" တစ်ချိန်က " နန်း " သို့ "

in myanmar •  7 years ago  (edited)

DQmWqM1faGeq5JaJJDK7gGwrcsY7HdrmUCrskL4S2tiDLKX.jpeg
လူတိုင်းကပြောနေကြပြီ " နန်း " ရေ ငါ့ကို အရက်သမားတဲ့။ Steemit က ညီအကိုတွေကတောင် သူတို့ရဲ့ဇာတ်လမ်းထဲမှာ ငါ ပါဝင်ခွင့်ရတဲ့အချိန် ငါသရုပ်ဆောင်ရတဲ့ ဇာတ်ကောင်နေရာက အရက်သမားနေရာပဲ ရတယ်။ ဟုတ်လည်းဟုတ်တာပဲလေ ငါ့မှာ အဖော်ပြုစရာဆိုလို့ Steemit ရယ် အရက်ရယ်ပဲ ရှိတော့တာမို့လား။
IMG_20180208_110121.jpg
" နန်း " သိပါတယ်ဟာ ငါအရင်တုန်းက နင်နဲ့အတူရှိနေတဲ့အချိန် ငါအရက်ဆိုတာ အနံ့တောင် ခံနိုင်ခဲ့တာမဟုတ်ဘူးလေ။ အခု "နန်း" ငါ့ကိုမချစ်လို့ မုန်းခဲ့တဲ့ နောက်ပိုင်းမှာမှ ငါ့အတွက် ဖြေသာစရာ ရလို့ရငြား ငါအရက်တွေ သောက်မိတယ်။ ငါယုံကြည်တဲ့ ငါမျှော်လင့်ခဲ့တဲ့ နင်တောင်မှ ထားသွားရက်သေးတာ အခုလိုငါ အရက်သမားလုံးလုံးကြီး ဖြစ်နေတဲ့အချိန် ဘေးလူတွေ အရက်သမားမကလို့ ဘယ်လိုပဲ ခေါ်ခေါ် ငါဂရုမစိုက်တော့ပါဘူး " နန်း " ရယ်။

ဟိုအရင် နင်နဲ့ အတူရှိနေချိန်တုန်းကတော့ ငါ့မှာ ပျော်ခဲ့ရဖူးတယ်။ အဲ့အချိန်တုန်းက နင်ပြောခဲ့တာတွေက အချစ်စကားအတုအလှ ချိုလွင်တဲ့ အပြုံးအတု ကြင်နာယုယမှုတွေက အစစ်မဟုတ်ဘူးဆိုတာ ငါမရိပ်မိခဲ့ဘူးလေ။

ပလီပလာ တီတီတာတာ နင်ပြောခဲ့တာလေးတွေကို ငါ့မှာအဟုတ်ကြီးမှတ်ပြီး ကြည်နူးခဲ့ရသေးတယ်။ နင်ကတော့ ငါကွယ်ရာရောက်ရင် အဲ့အချိန် ကျိတ်ရယ် နေခဲ့မှာပေါ့နော်။

ငါ့မှာ ဘာအပစ်တွေ ရှိလို့ ငါ့ဘဝကို ထုံးလိုချေ ရေလိုနှောက်ခဲ့ရတာလည်း " နန်း " ရယ်။အဲဒါလေး တစ်ခုတော့ ငါသိခွင့်ရှိရင် သိချင်မိပါတယ်ဟာ။ နင်က ငါ့ကိုတကယ်ချစ်ခဲ့တာမဟုတ်ပဲ ချစ်ဟန်ဆောင်ခဲ့တယ်နော်။ တကယ်တော့ နင်ငါ့ကို အရူးလုပ်ချင်ခဲ့တယ်ဆိုတာ ငါအခုမှ သိလိုက်ရတာပါ။ ဒါပေမဲ့ ငါကျေနပ်ပါတယ်ဟာ။ နင်ဖြစ်စေချင်တဲ့ အရူးတင်မကပါဘူး ခုတော့ ငါ့ဘဝက အရူးတပိုင်း အမူးတပိုင်းပါ ဖြစ်နေပြီလေ။ နင်ကျေနပ်တယ် မို့လားဟင်။

နင်ငါ့ကို အကြောင်းမရှိအကြောင်းရှာ ခွဲထားခဲ့ပေမဲ့ ငါ့မှာတော့ အခုချိန်ထိ နေ့စဉ်နဲ့အမျှ တမ်းတလွမ်းဆွတ် သတိတရ ရှိနေတုန်းပါပဲ " နန်း " ရယ်။

ငါ့မှာလေ ဆောင်းရောက်လို့ နှင်းတွေ ဝေနေရင်လည်း နင့်ကို လွမ်းရတယ်။ မိုးရာသီရောက်လို့ မိုးတွေ ဖွဲဖွဲလေးပဲကျကျ သည်းသည်းမဲမဲပဲ ရွာရွာ သတိရတယ်။ နွေရာသီ သစ်ရွက်တွေကြွေလို့ နေမင်းကြီး အရမ်းပူပြင်းနေလဲ နင့်ကို တမ်းတမိတုန်းပါပဲ " နန်း " ရယ်။
images (10).jpeg
အခုနင် ဘယ်ရောက်နေပြီလဲ ချစ်ခဲ့ရတဲ့ ချစ်မြဲချစ်နေဆဲ " နန်း " ရေ။ ငါမဟုတ်တဲ့ တစ်ပါးသူရဲ့ရင်ခွင်မှာ နင်ပျော်နေမှာပေါ့နော်။ နင်ပျော်နေတယ်ဆို ငါကျေနပ်ပါတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ငါသိပ်ချစ်တဲ့နင့်ကို အမြဲ ပျော်စေချင်တယ်လေ။ နင့်ကို သတိရတမ်းတမိတဲ့ငါကတော့ ဝေဒနာ သက်သာလို့ သက်သာငြားဆိုပြီး အရက်တွေပဲ ဖိသောက်နေမိတယ်။
acohoss.jpg
အထီးကျန် လွန်းလှတဲ့ ငါဘဝကလည်း နင့်ကို သတိရရင် ဒါပဲ ဖြေဆေးရှိတယ်လေ။ နင်ကတော့ ဘယ်ဌာနေ ဘယ်ဝယ်ဆီမှာ ရောက်နေမှန်း မသိပေမဲ့ ငါ့မှာတော့ အမှတ်တရလေးတွေ ကြုံတိုင်း နင့်ကို သတိရမိတယ်။ နင့်ကို သတိရတိုင်း ငါဘာလုပ်လဲ သိလား။ နင့်ကိုသတိရတိုင်း ငါ အရက်ပုလင်းဆီကိုပဲ လက်လှမ်းမိတယ် " နန်း " ရယ်။ နင်ကတော့ ဒါကိုသိမှာ မဟုတ်ပါဘူး ။ သိလည်း နင်ဂရုမစိုက်လောက်ပါဘူးလေ။

မချစ်ဘူးလို့ ရူးတယ်ပဲ ပြောရမလား ငါ့ဘဝမှာလည်း အသဲပေါက်မတတ်ချစ်ခဲ့ရတာလည်း နင်ပဲရှိတာလေ။ အချစ်ဦးဆိုတာလည်း နင်ပါပဲ။ ငါ့ဘဝမှာ နင်တစ်ယောက်ပဲ ချစ်ခဲ့ဘူးတာလေ။

နင်ငါ့ကို ထားသွားခဲ့ပြီး နောက်ပိုင်းမှာ ငါအရက်တွေ နင်းကန်သောက်ဖြစ်တယ်။ နင့်ကိုမေ့လို့မေ့ငြားပေါ့လေ။ အရက်တွေချည်းပဲ သောက်နေလို့ မဖြစ်ဘူးဆိုတာတော့ ငါနားလည်ပါတယ်။ ငါ့ရဲ့ နင့်ကို လွမ်းဆွတ်မိနေတဲ့ ဝေဒနာကို အရက်မဟုတ်တဲ့ တစ်ခြားနည်းလမ်းနဲ့ ငါကုစားချင်သေးတယ်လေ။

