Trust to take hold

in myanmar •  8 years ago 

kutho Vs arkutho bone.png
The world is good or bad ideas tend to get obsessed.
I think that is a fair chance compete with dharma and they had to remove children.
If you can reduce how many people will think it easy. But I afford.
I rooted for them. Guide will not only believed possible product. As far as we understand if you need to share
Some believe.
Moderate and a lot of things.
Believe these things.
Walking good faith.
Taken together, the mutual
Hardcover assist in negotiations.
Submit share find a problem and do not bother, do not equal peace.
Rice dig ego and equal partnership.
Build implementation funny urge.
Take what was really too bad. I had often in trouble again. I 've often occur. So all we had, all fresh from the ego mind can 0 need to try to eliminate,
Ideology or social, political and economic advice. Addicted to pop open the disadvantaged. Alternatively, a moderate.
If they go to such extreme on
he is often self then, I saw a man with anger.
The lack of understanding no sympathy.
Sided irrigated rice . Humans tend to get killed to trample on one another.
This is one of the world's very risk adverse ruling.
We do believe in radical and
in fact, different.
I believe the public troubles, without receiving points.
Achieved and built in accordance with the walking. A radical one big ego. He often ,I think the public anger, greed, one hand still.
These issues are in fact,the world can cause damage or device.
It's good to be substantial.
Scary had the best if you can avoid almost four fresh ,develop a definition of being a man. What are these four ?Because, intuitively think. False prayer rally in the doctrine set. Wrong in practice set. Abdominal self policy set. He had faced a symbol of the world and the world, even if you hide something inevitably.
Aung Zaw Htwe

