ဒီနေ့ဟာ ကျွန်တော်တို့ ကွန်မြူနတီကောလိပ်ရဲ့ ပထမနှစ်ဝက် ပြီးဆုံးပြီး ကျောင်းသူကျောင်းသားတွေနဲ့ တောင်ကြီးမြို့အနီးတစ်ဝိုက်ဖြစ်တဲ့ ညောင်ရွှေစော်ဘွား နန်းတော် ရှေးဟောင်း ပြတိုက်နဲ့ ကက္ကူဘရားကို အလည်သွာကြပါတယ်။
ကျောင်းသူကျောင်းသားအင်အားကတော့ ၅၀ ဖြစ်ပြီး
ဆရာ ဆရာမ တွေကတော့ ၇ ယောက်ဖြစ်ပါတယ်။
ရှမ်းားယဉ်အသင်းမှ ကြီး ၄ ၅ ယောက်နဲ့ ရှမ်းစာပေဆရကြီး ဦးစိုင်းဖ တို့လည်း လိုက်ပါခဲ့သဖြင့် အတော်ကို ဗဟုသုတလည်းရ ပျော်ရွှင်ဖွယ်လည်းကောင်းတဲ့ ခရီးတစ်ခုပဲ ဖြစ်ပါတယ်။
အောက်မှာ ခရီးသွားမှတ်တမ်းတစ်ချို့ကို တင်ပြပေးလိုက်ပါတယ် ။
နိုင်ငံခြားသားတစ်ချို့
မှော်ဘီ တစ်နေရာ
ခရီးစဉ်ကို အသေးစိတ်ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ ခရီးစဉ် စ တာက ၂၅ ရက်နေ့ မနက် ၈ နာရီအချိန်ပါ။ အဲနေ့ မနက်ကို စောစောကြပီး မနက်စာနဲ့ နေ့လည်စာ ထမင်းတွေ ထုပ်သွားဖို့ ပြင်ဆင်ကြတယ်။ လူကလည်းများတော့ ပျော်စရာလည်း အရမ်းကောင်းပါတယ်။
ပထမ ခရီးစဉ်က ကာလိမြို့ကနေ တောင်ကြီးကို ချီတက်ကြခြင်းပါ။ တောင်ကြီးကို ညနေ ၆ နာရီမှ ရောက်ပါတယ် တောင်ကြီးရောက်တော့ ဝေဠုဝန် ဘုန်ကြီးကျောင်းမှာ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဒါနပြုတဲ့ ညစာကို စားသုံးကြပါတယ်။ ပပြီးမှ ရေချိုး အဝတ်အစားလှဲကြပြီး နောက်တစ်နေ့အတက် အားမွေးရင်း နှစ်ခြိုက်စွာ အိပ်ကြပါတယ်
အိုးလုပ်ငန်းလေ့လာ ကျောက်တိုင်ရွာ
သမိုင်းကြောင်းလေ့လာသူများနှင့် ရှင်းပြသူတစ်ချို့
၂၆ ရက်နေ့ မနက် ၆ နာရီမှာ အားလုံးက မနက်စာအတွက် အဆင်သင့်ဖြစ်နေကြပါပြီ။
မနက်စာအဖြစ် ခေါက်ဆွဲကိုပ စာကြပါတယ်။ မနက်စောစောမှာ ရှမ်းခေါက်ဆွဲကောင်းကောင်းတစ်ပန်းကန်ဟာ သိပ်ကို သင့်တော်လှပါတယ်။ မနက်စာ ပီးတော့ အားလုံး ကား ၁၀ စီးပေါ်မှာ အသီးသီးနေရာယူကြပါတယ်။ စာရေးသူကတော့ လိုက်ထရက် ကားပေါ်မှာ အခြားကျောင်းသူကျောင်းသား ၁၄ ရောက်န့ အတူ သီချင်းသီဆိုရင် လမ်းခရီးကို ပျော်စရာန့ ဖြတ်သန်းခဲ့ပါတယ်။
ပထမဆုံး သွားရောက်လည်ပတ်တာကတော့ ကက္ကူဆ ဘုရားဖြစ်ပါတယ် အဲဒီနောက်မှာ ကျောက်တိုင်ရွာက အိုးလုပ်ငန်းကို လေ့လာဖြစ်ပါတယ်။ ထို့နောက် ညောင်ွှေစော်ဘွားနန်းတော်မှာ သမိုင်းကြောင်းအနည်းငယ် လေ့လာကြပြီး ဓာတ်ပုံများန့ မှတ်တမ်းတင်ကြပါတယ်။
သူများကို ဓာတ်ရိုက်ပေးချိန်နှင့်
ကိုယ်က ဓာတ်လိုချင်သောခါ
26 ရက်နေ့ ခရီးစဉ်ပြီးတော့ ၂၇ ရက်နေ့မှာ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်းမဆောင်မှာ သမိုင်းဆရာကြီးမှာရဲ့ ဗဟုသုသ ဖလှယ်ရာ ဆွေးနွေးပွဲလေး ကျင်းပပါတယ်။ စာရေးသူနှင် ကျောင်းသူကျောင်းသားများလည်း ထိုဆွေးနွေးပွဲတွင် ပါဝင် နားဆင် လေ့လာကြရင်း ရှမ်းရိုးရာ အကဖြင့် ဖျော်ဖြေခ့ပါသေးည်။
၂၇ ရက်နေ့ ညနေ၇ဘနာရီ အချိန်မှာတော့ စာရေးသူဟာ Elite ကားနှင့် ရန်ကုန်သို့ ခရီးဆက်ခဲ့ပါသည်။ ဆက်လက် သွားရန်ကား
အိန္ဒိယနိုင်ငံ အာသံပြည်နယ် ယဉ်ကျေးမှု ဖလှယ်ပွဲ၌ ရိုးရာ ကိန္ဒရီ ကိန္ဒရာ အက အိုးစည်အက များနှင့် ကပြဖျော်ဖြေရန် ...
ခရှးစဉ်အဆက်ကို ထပ်တင်ပါဦးမည် ။
@aikkhorn
MSC 223
G 2
အားပေးနေတယ် အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit