ကလေးဘဝ ပြန်လိုချင်

in myanmar •  7 years ago 

Myan.png
အပူအပင်မရှိတဲ့ ကလေးလေး ဘဝ
ပြန်ရချင် လား?
ငယ်ငယ် က မိဘဆီ လိုချင်တာ တောင်း ရှိတာ မရှိတာ နားမလည် လိုချင်တာ ပဲသိ ၊ မိဘ တွေက တော့ ကိုယ့်သားေ လးလိုချင်တာ မရ ၊ရအောင် ဝယ်ပေး၊
ကလေးဘဝ လိုချင်တာ ရတော့ ပျော်လို့ မိဘတွေကလဲ သားသမီးပျော် နေရင် စိတ်ချမ်းသာနေတတ်ပါသည်။
ကလေး ဘဝ စားချင်တာ တွေ့ရင် မိဘ ဆီမှ ပူစာ စားချင်တာ စားရပြန်တော့ ပျော်လို့ပေါ့၊ အိမ်မှာ ဟင်းမကောင်းရင်ကြက်ဥ ကြော် လေးတော့ ပါမှ စားတယ်။
မပါရင် မစားဘူး ဆန္ဒပြ ၊ အဲလို မှ မရင် ငို၊
တစ်ခါစ်လေ တုတ်ချောင်းစား ရတဲ့
နေ့ လဲ ရှိတယ်။ ကျွန်တော် မှတ်မိသေးတယ် ငယ်ငယ်က အိမ်မှာ ဟင်း မကောင်းရင် အမျိုးတွေ အိမ်မှာ
သွားစားတယ်၊ စားပြီးရင်တော့ ပြန် အိမ်တယ်။
ကျောင်းစတက်တော့ အိမ်ကနေ ကျောင်းတက် နေ့ခင်း ထမင်းစားဆင်းရင် အိမ်မှာဟင်းကောင်း ရှိတဲ့နေ့ဆိုရင် အိမ်ပြန် စားတယ်။ ဟင်းမကောင်းရင် အိမ်မပြန်ဘူးအဘွား အိမ် ကိုသွားတယ် ဘာဟင်းချက်
လဲ အဘွား ဆိုရင် အဘွားက ရှိတဲ့ ဟင်းတွေ ထုတ်ကျွေးတယ်။
download.jpg
ဆွဲပြီးသွားရင်
၊ စားပြီးသွားရင် အဖွါးက နေ့ခင်း ကျောင်းပြန်တက်ရင် စားဖို့ မုန် (သို့) ချိုချဉ် ပေးလိုက်သေးတယ်။ ပြီးရင် ကျွန်တော် က အဖွါး ညနေ ဘာဟင်း ချက်မှာလဲ ကြိုမေးခဲ့သေးတာ ကိုယ်ကြိုက်ဟင်း ချက်မယ် ကြားရင် ညနေ ကျောင်းဆင်း အိမ်မပြန်ဘူး အဖွါး အိမ်ကိုပဲ သွားတယ်။ အဖွါးကတော့ သူ့ မြေးလာရင်း ဟင်းကောင်းလေးတွေ ချက်ကျွေးတတ် တာ ငယ်ငယ်လေး ကတည်းက အခုထိပဲ ချသ်ဖို့ ကောင်းလိုက်တဲ့
အဖွါး ၊ ကျွန်တော် အရမ်းချစ်ရတဲ့ အဖွါးပေါ့။အဖွါးက ကျွန်တော် ကြိုက်တဲ့ ဟင်းတွေ ချက်ကျွေး နေသရွေ့  အဖွါးအိမ်ကနေပဲ ကျောင်းတက်တယ် လုံးဝ အိမ်မပြန်ဘူး ။ အခုပြောနေတာ အမေ ဘက်က အဖွါး ဟင်းချက် အရမ်းကောင်းတယ် ကျွန်တော် အကြိုက် တွေပဲ။
