Steemit members အားလုံး မင်္ဂလာပါရှင်။
တစ်နေ့တစ်နေ့ လူတွေဟာ နည်းမျိုးစုံနဲ့ လှုပ်ရှားရုန်းကန် ရှာဖွေနေကြတဲ့ ငွေလို့ခေါ်တဲ့ ပိုက်ဆံဟာ လူတွေတွက် သိပ်ချစ်ဖို့ ကောင်းသလို သိပ်ကြောက်စရာလည်း ကောင်းပါတယ်။ ဘာလို့ဆို တစ်နေ့နေ့ စားဖို့တွက် ဝတ်ဖို့တွက် နေဖို့တွက် အရေးသုံးပါးအပြင် သေရင်ကိုယ့်နောက် အစစ်မှန်ပါမယ့် အလှူကုသိုလ် ပြုနိုင်ဖို့တွက်ပါ ပိုက်ဆံကို ရှာဖွေနေကြရတာလေ။ ရှာဖွေပုံခြင်းသာ တစ်ဦးနှင့်တစ်ဦး မတူညီကြတာပဲ ရှိပါတယ်။ ငွေကို မိုအပါအဝင် လူတိုင်းချစ်တယ်၊ ကြိုက်ကြတယ်ဆိုတာ အမှန်ပဲလေ။ ငွေရှိမှလည်း ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာတွေ လုပ်နိုင်တာ မဟုတ်လား။ ဒါပေမယ့် ငွေကို ချစ်တက်သလို ကြောက်တက်ဖို့လည်း လိုပါလိမ့်မယ်။ ငွေကြောင့် ဘဝမှာ လူတို့ အဆင်ပြေပြေ နေနိုင်သလို ငွေကြောင့်ပဲ ဘဝပျက် ဒုက္ခရောက်နေကြရတဲ့သူတွေ အများကြီးပါ။ ငွေဟာ လူတိုင်းတွက် လိုအပ်တာမှန်ပင်မယ့် ငွေနောက်လိုက်ပြီး မှားယွင်းသော အလုပ် မှားယွင်းသောလမ်းများကို မလျှောက်မိဖို့တော့ လိုပါလိမ့်မယ်။
ငွေကတော့ လူတိုင်း မဖြစ်မနေ ရှာရမှာပါပဲ။ တစ်နေ့တစ်နေ့ ရှင်သန် နေထိုင် လှုပ်ရှားဖို့ အစားကတော့ မဖြစ်မနေ စားရတယ်။ လူထဲမှာနေတော့ မဖြစ်မနေလည်း ဝတ်စားဆင်ယင် ကြရတယ်။ ဒါတွေတွက် အဓိက လိုအပ်တာငွေ မဟုတ်လား။ ငွေရှိမှ ဒီအရေးတွေကို ဖြေရှင်းနိုင်မှာလေ။ ဒါက ဥပမာ အနေနဲ့ပဲ ပြောတာပါ။ လောကမှာ လူတိုင်းဟာ နေ့စဉ် အရေးပေါင်းများစွာနဲ့ ရင်ဆိုင်ဖြေရှင်းနေရတာမို့ ငွေက သိပ်ကိုလိုအပ်တာ အမှန်ပါ။ ငွေနဲ့ လောကရှိ အရာအားလုံးကို ဖန်တီးယူလို့ မရပေမယ့် ငွေမရှိလို့လည်း လူသားတွေတွက် မဖြစ်နိုင်ပါ။ လောကမှာ မလွန်ဆန်နိုင်တဲ့ သဘာဝတရားတွေကို ငွေနဲ့ ဖန်တီးလို့ မရပေမယ့် လောကအရေး တော်တော်များများကိုတော့ ငွေနဲ့ ဖြေရှင်းလို့ ရနေတာ အမှန်ပဲလေ။ ဒါကြောင့် ငွေဆိုတာ လူတိုင်းတွက် မရှိမဖြစ် အရေးပါတာမို့ ငွေကို လူတိုင်း နေ့စဉ်လှုပ်ရှား ရုန်းကန်ရှာဖွေနေရတာပေါ့။
