ကောင်းကင်တမန်များကိုမိတ်ဆက်ခြင်း

in myanmar •  7 years ago 

မင်္ဂလာပါခင်ဗျာ။ ဒီတစ်ခေါက်မှာတော့ အနောက်တိုင်းက ကောင်းကင်တမန် နတ်ဘုရားအချို့နဲ့ သူတို့နဲ့ပတ်သတ်တာလေးတွေကို တင်ဆက်ပေးပါရစေ။
gabrielangelpaintingannunciationcreditrenatasedmakovaShutterstockcom.jpg

ကောင်းကင်တမန် ဂေဘရီရယ်သည် သတင်းပို့အိန်ဂျယ်လ်တစ်ဦးပင်ဖြစ်ပြီး စာရေးဆရာများ၊ ဆောင်းပါးရေးသူများ၊ သတင်းထောက်၊ ဂျာနယ်လစ်တို့ကိုစောင့်ရှောက်ပြီး စာနယ်ဇင်းထုတ်ဝေမှုများနှင့်ပတ်သတ်၍လည်း ကူညီစောင်မပေးသည်။ ဂေဘရီယယ်ဟာ နတ်ဘုရားများရဲ့ချစ်ခြင်းမေတ္တာစွမ်းကားကို သင့်ဆီဆောင်ယူစိမ့်ဝင်စေခြင်းငှာလည်း ကူညီပေးတတ်သည်။ သူမသည် သင့်ကို မကောင်းသောနတ်ဆိုးများရန်မှကြောက်ရွံ့မှုမရှိစေရန်နှင့် ကာကွယ်ပေးရန်နည်းလမ်းပေါင်းစုံနှင့်လည်း ကူညီပေးသည်။ ဂေဘရီယယ်တမန်တော်သည် သတ္တုတွင် ကြေးနီကိုကိုယ်စားပြုပြီး ကျောက်တွင်တော့ အဝါရောင်သလင်းကျောက်ခရစ်စတယ်ကိုကိုယ်စားပြုသည်။ ဂေဘရီယယ်သည် မိခင်နှင့် သူတို့၏ရင်သွေးငယ်များအကြား မျှတစေရေး၊ ငြိမ်းချမ်းပျော်ရွှင်စေရေးကိုလည်း ဆောင်ကျဉ်းပေးပါတယ်။ သူမဟာကိုယ်ဝန်ရှိခြင်း၊ မွေးဖွားခြင်း၊ မွေးစားခြင်း၊ နဲ့ သားသမီးကိုဂရုစိုက်ခြင်းတို့နဲ့ဆက်နွယ်တဲ့ကိစ္စအရပ်ရပ်ကိုလည်း အဆင်ပြေအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ဂေဘရီယယ်ဟာ သင့်ရဲ့ မိခင်မေတ္တာနဲ့ကလေးကိုတိုက်ရိုက်ပင်ဆက်သွယ်ပေးနိုင်သေးသည်။ သူမအမည် ဂေဘရီယယ်ဟာ "နတ်ဘုရားတို့ရဲ့သံတမန်"လို့အဓိပ္ပာယ်ရပါတယ်။
A14_1.jpg

ကောင်းကင်တမန်မယ်တထရွန် ချက္ကရများကို သန့်စင်ပေးခြင်းအရာတွင် ကူညီပေးနိုင်စွမ်းရှိသူဖြစ်သည်။ ဖရဲအူကျောက်သည် မယ်တာထရွန်၏ ခရစ္စတယ်ဖြစ်သည်။ မယ်တာထရွန်သည် ကလေးချစ်သူများကို ကူညီစောင်မပေးနိုင်စွမ်းရှိသည်။ မယ်တာထရွန်သည် စိတ်ပိုင်းဆိုင်ရာခံစားမှုများကို အလွယ်တကူခံစားရတတ်သော ကလေးသူငယ်များနှင့် ခံစားလွယ်သူများကိုစိတ်ရောဂါရစေခြင်းမှ ကာကွယ်ပေးနိုင်စွမ်းရှိသည်။ တစ်ခါတစ်ရံတွင် မယ်တာထရွန်သည် ကောင်းကင်ဘုံမှသာမက သူကိုယ်တိုင် လူ့လောကသို့ လူယောင်ဖန်ဆင်းလှည့်ပတ်သွားလာကာ ကူညီတတ်လေသည်။ မယ်တာထရွန်သည် ရှေ့ဖြစ်ဟောနိုင်သူတစ်ဦးလည်းဖြစ်ကာ သင့်ရဲ့ဦးစားပေးဆန္ဒများကို စီမံခန့်ခွဲနိုင်သူလည်းဖြစ်ပေသည်။

