မိန်းမတစ်ယောက်ရဲ့ သည်းခံစိတ်မှ အင်အားတစ်ခုသို့ အပိုင်း (၂)

in myanmar •  7 years ago 

image
ငယ်ကြောက်လို အမြဲကြောက်ခဲ့ရတဲ့ ဦးမောင်ကို ဒေါ်တင်တစ်ယောက် အာခံ စပြုလာခဲ့သည်မှာလဲ သားတွေ အားကိုးကြောင့် ဆိုသည်မှာလဲ မမှားပေ။
ညစာဆိုလဲ ဦးမောင်ကသူပြန်လာမှ အတူစားခွင့်ပေးထားတာလေ ညစဉ် ဒေါ်တင်ခဗျာ ထမင်းပွဲလေးပြင်ပြီး ယောက်ျားဖြစ်သူကို ထိုင်စောင့်နေ ရတာ နှစ်နဲ့ချီ ပင် ဖြစ်သည်။ တခါတရံ ဦးမောင်က မူးရူးပြီး ထမင်းဝိုင်းကို ကန် သဖြင့် ထမင်းငတ်ခံရတဲ့ ညပေါင်းလဲ မနည်းခဲ့ပေ ။

ဒေါ်တင်အပေါ်ရက်စက်သော ဦးမောင် အား သားတွေက ရွံရှာနေပြီ ဖြစ်လေတော့ အမေ့ယောက်ျားကိုအမေထိန်းပါ မထိန်းရင် သားတို့နဲ့ တွေ့တော့မယ် ဆိုသည့်အထိ ကျိန်းနေကြလေပြီလေ ။
အဲ့တော့ သားတွေ ငရဲ ရမည် စိုးသဖြင့် ဒေါ်တင် တစ်ယောက် ဦးမောင်ကို ဆန့်ကျင့်ပြီလေ ။
ဦးမောင် ည ဘက် ပြန်လာချင်သည့်အချိန်မှ ပြန် လာပါစေ ဒေါ်တင် တို့သားမိတွေ ကိုယ့်ဖာသာထမင်းစားကြတော့သည် ။ ထိုအခါ ဦးမောင်တစ်ယောက် ပေါက်ကွဲကာ တအိမ်လုံးကို ဝုန်းဒိုင်းကြဲ သောင်းကျန်းပါတော့သည် ။ တပ်ရင်း မှူး တို့ ဗိုလ်ကြီးတို့မှ လည်း ဒေါ်တင်ဘက်ရှိကြသဖြင့် ဦးမောင်သောင်းကျန်းတိုင်း ရိုက်ပစ်ရန်မြှောက်ပေးခဲ့ကြဖူးသည် ခုညတော့ ဒေါ်တင်တစ်ယောက် ပွဲကြမ်းလေးပြီလေ ။ ဦးမောင် တစ်ယောက် ခေါင်းကွဲပြီး ဆေးရုံနှစ်ရက်လောက် တက်နေလိုက်ရတယ် ။
image
တပ်ရဲ့ထုံးစံအတိုင်း ဒုလ္လဘ ရဟန်း ဝတ်ကြရန် မဲနှိုက်ကြတဲ့အခါ ဒေါ်တင်တစ်ယောက် အလုပ်ရှုပ်နေပြီပေါ့ သူ့ယောက်ျား မွတ်တစ်ယောက် ရဟန်းဘဝ ရရေး ဒေါ်တင် အပြေးအလွှား ကြံ နေပါပြီ 😁😁တခြားသူတွေက မူစလင်က ရဟန်းဝတ်ပါ့မလား ပြောကြပေမယ့် ဒေါ်တင်က မဲသာပေါက်တယ်လုပ်ပေးပါ ကျန်တာကျွန်မ စီစဉ်ပါမယ်ဆိုပြီး ပြန်သွားလေရဲ့
မဲနှိုက်ချိန် ဦးမောင်နာမည်ပေါက်သဖြင့်
ဦးမောင်တစ်ယောက်အတော်စိတ်ညစ်နေရှာတာပေါ့ အိမ်ပြန်လာတော့ မျက်စိပျက်မျက်နှာပျက် ဟန်ကိုမဆောင်နိုင်အောင် အရုပ်ကြိုးပျက် ထိုင်နေတော့သည်။
ထိုအခါ ဒေါ်တင်ကတော့ သူ ဆင်တဲ့ ဂွင်မို့ သူပဲ နှစ်သိမ့်စကားဆိုကာ ယောက်ျားကို ရဟန်းဝတ်ဖို့အချိုသတ်ပြောလေတော့သည်။ ဦးမောင်ကလဲ သူရဲ့ မိဘတွေ သိရင် ပြသနာက မသေးမို့ မဝတ်ဖို့ တပ်ကို တင်မယ် တကဲကဲ ပေါ့ ။
ဒေါ်တင်ကလဲ ထူးတဲ့ကံမို့ ဝတ်ရန် တိုက်တွန်းနေတယ်
ကဲ ဦးမောင် ဘာလုပ်မယ် ထင်လဲ
image

