LinkedIn ပေါ်မှာ ဘာတွေလုပ်သင့် မလုပ်သင့်

in myanmar •  6 years ago 

နိုင်ငံတကာမှာ နည်းပညာနဲ့ စီးပွါးရေးနယ်ပယ်မှာ LinkedIn ကိုမသုံးသူရှားပါတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာလည်း LinkedIn သုံးသူတွေ တော်တော်များလာတာတွေ့ရတယ်။ ကိုယ်ရေးကိုယ်တာဘက်မှာ လူတွေနဲ့ချိတ်ဆက်ဖို့ Facebook သုံးရင် အလုပ်အကိုင်ဘက်မှာ ချိတ်ဆက်ဖို့ LinkedIn ကိုအသုံးပြုကြပါတယ်။ ဘယ်သူမဆို Technology လောကထဲမှာ ကျောင်းသားဖြစ်စေ၊ အလုပ်ရှာနေသူဖြစ်စေ၊ အလုပ်လုပ်နေသူဖြစ်စေ LinkedIn Profile တော့ ရှိထားသင့်ပါတယ်။

အခုမှ LinkedIn စသုံးမယ့်သူတွေအတွက် အကြံပေးချင်တာလေးတွေကို ဒီအောက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ကျွန်တော်က Professional Coach တယောက်မဟုတ်တာကြောင့် ပြောထားတာတွေအကုန်လုံးဟာ ကျွန်တော့ရဲ့ ကိုယ်ပိုင်အမြင်ဘဲဖြစ်ပါတယ်။ ကိုယ်နဲ့သင့်တော်ရင် ယူသုံးနိုင်ပါတယ်။

(၁) နာမည်။ Profile မှာ မိမိနာမည်ကို English လို ရှင်းလင်းစွာရေးသင့်ပါတယ်။ မြန်မာလိုဘဲရေးထားရင် တခြားလူမျိုးတွေ ဖတ်လို့ရမှာမဟုတ်လို့ ချိတ်ဆက်ဖို့ အခွင့်အလမ်း နည်းသွားပါမယ်။ မိမိမှာ English Name ရှိလျင် သုံးချင်လျင် အဲဒါလေးပါ တွဲရေးထားပါ။

(၂) ဓာတ်ပုံ။ မိမိ Profile ဓာတ်ပုံကို မဖြစ်မနေ တင်သင့်ပါတယ်။ ဒါမှ သင့်ကို အပြင်မှာမြင်ရင် မှတ်မိနေကြမှာပါ။ မိသားစု သို့မဟုတ် သူငယ်ချင်းတွေနဲ့ တွဲရိုက်ထားတဲ့ပုံတွေကို တင်တာရှောင်ပါ။ သင့်ကိုမမြင်ဘူးသေးတဲ့လူတွေက သင်ဘယ်တယောက်လဲဆိုတာ ဘယ်လိုသိနိုင်ပါ့မလဲ။ နောက်တခုက ဘွဲ့ဝတ်စုံနဲ့ပုံတွေ ဖြစ်နိုင်ရင် မတင်စေချင်ပါ။ လာကြည့်တဲ့လူတွေက သင့်ကို အခုမှ ဘွဲ့ရပြီး Work Experience မရှိသေးဘူးလို့ မထင်မြင်သွားစေချင်လို့ပါ။

