2002 World Cup Review

in msu •  7 years ago 

image
ZawGyi Version

Winner : Brazil
Runners-up : Germany
Third place : Turkey
Fourth place : S-Korea


(1)China
(2)Ecuador
(3)Senegal



Unicode Version
FIFA WORLD CUP 2018 ပြိုင်ပွဲကြီးဟာဆိုရင် မကြာမီရက်ပိုင်းမှာ ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။
ကျွန်တော် အခုဖော်ပြပေးချင်တာက အာရှမြေမှာ ကျင်းပခဲ့တဲ့ ၂၀၀၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကြောင်းအရာလေးတွေကို တင်ပြပေးချင်ပါတယ်။

၂၀၀၂ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကိုတော့ အာရှနိုင်ငံတွေဖြစ်တဲ့ Japan နဲ့ S-Korea နှစ်နိုင်ငံတို့က ၁၇ကြိမ်မြောက်အဖြစ် ပူတွဲလက်ခံကျင်းပခဲ့ပါတယ်။ ၂၀၀၂ခုနှစ် မေလ၃၀က်နေ့မှ ဇွန်လ၃၁ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲ ဝင်ခွင့်ရအသင်းပေါင်း ၃၂သင်း ယဉ်ပြိုင်ခဲ့ကြပါတယ်။ အာရှမြေမှာ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခွင့်ရခဲ့ခြင်းလည်း ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်လည်း ပထမဆုံး ပူးတွဲကျင်းပတဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိချိန်ထိလည်း ပူတွဲကျင်းပခြင်း မရှိသေးပါဘူး။ ဒုတိယပူတွဲကျင်းပခြင်း အဖြစ် ၂၀၂၆ခုနှစ်တွင် USA, Mexico နဲ့ Canada တို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပကြမှာ ဖြစ်ပါတယ်။ ဝင်ရောက်ခွင့် ရရှိရေး ယဉ်ပြိုင်ကြတဲ့ အသင်းပေါင်း ၁၉၉သင်းရှိခဲ့ပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလား ရရှိခဲ့သော Franceအသင်းနဲ့ အိမ်ရှင်Japanနဲ့S-Koreaအသင်းတွေက ခြေစစ်ပွဲ ဝင်ရောက် ယဉ်ပြိုင်စရာ မလိုဘဲ ဝင်ခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
Winner : Brazil
Runners-up : Germany
Third place : Turkey
Fourth place : S-Korea

-ပွဲပေါင်း၆၄ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း၁၆၁ဂို သွင်းယူခဲ့ကြပါတယ်။
-ဂိုးသွင်းအများဆုံးဆုကိုတော့ Ronaldo(Brazil)မှ သွင်းဂိုး၈ဂိုးနဲ့ ရရှိခဲ့ပါတယ်။
-အကောင်းဆုံးကစားသမားဆုကို Oliver Kahn(Garmany)မှ ရရှိခဲ့ပါတယ်။
-အကောင်းဆုံးလူငယ်ကစားသမားဆုကို Landon Donovan(USA)မှ ရရှိခဲ့ပါတယ်။
-အသန့်ရှင်းဆုံးဆုကိုတော့ Belgiumအသင်းရရှိခဲ့ပါတယ်။

ထိုပြိုင်ပွဲကြီးတွင် ကမ္ဘာ့ဖလားအတွေ့အကြုံ ပထမဆုံး ရရှိကာ ဝင်ခွင့်ရတဲ့အသင်းတွေကတော့-
(1)China
(2)Ecuador
(3)Senegal
(4)Slovenia အသင်းတို့ဖြစ်ကြပါတယ်။

၂၀၀၂ကမ္ဘာ့ဖလားဗိုလ်လုပွဲအကြောင်းလေး တင်ပြပေးလိုက်ပါတယ်။
-Brazil vs Garmany(June 30,2002)
-ကွင်းလယ်ဒိုင်အဖြစ် Italyလူမျိုး Pierluigi Collina က ကိုင်တွယ်ခဲ့ပါတယ်။
-ပွဲရလပ်ကတော့ Brazil(2) Vs Garmany(0)ဖြစ်ပါတယ်။
-ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုကိုတော့ Brazilအသင်း အနိုင်ရရှိအောင် သွင်းဂိုး၂ဂိုး သွင်းယူပေးခဲ့တဲ့ Ronaldoက ရှိခဲ့ပါတယ်။
-Finalပွဲကို Japan နိုင်ငံ Yokohamaမြို့ International Stadiumမှာ ကျင်းပခဲ့ပါတယ်။
-Brazil အသင်းနဲ့ Garmany အသင်းတို့ဟာ အဆိုပါ ဗိုလ်လုပွဲဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပထမဆုံး တွေ့ဆုံတဲ့ ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
-ပရိတ်သတ် စုစုပေါင် 69,029 လာရောက် အားပေးခဲ့ကြပါတယ်။

အာရှမြေမှာ ပထမဆုံး ဂုဏ်ယူစွာ ကျင်းပခဲ့တဲ့ ၂၀၀၂ကမ္ဘာ့ဖလား ပြိုင်ပွဲအား Reviewလေးအနေနဲ့ Wikipediaမှ ကိုးကားကာ ဗဟုသုတ ဖြစ်အောင် ဖော်ပြပေးလိုက်ပါသည်။
PHOTO & REFERENCES : WIKIPEDIA
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good bro

ဘောပွဲသမိုင်း​လေး​တွေ သိရလို့ ​ကျေးဇူး

Nice post