ကုစားစရာ နည်းလမ်းတော့ ငါတွေ့ခဲ့တယ်။ အင်တာနက်ဆိုတာကြီး တို့နိုင်ငံမှာ ခေတ်စားလာတော့ ငါလည်းအများနည်းတူ စမတ်ဖုန်းလေး တစ်လုံး ဝယ်ပြီး အင်တာနက်သုံးကြည့်တာပေါ့လေ။ ငါစသုံးတုန်းကတော့ facebook ဆိုတာလောက်ပဲ သုံးတတ်ခဲ့တာ။ အံမယ် နင့်ကို မေ့သလိုလိုတော့ ဖြစ်သွားသားပဲဟ။ facebook ဆိုတာကြီးပေါ်မှာ နင့်ထက်ချောတဲ့ကောင်မလေးတွေ အများကြီးပဲလေ။ တစ်ရက်တစ်ရက် facebook လေး ပွတ်ရင်း ကောင်မလေး ချောချောလေးတွေနဲ့ စကားပြောရင်းနဲ့ အရက်တောင် ပြတ်လုပြတ်ချင် ဖြစ်သွားသေးတယ်။
102002782-facebook-xlarge_trans_NvBQzQNjv4BqhasgUMiR-rxiRxu9qBoVLQpcDfsC-seRM-lm2nZ7XJA.jpg
ဒါပေမဲ့ ရှာရှာရှေရှေ စပ်စပ်စုစု လုပ်တတ်တဲ့ ငါ့အကျင့် နင်လည်း သိသားပဲ " နန်း " ရယ်။ facebook ဆိုတာလောက်တင် ရပ်မထားပဲ အင်တာနက်မှာ ဟိုဟိုသည်သည် လျှောက်လေ့လာကြည့်တော့ စာတွေ ရေးတင်ရင် ပိုက်ဆံ ရတယ်ဆိုတဲ့ Steemit ဆိုတာကြီး ငါသွားတွေ့တာပဲဟေ့။
download (4).png
ငါ့အတွက်တော့ အဆင်ပြေတာပဲပေါ့။ နင့်ကို လွမ်းနေစရာ အချိန်မရှိတော့အောင် စာတွေလည်းရေးရင် ပိုက်ဆံလည်iး ရမှာဆိုတော့ အတော်ပဲပေါ့။ နင့်ကို လွမ်းနေတဲ့ သတိရနေမိတဲ့ ငါ့အချိန်တွေကို Steemit ဆိုတာမှာပဲ မြုပ်နှံလိုက်တော့မယ်လို့ ငါဆုံးဖြတ်လိုက်တယ် " နန်း "။

ဒါပေမဲ့ ငါ ကံဆိုးတယ်ဟာ။ ဘာဖြစ်လို့လဲဆိုတော့ Steemit မှာ ငါ့ထက်အရင် စီနံယာစောတဲ့ @thatkozaw ဆိုတဲ့လူနဲ့ ငါသွားပြီး ခင်မယ်မိတယ် အပေါင်းအသင်း လုပ်မိတယ်လေ။ အဲဒီလူကြီးက အရက်သမားအကြီးစားကြီးဟ။ ငါတို့ Steemit မှာ အလုပ်လုပ်ကြတဲ့အခါ တစ်ယောက်နဲ့ တိုင်ပင်ရလွယ်ကူအောင် facebook messenger မှာ chat တွေ ဖွဲ့ထားကြတယ်လေ။ အဲဒီ@thatkozawတဲ့လူကြီးက chat ဂရုမှာ စကားပြောရင်းနဲ့ သူအရက်သောက်နေတဲ့ပုံတွေ မကြာခဏ လှမ်းလှမ်းပြတယ်ဟ။

