မြန်မာပြည်တွင်ကြောက်စရာအကောင်းဆုံးသော

in minmin •  7 years ago 

" စိတ်ကြွရှုးသွတ်ဆေးပြား " အကြောင်းပါ ...

ဒီစာကိုဖတ်၍ တစ်ဦးတစ်ယောက်အတွက်ပင်အကျိုးရှိညားကြိုးစားရေးသားရကျိုးနပ်ပါသည် ...

စိတ်ကြွရူးသွပ်ဆေးပြား(or)ရာမစိတ်ကြွရူးသွပ်ဆေးပြားအကြောင်းကို
ဗဟုသုတနှင့်အတွေ့အကြုံပေါင်းစပ်၍သူငယ်ချင်းများအား သိစေချင်သောကြောင့် ရေးသားလိုက်ရပါသည် ။

ဆေးပြား၏ပုံစံမှာ ဘာမီတွန်အရွယ်အစားထက် အနည်းငယ် ငယ်ပြီး
အရောင်မှာပန်းရောင်ရင့်ရင့်ဖြစ်ပြီး တချိုမှာ အစိမ်းရောင် အဖြူရောင်
တို့ဖြစ်ကြပါသည်။

၎င်းဆေးပြားကို ရေသန့်ဗူးခွံ သိုမဟုတ် ဖျော်ရည်ဗူးခွံဖြင့် ဗူးကိုဖေါက်ပြီး
ဖျော်ရည်စုပ် ပိုက်ထည့်ထည့်ကာ ခဲပြား သို့မဟုတ် ဆေးကရက်ဗူးတွင်ပါရှိသည့် ခဲပြားပေါ်တွင်ဆေးပြားတင်ပြီးမီးခြစ်ဖြင့် ရှို့ကာ အငွေ့ ကို ရှုရခြင်းဖြစ်ပါသည် ။

သူ၏အနံ့မှာနှင်းဆီနှံ့၊စပါယ်နှံ့၊ ​ချော့ကလပ်နံ့တို့မွှေးပါသည်။

၎င်းဆေးပြားကို သုံးစွဲသူသည် စိတ်ကြွလာပြီးမျက်လုံးသူငယ်အိမ်မှာကျယ်လာပါသည်။

ထိုသူသည် သွက်လက်ကာ ပုံမှန်ထက် ပြာပြာခတ်လာသည်။

စကားပြောလျှင်လောကြီးကာ ထပ်ထပ်ထစ်ထစ် ဖြစ်လာသည်။

နဖူးတွင်ချွေးတွေသိသာစွာထွက်ပြီးတစ်ကိုယ်လုံးလည်းချွေး စို့နေသည်။

၎င်းဆေးပြားသည် chemical acidဆယ့်ခြောက်မျိုးဖြင့်ဖော်စပ်ထား
သောကြောင့် လျှာ၊ပါးစပ်၊လည်ချောင်းတို့တွင် တံတွေးလုံးဝမရှိဘဲ
ခြောက်ကပ်ကာထမင်းနှင့်အခြားစားသောက်ဖွယ်ရာများ စားသောက်၍ မရသလို စားချင်စိတ်လုံးဝမရှိဘဲနှစ်ဆယ့်လေးနာရီမစားမသောက်နေနိုင်သည်။

ချွေးတအားထွက်သောကြောင့်ရေအလွန်ငတ်ကာလုံးဝအိပ်မပျော်တော့ဘဲ တစ်စုံတစ်ခုခုကို လုပ်နေရမှ ဒါမှမဟုတ် စကားတွေမနားတမ်းပြောနေရမှနေတတ်သည်။

ထို့ကဲ့သို့မဟုတ်ပါက ကရောင်ခြောက်ခြားဖြစ်ကာ ကြောက်လန့်နေတတ်သည်။

ထန်းရေမူးကျွဲခိုးပေါ်ဆိုတာထက် ရာမ သောက်ကျွဲခိုးပေါ်ဆိုတာပိုမှန်လိမ့်မယ်။

ထိုဆေးကိုသုံးစွဲထားသူများ စကားပြောနေကြလျှင် အလုရက်ပြောနေကြပြီးအချိန်မည်မျှကုန်ဆုံးသွားကိုမသိလိုက်ဘဲနေ့ခင်းဆိုလျှင်မှောင်သွားသည်ကိုမသိလိုက်၊ညဆိုလျှင်မိုးလင်းသွားသွားသည်ကို မသိလိုက်ဘဲ စကားတွေလုရက်ပြောကာ အချိန်တွေကုန်းဆုံးသွားကြသည် ။

ဥပမာ အင်တာနက်ဆော့နေပြီဆိုပါဆို ဆေးချတာများသွားလျှင်နှစ်ရက်သုံးရက်ပင်မထဘဲ မစားဘဲနေနိုင် သည်။

ရေကိုတော့မသောက်ဘဲမနေနိုင်ပါ၊ ဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်
ထဲတွင် ထိုဆေး၏ အပူဓာတ်များကြောင့်ဖြစ်သည်။

ထိုဆေးကိုသုံးစွဲမှု နှစ်ပါတ်ထက်ကျော်လာလျှင်အရာရာကိုသံသယဖြစ်လာပြီးကိုယ့်၏အရင်းနှိးဆုံးသူငယ်ချင်းနှင့်ကိုယ့်၏သားမယား ကိုပင်
အယုံအကြည်ကင်းမဲ့ကာမကောင်းပြောတတ်လာသည်။

ကိုယ့်ကို မည်သူမှရန်မလုပ်ဘဲလူတွေကသူကိုရန်လုပ်နေသည်ဟု ထင်လာသည်။

မည်သူကိုမှမယုံကြည်တော့ ဆေးသုံးတာ များသွားရင်ကာမစိတ်တို့လည်းကုန်းခမ်းလာသည်။

အသားအရေတို့မှာလည်း ခြောက်ခမ်းမွဲခြောက်ပြီးပိန်ချုံးသွားကာကိုယ်
အလေးချိန်ကျသွားသည်။ခါးနာခြင်းလက်ပျင်နာချင်း ဖြစ်လာသည်။

ခါးနာခြင်းမှာကျောက်ကပ်ကို ထိုဆေးမှပါလာသောနိကိုတင်းလို ဓာတ်တမျိုးမှ ကျေက်ကပ်ကိုဖျက်ဆီးခြင်းကြောင့်ဖြစ်သည်။

လက်ပျင်အောက်နှင့်ရင်ဘတ်တို့အောင့်ခြင်းမှာ အဆုပ်ကိုဆေးဒဏ်ထိခြင်းဖြစ်သည်။

အစားအသောက် ပုံမှန်မရှိခြင်းကြောင့် အစာအိမ်ရောဂါဖြစ်ရန်၉၀%သေချာသွားသည်။

ထိုဆေးသည် ဘိန်းဖြူလို ခန္ဓာကိုယ်သွေးသားတောင်းဆိုမှုမျိုးမဟုတ်ဘဲ
စိတ်မှတောင်းဆိုခြင်း ဖြစ်သည်။

ထိုဆေးကိုသုံးစွဲလိုက်ရမှ စိတ်တွေတတ်ကြွလာသည်ပျော်ရွှင်သည်ဟု
အထင်ရှိတတ်သည်။

အမှန်တကယ်မှာလည်း စိတ်ဓာတ်တွေနိုးကြားကာ ညောင်းကိုက်နေသည်များ မရှိတော့တာ ဟုတ်ပါသည်။သိုသော်ထိုဆေးကိုသုံးစွဲနေကြ
သူများတွက်ပို၍မှန်ပါသည်။

အဘယ်ကြောင့်ဆိုသော် သုံးနေကြသူသည် မသုံးစွဲရပါက ညောင်းညာကိုက်ခဲပြီးမလှုပ်ချင်မကိုင်ချင်လေးလံထိုင်းမှိုင်း ထိုဆေးကိုတမ်းတလာသည်။

ထိုအချိန်မျိုးတွင်ဆေးသုံးစွဲလိုက်ရပါကအားလုံးပျောက် ကာလန်းဆန်းသွားသည်။

အမှန်တကယ်တော့ထိုဆေးမသုံးစွဲခင်ကညောင်းညာမှုမရှိသည်ကို သတိမထားမိတတ်ပါ။

သုံးစွဲနေကြသူသည်ထိုဆေးကိုမသုံးစွဲရပါကဆေး၏effectသည်သုံးလေးရက်ခန့်သိသိသာသာညောင်းညာကိုက်ခဲကာ ကိုယ်လက်မအိမသာနှင့်ဒေါသအလိုလိုနေရင်း ထွက်နေတတ်ပါသည် ။

ဆေးကိုလည်း အချိန်တိုင်း တောင်းတောင်းတတဖြစ်နေပြီး မိမိစီးပွားရေး ကိုလည်းစိတ်ဝင်စားမှု မရှိတော့ပေ ။

ကျောင်းသားဆိုလျှင်လည်းကျောင်းစာကိုလုံးဝစိတ်မ၀င်စားတော့ဘဲ ထိုဆေးကိုပင်တမ်းတမ်းတတ သတိရနေတောသည် ။

ဆေးသုံးစွဲခြင်းရှိမရှိကို မသုံးစွဲဘဲရပ်နားပြီးနောက် ၄၅ ရက်အတွင်း သုံးစွဲမှုရှိမရှိဆီးစစ်၍စစ်ဆေးနိုင်ပါသည် ။