archangel_michael_2.jpg

ကောင်းကင်တမန် မိုက်ကယ် ၏ ကိုယ်ရောင်ကိုယ်ဝါသည် အပြာရောင်နှင့်ခရမ်းရောင်ရောနှောထားသော တော်ဝင်အရောင်ရှိသည်။ sugalite ခရစ္စတယ်ကိုကိုယ်ဟစားပြုပြီး သင့်ရဲ့သိမ်မွေ့နက်ရှိုင်းသောစိတ်လမ်းကြောင်းကို သူ့ဆီမှာ ချစ်ခြင်းမေတ္တာပို့လွှတ်ခြင်းအားဖြင့်ကူညီနိုင်ပါသည်။ မိုက်ကယ်သည် သင့်အား သင်ကိုယ်တိုင်ရဲ့ စစ်မှန်တဲ့ သူငယ်ချင်း၊ စစ်မှန်တဲ့ချစ်သူဖြစ်တယ်ဆိုတာကို သတိရစေနိုင်ခြင်းငှာ အယူအဆများ၊ လူမှုဆက်ဆံရေးများ အခက်အခဲမကြုံရစေခြင်းငှာကူညီပေးနိုင်ချေသည်။ သူသည် ချစ်ချင်းတရား၊ စွမ်းအင်၊ ဆန်းကြယ်မှုနှင့် အကျိုးကိုလိုလားခြင်းကြောင့်မဟုတ်သောသစ္စာတရားတို့ကို ကောင်းချီးပေးနိုင်စွမ်းရှိသည်။ မိုက်ကယ်ကို သင်တောင့်တတိုင်တည်သောအခါ များသောအားဖြင့် အိပ်မက်များထဲမှတစ်ဆင့် ပြန်လည်ဆက်သွယ်လာတတ်သည်။ သူသည် သင့်၏ဘဝတွင်ရှိသော ကြောက်ရွံ့မှုများကို ဖယ်ရှားပေးနိုင်စွမ်းရှိသော တမန်တစ်ပါးလည်းဖြစ်သည်။ မိုက်ကယ်သည်လေဟာနယ်များ၊ အတွေးများနှင့် လူများအတွင်းရှိ မကောင်းသောဓာတ်များကို ဖယ်ရှားရှင်းလင်းပေးနိုင်စွမ်းရှိသည်။ မိုက်ကယ်အမည်၏ အဓိပ္ပာယ်မှာ "နတ်ဘုရားကဲ့သို့အစွမ်းရှိသူ" ဟူ၍ဖြစ်သည်။
Archangel-Raguel.jpg

ကောင်းကင်တမန် ရာဂူယယ် သည် ကောင်းကင်တမန်များနှင့် တမန်တော်များကို ကြီးကြပ်ရသောသူဖြစ်ကာ သင့်ရဲ့ခံစားချက်များနှင့် အချင်းချင်းစာနာနားလည်မှုဆိုင်ရာစိတ်ဓာတ်များရရှိစေရန် သင့်ကို ကူညီနိုင်ပါလိမ့်မည်။ ရာဂူယယ်သည် နှစ်ဦးသဘောတူချစ်ခြင်းတရားများ၊ အထက်ပုဂ္ဂိုလ်တို့၏အဆိုအမိန့်များနှင့်လည်း ဆက်နွယ်မှုရှိသူဖြစ်သည်။ ရာဂူရယ်၏အဓိပ္ပာယ်မှာ "မိတ်ဆွေနတ်ဘုရား"ပင်ဖြစ်သည်။
raphael_2.jpg

