ဟုတ်မှန်၊အကျိုးရှိသော စကား

in myanmar •  7 years ago 

လူသားတွေဟာနေ့တိုင်းနေ့တိုင်း
စကားပြောကြတယ်။
အတွေးအခေါ်အမျိုးမျိုး၊
ရှုထောင့်အမျိုးမျိုး၊
သုံးသပ်မှုအမျိုးမျိုး၊
လေ့လာမှုအမျိုးမျိုး စတဲ့အကြောင်း
ကြောင်းကြောင့် စကားဆိုတာတွေ
နှုတ်မှထွက်ကျလာကြပါတယ်။
စကားတွေဟာစပြီး
ပြောလိုက်တဲ့စကားနေရာမှာတင်
ပျောက်ကွယ်သွားတတ်သလို
သမိုင်းဝင်စကားအဖြစ်လည်း
မှတ်တမ်းဝင်သွားခဲ့တာမျိုးလည်း
ရှိပါတယ်။
(ဥပမာ-ဗိုလ်ချုပ်အောင်ဆန်းရဲ့
မိန့်ခွန်းစကားတွေကို ဒီနေ့လိုအာဇာနည်နေ့မှာ
မြန်မာနိုင်ငံအနှံ့အပြား ကြားနိုင်နေပါ
တာမျိုးကိုဆိုလိုတာပါ)
လူတိုင်းလူတိုင်းဟာကိုယ်ဘာပဲ
ပြောပြော ကိုယ်ပြောလိုက်တဲ့
စကားမှန်သမျှကိုတော့တာဝန်ယူကြ
ရပါတယ်။
ဒီတော့ကျွန်တော်တို့တွေနေ့စဉ်
ဘယ်လိုပြောဆိုပြုမူနေကြတယ်ဆို
တာကိုတော့ပြန်လည်သုံးသပ်သင့်
တယ်လို့ထင်မိပါတယ်။
ဒီနေရာမှာ စကားကြီး(၆)ခွန်းကို
အရင်ဖော်ပြပေးချင်ပါတယ်။
ဓမ္မစကူလ်းရဲ့ဆဋ္ဌမတန်းသင်ရိုးမှာလည်းပါပါတယ်။

          စကားကြီး(၆)ခွန်း

(၁) မဟုတ်မမှန် အကျိုးမရှိ သူတစ်ပါး
မကြိုက်တဲ့စကား။
(၂) ဟုတ်မှန်တယ် အကျိုးမရှိ သူတစ်ပါး မကြိုက်တဲ့စကား။
(၃) ဟုတ်မှန်တယ် အကျိုးရှိတယ်
သူတစ်ပါး မကြိုက်တဲ့စကား။
(၄) မဟုတ်မမှန် အကျိုးမရှိ သူတစ်ပါး
ကြိုက်တဲ့စကား။
(၅) ဟုတ်မှန်တယ် အကျိုးမရှိ သူတစ်ပါး ကြိုက်တဲ့စကား။
(၆) ဟုတ်မှန်တယ် အကျိုးရှိတယ်
သူတစ်ပါး ကြိုက်တဲ့စကား။
20180719_155916.jpg