လောက လူသားများတွက် ငွေဟာ ရှာဖွေဖို့ လိုအပ်သလို ရှာဖွေပုံလေး မှန်ကန်ဖို့လည်း လိုအပ်ပါတယ်။ တစ်ချို့ချို့သောလူများဟာ ငွေရရင်ပြီးရော ကောင်းတာတွေ မကောင်းတာတွေ မှန်ကန်တာ မမှန်ကန်တာ စဉ်းစားမနေတော့ပဲ ကိုယ်ရဖို့တစ်ခုပဲသိပြီး ရှာဖွေနေကြသူတွေလည်း အများကြီးပါ။ ငွေကို သမာအာဇီဝကျကျ မရှာဖွေပဲ မကောင်းသောနည်းလမ်းများနှင့် လွယ်လွယ်ရ လွယ်လွယ်ကြီးပွားအောင် ရှာဖွေနေတဲ့သူတွေ သူတို့တွက်တော့ ဒီဘဝမှာ တစ်ခဏတာ ချမ်းသာမှုကို ရချင်ရလိမ့်မယ်။ တစ်သက်တာ ချမ်းသာမှု အစစ်မှန်ကိုတော့ သူတို့ ဘယ်တော့မှ မရနိုင်ပါဘူး။ ဘာလို့ဆို လူတိုင်းဟာ သံသရာ စက်ဝန်းမှာ လည်နေကြရသူတွေမို့ လူတိုင်းတစ်နေ့ သေကြရသလို လူတိုင်းတွက် သေလို့ ကိုယ့်နောက်ပါတာ ကုသိုလ်နဲ့အကုသိုလ်တွေပဲ မဟုတ်လား။ ဒီဘဝမှာ တစ်ခဏတာ ချမ်းသာမှုလေးတွက် သူတစ်ပါးမျက်ရည်တွေ သူတစ်ပါးရဲ့ ဘဝတွေကို ပျက်စီးစေပြီးမှ ရလာတဲ့ ငွေတွေဆို သူတို့ချမ်းသာမှုက ဒီဘဝမှာပဲ ခံစားလို့ ရမှာလေ နောက်ဘဝကို ယူသွားလို့မှ မရတာ။ ကိုယ့်မယူပဲ သူ့အလိုလို ပါသွားမှာကတော့ မစစ်မမှန်ပဲ ရှာဖွေထားတဲ့ ငွေတွေရဲ့ အကုသိုလ်ကံ တွေပဲလေ မဟုတ်ဘူးလား။
မကောင်းသော နည်းလမ်းလေးနဲ့ ရှာဖွေတာ ဝေးဝေးသွားတောင် ကြည့်စရာ မလိုအောင် မိုတွေ့မြင်နေရတာလေးတွေ ဥပမာ အနေနဲ့ ထည့်ပြောရရင်တော့ မူးယစ်ဆေးနဲ့ ကြီးပွားချမ်းသာသူတွေ ရိုးသားကြိုးစားစွာ ရှာဖွေနေသူတွေထက် လျင်လျင်မြန်မြန် ငွေရသလို ပင်ပင်ပန်းပန်းလည်း ရှာဖွေစရာ မလိုတာမို့ နေ့ချင်းညချင်းကို ကြီးပွားတိုးတက် ပြောင်းလဲသွားတာတွေကို မြင်တွေ့နေရတော့ သူတွေတွေဟာ တစ်ဘဝစံတွေပါလို့ အိမ်ကလူတွေက ခဏခဏ ပြောဆိုဆုံးမလေ့ရှိတယ်။ တစ်ခါတစ်ခါ စိတ်ထဲကပါလို့ မဟုတ်ပဲ ပြောလိုက်မိတဲ့ စကားလေးတွေ ရှိတယ်။ တို့တွေများ ရိုးရိုးသားသား ကြိုးစားရှာဖွေနေတာ အခုချိန်ထိ ဘာမှလည်း ထူးခြား တိုးတက်လာတာ မရှိဘူး။ မကောင်းတာ လုပ်တဲ့သူတွေကျတော့များ ချက်ချင်းကြီးကို ကြီးပွါးတိုးတက်နေကြတာ ကိုယ်တွေလည်း အဲ့လိုပဲ သွားလုပ်တော့ရင် ကောင်းမယ်လို့ လွယ်လွယ်လေး အပြောင်အပျက် ပြောလိုက်မိတိုင်း အိမ်က လူကြီးတွေက ဆူတော့တာပဲ။ သူတို့တွေ တစ်ဘဝစံတွေမို့ ကုသိုလ် ၊ အကုသိုလ် သူတို့မသိလို့ လုပ်နေကြတာ ကိုယ့်က ဗုဒ္ဓဘာသာ မြန်မာလူမျိုး