ငါကလည်း နဂိုကတည်းကမှ စိတ်က သိပ်ခိုင်တာမဟုတ်ဘူးလေ။ သူခဏဏအရက်သောက်နေတဲ့ပုံတွေ ပြနေတော့ ငါလည်းစိတ်ပါပြီး အရက်ပြန်သောက်မိပြန်ရောဟာ။ ငါအရက်သောက်ပြီးရင် ငါ့စိတ်က နင့်ကို ပြန်သတိရပြန်ရော " နန်း " ရယ်။ အဲဒီလိုနဲ့ပဲ ဂျအေး သူ့အမေရိုက်သလို စာရေးလိုက် အရက်သောက်လိုက် နင့်ကိုသတိရလိုက်နဲ့ လုံးချာလည်နေတော့တာပါပဲဟာ။

ငါ အရက်ပြတ်ပြီးသားပါ ငါ ပြန်သောက်ဖြစ်တာ @thatkozaw ကြောင့်ပါ။ ဟုတ်တယ်လေ သူက အရက်သောက်တဲ့ ပုံတွေ ခဏဏပြတာကိုး။ ငါ့ဘဝကို အရက်သမားဖြစ်အောင် နင်က ပထမ လုပ်ခဲ့တယ်။ အခု သူကြောင့်ပြန်သောက်ဖြစ်တယ်။

ငါလေ ဆုတောင်းမိပါတယ်။ ငါရင်လည်း ပြည်တန်ကျောက်မြန်မြန်ရမှ နင်ရင်လည်း မရှိတော့မှ@thatkozaw ရင်လည်း ကိစ္စတုန်းသွားမှ ငါအရက်ပြတ်တော့မယ်နဲ့တူပါရဲ့။

အခုဒီစာကိုတောင် အရက်သောက်ရင်းရေးနေတာ ကုန်သွားလို့ သွားဝယ်လိုက်ဦးမယ်။ နောက်မှ ပြန်ဆက်မယ်နော်။
keep_calm__050___and_go_to_the_bar_by_hundredmelanie-d84mtvk.png

                                   " နန်း " ရဲ့ 
                                         ဘယ်တုန်းကမှန်း မသိတဲ့ 
                                                                        အောင်

Photos Credit >>>Google

Author>>>@aungzawhtwe

MSC : 014

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

This post has received gratitude of 1.51 % from @appreciator thanks to: @aungzawhtwe.

အော် ကိုယ့်စိတ့်ကိုယ်ဆို အရက်မသောက်ဖူး သူမျာကြာင့်ပေါ့နော် အ ထာ အေ 😁😁

ဒီလိုပဲ လွှဲချတတ်ရတာပေါ့😁😁😁😁😁

Bro ကိုထွေး
မဖြတ်နဲ့အုံး
တခွက်လောက် Cheerပါအူး

cheer 🍻🍻🍻🍻

အော် ဒုက္ခ နန်ကြောင့်လားခွယ်

တင်ပါ့ သူကြောင့်ပါဘုရား။

This post has received a 0.04 % upvote from @drotto thanks to: @aungzawhtwe.

ကိုသက်တော့ရစရာမရှိတော့ဘူး သေဘီဆာပဲ

ကြုံတုန်းလေး နှိပ်ရတာ😁😁😁။

လာလည်‌ဗျာ အတူတူ‌သောက်‌ချင်‌လို့။

တွယ်မယ်လေ။

This post has received a 4.64 % upvote from @morwhale thanks to: @aungzawhtwe.

thank.

This post has received a 1.11% upvote from thanks to: @aungzawhtwe.
For more information, click here!!!!
Send minimum 0.050 SBD/STEEM to bid for votes.


Do you know, you can also earn daily passive income simply by delegating your Steem Power to @minnowhelper by clicking following links: 10SP, 100SP, 500SP, 1000SP or Another amount

သူများလွဲချတယ်ပေါ့ အကွက်တွေလှတယ်

တတ်နိုင်ဘူးလေ တရားခံတော့ရှာရတာပ😁😁😁။

မိန်းမမာ သဲကိုးဖြာနဲ့ ကြုံခဲ့ရလို့
အရက်သမားဖြစ်သတဲ့
ယောကျင်္ားမာယာ မန်ကျည်းကိုပင်ကိုနှောက်လို့
ပလီပလာစာစီတာလေးများလည်း
လန်းသကိုး ဆန်းသကိုး နန်းရယ် အဲဟုတ်ပေါင်
အထွေးရယ်

ကြံဖန်လုပ်ရတာပေါ့😁😁😁😁။

စာဖတ်၇တာနဲ့တင် အရက်နံ့ထွက်နေသလိုဘဲ hee hee

😁😁😁😁😁😁

amazingပါဘဲဗျာ

ဟုတ်ကဲ့။

အရင်တုံးက တွေ့ရမှာဗျာ အခုက ကျွန်တော်က
ရွှေရင်ကျော်ဆရာတစ်ယောက်ဖြစ်သွားလို့

ရွှေရင်ကျော်ဝင်ထားပြီးရင်တော့ မလုပ်နဲ့ဗျို့။

မသဲကွဲဘူး အရက်သောက်တာ နန်းကြာင့်လား စတီးမကြာင့်လား အရက်သောက်ရင်း စာရေးတာ ကုန်သွာ့း ထပ်ဝယ်မယ်ဆိုတော့ သေချာတယ်ကြိုက်လို့ သောက်တာပဲ ဖြစ်ရမယ်😁😁😁

အဲလိုပဲ မှတ်လိုက်ပါ။😁😁😁

ဝါသနာပါတယ်နော် ကိုထွေး

ဝါသနာတူတွေတွေ့ကြတာပေါ့။

ဆရာကြီးတွေပါဗျာ

ဆရာကြီးတော့ လုပ်ချင်ဘူးဆရာမ ယောက်ျားလောက်ဆိုတော်သေး😁😁😁

စိုင်းရင်မှာငိုနေတယ် နန်းရယ် ပေါ့

နန်းလေးရဲ့အမုန်းတွေကြောင့်လေ။

သို့ အထွေးရယ် ငါရှိစဉ်က နင်အရက်ဆိုအနံ့တောင်မခံဘူးဆိုတာ.ငါသိပါတယ်ဟာ..
(အနံ့မခံပဲသောက်ပစ်တက်တာလေ😁😁)
နင် Fbသုံးရင်း နင့်ဟိုဟာလေး ပြတ်သွားသလိုဖြစ်သွားတယ်ဆိုလို့ ဝမ်းသာမိပါတယ်။အရက်ကိုပြောတာပါ..😁😂

အခုတော့ ကိုသက်ကြောင့် နင်ပြတ်လုပြတ်ခင်ဟာလေးပြန်ဆက်လိုက်ရတယ်ဆိုပြန်တော့လည်းဝမ်းသာမိပါတယ်။..အရက်ကိုပြောတာပါနော်😆

နင်..ငါ့ကို သတိရရင် နင့်ရဲ့ စိတ်ညစ် လွမ်းဆွတ်မှုတွေကိုဖြေဖျောက်ဖို့ နင့်ရဲ့ အဲ့ဒီဟာလေးကိုမပြတ်စေနဲ့နော်...(အရက်ကိုပြောတာနော်😁😁)
.
ခုစာလေးကတော့..
နင့်ကို သတိမရတစ်ချက်..ရတစ်ချက်နဲ့..နင့်ရဲ့.အမည်မသိ...နန်းက..ရေးတယ်လို့မှက်ပေးပါနော်..😂😂😂😂(အမည်မှမသိတာ😂😂😂)

အေးပါဟယ် နန်းရယ်😁😁😁

ဘယ်လိုပြောရမလဲ စစခြင်း မြင်လိုက်ရတဲ့ပုံရယ် စာသားရယ် အရမ်းလိုက်ဖက်တယ်ဗျာ (စတာနော်)

ကွကိုလည်း လိုက်မှန်းသိပါတယ်ဗျာ။