံရသည်။ ဒါဆို MC ကို ဦးစားပေးမေဂျာအဖြစ် လျှောက်ခဲ့သူ ၂၈ယောက်ပေါ့နော် ။ တခြားမေဂျာများဘက်သို့ စပ်စုကြည့်ရာ Civil မေဂျာတွင် လူအများဆုံးဖြစ်နေသည်။ နောက်တော့ EC ,EP,MP ထိုဘာသာကြီး သုံးခုမှာလဲ ကျောင်းသားဦးရေများသည်။ ရလဒ်အနေဖြင့် ကျန်သော မေဂျာများ (IT,CNC,MC,Mining,Chemical..)စသော မေဂျာများတွင် ကျောင်းသားဦးရေ လျော့နည်းသွားသည်။ MC မေဂျာကို လူနည်းလှပြီထင်နေရာ...MC ထက်လူနည်းသော မေဂျာတစ်ခုကိုတွေ့ရသည်....ကျောင်းသားဦးရေ ၉ယောက်သာရှိသည်
(ထို major မှာ chemical လား,mining လား မမှတ်မိတော့ပါ)။ မည်သို့ပင်ဆိုစေကာမူ ကျနော် လိုချင်သော မေဂျာကို ကျနော်ရခဲ့ပြီဖြစ်သည်။ စိတ်လက်တို့ ပေါ့ပါးသွားသည်။ ထိုနေ့က အပြန် ဖယ်ရီကားပေါ်မှာ လွှင့်ပျံလာတဲ့ Miley Cyrus ရဲ့ "Party In The USA" သီချင်းကို စိတ်ပါလက်ပါ လိုက်ဆိုမိသည်။သီချင်းသံက မြူးကြွလှ၍ လူပါ အလိုလို လန်းဆန်းလာသည်။
🎵🎵🎵Got my hands up,they're playin' my song and now I'm gonna be okay,
Yeah! It's a party in the USA!🎵🎵🎵
စိတ်ထင်၍လားတော့ မသိ မန္တလေးတောင်ကြီးက ပို၍စိမ်းလန်းနေပြီး ကျုံးရေပြင်က ကြည်လဲ့နေသည်၊
(TU သို့လာရာ မန္တလေး တောင်ခြေလမ်း #photo credit)
အိမ်ပြန်ရောက်၍ ညဘက်လူစုံတော့မှ မေဂျာခွဲပြီးကြောင်း MC မေဂျာ ရရှိခဲ့ကြောင်း ပြောပြဖြစ်သည်။ "ဟဲ့...MC ဆိုတာ ဘာမေဂျာတုန်း မကြားဖူးပါဘူး "...သိနေတယ်လေ၊ ဒီလို မေးတော့မယ်ဆိုတာ ...Fresher Welcome တုန်းက ဌာနမှူးရှင်းပြခဲ့သည့်အတိုင်း ပြန်ရှင်းပြလိုက်သည်။ ထင်သည့်အတိုင်း အိမ်က ကန့်ကွက်ပါလေတော့သည် "မြန်မာပြည်က သူများနိုင်ငံတွေလို နည်းပညာဖွံ့ဖြိုးတာ မဟုတ်ဘူး ၊စက်ရုပ်တွေထွင်ပြီး ဘာလုပ်မှာလဲ၊ civil ဒါမှမဟုတ် EC ယူပါဆို ၊ မယူဘူး".....bla...bla...