ဥပါဒါန်အစွဲအလမ်း

လောကလူသားတွေမှာကောင်းတာကိုဖြစ်စေ၊ဆိုးတာကိုဖြစ်စေအယူအဆအစွဲအလမ်းတွေအမျိုးမျိုးရှိတတ်ကြပါတယ်။
ကျွန်တော်စဉ်းစားမိတာကတော့ဘုရားဟောတရားဓမ္မတွေနဲ့ယှဉ်ပြီးတော့သူတို့အစွဲလေးတွေကိုဖြုတ်ပေး
နိုင်မယ်ဆိုရင်အနည်းနဲ့အများသောကလျော့ပါးသွားမယ်ထင်မိတာပါပဲ။ဒါပေမဲ့လွယ်တော့မလွယ်လှပါဘူး။
ဒီလိုအစွဲတွေကသူတို့တွေအတွက်အမြစ်တွယ်နေပါပြီ။ လမ်းညွှန်ပေးယုံလောက်ပဲ တတ်နိုင်မယ် ထင်ပါရဲ့။ နားလည် ထားသလောက်ပြန်လည် မျှဝေရမယ် ဆိုရင်
ကိုယ်ယုံကြည်ထားတဲ့ တစ်ချို့
အရာတွေပေါ်မှာ အစွန်းမရောက်ပါနဲ့။
ထိုအရာတွေကို ယုံကြည်ပါ
ယုံကြည်ပြီးတော့ ကောင်းမွန်စွာ လျှောက်လှမ်းပါ။
လက်တွဲခေါ်ဆောင်ပါ သူဖက်ကိုယ့်ဖက် အပြန်အလှန်
နားလည်ပေးပါ ဖေးမကူညီပါ ညှိုနှိုင်းပါ
မျှဝေပါ တင်ပြပါ ဒုက္ခမရှာပါနဲ့ ပြဿနာမရှာပါနဲ့
ရန်မမူပါနဲ့ အများတန်းတူ ငြိမ်းချမ်းခြင်းကို
တူးဆွကြပါ အတ္တမဆန်ပါနဲ့ တူညီစွာလက်တွဲ
အကောင်အထည်ဖော် တည်ဆောက်ပါ အဲလိုပဲ တိုက်တွန်းချင်ပါတယ်။
ဘယ်အရာမဆို အစွဲအလန်းအရမ်းထားလွန်းရင် မကောင်းပါဘူး။ အဲဒီစွဲလန်းတဲ့ စိတ်ကြောင့်ဘဲ ကိုယ့်ကိုပြန်ပြီးတော့ ဒုက္ခပေးတတ်ပါတယ်။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တတ်ပါတယ်။ ထို့ကြောင့်ကျွန်တော်တို့တွေအားလုံး အစွဲအလန်းအတ္တစိတ်တွေကို တတ်နိုင်သလောက်ကနေလုံးဝပပျောက် အောင်ကြိုးစားကြဖို့လိုအပ်ပါတယ်။
မိမိ(သို့) ကိုယ်ခံယူထားတဲ့ အယူအဆ အတွေးအခေါ်
ဝါဒ သို့မဟုတ် လူမှုရေး နိုင်ငံရေး စီပွားရေး စသည့်တို့ အပ်ါမှာ
သိပ့်ပြီး အစွဲအလန်း မကြီးပါနဲ့
တစ်နည်းအားဖြင့် အစွန်းမရောက်ပါနဲ့။
ထိုအရာတွေပေါ်မှာ ထိုကဲ့သို့ အစွန်းရောက်လွန်းသွားလျင်
ထိုသူဟာ အတ္တကြီးသွားတတ်ပါတယ် ထိုအခါ
ဒေါသတွေနှင့်အတူ လူကို လူလို့မမြင်တော့ဘူး
စာနာစိတ် မရှိတဲ့အပြင် နားလည်မှုကင်းမဲ့ပြီး
တဖက်သတ်ဆန် ထစွတ်ထိုးကိုယ်ထင်ရာ
စိုင်းတတ်ပါတယ် ထိုအခါ ဘာဖြစ်လာသလဲဆိုတော့
လူသား အချင်းချင်း နင်းခြေ သတ်ဖြတ်တတ်ကြပါတယ်
ဒါဟာ ကမ္ဘာမှာသိပ်စိုးရွားတဲ့ အန္တရာယ်ကြီး တစ်ခုပါပဲ။
အစွန်းရောက်တာနှင့် ယုံကြည်တယ်ဆိုတာ
တကယ်တော့ မတူညီပါဘူး။
ယုံကြည်တယ်ဆိုတာ အများသူငါကို ဒုက္ခ
မပေးပဲ ကိုယ်ခံယူထားတဲ့ အချက်တွေကို
ဖြစ်မြောက်အောင် အများနှင့်လျော်ညီစွာ တည်ဆောက်
လျှောက်လှမ်းနေခြင်းဖြစ်ပါတယ်။
အစွန်းရောက်တယ်ဆိုတာကတော့
အတ္တကြီးသွားခြင်း တစ်မျိုးပါပဲ
ထိုသူဟာ ကိုယ့်ဘက်ပဲကြည့်တတ်ပြီး
သူထင်ရာသူလုပ် အများသူငါကို
ရန်မူ ဒေါသဖြစ် လောဘတရားကို
လက်ကိုင်ထားသူတစ်ယောက်ဖြစ်နေရင်
ထိုအကြောင်းအရာတွေဟာ အမှန်တော့
ကမ္ဘာကြီးပျက်စီးနိုင်တဲ့ အကြောင်းတရားတွေပါပဲ
သိပ့်ကြောက်ဖို့ကောင်းပါတယ်။
ကြောက်စရာ အကောင်းဆုံး အစွဲအလန်း လေးမျိုးလောက်ကို ရှောင်ရှားနိုင်ပြီဆိုလျှင်ဖြင့် လူ့ဘဝရဲ့လူဖြစ်ရခြင်းဟာ အဓိပ္ပါယ်ရှိလာမှာ ဖြစ်ပါတယ်။ အဲ့ဒီလေးမျိုးက ဘာတွေလဲ ဆိုတော့
ကာမဂုဏ်၌ စွဲလမ်းခြင်း။ မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ၌ စွဲလမ်းခြင်း။ မှားယွင်းသော ကျင့်စဉ်၌ စွဲလမ်းခြင်း။ အတ္တ၀ါဒ၌ စွဲလမ်းခြင်း စသည်တို့ဖြစ်ပါတယ် ။ ထို အစွဲလေးခုလောက် ဖျောက်နိုင်လျှင်ပင် လောက ကမ္ဘာကြီးနှင့် သင် တစ်သားတည်း ကျနေမှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။IMG_20170714_224129.png

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations @aungzawhtwe! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

good

Thank bro.

vote done bro