လူကြီးလူကောင်းပီသဖို့……

in myanmar •  7 years ago  (edited)

image
ဘဝတွင်အောင်မြင်တိုးတက်မှုကို
ရရှိရန်ကြိုးပမ်းနေချိန်၌ဖြစ်စေ၊
အောင်မြင်တိုးတက်ပြီးသောကာလ
၌ဖြစ်စေ လူကြီးလူကောင်းပီသမှု
ရှိစေရန်အင်မတန်အရေးကြီးလှ
ပါသည်။လူကြီးဆိုသည်မှာအသက်
အရွယ်အားဖြင့်သာမက အသိဉာဏ်၊
အတွေးအခေါ်နှင့်အတွေ့အကြုံတို့
ဖြင့်ပြည့်ဝနေပြီးရင့်ကျက်မှုရှိနေခြင်း
ပင်ဖြစ်ပါသည်။တစ်နည်းအားဖြင့်
လူငယ်ဆိုသည်မှာအသက်
အရွယ်ငယ်တိုင်းလူငယ်မဟုတ်ပေ။
မိမိထက်သိမ်ငယ်သူများ
သည်လည်းလူငယ်ပင်ဖြစ်သည်။
လူကောင်းဆိုသည်မှာကောင်းသော
အရာနှင့်ဆိုးသောအရာနှစ်ခုတို့
အပေါ်မိမိ၏ကိုယ်ပိုင်အသိဉာဏ်
ဖြင့်ဆင်ခြင်ထောက်ရှုတွေးဆကာ
ကောင်းသောအရာများကိုလုပ်၍
ဆိုးသောအရာများကိုရှောင်ကြဉ်
နိုင်သည့်သူပင်ဖြစ်သည်။
အကယ်၍မိမိတို့သည်ယခုအချိန်၌
လူငယ်လူကောင်းများဖြစ်စေရန်
ကြိုးပမ်းအားထုတ်ရမည်ဖြစ်ပါသည်။
မိမိအသက်အရွယ်ရလာသောအခါ၌
လူကြီးလူကောင်းများဖြစ်လာစေရန်
ယခုလူငယ်ဘဝမှပင်ပြုစုပျိုးထောင်
ထားသင့်သောနာယကဂုဏ်(၆)ပါး
ရှိပေသည်။ထိုအင်္ဂါရပ်(၆)ပါးတို့နှင့်
ညီညွတ်အောင်ပြုမူကျင့်ကြံနေထိုင်
ပါကမိမိတို့သည်တစ်ချိန်၌လူကြီး
လူကောင်းများမလွဲမသွေဧကန်မုချ
ဖြစ်လာပေလိမ့်မည်ဖြစ်ပါသည်။
ထိုနာယကဂုဏ်(၆)ပါးမှာ-
(၁)သည်းခံခွင့်လွှတ်ခြင်း
(၂)နိုးကြားခြင်းသတိရှိခြင်း
(၃)လုံ့လဝီရိယရှိခြင်း
(၄)ဝေဖန်ခွဲခြမ်းပေးခြင်း
(၅)ငယ်သားများကိုသနားခြင်း
(၆)ရှေ့နောက်မျှော်မြင်ဆင်ခြင်တတ်
ခြင်း
တို့ဖြစ်ပါသည်။
image
(၁)သည်းခံခွင့်လွှတ်ခြင်း

"လူကြီးစိတ်မွေးရမည်"ဟူသော
ဆုံးမစကားကိုမိဘ ဆရာသမားနှင့်
အခြားသောအသက်ဂုဏ်ဝါကြီးသူ
များထံမှမကြာခဏကြားဖူးကြပါလိမ့်
မည်။လူကြီးစိတ်ဆိုသည်မှာသည်းခံ
ခွင့်လွှတ်တတ်သောစိတ်ဖြစ်သည်။
သည်းခံခွင့်လွှတ်တတ်ခြင်းမရှိပါက
မည်မျှပင်အသက်အရွယ်ကြီးရင့်
နေပါမူလူကြီးမပီသသူပင်ဖြစ်သည်။
မိမိထက်ငယ်ရွယ်သူများနှင့်အောက်
လက်ငယ်သားများအပေါ်၌လည်း
ကောင်း၊မိမိထက်အသက်ဂုဏ်ဝါ
ကြီးသူများအပေါ်၌လည်းကောင်း၊
မိမိနှင့်တန်းတူရည်တူပုဂ္ဂိုလ်များ
အပေါ်၌လည်းကောင်း၊မည်သူ့အပေါ်၌မဆို
အငြိုးအတေးအာဃာဓထားရှိခြင်း၊
လက်စားချေတုံ့ပြန်လိုခြင်းနှင့်
အကွက်ဆင်ကာချောက်တွန်းခြင်း
များကိုလုံးဝမပြုလုပ်ပေ။
ကိုယ်ချင်းစာနာတတ်သောစိတ်မွေးမြူကာမေတ္တာတရားကိုသာရှေ့တန်းတင်ရမည်ဖြစ်ပါသည်။
"သည်းခံခြင်းသည်အောင်မြင်ရာ၏"ဟုဆိုသည့်
အတိုင်းရန်ကိုရန်ချင်းမတုံ့နင်းဘဲ
သည်းခံခွင့်လွှတ်နားလည်နိုင်အောင်
အစဉ်ကြိုးပမ်းရမည်ဖြစ်ပါသည်။
image
(၂)နိုးကြားခြင်း၊သတိရှိခြင်း