ပေါင်းစုံပြောကြတာပေါ့နော်...ကိုယ်တွေက လိုချင်တာရခဲ့ပြီးပြီ၊ ကြိုက်သလောက် ဆူ ၊ မမှုတော့ဘူး 😛😛😛
First Year မှာတော့ "တက်ကြွတဲ့ ကြက်ဖ" လို့ပဲပြောရမလား!စိတ်ကူးတွေ အိပ်မက်တွေနဲ့၊ လန်းဆန်းစိမ်းလဲ့နေခဲ့တယ်။
MC ဌာနက Department (2) မှာဆိုတော့ လမ်းအများကြီးမလျှောက်လိုက်ရပါဘူး။MC department ကိုရောက်ပြီ၊ မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်တယ် ၊ Department (3) မှာ မိန်းကလေးအိမ်သာရှိတယ်။ အဲဒီမိန်းကလေးအိမ်သာကနေ ဟိုဘက်ကို လမ်းကူးလိုက်ရင် Canteen(ကျောင်း မုန့်ဈေးတန်း၊စားသောက်ဆိုင်ခန်း )ရှိတယ်။Ok အရာအားလုံးအဆင်ပြေသွားပြီ။
ပထမဆုံးနေ့ဆိုတော့ မြန်မာပြည်၏ ထုံးစံအတိုင်း စာမသင်ပါ။ Roll Call ခေါ်ပြီး တစ်ယောက်ချင်းစီကို မိတ်ဆက်ခိုင်းသည်။ MC ဌာနမှူးဆရာကြီးရဲ့ မျက်နှာကျနဲ့ ပြောပုံဆိုပုံနဲ့ အသံနေအသံထားက လူရွှင်တော် ဒိန်းဒေါင်နဲ့ တော်တော်လေးတူသည်။
ထို့ကြောင့် ဆရာကြီးကို ကျောင်းသားအများစုက နောက်ကွယ်မှာ ဒိန်းဒေါင်ဟု ခေါ်ကြသည်။(ဘုရား ဘုရား...ဒီဆောင်းပါးကို MC ဌာနမှူး မဖတ်မိပါစေနှင့် ) သို့သော် ဒိန်းဒေါင်ဟု ခေါ်သည့်ထဲတွင် ကျွန်ုပ်မပါဝင်ပါ၊ ခင်ပွန်းကြီး ဆယ်ပါးကို မပြစ်မှားရဲပါ။
အဲဒီတုန်းက ၉ဘာသာ သင်ရသည်လေ။မြန်မာစာ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ Engineering drawing. ..ကျန်တဲ့ ၅ ဘာသာ မမှတ်မိတော့။ ထို ၉ ဘာသာသင်ရတဲ့အထဲမှာ ကျနော် အကြောက်ဆုံးဘာသာက engineering drawing ။ ကျနော် ပြောပြီးပါပြီကော ပုံဆွဲရမှာ ပျင်းပါတယ်လို့ ။ ပျင်းလို့ မဆွဲ ၊ မဆွဲတော့ မရ ။ နောက်ဆုံး ကျူ ရှင်တတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တော့သည်။ (drawing သင်တဲ့ ဆရာကြီးကလည်း အရမ်းတော်ပါသည်။ ကျနော့်ဘာသာ တစ်နေ့စာတစ်နေ့လိုက်မလုပ်၍ စာမလိုက်နိုင်တော့လို့ အပြင်ကျူ ရှင် ယူရခြင်း ဖြစ်ပါသည်။)
(Drawing ဘာသာရပ်...........photo credit)
ဘယ်ကျူ ရှင် တတ်ရမှန်းလဲမသိ ၊ ကျူ ရှင် စုံစမ်းရသည်က အလုပ်တစ်ခုလို ဖြစ်လာသည်။ ဟော...တွေ့ပါပြီ ၊ ၃၅လမ်း မီးပွိုင့်ထိပ်မှာ ဆိုင်းဘုတ်တစ်ခု ၊ ဘာတဲ့..."Engineering Drawing(Auto CAD 2D/3D)" တဲ့။(ယခု ၃၅လမ်းမီးပွိုင့်မှာ ထိုသင်တန်းမရှိတော့ပါ။Phone ဆိုင်ကြီးသာရှိပါတော့သည်။)နောက်က Auto CAD ဆိုတာတော့ ဘာမှန်းမသိပါ ။ Engineering Drawing လို့ ရေးထားလို့ သင်တန်းစုံစမ်းရန် အတွင်းသို့ ၀င်လိုက်ပါသည်။ အတွင်းမှာ အမျိုးသမီးကြီးတစ်ယောက်ထိုင်နေသည်။
"သမီးသင်တန်းလာစုံစမ်းတာလား"
"ဟုတ်ကဲ့"
"ဘာမေဂျာလဲ"
"MC ပါရှင့်"
ထို အမျိုးသမီးမျက်နှာ ဇဝေဇ၀ါ ဖြစ်သွားသည်....
"MC ဆိုတော့ ဆေးကျောင်းကပေါ့နော် "
"မဟုတ်ဘူးရှင့် ...အင်ဂျင်နီယာကျောင်းသူပါ...MC ဆိုတာ Mechtronics မေဂျာ"
"အော်..ဟုတ်ပါပြီ။သင်တန်းကာလက ၂လ၊ မတတ်မချင်းသင်ပေးမယ် ၊သင်တန်းကြေးက တစ်သိန်းခွဲ"
"ဟုတ်ကဲ့ရှင့် ".....