ကောင်းကင်တမန် ရာဖိုင်ရယ် သည် မြရောင်တဖိတ်ဖိတ်တောက်လျှက်ရှိသောဓာတ်ဖြင့် သူ၏ပတ်ဝန်းကျင်မှအရာအားလုံးကို ကုသနိုင်စွမ်းရှိသူဖြစ်သည်။ ရာဖိုင်ရယ်၏ ခရစ္စတယ်များမှာ မြ နှင့် ပါလဒုတ္ထာတို့ပင်ဖြစ်သည်။ ရာဖိုင်ရယ်သည် ကျွန်ုပ်တို့ကို သန့်စင်၍ ကျန်းမာသောလူနေမှုပုံစံကိုဖန်တီးပေးနိုင်စွမ်းရှိသည်။ ရာဖိုင်ရယ်သည် သင့်အား နာမကျန်းဖြစ်နေချိန်တွင် မိမိဘာသာကုသနိုင်စွမ်းကိုပေးရုံသာမက မိမိနာမကျန်းဖြစ်မှုကို ကုသပေးနိုင်သူအား ရှာဖွေပေးနိုင်သည်။ ရာဖိုင်ရယ်ကို အများစုက ကုသခြင်းတမန်တော်ဟုခေါ်ဆိုကြပြီး ကျွန်တော်တို့၏ အတွေးများ၊ အကြံဥာဏ်များ၊ အိပ်မက်များနှင့် အခြားသော အတွင်းပိုင်းရုပ်နာမ်ဆိုင်ရာကိစ္စများကို စောင့်ရှောက်မှုပေးနိုင်သည်။ ရာဖိုင်ရယ်၏အဓိပ္ပာယ်မှာ "ကုသနိုင်စွမ်းသူ"ဟူ၍ဖြစ်သည်။
A18_1.jpg

ကောင်းကင်တမန် ရေဇီယယ်သည် အမြင်စွမ်းအင်ဓာတ်၊ နာမ်ပိုင်းဆိုင်ရာ နှင့် လူသားတို့စွမ်းအင်ကိုပြန်လည်ပြုပြင်နိုင်စွမ်းရှိသော ကဝိတစ်ပါးဖြစ်သည်။ သူ၏ကိုယ်ရောင်ကိုယ်ဝါသည် သက်တန့်ကဲ့သို့ရှိပြီး အလင်းရောင်စဉ်တန်းများနှင့် လွန်စွာမှလှပသည်။ သန့်စင်ကြည်လင်သော သလင်းကျောက်ကိုအမြင်ဓာတ်ဖြင့်ကြည့်ကာ အမြင်ဓာတ်စွမ်းအင်ရလိုသူများအဖို့ ရေဇီယယ်ကိုတိုင်တည်ကြရသည်။ ရေဇီရယ်သည် ဝိဇ္ဇာတစ်ပါးဖြစ်ပြီး အဂ္ဂိရိတ်ပညာရှင်တစ်ဦးလည်းဖြစ်ပြန်သည်။ အလိုအလျောက်ဝိဥာဉ်လွင့်စေပြီး ဝိဥာဉ်အဖြစ်အပျက်များကို အိပ်မက်အဖြစ်မက်စေလိုပါက ရေဇီရယ်ကိုတိုင်တည်အကူအညီတောင်းနိုင်သည်။ ရေဇီရယ်သည် သင့်ကို နာမ်ပိုင်းဆိုင်ရာအသိပညာများရရှိအောင်ဆောင်ကျဉ်းပေးနိုင်ပြီး ထိုအသိပညာများကို လက်တွေ့လောကတွင် အမှန်တကယ်ပင်အသုံးချနိုင်ပေသည်။ ရေဇီရယ်အမည်၏အဓိပ္ပာယ်မှာ "လျှို့ဝှက်ချက်တို့၏နတ်ဘုရား"ဟူ၍ဖြစ်သည်။
Archangel-Sandalphon.jpg

ကောင်းကင်တမန် စန်ဒယ်လ်ဖွန်သည် သင့်ဘဝတွင်းသို့ သိမ်မွေ့ခန့်ညားမှုကိုယူဆောင်ပေးနိုင်သည်။ သူသည် သင့်အား ညှို့ဓာတ်ပြင်းသည့် ဗီဇရှင်တစ်ဦးအဖြစ်ရောက်အောင်လည်းဆောင်ကျဉ်းပေးနိုင်သည်။ စန်ဒယ်လ်ဖွန်သည် ဂီတနှင့်ပတ်သတ်ဆက်နွယ်မှုရှိပြီး သူ့ကိုကိုယ်စားပြုသောကျောက်မှာ သင့်နှလုံးရောဂါကိုကုစားပေးနိုင်သည့် တာကွိုက် အပြာရောင်ကျောက်မျက်ဖြစ်သည်။ စန်ဒယ်လ်ဖွန်၏ ခံယူချက်သည် သူ့ထံဆုတောင်းသူများ၏ ဆန္ဒကိုဖြည့်ဆည်းပေးရန်ပင်ဖြစ်သည်။ ဆုတောင်း၏တန်ပြန်သက်ရောက်မှုကိုလည်း သင့်ထံသို့တိုက်ရိုက်ပေးအပ်နိုင်သည်။ တစ်ခါတစ်ရံတွင် စန်ဒယ်လ်ဖွန်သည် လူ့ဘဝကိုမွေးစမှသေသည်အထိ ကိုယ်တိုင်ဝင်ရောက်ခံစားလို၍ လူဝင်စားလေ့ရှိသည်။ သူ့ကို ရှေ့ဖြစ်ဟောပညာရှင် အီလီဂျာ့ရှ် အနေဖြင့်လည်းသိကြသည်။ စန်ဒယလ်ဖွန်သည် သင့်ကို နာမ်ပိုင်းဆိုင်ရာရှေ့ဖြစ်ဟောပြောချက်များ၊ နာမ်ပိုင်းဆိုင်ရာစွမ်းအင်လက်ဆောင်မွန်များနှင့် ရိုးသားဖြောင့်မတ်သောဘဝပိုင်ရှင်အဖြစ်ဆောင်ကျဉ်းပေးနိုင်သည်။ သင့်ကို အခြားလူများအား စိတ်ဖြင့်ကုသနိုင်စွမ်းကိုလည်းပေးနိုင်ပြီး တစ်ခါတစ်ရံတွင် ကိုယ်ထင်ပြခြင်းကိုပင်လုပ်ဆောင်ပေးနိုင်သည်။ စန်ဒယ်လ်ဖွန်သည် သင့်အားသစ္စာတရားကိုသာ ထာဝရလက်ကိုင်ထားပြောကြားစေရန် ဆောင်ကျဉ်းပေးနိုင်စွမ်းရှိသည်။
1024px-St._Uriel-_St_Johns_Church_Boreham1-5a660327a3455b0019e597d7.jpg

ကောင်းကင်တမန် ယူရီယယ်လ် သည် အလိုအလျောက်သိမြင်နိုင်ခြင်း၏ တမန်တော်ဖြစ်သည်။ သူသည် ကျွန်ုပ်တို့စိတ်များကို ဂမ္ဘီရဥာဏ်ဖြင့် အလင်းပြပေးနိုင်သည်။ တကယ်၍သင့်ထံတွင်မှန်ကန်သော အပြုသဘောဆောင်သော၊ စေတနာပါသော၊ ကောင်းကျိုးရှိသော စိတ်ကူးဥာဏ်များရှိပါက ယူရီယယ်သည် သင့်ကို ကိုယ်တိုင်လာရောက်စကားပြော၍ စိတ်ကူးဥာဏ်ကို အကောင်အထည်ဖော်ပေးတတ်သည်။ ယူရီရယ်၏ ခရစ္စတယ်မှာ ပယင်းကျောက်ဖြစ်ကာ ထိုကျောက်ဖြင့် သင့်ကို အကြံဥာဏ်များ လိမ္မာပါးနပ်မှုစွမ်းရည်များပေးနိုင်လိမ့်မည်။ ယူရီယယ်သည် လူသားများကို မိမိအနာဂတ်အတွက်မိမိဘာလုပ်သင့်သည်ဆိုသည့်အရာကို သိစေချင်သည်။ သူသည် မှန်ကန်သော အကြံကောင်းရှိသူတို့အား မည်သို့မည်ပုံပြုလုပ်ရမည်ဆိုသည်ကို အဆင့်ဆင့် သင့်မှတ်ဥာဏ်မှတစ်ဆင့် အလင်းပြပေးနိုင်လိမ့်မည်။ ယူရီယယ်လ်၏ အဓိပ္ပာယ်မှာ "အလင်းပြနတ်ဘုရား" ဟူ၍ဖြစ်သည်။
Archangel-Zadkiel.jpg

ကောင်းကင်တမန် ဇာဒ်ကီယယ် သည်ကျွန်ုပ်တို့အား နယ်ပယ်တစ်ခုသို့ဆောင်ယူပေးနိုင်သည်။ သူသည် ကျွန်တော်တို့ကို ခွင့်လွှတ်တတ်အောင်သင်ကြားပေးနိုင်သောနတ်ဘုရားလည်းဖြစ်သည်။ ဇာဒ်ကီယယ်သည် စိတ်ပိုင်းဆိုင်ရာထိခိုက်ကြေကွဲမှုများကို ဆန်းကြယ်သောနည်းလမ်းများစွာဖြင့် ကုသပေးနိုင်သူတစ်ဦးလည်းဖြစ်ပြန်သည်။ သူသည် ဘုံတစ်ခုနှင့်တစ်ခုအကြားဆက်သွယ်ပေးနိုင်သော ကောင်းကင်တမန်တော်တစ်ပါးလည်းဖြစ်သည်။ သူ၏ကျောက်မှာ လာ့ပတ်စ်လာဇူလီဟုခေါ်သော ကြည်ပြာရောင်ကျောက်မျက်တစ်မျိုးဖြစ်ကာ ဇာဒ်ကီယယ်သည် မေ့နေသောအကြောင်းအရာများကို ပြန်လည်သတိရနိုင်အောင် လုပ်ဆောင်နိုင်စွမ်းရှိသူဖြစ်ပြီး ကျွန်ုပ်တို့ကို ဖန်တီးမှုစွမ်းရည်များ၊ လောကဗဟုဂံကြီးရှိ သုတအသစ်များကိုဆောင်ကျဉ်းပေးနိုင်သည်။ သင်အကူအညီလိုတိုင်း၊ မသိသောအရာရှိတိုင်း သူ့ကိုတိုင်တည်မေးမြန်းနိုင်သည်။ ဇာဒ်ကီယယ်၏အဓိပ္ပာယ်မှာ "တရားမျှတသောနတ်ဘုရား"ဟူ၍ဖြစ်သည်။

(အားပေးဖတ်ရှုသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။ စိတ်ဝင်စားဖွယ်ရာ ဒဏ္ဍာရီလာ အကြောင်းအရာများကို မကာမီတွင်လည်း ဆက်လက်တင်ဆက်ပေးဦးမည်ဖြစ်ပါသည်။)

Article @ 2018 by
ကာရှိုင်း (ကြယ်စင်ချစ်သူ)
@AuroKarshine

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!