Before the age of thirty
Must be owned by a Bookstore
The main profit and loss
rare books
reissue
Hometown library
will build
Books are age-appropriate
Categories and
Will systematically
then
Coffee along with child
I want to open a small bookstore
Inside the shop when
Miniature forest
Small gardens it's like
Let's enjoy your wants
Once life temporarily forgotten
I want to do
Books cost
set cheaper and sell them as much as possible
Literature and related activities
seek
Make a variety of topics
Became one
Gets two
I was able to try to turn the baby
I reading
The training gives parents
thank
Already my sixth grade reading novels
Others read novels parents from fat
time
Now he is reading a novel
It was not too bad
Very self gestures
Selfish
Less balances the ability to forgive and perseverance
I have something to say
I want to respond immediately respond to respond
But two-fold
I became self-aware
I already own
Literature teachers taught
among them for good
The average
... This is just normal ...
cause
Also there Master
Teacher big letters, and poems
Written out
The letters I read your letters
I thought
They thought I could fill them to
Peace without Peace
No longer burns
There is a fix can not teach people to teach, I began to understand
Literature flourished without society
The whole question about future growth that accepted
By nature, those emotions of their hearts
There is no
own
The laughter of small publications
The laughter of a small bookstore
I love books
willing
want to stay
When the lives lost
dearest books
Others costs
Share without regret
We will survive
Que still life
Want want
Dreams that he was the architect
mind sight sight
I want to end my life
%%%%%%%%%%%%%%
အသက်သုံးဆယ်မပြည့်ခင်
စာအုပ်တိုက်တစ်ခု ပိုင်ဆိုင်ရမယ်
အရှုံးအမြတ် အဓိက မထားးဘဲ
ရှားပါးစာအုပ်တွေ
ပြန်ထုတ်ပေးမယ်
ဇာတိမြို့မှာ စာကြည့်တိုက်တစ်ခု
ဆောက်မယ်
စာအုပ်တွေကိုလည်း အသက်အရွယ်အလိုက်
အမျိုးအစားခွဲပေးပြီးး
စနစ်တကျစုံစုံလင်လင်ထားပေးမယ်
ပြီးတော့
ကော်ဖီဆိုင်လေးနဲ့တွဲပြီးး
စာအုပ်ဆိုင်သေးသေးလေးဖွင့်ချင်တယ်
ဆိုင်ထဲဝင်လိုက်တာနဲ့
တောအုပ်သေးသေးလေးထဲ
ဥယျဉ်ငယ်လေးထဲ ရောက်နေသလို
ခံစားရအောင် လုပ်ပေးထားမယ်
အပြင်က ဘဝအမောတွေ ဆိုင်လေးထဲရောက်တာနဲ့ ခဏတာမေ့ပျောက်သွားအောင်
စိတ်အေးချမ်းအောင် လုပ်ပေးချင်တယ်
စာအုပ်တွေဆိုလည်းး
အတတ်နိုင်ဆုံး စုံစုံလင်လင် ဈေးသက်သက်သာသာနဲ့ ရောင်းချပေးမယ်
စာပေနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေ
စာပေဟောပြောပွဲတွေကို
ခေါင်းစဉ်အမျိုးမျိုးနဲ့ လုပ်ပေးမယ်
တစ်ယောက်လာသည်ဖြစ်စေ
နှစ်ယောက်လာသည်ဖြစ်စေ
ဆိုင်လေးကို ကြိုးစားပြီးဖွင့်မှာ
ကိုယ့်ကို
ငယ်ငယ်ထဲက စာဖတ်ဝါသနာပါအောင်
လေ့ကျင့်ပေးတဲ့မိဘနှစ်ပါးကို
ကျေးဇူးတင်တယ်
ကိုယ် ဆိုခြောက်တန်းမှာ ဝတ္ထုတွေစဖတ်နေပြီ
သူများတွေ ဝတ္ထုဖတ်လို့ မိဘတွေကဆူနေ
တဲ့အချိန်
ကိုယ်တွေက ဝတ္ထုပေါင်းစုံကိုဖတ်နေပြီ
ကိုယ် သိပ်ဆိုးခဲ့ပါတယ်
သိပ် အတ္တကြီးတယ်
တစ်ကိုယ်ကောင်းဆန်တယ်
ခွင်လွှတ်နိုင်မှုနဲ့ သည်းခံနိုင်စွမ်းအားနည်းတယ်
သူများက ကိုယ့်ကိုတစ်ခုခုလာပြောရင်
ချက်ခြင်းတုံ့ပြန်ချင်တယ် တုံ့လည်းတုံ့ပြန်တယ်
ဒါပေမယ့် အခုနှစ်ပိုင်းး
ကိုယ့်ကိုယ်သတိထားမိလာတယ်
စိတ်ကို တော်တော်ထားတတ်နေပြီ
ရသစာပေသင်ပေးခဲ့တဲ့ဆရာ ဆရာမတွေရဲ့
ကျေးဇူးလည်းပါတယ်
သူများ လာပြောရင်လည်းး
အော်...ဒါလူ့သဘာဝပဲ
ဖြစ်တတ်ပါတယ်
အဲ့လိုမျိုးတွေရှိလို့လည်း ဆရာကြီးး
ဆရာမကြီးတွေက ဒီလိုစာတွေ ကဗျာတွေ
ရေးထားတာပါလားဆိုပြီးး
ကိုယ်ဖတ်ဖူးတဲ့စာတွေ ကိုယ်သင်ဖူးခဲ့တဲ့စာတွေ
ပြန်စဉ်းစားမိတယ်
သူတို့ဖြည့်တွေးပေးသလို တွေးပေးလိုက်ရင်
သူလည်းအေးချမ်း ကိုယ်လည်းငြိမ်းချမ်းတယ်
မပူလောင်တော့ဘူးး
#မြန်မာစာပေဟာစာတင်သင်ပေးတာမဟုတ်ဘူးလူတွေရဲ့စိတ်ကိုပါသင်ပေးတယ်ပြင်ပေးတယ် ဆိုတာကို နားလည်သဘောပေါက်လာတယ်
ရသစာပေမရှိရင် မထွန်းကားရင် လူ့အဖွဲ့အစည်း
တစ်ခုလုံးပရမ်းပတာဖြစ်လာနိုင်တယ်ဆိုတာကိုလည်း လက်ခံတယ်
လူဆိုတာ နှလုံးသားနဲ့ ခံစားမှုရှိတဲ့သူတွေပဲ
မဟုတ်လားးး
အဲ့တာကြောင့်
ကိုယ်လေ
စာအုပ်တိုက်လေးတစ်ခုရယ်
စာအုပ်ဆိုင်သေးသေးလေးရယ်
ကိုယ် ချစ်တဲ့စာအုပ်တွေကြားထဲ
ကျေကျေနပ်နပ်ကြီး
နေချင်တယ်
အသက်တွေ တစ်ဖြည်းဖြည်းကြီးလာတဲ့အခါ
အမြတ်နိုးဆုံးစာအုပ်တွေကို
ဖက်တွယ်ရင်းး သူတစ်ပါးကို
မျှဝေရင်းး နောင်တကင်းကင်းနဲ့
ရှင်သန်သွားမယ်
လူ့ဘဝရတုန်းခဏလေးး
ဖြစ်ချင်တာတွေ လုပ်ချင်တာတွေနဲ့
အိပ်မက်တွေကို ထုဆစ်ပုံဖော်ပြီးမှ
စိတ်သက်သက်သာသာ
ဘဝကို အဆုံးသတ်ချင်မိပါတယ်
Super 😎
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Are you drink super coffee mix?
Haha
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit