ငွေကြောင့် သင့်ပတ်ဝန်းကျင်ကိုမဆုံးရှုံးစေချင်ပါ

in myanmar •  7 years ago  (edited)

ဒီနေ့ကျွန်တော်ရေးချင်တာလေးက
တော့ငွေနဲ့ပတ်သတ်ပြီးတော့ပါ။
ဒါလေးကိုရေးချင်လို့ရေးလက်စ
ဝတ္ထုလေးကိုဒီတစ်ခါခဏနားထားပါ
ရစေ။ကျွန်တော်ရေးတတ်သလိုလေးပဲ
ရေးသွားမှာဖြစ်တဲ့အတွက်စကားပြေ
အရေးအသားလိုပြေပြစ်မှုအားနည်း
သွားရင် ခွင့်လွှတ်ပေးကြပါလို့
စာဖတ်သူများကိုပထမဦးစွာတောင်း
ပန်လိုပါတယ်။

ကျွန်တော်လူမှန်းသိတတ်စအရွယ်မှ
စပြီးလောဘကြီးတယ်ဆိုတဲ့သတ်မှတ်
ချက်မျိုးကိုကြားဖူးခဲ့ပါတယ်။
ကျွန်တော်ကိုယ်တိုင်ရောလောဘ
ကြီးတဲ့အထဲမှာပါနေလားပေါ့။
ကိုယ့်ကိုယ်ကိုလည်းပြန်တွေးမိပါ
တယ်။ပုထုဇဉ်လူသားတွေဖြစ်တဲ့
အတွက်လောဘဆိုတာအနည်းနှင့်
အများတော့ရှိတတ်ကြတာပဲလေ။
မဟုတ်ဘူးလား?
ကျွန်တော်အသက်(၁၈)လောက်မှာ
ပရဟိတလုပ်ငန်းတွေစလုပ်ဖို့
ဝါသနာပါစပြုလာတယ်။
image
နောက်ကျတော့ ကိုယ်တတ်စွမ်းတာလေးနဲ့
ပရဟိတလုပ်မယ်ဆိုပြီးစိတ်ကူး
မိတော့ ဓမ္မစကူးလ်မှာစာသင်တဲ့
ဆရာဖြစ်လာပါတယ်။
နောက်ပြီးနွေရာသီရောက်ရင်
ရပ်ကွက်ထဲမှာရှိတဲ့ကလေးတွေကို
English Grammarသင်တန်း
အခမဲ့ဖွင့်ပြီးစာသင်ပေးတယ်။
ဒါကတော့ကျွန်တော်တတ်ကျွမ်း
တာလေးနဲ့ပညာဒါနအဖြစ်
ပရဟိတလုပ်တာပါ။
နောက်လည်းဒီထက်တိုးပြီးလုပ်နိုင်ဖို့
ကြိုးစားနေပါတယ်။
တကယ်ဆိုရင်ကျွန်တော်ကျောင်း
ဆရာအလုပ်ကိုဝါသနာမပါပါဘူး။
image
လောကကြီးမှာ"I was slected."
ဆိုတဲ့စကားအတိုင်းပတ်ဝန်းကျင်က
နေအလိုလိုပုံသွင်းသွားတာပါ။
လက်ရှိမှာကိုယ်ဖြစ်ချင်အရာတွေ
ဖြစ်လာဖို့ပဲကြိုးစားနေတဲ့အချိန်မှာ
ကျွန်တော့်အတွက်ငွေဟာဘဝရဲ့
အစိတ်အပိုင်းတစ်ခုမဟုတ်သေးပါဘူး။
လူတိုင်းကိုတော့ငွေနဲ့တိုင်းတာပြီး
ဆုံးဖြတ်တာမျိုး လုပ်ချင်တဲ့စိတ်မရှိတာ
ကအမှန်ပါပဲ။
အိမ်မှာလည်းဖုန်းမတောက်တခေါက်
ပြင်တတ်တော့ ကျွန်တော့်ပတ်ဝန်းကျင်မှာရှိတဲ့သူ
တွေကကျွန်တော့်ဆီလာပြင်လေ့ရှိတယ်။
ဒါပေမဲ့ပိုက်ဆံမယူပါဘူး။
တချို့ကလည်းဖုန်းBillထည့်ပေး
မုန့်ဝယ်ကျွေးတာမျိုးတော့ရှိတာပေါ့။
အိမ်ကလူတွေကတော့
အဲ့လိုဆိုရင်ပိုက်ဆံတောင်း
စေချင်တယ်။ကျွန်တော့်ကိုယ်ကျွန်တော်
ပရဟိတစိတ်ဓာတ်ရှိလို့မြင့်မြတ်
နေတယ်လို့တော့မဆိုလိုပါဘူး။
ဒါပေမဲ့ လူတွေအပေါ်ကိုငွေကြေးနဲ့
တိုင်းတာဆုံးဖြတ်ရတာမျိုးတော့
မလုပ်ချင်ဘူး။ကိုယ်ကိုယ်တိုင်က
စီးပွားရေးတစ်ခုကိုဇောက်ချပြီး
လုပ်တဲ့အခါကျရင်တော့ တစ်မျိုးပေါ့နော်။
