Steemit အကြောင်းတစေ့တစောင်း (သိသလောက် ၃)

in myanmar •  7 years ago  (edited)

Steemit မှာ အလုပ်လုပ်ပုံ အကြမ်းဖျင်းနဲ့ Steemit အကောင့်ဖွင့်ရန် နည်း ကို အရင် သိသလောက် ၁ နှဲ့ သိသလောက် ၂ မှာ ပြောပြီးပြီ
အခုတစ်ခါမှာတော့ အကောင့်ဖွင့်ထားပြီးသူတွေက Steemit မှ Password ပြန်ပို့ချိန်အတွင်း ဘာမှလုပ်မရသေးဘူး အဲ့တော့ Password လေး စောင့်ဆိုင်းရင်းနဲ့ steemit.com က ဘာလဲ သူ့အကြောင်းက ဘယ်လိုမျိုးလေးလဲ နောက်ခံ လုပ်ငန်းတွေ ဘာညာစသည်ဖြင့် နည်းနည်းပြောပြပါရစေဗျာ..

Steemit က ဘာလဲဆိုတော့ အရင်ပြောပြထားတဲ့ အတိုင်း ဆုကြေးငွေရရှိနိုင်မယ့် Social Network တစ်ခုဖြစ်တယ်ဆိုတာသိခဲ့ကြပြီးပါပြီ..Steemit က သူ့ရဲ့ ဆိုက်ကြီးမှာ Users တွေကို မိမိတို့ကိုယ်တိုင်ရဲ့ နေထိုင်မှု အသက်ရှင်မှု နေ့စဉ် လူမှုဆက်ဆံရေး နဲ့ စီးပွားရေးအကြောင်းတွေ စသည်ဖြင့် ဒီလိုလေးတွေတင်ပြီး သူကိုယ့်သူလဲ ဖွံ့ဖြိုးအောင်လုပ်ချင် Post တင်သူ User များကိုလည်း ယင်းPost များ၏ ကောင်းချက်များအပေါ်Voting ပေါ်လိုက်၍ ဆုကြေးငွေများပေးချင်သော အရမ်းကောင်းတဲ့ Platform တစ်ခုပဲဖြစ်ပါတယ်..

ဒီနေရာမှာ တစ်ခု နည်းနည်းပြောချင်တယ်ဗျာ .. အကောင့်ရပြီးလို့ စတင်အသုံးပြုပြီးနောက်ကျ ရင်လည်းပဲ အခုပြောတာလေးကို နားဝင်ပေးကြပါ.. လူတိုင်းမှာ ငွေလိုချင်စိတ်ရှိတယ် ရှင်းရှင်းပြောရရင် လောဘ ရှိပါတယ် ကျွန်တော်လည်းပဲရှိတယ် ဒီထက်ရှင်းရှင်းပြောရရင် ကျွန်တော်ကိုယ်တိုင် Steemit မှာ ၀င်ရောက် လုပ်နေတာဟာ အမှန်အတိုင်းပြောရရင် ပိုက်ဆံရချင်လို့လုပ်နေတာလို့ပဲ ပွင့်ပွင့်လင်းလင်း ၀န်ခံပါရစေ.. ဆိုတော့ ပိုက်ဆံရမယ် ရတယ်ဆိုလို့ လုပ်ကြမှာချည်းပဲ မဟုတ်ပါဘူးဆိုတဲ့လူလဲရှိပါလိမ့်မယ် အကုန်လုံးကိုပြောတာမဟုတ်ပါဘူး အဲ့တော့ အရှေ့မှာ နည်းနည်းပါးပါးပြောခဲ့ပြီးသလိုပဲ နောက်ကျရင်လည်းဒီ့ထက်နားလည်လာလိမ့်မယ် Steemit မှာ လူရာဝင်ချင်ရင် ကိုယ့်ရဲ့ Steem Power က ကြီးနေဖို့ များနေဖို့လိုအပ်တယ်..

ဒီSteem Power တွေက ဘယ်ကရမလဲဆို ကိုယ်တင်တဲ့ Post တွေရဲ့ Reward တွေကနေ Steem Dollar တစ်ဝက် Steem Power တစ်ဝက်ရမယ် အဲ့လို ရလာမယ့် Steem Dollar ကိုယ် ထုတ်ရောင်းချင်လည်းရောင်း သို့မဟုတ် Power တင်ချင်လဲတင် ဟုတ်ပြီ... ဒါပေမယ့် Steemit ဆိုတဲ့ Platform ဆိုတာက ရေရှည်လုပ်ရမယ့်ဟာတစ်ခုပါ နောက်နောင်လဲ အနာဂတ်ကောင်းကောင်းဖြစ်တဲ့ Platform တစ်ခုလို့တော့ပြောပါရစေ.. ဒါကြောင့် ဒီနေ့လုပ်ပြီး မနက်ဖြန် သန်ဘက်ခါ နောက်လ ချက်ချင်းချမ်းသာသွားမှမျိုးတော့မဟုတ်ဘူးပေါ့ဗျာ.. ကိုယ်တင်လို့ရလာတဲ့ Reward တွေကနေ Power လေး တစ်ဖြည်းဖြည်းကြီးလာမယ် ကြီးလာတာနဲ့ အမျှလဲ ကိုယ်က Steemit မှာလူရာဝင်ပြီဗျာ..