မိမိလုပ်ရမည့်အလုပ်ကိုသတိရှိရှိဖြင့်
နိုးကြားတက်ကြွစွာလုပ်ကိုင်ရမည်
သာဖြစ်သည်။မေ့မေ့လျော့လျော့
ပေါ့ပေါ့ဆဆနေ၍မိမိလုပ်ရမည့်
အလုပ်တာဝန်ကိုအခြားသူပြောမှ
ဝတ်ကြေတန်းကြေပြုလုပ်ခြင်းကို
အထူးပင်ရှောင်ကြဉ်ရမည်။သတိ
ဆိုသည်မှာပိုသွားသည်ဟူ၍မရှိပေ။
အစစအရာရာ၌သတိရှိကာမှတ်မိသားမိရှိရမည်။
image
(၂)နိုးကြားခြင်း၊သတိရှိခြင်း

မိမိလုပ်ရမည့်အလုပ်ကိုသတိရှိရှိဖြင့်
နိုးကြားတက်ကြွစွာလုပ်ကိုင်ရမည်
သာဖြစ်သည်။မေ့မေ့လျော့လျော့
ပေါ့ပေါ့ဆဆနေ၍မိမိလုပ်ရမည့်
အလုပ်တာဝန်ကိုအခြားသူပြောမှ
ဝတ်ကြေတန်းကြေပြုလုပ်ခြင်းကို
အထူးပင်ရှောင်ကြဉ်ရမည်။သတိ
ဆိုသည်မှာပိုသွားသည်ဟူ၍မရှိပေ။
အစစအရာရာ၌သတိရှိကာမှတ်မိ
သားမိရှိရမည်။
image

(၄)ဝေဖန်ခွဲခြမ်းခြင်း

မိမိနှင့်ထိတွေ့ဆက်ဆံနေသူများ
အပေါ်၌အကျိုးအပြစ်ကိုဆင်ခြင်
ထောက်ရှုကာဝေဖန်ပိုင်းခြားပေးရ
နိုင်စွမ်းရှိရမည်။အမှားကိုအမှားဟု
ထောက်ပြပေးနိုင်သောသတ္တိရှိရန်
လိုအပ်သလိုအမှန်ကိုလည်းအမှန်ဟု
ချီးကျူးဝင့်သောစိတ်ထားရှိရန်
အထူးပင်လိုအပ်လှပေသည်။
လာဘ်လာဘအခွင့်အရေးများရရှိ
လာသောအခါတွင်လည်းလုပ်ဖော်
ကိုင်ဖက်များအားမျှဝေခွဲခြမ်းပေးရ
မည်။မိမိချည်းသာလက်ဝါးကြီးအုပ်
လိုသောစိတ်ထားမမွေးမြူရပါ။
ဤသည်မှာဝေဖန်ခွဲခြမ်းတတ်ခြင်း
ပင်ဖြစ်သည်။
image
(၅)ငယ်သားများကိုသနားခြင်း

မိမိ၏အောက်လက်ငယ်သားများ
အပေါ်၌ဆွေမျိုးရင်းချာပမာကြင်နာ
သနားရမည်ဖြစ်ပါသည်။၎င်းတို့၏
ကျန်းမာရေး၊လူမှုရေးနှင့်ပညာရေး
စသည့်ကိစ္စအဝဝတို့အပေါ်၌အမြဲ
ထောက်ရှုနေရန်လိုအပ်လှပေသည်။
မိမိ၏အလုပ်နှင့်မသက်ဆိုင်ဟူ၍
ပစ်ပယ်ထားခြင်းမပြုရ။အလုပ်ချိန်
ုပြင်ပ၌၄င်းတို့ကြုံတွေ့ရသော
အခက်အခဲများ၊မိသားစုအရေးများ
ကိုပါလေ့လာကြည့်ရှု၍လိုအပ်သည်
ကိုတတ်နိုင်သလောက်ကူညီပေးရ
မည်ပင်ဖြစ်သည်။
image