Online Making Moneyအနေနဲ့
ငွေရှာတယ်ပေါ့လေ။
ဒါကလည်း နောင်တစ်ချိန်အတွက်
ရည်ရွယ်ထားတာလေးတွေရှိလို့ပါ။
ကျွန်တော်အဓိကပြောချင်တာက
ဒီမှာလာပါပြီ။လွန်ခဲ့တဲ့ တစ်လလောက်ကကျွန်တော့်အဒေါ်
ကနေတစ်ဆင့်ကျွန်တော့်ဆီကစာသင်
ဖို့ အစ်မကြီးတစ်ယောက်ခေါ်
လာခဲ့တယ်။
အလုပ်လျှောက်ဖို့
အင်္ဂလိပ်စာသင်ချင်လို့တဲ့။
အဲ့တော့လည်းသင်ပေးရတာပေါ့။
သင်ရင်းနဲ့လေးငါးရက်လောက်ရောက်
လာတော့အဒေါ်ကပြောတယ်။
"မင်း ပရဟိတလုပ်စရာမလိုဘူး
ပိုက်ဆံတောင်းမှာ ဘာမှသွားမပြောနဲ့
ဦး"တဲ့။
စဉ်းစားကြည့်ပါဦးဗျာ။
သူခေါ်လာတဲ့သူပဲလေ။
ထားပါတော့။ကျွန်တော်လည်း
ဘာမှမပြောခဲ့ပါဘူး။
ဒါနဲ့သင်ပြီးတဲ့ရက်မှာ ကျွန်တော့်ကို
ပုဆိုးတစ်ထည်ပေးသွားတယ်။
(ကိုယ့်ထက်ကြီးရင်တော့ ကန်တော့
မှာပေါ့)
အဲ့ဒါနဲ့အဒေါ်က ပုဆိုးကိုပိုက်ဆံနဲ့
ပြန်လဲမယ်တဲ့။
ကျွန်တော့်ရဲ့ပင်ကိုယ်စိတ်မှာတော့
ကိုယ့်ပညာကိုတန်ဖိုးဖြတ်တာမျိုး
မလုပ်ချင်ဘူးဗျာ။
အဲ့ဒါနဲ့ဒီတိုင်းပဲထားလိုက်ပါ။
လဲမနေပါနဲ့လိုပြောရတာပေါ့။
ဒီလိုနဲ့နောက်နှစ်ရက်သုံးရက်လောက်
ကျတော့ ကျွန်တော့်အဒေါ်ဆီကို
ဖုန်းဆက်လာခဲ့တယ်။ဖုန်းဆက်တဲ့သူ
ကသူနှင့်ငယ်သူငယ်ချင်းအရင်းကြီး
လို့တော့ပြောနေသံကြားမိတယ်။
နောက်ပြီးကျွန်တော့်ဆီစာလာသင်
တဲ့အစ်မကြီးရဲ့အဖေဖြစ်နေတယ်။
အရင်ကမပြောတာကသူငယ်ချင်းရဲ့
သမီးဆိုပြီးသင်တဲ့အခါမှာမဆို
မငေါက်ဘဲနေမှာစိုးလို့တဲ့။
အဲ့ကျတော့ကျွန်တော့်အဒေါ်က
သူ့သူငယ်ချင်းသမီးမှန်းသိရင်
အလကားသင်ပေးပါတယ်ဆိုပြီး
ချက်ချင်းဖြစ်သွားတယ်။
ကျွန်တော့်နှုတ်ခမ်းလေးတွန့်သွား
မိတယ်။ဘာလို့လဲဆိုတာကိုတော့
စာဖတ်သူတွေသဘောပေါက်မယ်
ထင်ပါလိမ့်မယ်။
ကိုယ်ငွေကြေးနဲ့တိုင်းတာဆုံးဖြတ်
လိုက်တဲ့သူကတစ်ချိန်မှာဘယ်သူ
ဘယ်ဝါဖြစ်နေမယ်ဆိုတာကို
ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။
ကျွန်တော်ပေးချင်တဲ့massageလေး
ကတော့ လူတွေကိုငွေကြေးအရ
ဆက်ဆံနေရတာကလည်းအင်မတန်
ပင်ပန်းလွန်းလှပါတယ်။
ပိုကောင်းတဲ့ရင်းနှီးခင်မင်မှုတွေ
လူမှုဆက်ဆံရေးတွေမှမရှိရင်
ငွေတွေဘာအတွက်ရှာနေကြတာလဲ?
ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေနောက်ကို
လိုက်ဖို့ငွေရှာနေတယ်ဆိုရင်တော့
သေတဲ့အထိလိုက်မမှီနိုင်ပါဘူး။
ဒါကြောင့်လည်း ပိုကောင်းတဲ့
ပတ်ဝန်းကျင်တစ်ခုကိုငွေမျက်နှာ
တစ်ခုတည်းမကြည့်ဘဲတည်ဆောက်
သင့်ပါကြောင်းအကြံပြုတိုက်တွန်း
နှိုးဆော်လိုက်ရပါတော့တယ်။ ။