ဆီးစစ်ရသည်မှာအလွန်ပင်လွယ်ကူပါသည် ။

ထိုဆေးအငွေ့ effect သည် ဦးနောက်ထဲရှိအလွန်သေးငယ်သောအာရုံကြောနှင့်ဆဲများသို့ရောက်ရှိကာ စိတ်ကြွမှုကို ဖြစ်စေခြင်းဖြစ်ပါသည်။

ထိုဦးနောက်အာရုံကြောနှင့်ဆဲပုံမှန်မဟုတ်သော အလုပ်ကိုလုပ်ရခြင်းကြောင့် ပျက်ဆီးများစတင်လာသည်။

memoryနှင့်ပါတ်သက်သောအာရုံကြောများကို အဓိပျက်ဆီးစေခြင်းကြောင့် ထိုဆေးကိုသုံးစွဲသူသည်သတိအလွန်အကျွန်မေ့ခြင်းနှင့်ကယောင်ခြောက်ခြားဖြစ်ကာ ဂေါက်ကြောင်ကြောင်ဖြစ်လာပါသည်။

ပြောပြီးစကားများကိုပင် လုံးဝမေ့နေတတ်ပါသည် ။

ထိုဦးနောက် အာရုံကြောများပျက်ဆီးသွားပါက ကုသရန်ဆေးမရှိတော့ပါ။

ထိုစိတ်ကြွရူးသွပ်ဆေးပြားများသည် အာရှလူငယ်များတွင်အတော်ပင်ရေပန်းစားနေပါသည်။

လူငယ်များသည်နိုက်ကလပ်တက်သည့် အခါများနှင့် ပျော်ပွဲရွှင်များတွင်
ပျော်ရွှင်တက်ကြွစေ ဟုအထင်ရှိကာ အတော်ပင်သုံးစွဲနေကြသည်ကိုတွေ့နေကြားနေရပါသည်။

ထိုင်းနိုင်ငံတွင်ကျောင်းသားကျောင်းသူများ အတော်ပင်သုံးစွဲနေကြသည် ကိုသတင်းများတွင်တွေမြင်ကြားသိနေရပါသည်။

ထိုဆေးသုံးစွဲမှုကို မိဘများသည် ဂရုမပြုတတ်ပါ ။

ထိုအပြင်မိဘများသည်လည်းတွေ့ကြုံဗဟုသတ မရှိတတ်သောကြောင့် ပေါ့ပေါ့ပင်နေရင်း အချိန်ကုန်လွန်ကာမှယူကြုံးမရအဖြစ်သို့ရောက်ကြရသည် ။

တစ်ချို့ဆိုလျှင် ဆေးသုံးစွဲမှုတစ်နှစ်ထက်ကျော်လာလျှင်ကိုယ့်ကိုကိုယ်သေ
ကြောင်းကြံ မှုများဖြစ်သည်အထိ ဆိုးရွားစွာ ဂေါက်ကြောင် ကြောင်သွားတတ်သည်။

ကျွန်တော်သည် ဒေါက်တာ မဟုက်ပါ ကျွန်တော်ကိုယ်တိုင် စမ်းသပ်သုံးစွဲကာထိုပါတ်ဝန်းကျင်ကိုအနီးကပ်လေ့လာကာ ၎င်းဆေးနှင့်ပါတ်သက်သည့် ဂျာနယ်များကို ဖတ်ရှုလေ့လာထားခြင်ဖြစ်ပါသည်။

မြန်မာနိုင်ငံမြို့ကြီးများနှင့်ခရိုင်မြို့များတွင်ဝယ်ယူရရှိနေသောကြောင့်ကျွန်တော်၏ သူငယ်ချင်းဘော်ဒါအပေါင်းသင်းများ စမ်းသပ်မိမှာစိုရိမ်သော ကြောင့်လက်လှမ်းမီသမျှတွေကြုံဘူးသမျှကိုရေးပြတင်ပြရခြင်းဖြစ်ပါသည်။

စိတ်ကြွဆေးပြား၏ ဆိုးကြိုးများကိုကုန်စင်အောင်ကျွန်တော်မရေးနိုင်ပါ။

ဆိုးကြိုးများအားအမြည်း အဖြစ်သာတင်ပြနိုင်ခြင်းဖြစ်သည့်အတွက်ကုန်စင်အောင်မတင်ပြနိုင်ခြင်းကိုသီးခံခွင့်လွှတ်ပေးရန်တောင်းပန်ပါသည်..........

#CreditFB_IMG_1526915828224.jpgFB_IMG_1526915830470.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!