ကုသိုလ်၊အကုသိုလ်လည်း သိတယ် တရားတွေလည်း နာဖူးတယ် ဒီလိုစကားမျိုး အပြောင်အပျက် အနေနဲ့ကော ယောင်လို့တောင် မပြောသင့်ဘူး။ အပြောနဲ့တင် ငရဲကြီးလိမ့်မယ်လို့ အိမ်ကဆို အမြဲဆုံးမတာ။ တကယ်လည်း ဟုတ်ပါတယ် စဉ်းစားကြည့်ပါ ငွေရလိုမှု တစ်ခုနဲ့ သူတစ်ပါးတွေရဲ့ ဘဝ မိသားစုတွေကို ပျက်စီးစေမယ့် ဒီလို မူးယစ်ဆေးဝါးတွေနဲ့ ကြီးပွားလာသူတွေ ကုသိုလ်၊အကုသိုလ် သူတို့ တကယ် မကြောက်တက်လို့ပါ။ မူးယစ်ဆေး ဆိုတာ လူသားတစ်ယောက်ရဲ့ ဘဝကို ဖျက်စီးစေရုံသာမက ထိုလူသားနဲ့ ဆက်နွယ်နေတဲ့ မိသားစုတွေရဲ့ ဘဝတွေကိုပါ ပျက်စီးစေတာ။ ဒါကြောင့် သူတစ်ပါး မျက်ရည်တွေကျပြီးမှ ရလာတဲ့ ငွေတွေဟာ အဘယ်မှာ သန့်ရှင်းပါ့အုန်းမလဲ။ ကိုယ့်ကိုနဲ့ ကိုယ်ချင်းစာကြည့်စေချင်တယ်။ အဲလို မကောင်းသော နည်းလမ်းနဲ့ ငွေကို ရှာဖွေနေသူတွေ သူတစ်ပါး မျက်ရည်တွေကို ကိုယ့်မျက်ရည်တွေ အဖြစ် ခံစားကြည့်လိုက်မယ်ဆိုရင် အဲလိုရလာတဲ့ငွေတွေကို ကြောက်တက်လာမှာပါ။
ငွေဆိုတာ ချစ်စရာ ကောင်းသလို ကြောက်စရာ ကောင်းတယ်လို့ သိလာတဲ့ခါ ငွေရှာဖွေမှုမှာလည်း မှန်ကန်တဲ့ နည်းလမ်းတွေ တွေ့လာမှာပါ။ ငွေက မရှာလို့တော့ မရပါဘူး ရှာရမှာပါ။ ချစ်စရာကောင်းတဲ့ ငွေကိုသာ ရှာဖွေပြီး ကြောက်စရာကောင်းတဲ့ ငွေကိုတော့ မရှာဖွေမိဖို့တော့ လိုပါလိမ့်မယ်။ တစ်ခဏတာ ရလာတဲ့ ဘဝလေးမှာ အေးချမ်း သာယာစွာ နေနိုင်ဖို့ ဘဝကိုလည်း စိတ်ဖြောင့်ဖြောင့် သန့်သန့်ရှင်းရှင်း ကူးနိုင်ဖို့ သာမာအာဇီဝကျတဲ့ ချစ်စရာကောင်းတဲ့ ငွေများကိုသာ ရှာဖွေပြီး ဘဝရဲ့အရေးများကို ဖြေရှင်းလို့ သံသရာတွက် ကုသိုလ်တရားများသာ သယ်သွားနိုင်ကြပါစေလို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေရှင်။
Author@ayemomo(MSC-051)
Photo by google
ငွေနောက်ကိုလိုက်ရင်းဘဝပျက်စီးရသူတွေရှိသလို ငွေ ရှိလို့ပျက်စီးကျသူတွေလည်းရှိတယ်နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာကအပြည့်မပေါ်ဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သူတစ်ပါးမျက်ရည်ကျပြီးမှ ရလာတယ့် ငွေဟာ ဘယ်တော့မှအကျိုးမပေးဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Right