နောက်တစ်ခု Power များလာပြီးနောက် ကိုယ်ကိုယ်တိုင် ရလာမယ့် Reward တွေ အခွင့်အလမ်းတွေက အများကြီးပဲ ဒီတော့ Power တွေပဲ အရင်များအောင်ကြိုးစားစုမှသာ အချိန်ကစကားပြောလာတဲ့အချိန်ကျရင် အကျိုးအမြတ်များလိမ့်မယ်... နောက်တစ်ခုက အခုမှ စဖွင့်ဖွင့်ချင်းပဲဆို ကိုယ်က ဘာPower မှလဲ မရှိသေးချိန်မှာ ရတဲ့ပိုက်ဆံဆိုတာက ချိုချဉ်တစ်လုံးဖိုးတောင်ပြည့်ချင်မှပြည့်လိမ့်မယ်.. ဘာမှမရပါဘူးကွာဆိုပြီးလက်လျော့လိုက်ရင်တော့ အများကြီးမဟုတ်ဘူး နောက်တစ်နှစ်မှာ မိတ်ဆွေတို့ ကောင်းကောင်းနောင်တရလိမ့်မယ်.. စုဆိုတာလဲ စုနိုငင်သမျှစုတာအကောင်းဆုံးပေမယ့် အတိုင်းအတာတစ်ခုရောက်လာရင် အနည်းဆုံးတော့ မိမိတို့ကုန်ထားတဲ့ ဘေလ်ဖိုးလောက်ကို ပြန်ရောင်းစားနိုင်ပါတယ်.. ဒီထက်ပိုကောင်းလာရင်တော့ အိမ်စရိတ်ပါရလာမယ်... တစိုက်မတ်မတ်လုပ်သူကတော့ ကားတစ်စီးပါစီးနိုင်မယ်လို့ထိပြောချင်တယ်ဗျာ

အချိန်အများကြီးမပေးနဲ့ တစ်နှစ်ပဲလုပ်ကြည့် ကိုယ်က ဘာမှ မရင်းနှီးဘူး ဘာမှမ၀ယ်ဘူးဆိုရင် ဘေလ်ဖိုးကုန်တာကလွှဲလို့ ကျန်တာတွေက တစ်ချိန်မှာ အကျိုးအမြတ်ကောင်းကောင်းပေးနိုင်မှာပါ.. ဒါပေမယ့်မထူးတောင် Facebook လိုမျိုးမှာ Post တင်နေကြတာပဲဗျာ ဒီတော့ တအားကြီးမမျော်လင့်ဘဲ ဒီမှာလဲ လုပ်ကြည့်ပါ.. မမျော်လင့်နဲ့ဆိုတာ တခြားမဟုတ်ဘူးဗျ လူဆိုတာ မျှော်လင့်ထားသလိုဖြစ်မလာရင် စိတ်ဓါတ်ပိုကျလွယ်တက်လို့ပါ.. ဆိုတော့ စလုပ်သူများအဖို့ အခုနပြောတဲ့ ဘာမှမဟုတ်တဲ့ ပိုက်ဆံလေးကနေစရလို့ စိတ်ပျက်သွားမှာစိုးတာမို့ ကြိုသတိပေးတာပါ.. မိမိက တက်နိုင်လို့ Risk ခံနိုင်တဲ့ ပေါ့ပေါ့ပါးပါး အမောင့်တစ်ခုမှ Power ၀ယ်ပြီး လူရာဝင်အောင်လုပ်တာကတော့ မိမိတို့ အကျိုးခံစားရမှာပါပဲ.. ဘာမှမ၀ယ်ဘဲလုပ်လဲ ဒီမှာ ဘာမှမဖြစ်ဘူး အချိန်တန်ရင် ပိုက်ဆံကတော့ရနေမှာပဲပေါ့.. ကဲ ဒီPost တော့ ဒီလောက်ပဲ သိသလောက် ၄ ကျ မှ ဆက်လက်အားပေးကြပါခင်ဗျာ

Author : Arkar Phyo

26.7.2017

download (1).jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

You got a 1.79% upvote from @postpromoter courtesy of @arkarphyo!

Thanks

Thanks for sharing bro

Thanks Bro

This post has received a 0.42 % upvote from @buildawhale thanks to: @arkarphyo. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.

To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness

Thanks

စာပိုဒ် လေး တွေ ခွဲပြီးတင်ရင် ပိုပြီးဖတ်ရတာ အဆင်ပြေပါတယ်friend စာတွေ လိုက်ဖတ်တာ မျက်လုံးဝါးလာလို့ ပါ။ ခုလို့ တတ်တဲ့ ပညာတွေ steemit မှ မျှပေးတာ ကျေးဇူးတင်ပါတယ်။

ဟုတ်ကဲ့ အားပေးပါဦးနောက်ထပ် Post တွေကိုလဲ

This post has received a 1.84 % upvote from @boomerang thanks to: @arkarphyo

@boomerang distributes 100% of the SBD and up to 80% of the Curation Rewards to STEEM POWER Delegators. If you want to bid for votes or want to delegate SP please read the @boomerang whitepaper.

Thanks

ဖတ် မှတ် ခဲ့ပါတယ်

ဟုတ်ကဲ့ ကျေးဇူးပါဗျ

This post has received gratitude of 5.49 % from @appreciator thanks to: @arkarphyo.

Goodပါရှင့် ဖတ်ခဲ့ပါသည်😃

အားပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ

Thank bro

Thanks

Good post

So so good hee

Thanks

Thanks

Great post..
Thanks for knowledge sharing bro..