ကိုယ်ကိုကိုယ် သာ ကိုယ်ပိုင်ပါတယ်

in mso •  7 years ago 

ကိုယ်ကိုက်ကိုယ် လောကကြီးထဲက ဘယ်သူနဲ့မှ မနှိုင်းယှဉ်ပါနဲ့။ ကိုယ်ဟာ ကိုယ်ပါ သူဆိုတာ သူပါ ကိုယ်နဲ့ သူနဲ့ အလုပ်တူတဲ့ခါပဲ ရှိမယ်
နေတဲ့ နေရာချင်းတူဒါပဲ ရှိမယ် ခံယူချက်ခြင်းက တူနိုင်မှာ မဟုတ်ဘူးရယ်။ အဲ့လို နှိုင်းလိုက်တာဟာလဲ သူလိုဖြစ်လာချင်မှ ဖြစ်လာမှ
လောလောဆယ်မှာတော့ ကိုယ်ကိုကိုယ် စော်ကားလိုက်သလိုပါပဲ..။
သင်စိတ်ဓါတ်ကျနေချိန် ဘဝက သင့်ကိုရယ်လိမ့်မယ် ၊ သင်ပျော်ရွှင်ချိန်မှာ ဘဝကို ပြုံးပြသလို သင်ပါးသူကို ပျော်အောင် လုပ်ပေးနိုင်တဲ့ခါ ဘဝက သင့်ကို
အလေးပြုလိမ့်မယ် ကိုယ်ဟာ ကိုယ်ပါပဲ၊။
ပင်ပန်းမှူကို မခံနိုင်တဲ့သူတွေတော့ မအောင်မြင်နိုင်ဘူး ၊ အောင်မြင်နေတဲ့သူတိုင်းလဲ ပင်ပန်းမှုဒါဏ်ကို ခံခဲ့ကြရတယ်
ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းလိုလိုလဲ အောင်မြင်မှုဆိုတဲ့ ဇာတ်သိမ်းလေးတစ်ခုခုတော့ ရှိမယ်။
mountain-climbing-759x500.jpg
Take-More-Risks-In-Your-Life-To-Achieve-Success.jpg
from google images

လောကမှာ လွယ်လွန်းတာက သူတစ်ပါးရဲ့ အမှားကို ဝေဖန်ကဲ့ရဲ့ကြတာပဲ၊ ဆိုးတာက ကိုယ့်အပြစ်ကို အမှန်တိုင်းမြင်ဖို့ခက်တာ၊ မြင်ပြန်တော့လဲ ပြင်ဖို့ ခက်ပြန်ရော။
ဘယ်သူတစ်ဦး တစ်ယောက်မှလဲ လွန်ခဲ့တဲ့ အတိတ်က ဆိုးရွားဖြစ်ရပ်တွေကို ပြန်ပြင်ချင်လို့မရဘူး၊ ဒါပေမဲ့ အဲ့ဒီအတိတ်က ဆိုးရွားဖြစ်ရပ်ကို သင်ခန်းစာယူလို့
အောင်မြင်တဲ့ အဆုံးသတ်လေးဖြစ်အောင် စတင် လှုပ်ရှားဖို့ အခွင့်ရေးတော့လူတိုင်းမှာရှိပါတယ်။
ပြသနာတစ်ချို့က ဖြေရှင်းနိုင်ရင် ဘာမှ စိတ်ပူနေဖို့ မလိုသလို၊ ဖြေရှင်းမရနိုင်ဘူးဆိုလဲ စိတ်ပူနေတော့ရော ဘာများထူးလာမှာလဲ၊ လွပ်လပ်မှုနဲ့ ရှေ့ ဆက်ပါ။
အခွင့်ရေးလေးတစ်ခုသာ သင်ဆုံးရှုံးလိုက်ရရင် သင့်မျက်လုံးအိမ်ထဲ မျက်ရည်တွေ ပြည့်မနေအောင်ကြိုးစားပါ၊ အဲ့မျက်ရည်က ဆုံးရှုံးလိုက်ရတဲ့ အခွင့်ရေးထက်
ပိုသာတဲ့ အခွင့်ရေးတွေကို ကွယ်ပိတ်လိုက်နိုင်တယ်နော်။man-staning-on-rock-looking-for-meaning.jpg
from google images

မျက်နှာပြင်တစ်ခုကို ပြုပြင်လိုက်ရင် (changing the face)ဟာ အခြားအရာတွေကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ပေါ့ အပြောင်းအလဲကို
ရင်ဆိုင်လိုက်တာ (facing the change) ကတော့ အရာရာကို ပြောင်းလဲစေနိုင်မှာပါနော်။
တခြားသူတွေရဲ့ အကြောင်းတွေနဲ့ ကိုယ်ကိုကိုယ် မကျေနပ် ညည်းညူမနေပါနဲ့ လား၊ အေးချမ်းချင်ရင် ကိုယ်ကိုကိုယ်သာ ပြောင်းလဲပြုပြင်လိုက်ပါ။
မှားယွင်းမှူတွေက ကိုယ်ကိုနာကျင်မှူတွေ ဖြစ်စေမှာပဲ၊ အချိန်တွေကြာလာတဲ့အမျှ အဲ့အများတွေကို ပေါင်းစပ်မိရင် အဲ့အမှားတွေက အောင်မြင်မှုတွေဆီ ခေါ်ဆောင်မဲ့
' အတွေ့ အကြုံ' ဆိုတာ ရလာမှာပါ။
ကျရှုံးချိန်တိုင်းလဲ ရဲရင့်ကြည့်လိုက်ပါ၊ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်လာမယ် ။အောင်မြင်ချိန် တည်ငြိမ်လိုက်ပါ ။
ပူပြင်းမှူကို အပေးခံရတဲ့ ရွှေတွေကတော့ အလှဆင် လက်ဝတ်လက်စား ဖြစ်လာတယ်၊ပြင်းပြင်းထန်ထန်နန်းဆွဲခံရတဲ့ ကြေးတွေဟာ ဝိုင်ယာကြိုးတွေဖြစ်လာသလို၊
ထွင်းထုခြင်းခံရတဲ့ ကျောက်တုံးကြီးတွေကတော့ ရုပ်ထုတွေဖြစ်လာတယ်။
ဒါကြောင့်လဲ ဘဝမှာ နာကျင်ခြင်းတွေများလာလေလေ သင့်ရဲ့တန်းဖိုးတွေဟာလဲ ပိုပြီး တတ်တတ်လာမှာပါပဲ။

@moethet

MSO_32

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Nice post bro

MSO - 34 (@aungpaing)

yse, thank bro