ကျွန်တော်တို့မြန်မာနိုင်ငံဟာ
ထေရဝါရဗုဒ္ဓဘာသာထွန်းကားတဲ့
နိုင်ငံဖြစ်လို့ဗုဒ္ဓရဲ့အဆုံးအမတွေကို
ဗုဒ္ဓဘာသာဝင်တိုင်းလိုက်နာကျင့်သုံး
ကြရမှာပဲဖြစ်ပါတယ်။
ဒါဆိုရင် ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်
စကားပြောဆိုရာမှာ အထက်ပါ
စကားကြီး(၆)ခွန်းအနက်မှ(၂)ခွန်းပဲ
ပြောလေ့ရှိပါတယ်။အဲ့ဒီစကားနှစ်ခွန်း
ကတော့
ဟုတ်မှန်တယ် အကျိုးရှိတယ်
သူတစ်ပါး မကြိုက်တဲ့စကား။
ဟုတ်မှန်တယ် အကျိုးရှိတယ်
သူတစ်ပါး ကြိုက်တဲ့စကား။
တို့ပဲဖြစ်ပါတယ်။
ဒီစကားနှစ်ခွန်းကိုပြောတဲ့အခါတောင်
မှအခြေအနေနှင့်အချိန်အခါကိုကြည့်
ပြီးအခါအားလျော်စွာပြောကြားတော်
မူခဲ့ပါတယ်။
ဒီတော့လွယ်လွယ်ကူကူမှတ်ရန်
"ဟုတ်မှန်ပြီးအကျိုးရှိရင် သူတစ်ပါး
ကြိုက်ကြိုက် မကြိုက်ကြိုက် ပြောရမယ်"ပေါ့။
ဒီနေရာမှာ သူတစ်ပါးဆိုတာက
ကြားနာသူပါပဲ။
ကြားနာသူဆိုတာက အကောင်းမြင်
ဝါဒီသမားရှိသလိုအဆိုးမြင်ဝါဒီသမား
လည်းရှိမှာဖြစ်တဲ့အတွက် မိမိပြော
လိုက်သည့်စကားဟာ ဟုတ်မှန်၍
အကျိုးရှိဖို့သာလိုအပ်လှသည်ကို
ထင်ရှားပေါ်လွင်စေပါတယ်။
ဒီနေရာမှာကျွန်တော်ကိုယ်တိုင်ကြုံ
တွေ့ခဲ့တဲ့အကြောင်းအရာလေးတစ်ခု
နဲ့ယှဉ်ပြချင်ပါတယ်။
ကျွန်တော်Second year(English)
တုန်းကပေါ့။ကျောင်းမှာတက္ကသိုလ်
မဂ္ဂဇင်းထုတ်တဲ့အချိန်မှာကျောင်းသား/
ကျောင်းသူတိုင်းတစ်အုပ်စီရကြပါ
တယ်။ကျွန်တော်လည်းအဆောင်
ပြန်ရောက်တော့ ပျင်းတာနဲ့မဂ္ဂဇင်း
စာအုပ်လေးကိုဖတ်ဖို့ဖွင့်လိုက်တယ်။
ရှေ့ဆုံးစာမျက်နှာကမစဘဲ အလယ်
ကိုဖွင့်လိုက်မိတော့ အချစ်ဝတ္ထုတိုတစ်ပုဒ်ကိုသွားတွေ့
လိုက်ရပါတယ်။
အဲ့ဒါနဲ့ ဖတ်ကြည့်လိုက်တော့
စာရေးသူက သူ့ရဲ့ဇာတ်ကောင်
ကျောင်းသားလေး တိတ်တခိုးစွဲလမ်း
နေတဲ့ကောင်မလေးရဲ့ပုံပန်းသဏ္ဍာန်
တွေကိုအစီအရီဖော်ပြထားပြီး
သူမအနားမည်သို့မည်ပုံချဉ်းကပ်ခဲ့ပုံ
ကိုရေးထားတာပါ။ဖတ်ရင်းဖတ်ရင်းနဲ့
ထိုကောင်မလေးရဲ့မေဂျာက
Maths H2(ဒုတိယနှစ် ဂုဏ်ထူးတန်း)
လို့ရေးထားပြီး နောက်ဆုံးကျ
သူမမှာရည်းစားရှိနေလို့သူနဲ့လွဲခဲ့ရ
ကြောင်းရေးပြပြီး အဲ့ဒီကောင်မလေး
ကရေနံချောင်းကပါဆိုပြီးထည့်ရေး
ထားသေးတယ်။တခြားသူတွေ
အတွက်ကတော့ဒါကသာမန်လေးပေါ့။
ကျွန်တော်လိုရေနံချောင်းသား
တစ်ယောက်အတွက်တော့
အထူးအဆန်းဖြစ်သွားရတယ်။
ဘာလို့လဲဆိုတော့ရေနံချောင်းမှာ
ဒီဂရီကောလိပ်ရှိပြီးMathsလည်း
တက်လို့ရပါတယ်။English,Law,
Geologyလိုမေဂျာတွေသာမရှိတာပါ။
သချာင်္မေဂျာကိုတက်ဖို့ရာမကွေးမှာ
တက်စရာမလိုဘူးပေါ့။မိဘတွေကိုယ်
တိုင်ကမကွေးကိုပြောင်းသွားကြ
လို့လားစဉ်းစားပြန်တော့လည်း
ဝတ္ထုထဲမှာက အဆောင်နေတာဆိုပြီး
ထည့်ရေးထားပါတယ်။
ဒါဆိုရင်ပထမနှစ်ကတည်းကမကွေး
မှာဘဲတက်ချင်လွန်းလို့အိမ်ထောင်စု
ဇယားတွေဘာတွေပြောင်းပြီး
လာတက်တာလားပေါ့။
ဟုတ်ခဲ့မယ်ဆိုရင် သချာင်္ဂုဏ်ထူးတန်း
မှာလူဘယ်နှစ်ယောက်မှမရှိပါဘူး။
ရေနံချောင်းကသာတစ်ယောက်ယောက်
တကယ်ရှိနေတယ်ဆိုရင်
ဒီလိုအရေးအသားကရည်ညွှန်းခံရသူ
ရဲ့Privacyကိုထိခိုက်စေပါတယ်။
စိတ်ကူးယဉ်ဝတ္ထုဆိုရင်လည်း
ယုတ္တိရှိဖို့လိုသလို လက်တွေ့အဖြစ်
မှန်ဆိုရင်လည်း မေဂျာနှင့်နေရပ်တွေ
ကိုထည့်ရေးဖို့မသင့်လျော်ပါဘူး။
ဒီကိစ္စကိုကျွန်တော်ကအတန်းထဲမှာ
မြန်မာစာဌာနကဆရာမတွေစာလာ
သင်တော့ပြောပြမိပါတယ်။
တချို့ကလည်းကျွန်တော့်ကို
Negative Point of Viewကနေ
မြင်တယ်ပေါ့။
နောက်တော့ မြန်မာစာဌာနမှာရှိတဲ့
တက္ကသိုလ်မဂ္ဂဇင်းဖြစ်မြောက်ရေး
အဖွဲ့က နေစာထုတ်ပြန်ပါတယ်။
နောက်နောင်တွင် Privacy ကိုထိပါး
တဲ့စာမျိုးမရေးအောင်ပေါ့ဗျာ။
ဒီနေရာမှာကျွန်တော်ပြောချင်တာ
လေးကအဲ့ဒီအကြောင်းအရာလေးကို
ထောက်ပြတုန်းကကျွန်တော်ပြောတဲ့
စကားကိုကြိုက်တဲ့သူရှိသလို
မကြိုက်တဲ့သူတွေလည်းရှိခဲ့ပါတယ်။
ဒါပေမဲ့ကျွန်တော်ပြောတာမှန်ကန်ပြီး
အများအတွက်လည်းအကျိုးရှိပါတယ်။
နောက်ဆိုရင် ဒီလိုမျိုးလူတစ်ဦးတစ်
ယောက်ရဲ့Privacyကိုထိခိုက်စေမဲ့
စာပေမျိုး တက္ကသိုလ်မဂ္ဂဇင်း မှာ
မမြင်တွေ့ရတော့ဘူး။
အဲ့အချိန်တုန်းကကျွန်တော်ကိုယ်တိုင်
စကားကြီး(၆)ခွန်းဆိုတာကိုမသိခဲ့
သေးပါဘူး။ပြောသင့်ပြောထိုက်တယ်
ထင်လို့သာပြောခဲ့တာပါ။
ဒါပေမဲ့ကျွန်တော့်လုပ်ရပ်အတွက်
ကျွန်တော်ကျေနပ်အားရမိပါတယ်။