ဒီလိုနဲ့ သင်တန်းကြော်ငြာစာရွက်လေးကိုင်ပြီး ပြန်လာခဲ့တယ်။
ကျောင်းရောက်တော့မှ စီနီယာတွေ ပြောပြချက်အရ သိရပါတော့တယ်။Auto CAD ဆိုတာ computer-aided design (CAD) program တစ်ခုဖြစ်ကြောင်း 2D နဲ့ 3D (၂)မျိုးရှိကြောင်း ၊ ယခု first year မှာ သင်ရမယ့် engineering drawing က စာရွက်ပေါ်မှာ ဆွဲရကြောင်း၊ Auto CAD က ကွန်ပျူတာဖြင့် ဆွဲရကြောင်း၊ engineering drawing ဘာသာရပ်ကို နားမလည်ပါက သူတို့ဆီ လာမေးနိုင်ကြောင်း၊ ကျူ ရှင်တတ်မည်ဆိုပါကလည်း အ.ထ.က(3) ကျောင်းနားလေးမှာ ဆရာမ ဒေါ်မာလာဝင်း ဦးစီးသော သင်တန်းတစ်ခုရှိကြောင်း ရှင်းပြတော့မှ အလုံးစုံ နားလည်သွားတော့သည်။
ဆရာမ ဒေါ်မာလာဝင်းဆီ သင်တန်းသွားစုံစမ်းတော့ ဆရာမဆီမှာလဲ drawing သင်တန်းမရှိပါ(ကျောင်းသားအများစုက drawing ကျူ ရှင်မယူကြပါ) တခြားဘာသာရပ်များသာသင်ကြားပါသည်။ ထို ဆရာမ ဆီမှာ ဘာသာရပ် ၂ ခုကို ကျူ ရှင်ယူခဲ့သည်။ )
drawing သင်တန်းစုံစမ်းရတာ ကြာလာတော့ ဒေါသကထွက်လာသည်။ တခြားကျောင်းသားတွေတောင် ကျူ ရှင်မယူကြဘူး၊ ငါမဖြစ်ဖြစ်အောင်လုပ်မယ်။ drawing အချိန်များတွင် ဆရာကြီးရှင်းပြသမျှကို သေချာနားထောင်သည်၊ မသိတာရှိရင် ဆရာတွေနားနေခန်းထိ လိုက်၍မေးသည်၊ စီနီယာတွေကိုလည်း မေးသည်။ နောက်ဆုံးတော့ သဘောတရားတွေ နည်းနည်းနားလည်လာသည်။ ကြိုးစားမှု၏ ရလဒ်ပင်ဖြစ်သည် ☺☺☺
ဆက်ရန်...........
Own Feeling By
@honeysara
နည်ပညာ တက္ကသိုလ် ကျောင်းကဆိုတော့ ... Steemit ကို တက္ကသိုလ် ကျောင်းသူကျောင်းသားများ အကြားဖြန့်ဝေပေးပါ။ ဖြစ်နိုင်ရင် တက္ကသိုလ် Steemit group ဖြစ်အောင် အစ်ကိုတို့ မကြာခင် ကြိုးစားတော့မှာ မို့ ညီမလေး တို့လို ကျောင်းသူ ကျောင်းသား အများကြီးပါဝင်ဖို့ လိုပါတယ်။ အသေးစိတ်ကို အစ်ကို့ CB မှာ မေးမြန်နိုင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါအကို သူငယ်ချင်း တွေကိုလည်း steemit အကြောင်းဖြန့်ဝေပေးလိုက်ပါ့မယ်ရှင် ☺
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါသယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်ရှု ခံစားပေးလို့ ကျေးဇူးတင်ပါတယ် ☺
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျတော် ကျောင်းသားရေးရာကပါ။
စကားမစပ် ဌာနမှူးနဲ့ လည်း အမျိုးတော်ပါတယ်။
Just kidding.
By the way, i have been read your post, i really miss my University.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နောက်ရ၀ူးလေ. 😂😂..bro က တောင်ကြီး TU က IT မေဂျာမှလား...မှတ်ထားတယ် ဟိဟိ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
I really thanks for your upvoted and comment ☺😇
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
IT ကပါ။ ကျောင်းကတော့ 2011 ကတည်းကပြီးသွားပါပြီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါဆို စီနီယာပေါ့..ဂျူ နီယာတွေကိုလည်းလက်တွဲခေါ်ပေးပါဦး ☺
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
You welcome
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြိုးစားပါလို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့....တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားနေပါတယ်ရှင့် ☺☺
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit