🎼🎼🎼မေ့အချစ် မြှားအသဲမှာစူး ရူးရပြီကောကွယ်🎼🎼🎼
အဲဒီသီချင်းက ကျွန်တော်တို့ ခင်ငယ်ငယ်ကတည်းက ကြားခဲ့ဖူးတဲ့သီချင်းဗျ။ ခင်ဗျားတို့လည်းနားထောင်ခဲ့ဖူးမှာပါပဲ။
သီချင်းကအဆွေးသီချင်းမို့ ကြားရ ရင် လွမ်းလွမ်းဆွေးဆွေးဖြစ်ရမဲ့ သီချင်း အမျိုးအစားပါ။ ဒါပေမဲ့ ဒီသီချင်းက ကျွန်တော်တို့ရွာက လူတွေအတွက်တော့ ကျောချမ်းစရာ သီချင်းတပုဒ် ကြက်သီးထစရာ သီချင်းတစ်ပုဒ် ဖြစ်ခဲ့ရပါတယ်။
ဒီလိုဗျ။
"တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုံဆန်း" ဆိုသလိုပေါ့ဗျာ။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူတွေကလဲ တောင်ပေါ် မြေပြန့် နေရာအစုံမှာ နေထိုင်ကြတာဆိုတော့ ရပ်ဓလေ့ ရွာဓလေ့ တွေဆိုတာ အားလုံး ထပ်တူ မကျနိုင်ပဲ တနေရာနဲ့တနေရာ အနည်းငယ်စီတော့ ကွဲပြားနေကြတာ အမှန်ပဲဗျ။
ငိုခြင်းနဲ့ စတဲ့ လူ့ဘဝရဲ့အဆုံးက သေခြင်းတရားပဲ ။ သေခြင်းတရားဆိုတာ မည်သည့်လူသားမှ ရှောင်လွဲလို့မရနိုင်ဘူးဆိုတာ အားလုံးသိပြီးသားပါ။ အဲလိုလူသားတွေ သေသွားတဲ့အခါမှာ သူ့ဘဝရဲ့နောက်ဆုံးခရီး အပြန်ခရီးမှာ ကျန်နေခဲ့တဲ့သူတွေက သေလွန်သူကို လိုက်ပို့တဲ့ခရီးကို အသုဘ ပို့တယ်လို့ ခေါ်သဗျ။
ကျွန်တော် ရောက်ခဲ့ဖူး နေခဲ့ဖူးတဲ့နေရာ ဒေသတွေမှာ အသုဘ လိုက်ပို့ ပုံချင်းက တစ်နေရာနဲ့တစ်နေရာ မတူ ကွဲပြားကြပုံလေးကို ပြောပြချင်နေတာပါ။
ကျွန်တော်တို့ အဖေအမေရဲ့ မွေးရပ် ဇာတိမြေက စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲက ပဲပြစ်တော ဆိုတဲ့ရွာကလေးဗျ။ အဲဒီရွာလေးမှာ ကျွန်တော် အလည်အပတ်သွားတော့ အသုဘ ပို့တာတွေနဲ့ကြုံခဲ့ရဖူးပါတယ်။
သူတို့ရွာက အသုဘ ပို့တာက နည်းနည်းထူးဆန်းတယ်ခင်ဗျ။ နာရေးဆိုတော့ တစ်အိမ်ကို တစ်ယောက်လောက်အနည်းဆုံး လာပြီး သွားလေသူရဲ့ အပြန်ခရီးကို စည်စည်ကားကား လိုက်ပို့ကြတယ်ဗျ။ ထူးဆန်းတာက မသာကို သုဿန်ကို တန်းမပို့သေးပဲ ရွာထဲမှာ ရှင်လောင်းလှည့်သလို လှည့်တာခင်ဗျ။
အဲလိုလှည့်တဲ့အခါမှာ အိမ်ပေါက်စေ့ ထွက်ကြည့်ကြပြီး လူသေဖူးတဲ့အိမ်က လူတွေက သူတို့ရဲ့သေဆုံးသွားပြီးသား ဖြစ်တဲ့ ဆွေမျိုးသားချင်းတွေကို ပြောချင်တဲ့စကားတွေကို အခုမှသေတဲ့မသာ ကို စကားကြုံ ပြောနေ မှာနေ တဲ့မြင်ကွင်းပါပဲ။ အတော်ကို ထူးဆန်းတဲ့ အလေ့အထ တစ်ခု ပါပဲဗျာ။
တရွာလုံးမှာလည်း လူမသေဖူးတဲ့အိမ်ဆိုတာ မရှိသလောက်ပဲ မို့လား။ မှာချင်တဲ့လူတွေ ပြီးအောင် စကားပြောပြီးမှ သုဿန် ကို ပို့တာဟာ ဒီရွာရဲ့ ထုံးစံ တစ်ခုပါတဲ့ခင်ဗျာ။
နောက် ကြုံခဲ့ရဖူးတဲ့ အသုဘ ပို့တဲ့မြင်ကွင်းတစ်ခုက မဟာမြိုင်ကြိုးဝိုင်းထဲက ပလူဇဝ ဆိုတဲ့ရွာကလေးမှာပါ။ ဒီရွာလေးမှာကျတော့ တစ်မျိုးဗျ။ အသုဘ မပို့ခင် ရွာထဲက လူ အယောက်၃၀ လောက်က သင်္ချီုင်း မှာ သွားစောင့်နေပြီး မသာကို လာပို့ပြီဆိုရင် မသာ ထမ်းစင်ကို ခဲတွေနဲ့ ဝိုင်းပေါက်ကြတာပါပဲ။
လက်ကလည်း ခဲနဲ့ပေါက်ပြီး ပါးစပ်ကလည်း နောက်လာဦးမလား နောက်လာဦးမလား လို့ မေးမေးပြီးပေါက်ပါတယ်။ မသာကို ထမ်းလာတဲ့လူတွေက နောက်မလာတော့ပါဘူး နောက်မလာတော့ပါဘူး လို့ပြန်အော်ကြပါတတယ်။
သင်္ချီင်းကုန်း ဆိုတာ လူမစည်ကားအပ် မလာအပ်တဲ့နေရာ မဟုတ်လား။ အဲဒီအဓိပ္ပါယ် ကို ယူဆတာ ထင်ပါရဲ့ဗျာ။
ကျွန်တော်နေတဲ့ရွာရဲ့ အသုဘ ပို့ပုံ ပို့နည်းကျတော့ တစ်မျိုးတစ်ဘာသာ ခင်ဗျ။ ရွာမှာ အသုဘပို့ရင် လော်စပီကာဖွင့်ပြီး လိုက်ပို့လေ့ ရှိပါတယ်။
ကျွန်တော်တို့မမွေးခင်ကတည်းက ဖြစ်ခဲ့တဲ့အဖြစ်အပျက် တစ်ခု ရှိခဲ့ဖူးတယ်တဲ့ဗျ။
ကျွန်တော်တို့ မမွေးခင်ဆိုတော့ နိုင်ငံရေး မငြိမ်သက်ခဲ့တဲ့အချိန်တွေတုန်းကပေါ့ဗျာ။ စားဝတ်နေရေးတွေ မပြေလည်ကြတော့ ခိုးဆိုးလုယက်မှုတွေ ပေါများနေတဲ့ အချိန်ကာလပေါလေ။
ရွာမှာလည်း စားစရာတောင် အနိုင်နိုင်ပါပဲတဲ့။ ကိုမိုးကြီးက ရွာမှာ ဇရှိတဲ့သူတွေ ရွေးထုတ်ပြီး ဓါးပြ ထွက်တိုက်တယ် ဆိုပဲ။
သူတိုက်တာကလည်း ရွာနီးနားမတိုက်ပါဘူးတဲ့။ မြို့ပေါ်တွေက သူများဆီက မတရားနည်းနဲ့ရထားပြီး ချမ်းသာနေကြတဲ့သူတွေ လောက်ကိုပဲ ရွေးတိုက်တယ်လို့ဆိုပါတယ်။ ဓါးပြတိုက်လို့ရလာတဲ့ ပစ္စည်းတွေကို စားစရာအဖြစ်ဖန်တီးပြီး မစားရမသောက်ရတဲ့သူတွေကို ခွဲဝေပေးတယ်လို့ ဆိုပါတယ်။
ကိုမိုးကြီးလုပ်တဲ့အလုပ်က ဓါးပြဆိုပေမဲ့ လူချစ်လူခင်အရမ်းများပြီး တဖြည်းဖြည်းနဲ့ကိုမိုးကြီး လက်အောက်မှာ တပည့်တပန်း များပြားလာပြီး ကိုမိုးကြီးလည်း သြဇာ အာဏာ အတော်ကြီးထွားလာခဲ့တယ် ဆိုပါတယ်။
ကိုမိုးကြီးမှာ လက်ထက်ရမဲ့ချစ်သူလည်း ရှိပါတယ်။ ကိုမိုးကြီးရဲ့ချစ်သူက ကိုမိုးကြီး ဓါးပြလုပ်နေတာကို မကြိုက်ပါဘူးတဲ့။ ကိုမိုးကြီး ဓါးပြဆက်လုပ်နေမယ်ဆိုရင် တခြားသူနဲ့အိမ်ထောင်ပြုမယ် ဆိုပါတယ်။
ကိုမိုးကြီးကလည်း ဓါးပြက လုပ်ချင်လို့ လုပ်တာမဟုတ် ရွာရဲ့ စားဝတ်နေရေးအတွက် လုပ်နေတာ ဖြစ်တဲ့အတွက် သူ့နှလုံးသားကို ပဲ အစတေးခံပြီး ချစ်သူကို စွန့်လွှတ်ပြီး သူ့အလုပ်သူပဲ လုပ်ခဲ့ပါတယ်။
သူ့ရဲ့ရင်ထဲက ဒဏ်ရာကိုတော့ အရက်ထဲမှာပဲ စိမ်ပြီး ကုစားလိုက်တာ နောက်ဆုံးတော့ အသဲတွေပျက်စီးပြီး သေရမဲ့ အခြေနေထိ ရောက်ခဲ့ပါတယ်။
ကို မိုးကြီးက သူသေရင်
🎼🎼🎼မေ့အချစ် မြှားအသဲမှာစူး ရူးရပြီကောကွယ်🎼🎼🎼
အဲဒီသီချင်းနဲ့ သူ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ဖို့ သူ့တပည့်တွေကို မှာခဲ့ပါတယ်။ သူသေသွားတဲ့အခါလည်း တကယ်ပဲ အဲဒီသီချင်းဖွင့်ပြီး လိုက်ပို့ခဲ့ကြတာပါ။
ကိုမိုးကြီးရဲ့ နောက်ဆုံးခရီးကစခဲ့တဲ့ အဲဒီသီချင်းဟာ အခုထိ ရွာမှာ ဘယ်သူသေသေ ဒီသီချင်းနဲ့ပဲ မသာပို့ပါတော့တယ်။
🎼🎼🎼မေ့အချစ် မြှားအသဲမှာစူး ရူးရပြီကောကွယ်🎼🎼🎼
အဲဒီအသံ ကြားရ ရင် ရွာထဲမှာ လူသေတာ သေချာနေပါပြီ။
ဆက်လက် ကြိုးစားပါဦးမည်။
Photo Credit >>> Facebook & Google
Author >>>@aungzawhtwe
ကောင်းသော post ကို
ခွဲဝေမှုအတွက်ကျေးဇူးတင်ပါသည်
တို့ကိုဂုဏ်ပြုပါသည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝင်ဖတ်ပေးတဲ့အတွက် ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ် ခင်ဗျ။
Submit
ရွေးထား ဘာသီချင်းကြိုက်လဲ
Submit
မေ့အချစ်မြှားစူး လေ
Submit
မျိုးကြီး မလာပါနဲ့မကြိုက်ဘူးလား
Submit
ကျနော် လိုက်ဆိုပေးမယ် နီးရင် မန်းလေးလာခဲ့နော်
Submit
တော်ပြီ မဆိုနက်
Submit
ကြိုက်ဘူး
Submit
ဒီက စောင့် နေသူ ဝိုးးးးးးး စောင့်နေသူ အဲ့သီချင်းနဲ့မိုက်တယ်
Submit
သီချင်းလာဆိုပြနေကြပါလား
Submit
တကယ့်ကို တရွာတပုဒ်ဆန်းတွေပဲနော်..အကို..
မသိသေးတာတွေ သိလိုက်ရပါတယ်။ကျေးဇူးပါ..
Submit
ဟုတ်တယ်ဗျ ထူးဆန်းတာလေးတွေကို ရေးပေးထားတာပါ။
Submit
Good
Submit
Thank.
Submit
GOOD
Submit
ဇာတ်သိမ်းမှာ အားလုံကို ဆွဲခေါ်သွားတယ်..ကြိုက်တယ်ဗျာ..😊
Submit
ကျေးဇူး bro.
Submit
Good post that you always do. Thanks for sharing.
Submit
Thank for your support.
Submit
နဲနဲပဲကြားဖူးတယ် အပြည့်အစုံတော့မသိသေးဘူး
Submit
ကြားဖူးတာတွေ ရှိရင် ရေးတင်ပါဗျ။
Submit
good post!
thanks for sharing,brother!
Submit
ကျေးဇူးပါ bro.
Submit