image

Written by:Aung Thar Kyaw
@aungtharkyaw
MSC-138

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဟုတ်ပါတယ်ဗျာ ငွေဆိုတာ ကိုယ်အသက်ရှင်နေသ၍
ရှာလို့ရပါတယ်ဗျာ

မှန်တာပေါ့ဗျာ

အရမ်း​ကောင်းတဲ့ message ​လေးတစ်​ခုပါပဲဗျာ ​ငွေနဲ့အရာရာတိုင်း တိုင်းတာလို့မရနိုင်​ပါဘူးဗျာ

ဟုတ်ပါတယ် အမှန်ဆုံးပါပဲ

ငွေနဲ့ ပက်သက်လာရင် လူတွေရဲ့အတွေးများဟာ
ရှုပ်ထွေးတတ်ပါတယ် ညီလေး

ဟုတ် ဖြစ်တတ်ကြပါတယ်

တကယ်ကောင်းတဲ့ messageလေးပါ bro

ဟုတ် ကျေးဇူးပါBro

ငွေကြောင့် သူငယ်ချင်း မိတ်ဆွေ ဆွေမျိုးပြတ်သွားကြတာတွေလဲရှိတော့ သဟဇာတဖြသ်အောင်နေနိုင်ရင်အကောင်းဆုံးပါဘဲ

ဟုတ် အဲ့လိုနေနိုင်ရင်အကောင်းဆုံးပါပဲ

English grammer ပြန်သင်ပေးနေတယ် ဆိုတော့ E လိုရေးတင်ပါလား

ရေးတင်ဖို့စိတ်ကူးတော့ရှိပါတယ်Bro ဒါပေမဲ့ အချိန်ပေးနိုင်မှုအားနည်းသေးလို့ပါ

သိပ်မှန်တဲ့စကားပါပဲဗျာ ဆက်လုပ်ဖို့ အားပေးပါတယ်ဗျာ

ဟုတ် လုပ်ဖို့ကြိုးစားနေပါတယ်

ကောင်းမွန်တဲ့လုပ်ရပ်ပါပဲဗျာ
ပိုက်ဆံတောင်းမယ်ကြံပြီးမှ သူငယ်ချင်းရဲ့သမီးဖြစ်နေတော့ စေတနာပိုမိပြန်ရောပေါ့နော့
စေတနာကရောင်ပြန်ဟပ်ပါတယ်ဗျာ။ဒါပေမယ့် အမြဲစေတနာထားနိုင်မှဖြစ်မှာညီရေ နည်းနည်းလေးစေတနာလျော့ရင် အပြစ်ပဲအပြောခံရတယ်😢