အဖွါးအိမ် နားက သူငယ်ချင်းတွေ နဲ့ ဆော့ကစားတာပဲ အဖွါးကတော့ ဆော့ကစားခွင့်ပေးထားတယ် ။ဒါပေမဲ့ ထမင်းစားပြီး နေ့ခင်း ခဏအိပ်ရတယ် ပြီးမှ ဆော့ကစားရင် ဘာမှ မပြောဘူး။ည နေ ရေချိုး ရင် ရေချောင်း စပ်မှာပဲ သူနဲ့ အတူ ရေချိုးရတာ ၊သူများတွေလို
ကျောက်ဆောင် ပေါ်တက်ပြီး၊ ရေထဲ ကုန်ချ ချင်တာ အဖွါးက တက်ခွင့်မပေးဘူး။ ရေ အနက်ထဲကို သွားခွင့်မပေးဘူး။ဒါက အဖွါးရဲ စည်းကမ်း သူ့ဆီ မှာ နေရင်
သူ့ စည်းကမ်း လိုက်နာ ရတယ် ၊ မလိုက်နာ ရင်တော့လဲ ရိုက်တော့ မရိုက်ပါဘူး။အမေဘက်က အဖွါးဆီမှာ့  ပျင်းလာရင် အဖေ့ဘက်က အဖွါးဆီမှာ သွား
နေတယ် ။အဖွါးနှစ်ယောက်အိမ် က ဝေးတယ်လေ ရွာအခေါ် အရှေ့တိုက်၊ အနောက်တိုက် ပေါ့။ အနောက် တိုက်က အဖွါး အိမ်မှာ နေပြီး ကျောင်တက်
နေ့ခင်းကျောင်းဆင်းရင် အရှေ့တိုက်ကအဖွါးဆီ ဝင်လိုက်သေးတယ် ၊ ကိုယ်ကြိုက်တဲ့ဟင်းချက်ထားတယ် ဆိုရင် အရှေ့တိုက်က အဖွါးဆီ မှာ ထမင်းစား
ပြီး ကျောင်းတက် ၊ အဲချိန်မှာ အနောက်
တိုက်အဖွါး က နေ့ခင်း ထမင်းစား မလာလို့ လိုက်လာတတ်တယ်။
images.jpeg
ကျွန်တော် အကျင့်ကို သိနေကြတော့ အဖွါးနှစ်ယောက်ကလဲ သူတို့ ချက်ထားတဲ့ ဟင်းက ကျွန်တော် ကြိုက်ဟင်းဆိုရင်ကျွန်တော့် ထမင်းစား လာဖို့ မှာလိုက်ပြီ
လူကြုံနဲ့ အိမ်မှာ ဟင်းကောင်းရင်တော့
သွားမစားဘူး ။အိမ်မှာပဲ စားလိုက်တယ်။
အရှေ့ တိုက်က အဖွါးက ကျွန်တော့်ကို
မနိုင်ဘူး ဘာဖြစ်လို့ လဲ ဆိုတော့ အဖွါး
ရဲ့ အိမ်နားမှာ ကျွန်တော်နဲ့ အတူ ဆော့တဲ့ သူတွေက မျောက်လောင်းတွေကျွန်တော် သူ တို့ ပေါင်းမိသွားရင်၊
အဖွါးကျွန်တော့် ကို လိုက်မရှာ နိုင်တော့ဘူး။ အဖွါးက အသက်လဲကြီးပြီးသိပ်ပြီး မြန်မြန် ဆန်ဆန် မလှုပ်ရှားနိုင်တော့ဘူး။
images.jpg
ကျွန်တော်ကတော့ အဖွါးပြော