ငွေဆိုတာ သုံးရတာ ချိုသလောက် ရှာရတာခါးတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဂယ်ပဲ

အရမ်းကောင်းပါတယ် အားပေးနေပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ပါပဲအစ်မရေ။သမာအာဇီဝဖြင့်ရှာဖွေထားသောငွေသာလျှင်အကောင်းဆုံးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ဆုံးပဲ

ဟုတ်တယ် မမိုရေ။ စိတ်အေးအေးချမ်းချမ်းနဲ့ နေသွားနိုင်ဖို့က အဓိကပါပဲ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ဆုံးပဲzinရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငွေမစိတော့လည်းမီလွယ်ဘူးလေ။ ငွေစိတော့လည်းခက်တာပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ရယ်၊ဟုတ်ရယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တိုက်ဆိုင်ပါပေ့ မမမို
ခုကျနော်ရောက်နေတဲ့ ဒေသပတ်ဝန်းကျင်မှာ
မူးယစ်ဆေးဝါးရောင်းခြင်းဖြင့် တိုးတိုးတိတ်တိတ် ချမ်းသာသူတွေ အများကြီး
အားလုံးကိုတော့မဆိုလိုပါဘူး
အချို့တွေကိုပြောတာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Right
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားပေးနေပါတယ်😊👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ

အရမ်းကောင်းပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ

တရားသဖြင့်ရှာဖွေမှုဟာ ငွေကြေးချမ်းသာခြင်မှ ချမ်းသာပါလိမ့်မယ် ဒါပေမယ့် စိတ်ကိုအေးချမ်းစေပါတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိပ်မှန်တာပေါ့ရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချစ်စရာကောင်းတဲ့ငွေလေးတွေ ရှာကြစို့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Right
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Very good post ...
အာပေနေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks

မအေ့းရေ voteခဲ့ပြီး မအာ့းမဖတ်တော့ဘူး ညီမလည်း proတင်တာနောက်ကျတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ၊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကောင်းပါတယ် အားပေးနေပါတယ် sis
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငွေ မရှိမကောင်း ရှိမကောင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ဆုံးပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
money is the second god, lol
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
yes,right

အမှန်ပဲ မမိုရေ....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့

သူတစ်ပါး မျက်ရည်တွေကို ကိုယ့်မျက်ရည်တွေ အဖြစ် ခံစားကြည့်လိုက်မယ်ဆိုရင် အဲလိုရလာတဲ့ငွေတွေကို ကြောက်တက်လာမှာပါ။
အဲစာလေးတွေ အကောင်းဆုံးပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
2.22% @pushup from @ayemomo
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
You got a 1.13% upvote from @buildawhale courtesy of @ayemomo!
If you believe this post is spam or abuse, please report it to our Discord #abuse channel.
If you want to support our Curation Digest or our Spam & Abuse prevention efforts, please vote @themarkymark as witness.