(၆)ရှေ့နောက်မျှော်မြင်ဆင်ခြင်တတ်
ခြင်း

မိမိ၏လုပ်ငန်းခွင်တွင်ပြဿနာတစ်စုံ
တစ်ရာပေါ်ပေါက်ခဲ့ပါကရှေ့နောပ်
မျှော်မြင်ဆင်ခြင်ကာပြဿနာ၏ဇစ်
မြစ်ကိုရှာဖွေနိုင်ရမည်။အနာသိလျှင်
ဆေးရှိသောကြောင့်အကျိုးအကြောင်း
အဆိုးအကောင်းကိုဝေဖန်တတ်ရမည်။
ထိုအကြောင်းနှင့်ပတ်သတ်၍
ဇာတ်ပွဲအတွင်း၌တရားသူကြီးနေရာ
မှသရုပ်ဆောင်သောလူကြီးကိုပြေး၍
အမှတ်ရမိသည်။သူ့ခမျာတရားလို
ပြောသမျှကိုလည်းမှန်နိုးနိုး၊တရားခံ
ပြောသည့်အခါ၌လည်းဟုတ်တုတ်တုတ်
ဖြစ်နေရှာသည်။လက်တွေ့ဘဝတွင်ဤသို့အဖြစ်မျိုး
မရောက်ရှိစေရန်ကြိုးပမ်းအားထုတ်
ရမည်ဖြစ်ပါသည်။

မိမိတို့သည်"ယနေ့လူငယ်နောင်ဝယ်
လူကြီး"ဆိုသည့်အတိုင်းယခုလူငယ်
ဘဝတွင်လူငယ်လူကောင်းများဖြစ်
စေရန်အထက်ပါအင်္ဂါ(၆)ရပ်ကို
မိမိနှင့်တစ်သားတည်းဖြစ်အောင်
မွေးမြူထိန်းသိမ်းစောင့်ရှောက်ကာ
စနစ်တကျပြုစုပျိုးထောင်ရမည်
ဖြစ်ပါသည်။သို့မှသာနောင်အချိန်၌
မြန်မာနိုင်ငံမှလူကြီးလူကောင်းများ
စွာပေါ်ထွက်လာမည့်အရေးကို
မျှော်တွေး၍ဝမ်းသာပီတိဖြစ်မိရပါ
ပေတော့သည်။
image
Credit Photos:Google
Written by:Aung Thar Kyaw
@aungtharkyaw
MSC-138

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကောင်းတယ် ညီစိတ်ကူး အကိုယ်ကတော့
(၆)ရှေ့နောက်မျှော်မြင်ဆင်ခြင်တတ်
ခြင်း ထဲက
အလုပ်တစ်ခုမှာ အစဉ်မပြေဖြစ်ရင်ရှေ့နော်မျှော်မြင်ဆင်ခြင်တတ်တယ်ညီရေ

အသုံးတည့်တာချည်းပေါ့ဗျာ

လူကြီးလူကောင်းများကို မျှော်နေပါတယ်

ကြိုဆိုလျက်ပါ

လူကြီးလူကောင်းများနှင့် သာ ကြုံပါရစေဗျာ ကိုယ်မဖြစ်သေးခင်

အရမ်းကောင်းပါတယ်

nice

Good!

အသက်ကြီးလာလို့ လူကြီးဖြစ်လာရတာထက်အသိပညာဗဟုသုတနဲ့ လုပ်ရေကိုင်ရေ ကောင်းမွန်ပီး ခေါင်းဆောင်တတ်ကာ လူကြီးဖြစ်ရတာက ပိုကောင်းပါတယ်ဗျား
ကျနော့အတွေးလေးပါ

Good post.DQmNsZAckGSfAqqg1i8mEhzg3Zd8utHXUdkkz76kFYCDQH9.gif

ကြီးတာထက် ကောင်းတာဖြစ်သင့်တာပေါ့

တတ်ကျမ်းစာပေမှ ကြိုဆိုပါ၏
လူကြီးလူကောင်းဆန်စွာ တာဝန်ယူတတ်ဖို့ လိုပါမယ်

နာယကဂုဏ်ခြောက်ပါးကို ခုမှသိတယ်ဗျာ ကျေးဇူးပါ

Woo အတွေးအခေါ်တွေ အရမ်းမြင့်တယ် လေ့လာမှတ်သားသွားပါတယ်

တကယ်ကိုအရေးသားတွေကောင်းပါတယ်ဗျာ

good

သည်းခံခြင်းဆိုတာကတော့ မလွယ်ပေမယ့်
ကျင့်သားရသလိုဖြစ်နေပါပြီ Bro ရေ

ဆင်ခြင်မှတ်ယူသင့်တဲ့အရာတွေပါဗျာ

စိတ်ကူးအတွေးများ မြင့်တယ်ဗျာ