တဲ့ မျောက်လောင်းတွေနဲ့ ပေါင်းပြီးလယ်ကွင်းထဲ ဂဏန်းဖမ်း ၊ မိုးရွာ ရင် ပိုပျော် အဖွါးဆီ မပြန်တော့ဘူး ။ အိမ်ပြန်ရောက်ချင် ရောက်သွားတာ အဖွါးကတော့ စိတ်ပူလို့ ကိုယ်တွေက အဲဒါတွေ မစဉ်းမိဘူး မေ့မေ့ပျောက်
ပျောက် သူငယ်ချင်းတွေနဲ့ ပျော်နေတာ။အဖွါးက အဖေနဲ့ တွေ့  ရင် ပြောလိုက်ပြီနင့်သား မျောက်လောင်း ငါမနိုင်ဘူး။ဒီအနားမှာ က သူ့ အတန်းဖော်တွေ က
ယောကျာ်းလေးတွေဆိုတော့ သူတို့နဲ့ပေါင်းမိသွားရင် ငါမနိုင်တော့ဘူး။ဘယ်ပျောက်သွားမှန်း မသိ လိုက်ဖမ်းလို့ မရဘူး ဆိုပြီး အဖေ့ကို တိုင်ပြီ အဖေက ပြောမရ ရင် ရိုက်သာရိုက် တဲ့ ဒီကောင်အိမ်မှာ လဲ မနေဘူး ဒီလိုပဲတဲ့ ပြောမရရင် ရိုက်တဲ့ ၊အဖေက အဲလို ပြောရင်
ကျွန်တော် ဘယ်နား နေရမှန်း မသိဘူး။
ကျွန်တော်က အဖေ့ကို ကြောက်တယ် လေ အဖေ ဆော်ပြီရင် တကယ်ဆော်တာ ၊ဒါပေမဲ့ အဲလိုရိုက်ရင် အိမ်မပြန်တော့ အဖွါး အိမ်မှာ နေတာပေါ့။အနောက်တိုက် အဖွါးအိမ်နားမှာ ကျောင်းက သူငယ်ချင်းတွေက မိန်းကလေး တွေများတယ်လေ သူတို့ ကစားရင် အဖွါးက
သိပ် ထိမ်းစရာ မလိုဘူး။
အရှေ့တိုက်က အဖွါးကတော့ ကျွန်တော့်ကို မနိုင်ဘူး။
ကျွန်တော် က ငယ်ငယ်လေးကတည်းကအိမ်နား ပတ်လည်က အဒေါ် အိမ်တွေလေ ပြီးတော့ ကျွန်တော်က အငယ်ဆုံးဆိုတော့ ဘယ်အိမ်သွားသွား ချစ်ကြ
တယ်။ ဘယ်အိမ်မှာ ထမင်းစားစားစားလို့ ရတယ် ၊ အခြားစားစရာ ရှိရင်လဲခေါ်ကျွေးနေကြ ဆိုတော့ ကျွန်တော့်ဘဝကြီးက ပျော်စရာကြီးပါ။ အိမ်မှာ အနေကြတဲ့ အခါ အဖွါး နှစ်ယောက်က လွမ်းလို့  လာခဲ့ပါဦး ဆိုပြီး
ခေါ်ရတာ ၊ တစ်ခါတစ်လေ သွားချင်မှသွားတာ ၊ သွားလိုက်ရင်လဲ စားချင်တာကျွေးထားတာ ဗျ အိမ်မပြန်ဖို့ ပျော်အောင်ထားတာ ထင်တယ်။
အရှေ့တိုက်က အဖွါးကတော့သွားချင်ရင် ခွင့်တောင်းပြီးမှ သွားမယ်ဆိုရင် သူ့ဆီမှာ နေ ပေါ့၊ အဖွါးပြောနေကြမျောက်လောင်းတွေနဲ့ပေါင်းမိသွားရင်နင်လဲမျောက် လောင်းပဲ ငါမလိုက်နိုင်ဘူးတဲ့။
images(2).jpeg