ဦးမောင်နဲ့ ဒေါ်တင့် လိုင်းခန်းအိမ်မှ အလှူသီချင်းသံ သည် တတပ်လူံးကို လွှမ်းမိုးနေပါတော့သည် ။
ဒေါ်တင့်တွက် တစ်သက်တာမေ့မရတဲ့ သားရှင်ပြုအလှူပွဲ ယောက်ျားကိုရဟန်းခံ တဲ့ပွဲ ပါပဲ ရှင်

ကျောင်းထိုင်ဘုန်းကြီးကို ကြိုတင်လျှောက်ထားပြီး ဦးမောင်တွက် ရဟန်းဘဝ ကို အနှစ်သာရ ဖြစ်စေဖို့ ဒေါ်တင်တစ်ယောက် ကြိုးစားထားလေရဲ့

ဦးမောင်သည် မိမိရဲ့ ရဟန်းဘဝ မှာ သင်္ကန်းနဲ့နေရချိန်လေးကို အရမ်းပဲ ကျေနပ်သလိုခံစားနေရတယ် တချိန်လုံး ရန်မူနေတဲ့ မိမိဇနီးကလဲ မိမိလိုချင်တဲ့ ဇနီးမယားရဲ့ ရိုသေစွာ ဆက်ဆံပုံကိုလဲ အလွန်ပင်သဘောကျနေမိလေရဲ့ သားတွေရဲ့လေးစား မှုကို ရလို့လဲ ကျေနပ်နေလေရဲ့ 😍😍😍
ဦးမောင်သည် နှစ်စဉ်ဆိုသလို ဒုလ္လဘ မဲပေါက်၍ ရဟန်းဝတ်ရလေသည် ထိုအကြောင်းအား မိခင်ဖြစ်သူ မသိစေရန် ဖုံးကွယ်ပြီးနေခဲ့လေသည်
နှစ်အနည်းငယ်ကြာတော့ ဦးမောင်တစ်ယောက် အရက်ရဲ့နှိပ်စက်မှုတွေ ခံထားကလေတော့ လောကဓံ ကို ကြံ့ကြံ့မခံနိုင်တော့ပေ နောက်ဆုံး သေဆုံးခဲ့လေတော့သည် ။
image
ဦးမောင်သည် မွတ်မိသားစုရဲ့သားကြီးမို့ မွတ်တို့ ထုံးစံအတိုင်း သဂြိုလ် ဖို့ မိခင်ကြီး ပြုလုပ်ကြသည် ။ ထိုအခါ မိန်းမနဲ့သားတွေက သရဏဂုံ တင်ပြီး သဂြိုလ် မှု ပြုချင်ကြတဲ့အခါ ပြသနာလေးတွေ တက်ကြတာပေါ့ နောက်ဆုံး တပ်မိန့်နဲ့ ဇနီးမယားဆန္ဒ သာ အတည်ပြုကြောင်း စာထွက်လာတော့ သည် ။ အဲ့ဒီအခါ မှာတော့ တသက်လုံး ချေးနိုင် ခွေးနိုင် နိုင်ထားခဲ့တဲ့ ချွေးမ ရဲ့ခြေထောက် ကို ဖက်ပြီး မွတ်မိခင်ကြီး ငိုယို တောင်းပန်တော့သည်။ သားကြီးဖြစ်သူကို သူတို့ဘာသာအရသာ သဂြိုလ်ခွင့်မရ ပါက သူတို့ တစ်ဆွေ တစ်မျိုးလုံး ငရဲကျ ရပါတော့မယ်ဆိုပြီး တောင်းပန်လိုက်တာမှ မြင်မကောင်းအောင်ပါပဲ ဒါနဲ့ဒေါ်နင်လဲ သဘောတူခဲ့တာပေါ့ သို့ပေမယ့် သရဏဂုံ တင်ပြီး မှ အလောင်းပေးလိုက်ပါသည် ။
ဒေါ်တင်သည် မိမိအမျိုးသားတွက် သေဆုံးသည်အထိ နောက်ဆုံးခရီးကိုပင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် အင်အားများ ရှိသူ ဖြစ်သည် ။ ❤❤❤❤
ဖတ်ရှူသူများကို အထူးကျေးဇူး တင်ပါတယ် ရှင် ။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!