(၃) ကိုယ်ရေးအကျဉ်းချုပ်။ မိမိအကြောင်းကို လူတွေနားလည်အောင် စာသားအနည်းငယ်နဲ့ ရှင်းပြပါ။ သင်က ဘာပညာရှင်လည်း၊ သင်ဘာတွေလုပ်ပေးနိုင်သလဲ၊ ဘယ်လိုအလုပ်မျိုးကို စိတ်ဝင်စားသလည်း စသဖြင့်ပါ။ ဒီနေရာမှာ ကျွန်တော့အယူအဆတစ်ခုက သမားရိုးကျ soft-skill တွေ ထည့်ရေးခြင်းကို ရှောင်စေချင်ပါတယ်။ လူတိုင်းလူတိုင်းက မိမိကိုယ်ကို highly motivated, excellent communicator, team player စသဖြင့် လျှောက်ရေးလို့ရပါတယ်။ တကယ်တမ်း ဟုတ်မဟုတ် တိုင်းတာဖို့ခက်ပါတယ်။ လူတိုင်းက ဒါမျိုးရေးလို့ ပုံစံခွက်ကြီးတခုလိုဖြစ်နေပါတယ်။ ဒါကြောင့် အဲဒါမျိုးတွေရေးမည့်အစား ကိုယ်ဘယ်လိုလူလဲဆိုတာ အလုပ်နဲ့သက်သေပြပြီး တင်ပြနိုင်ရင်ပိုကောင်းပါတယ်။ ဥပမာ I am an excellent communicator လို့ရေးမည့်အစား ဘယ်ဟောပြောပွဲတွေပြောဘူးတယ်၊ ဘယ် Public Speaking Club မှာပါဘူးတယ် ဆိုတာမျိုးရေးရင် ပိုထိရောက်မှာပါ။

(၄) လုပ်သက်။ အခုမှ ကျောင်းပြီးလို့ Work Experience ရေးပြစရာမရှိလို့ စိတ်မပျက်ပါနဲ့။ အလုပ်မရသေးခင် Volunteer အလုပ်တွေ Personal Project တွေလုပ်ပြီး အဲဒါတွေအကုန်ရေးပြပါ။ အလုပ်သမားသိပ်မခန့်နိုင်သေးတဲ့ အသေးစားလုပ်ငန်းတွေ၊ မိမိနဲ့ခင်မင်ရင်းနှီးသူတွေရဲ့ လုပ်ငန်းတွေမှာ သို့မဟုတ် လုပ်ပေးချင်ပါတယ်လို့ ကန်းလှမ်းပါ။ အဲလိုနဲ့ဘဲ လုပ်ငန်းအတွေ့အကြုံတွေ စုဆောင်းပါ။ (သင်သာ အလုပ်ရှင်တယောက်နေရာက စဉ်းစားကြည့်ရင် လုပ်ဘူးတဲ့လူနဲ့ မလုပ်ဘဲဒီအတိုင်းနေတဲ့လူနဲ့ ဘယ်သူ့ကို အလုပ်ခန့်ချင်မလဲ။)

(၅) တွေ့ကရာလူတွေရဲ့ Profile တွေကို Add လုပ်၊ Accept လုပ်မဲ့အစား မိမိအလုပ်အကိုင်နှင့် ဆက်စပ်နေသော လူတွေကိုသာ သေချာရွေးချယ် ချိတ်ဆက်သင့်ပါတယ်။ သင့်ထက် လုပ်ငန်းဝါရင့်သောသူတွေ သင်လေးစားတဲ့သူတွေကို Add မယ်ဆိုရင် Add Request မှာ မိတ်ဆက်စာအတိုလေးဖြစ်ဖြစ် ထည့်ရေးသင့်ပါတယ်။ အဲဒါမှ ဟိုဘက်ကလဲ သင့်ကိုအလေးထားပြီး ချိတ်ဆက်ချင်မှာပါ။ သူတို့ရဲ့ Profile နဲ့ Career History ကိုလေ့လာပြီး သင့်ရဲ့ Professional Development အတွက်ဘာတွေလုပ်သင့်တယ် ဆိုတာကို ရှာဖွေသင့်ပါတယ်။

အဲဒါဆိုရင် LinkedIn ကို ပိုအကျိုးရှိအောင် ဘယ်လိုသုံးသင့်တယ်ဆိုတာ သိသွားပြီလို့ထင်ပါတယ်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations @akhtet! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @akhtet! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!