ဒါတွေက ကလေးဘဝ မှာပဲ ရနိုင်တာပါ
အပူအပင် ဆိုတာ မရှိဘူး။ အဖွါးနှစ်ယောက်နဲ့ ငယ်ငယ် က နေခဲ့ ရတာလေးသတိရလိုရေးသားလိုက်တာပါ။အခုချိန် မှာ အဖွါးနှစ်ယောက်လုံး အသက်ရှင်လာ အောင် လုပ်လို့ မရတော့
ပါဘူး။ ဒီဘဝ ဒီလောက်သာပါ။
အဖွါးနှစ်ယောက်လုံးကို သတိရတယ်။
Author:: AungSannLwin
Credit ::Google Image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

လိုချင်ပု ခေးဘဝဆို စာပြန်ကျက်ရမှာ 😝

စာကျက် မလိုပါဘူး

အတူတူပါပဲဗျာ

လူတိုင်း အတူတူပဲ ဒီလိုပဲ ဖြစ်ကြပါမှာ

ကျ​နော်​ငယ်​ငယ်​က အဘွားသုံး​ယောက်​ရှိတယ်​ဗျ။ အခု​တော့နှစ်​​ယောက်​ပဲကျန်​​တော့တယ်​ဗျာ ။

အတိုး ချ ချစန်ုင်ပါစေ

အပူပင်ကင်းတဲ့ ကလေးလေးဘဝကို တခါပြန်ပြီ ရချင်သေးတယ် သီချင်းလေးအတိုင်းပါဘဲ တခါတခါ ပြန်တမ်းတမိတယ်ဗျာ

ဟုတ်ဆို

အဲ သူချင်းရလို့လား @htinlinaung

ဖွားချစ်လေးပေါ့ ကျွှန်တော်လဲ အဖွားကို သတိရသွားပြီဗျာ

မေ့လို့ မရပါဘူး

အဖွားက ကျတော် အငယ်ကတည်းက ဆုံးသွား ခဲ့တာပါ။
တခါတလေတော့ အဖွားရဲ့ ဂရုစိုက်မှု ယုယမှုတွေ လိုချင်သား။
စကားမစပ် စာပိုဒ်လေးတွေ ခြားပေးရင် ပိုဖတ်လို့ ကောင်းမယ်ထင်တယ်ဗျာ။

ကျေးဇူးပါ

ကျွန်​​တော်​အဖွားလည်းကျွန်​​တော်​ငယ်​စဉ်​အခါကဆုံးသွားခဲ့တာ

အဖိုးကတော့ ကျွန် တော် ငယ်ငယ်လေးကတည်းက ဆုံးသွားခဲ့တာပါ

Thanks for the perfect post! @aungsannlwin

Thanks

Right

Thank

အပြစ်မသိသေးတဲ့ ခလေးလေးဘ၀ကို တစ်ခါပြန်ပြီးရချင်သေးတယ်

ဟုတ်ပ

ကလေးဘဝဟာအကောင်းဆုံးပါ
Tagလေးပြင်လိုက်ပါလား၊နည်းနည်းလွဲနေလာလို့

ဟုတ်ဟုတ်

  ·  7 years ago (edited)

ကလေးဘ၀ဆိုတာ အမှန်တကယ်ကို အပူတွေကင်းကြတယ် အရွယ်ရောက်လာလို့ ကြီးပြင်းလာတဲ့အခါမှာ တခါတလေ ကလေးဘ၀လေးတွေကိုပြန်လည်တမ်းတမိပါတယ် ဒါပေမယ့် တဖြည်းဖြည်းနဲ့ ကြီးထွား အိုမင်းလာရတဲ့သဘာဝရဲ့ အမှန်တရား လွန်ဆန်လို့မရနိုင်တော့ တဖြည်းဖြည်းနဲ့ အဖိုးကြီအို ဖြစ်နေဘီ

R.I.P to two of your grand mothers. yes all this are once in our life time. so we need to teach our next generation to treasure.

အပူအပင်ကင်းတဲ့ကလေးလေးဘ၀က်ု တစ်ခါပြန်ပီးရချင်သေး ထီးဆိုင်ကိုတောင်သတိရမိတယ်ဗျာ

ကျော်ကျော်နိုင်ပြောသလိုပဲ ကလေးဘဝပြန်ရောက်သွားရင် စာကျက်ရမှာတော့ကြောက်တယ်။ အရေးအသားတွေကောင်းလာပါတယ်။