ကျွန်တော်တို့ရဲ့
နေ့စဉ်ဘဝမှာ ဟုတ်မှန်ပြီးအကျိုးရှိတဲ့
စကားတွေပြောရမယ်။
စာတွေရေးရမယ်။
အလုပ်တွေလုပ်ရမယ်။
သူတစ်ပါးကြိုက်သည်ဖြစ်စေ၊
မကြိုက်သည်ဖြစ်စေ
ကိုယ့်လုပ်ရပ်ရဲ့အကျိုးဆက်ကသာ
အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။
စာဖတ်သူတို့ဘဝမှာလည်းဟုတ်မှန်
ပြီးအကျိုးရှိတဲ့စကားတွေနှင့်အလုပ်တွေကို
နေရာမှန်မှန်၊အချိန်မှန်မှန်
လက်တွေ့လုပ်ဆောင်နိုင်ကြပါစေ။
PicsArt_01-01-11.17.19.jpg
Written by:Aung Thar Kyaw
@aungtharkyaw
MSC-138

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အချိန်မှန် နေရာမှန် စကားမှန်မယ်ဆိုရင်တော့ ကိုယ်ပြောတဲ့စကားက ပိုပြီးထိရောက်မယ်လို့ထင်ပါတယ်။

ဟုတ် အမှန်ပါပဲဗျာ

စကား၆ခွန်း လူတွင်ထွန်း လေးခွန်းကိုပယ် နှစ်ခွန်း

ရှေးဆိုရိုးလေးပေါ့ဗျာ

စကားကြီး၆ခွန်း လူ၌ထွန်း

မှတ်သားဖူးပါတယ်ဗျာ

စကားဆိုတာ ဓားသွားတွေထက် ပိုထက်ရှပါတယ်

ကဗျာဆန်လိုက်တာ

သူများလည်းအကျိုးရှိ
ကိုယ်လည်းအကျိုးရှိတဲ့စကားကို လူတိုင်းမပြောနိုင်ကျဖူးရယ်

အမှန်ပဲဗျို့

ဟုတ်ပါတယ်ဗျာ တစ်ချို့စကားတွေက မှန်ပေမယ့် အကျိုးမရှိရင်ပြောလို့မဖြစ်ပါဘူး

ဟုတ်တာပေါ့ဗျာ

စကားစကားပြောပါများ စကားထဲကဇာတိပြဆိုတာလည်းရှိတယ်။

ဟုတ်တာပေါ့ သရုပ်မှန်ပေါ်လာတတ်တယ်

စကားဆိုတာချင့်​ချင့်​ချိန်​ချိန်​​ပြောတာအ​ကောင်းဆုံးပါပဲ

အတိုင်းအဆလေးနဲ့ပေါ့ဗျာ

အချိန်​ မှန်​မှန်​ စာ​ရေး အချိန်​ မှန်​ မှန်​အိပ်​ဟဲဟဲ

အဆင်ကိုပြေနေရောပဲ

ဟုတ်မှန်ပြီး အကျိုးရှိတဲ့စကားတွေပြောဖို့ တစ်ခါတစ်လေကျ သတ္တိလည်းရှိဖို့ လိုမယ် ထင်တယ်။

သတ္တိဆိုတာထက်ကိုယ့်ကိုယ်ကိုယုံကြည်မှုကအရေးကြီးဆုံးပါ