မြတ်သောအလှူ

in myanmar •  7 years ago  (edited)

image
Steemit members အားလုံး မင်္ဂလာပါရှင်။ မြန်မာလူမျိုးတို့မှာ ဆယ့်နှစ်လ ရာသီပတ်လုံး အလှူအတန်း တစ်မျိုးမဟုတ်တစ်မျိုး လှူတန်းခွင့် ရသလို လှူနေကြသူများ ဆိုတာ မမှားပါဘူး။ ဘာလို့ဆို မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တိုင်းဟာ ကံကံ၏ အကျိုးကို ယုံကြည်ကြသူတွေ မဟုတ်လား။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ကောင်းကျိုးခံစားရမယ် ဆိုတာ သိရှိ ယုံကြည်ထားသူတွေမို့လေ။ လှူလိုက်လို့ ကုန်သွားတယ် ဆိုတာမရှိ ကိုယ်သေရင် ကိုယ်နောက်ပါမှာ ကိုယ်လှူခဲ့ ပြုခဲ့ဖူးသော ဒါန အကျိုးတွေပဲ ဆိုတာ သက်ဝင်ယုံကြည်ကြလို့ မြန်မာလူမျိုးများဟာ အလှူရေစက် လက်နဲ့မကွာ မရှိလို့ မလှူ မလှူလို့ မရှိ မဖြစ်ရလေအောင် တတ်နိုင်တဲ့ အင်အားနဲ့ တက်အားသလောက်တော့ လှူနေကြတာပါပဲ။ တကယ်ကို မွန်မြတ်တဲ့ အကျင့်ကောင်းလေး တစ်ခုပါလို့ ပြောပါရစေ။
image
အခုဆိုရင် ဆယ့်နှစ်လ ရာသီထဲမှာမှ ဝါလလေး ကင်းလွတ်ပြီး သီတင်းလည်း ကျွတ်ပြီးမို့ အလှူ့ အလှူတွေထဲမှာမှ မွန်မြတ်လှစွာသော ကထိန်သင်္ကန်းကို ဆပ်ကပ်လှူတန်းခွင့် ရတဲ့ လလေးတစ်လပါပဲ။ မြန်မာလူမျိုးများ ပြုကြသော အဆိုလေး တစ်ခုက ဘုရားမှာစိန် ၊ ကျောင်းမှာသိမ် ၊ သင်္ကန်းမှာကထိန် ၊ ဆွမ်းမှာအိမ် ဆိုတာလေးပါ။ လူကြီးများ၏ ပြောစကား နာခဲ့ဖူးသော တရားများမှ ကထိန်သင်္ကန်းနဲ့ ပက်သက်တာလေး သိသလောက်လေးပါ။ သင်္ကန်းကပ်လှူကြတဲ့ ထဲမှာလည်း ကထိန်းသင်္ကန်းက အမြတ်ဆုံးပါပဲတဲ့။ ဘာလို့ အမြတ်ဆုံး ဖြစ်ရလည်းဆို ကထိန်သင်္ကန်းကို ကပ်လှူခံယူခွင့်ရှိတဲ့ ရဟန်းများမှာ အကျင့်သီလ သိက္ခာသမာဓိ ပြည့်စုံရမယ့် အပြင် ဝါတွင်းသုံးလပတ်လုံး ဝါမကျိုးရဘူး ပဝါရဏ ပြုသော ရဟန်းမျိုးကိုမှ လှူတန်းခွင့််ရလို့ ပါပဲ။ ကထိန်သင်္ကန်း လှူခွင့်ရတာဟာ ထူးမြတ်လှတယ် ဆိုတာလေး မိုသိသလောက် လေးပါနော်။
image
သီတင်းကျွတ်ပြီးမှစလို့ တန်ဆောင်မုန်း လပြည့်နေ့ထိကို မြန်မာလူမျိုးများ ကိုးကွယ်ရာ ဘုန်းကြီးကျောင်းတိုင်းမှာ ကထိန်သင်္ကန်းများ ဆပ်ကပ်လှူတန်း နေကြတာ မြင်ရ ကြားရ နေတာဟာ တကယ့်ကို ဝမ်းသာမဆုံး ပီတိ ဖြစ်ရပါတယ်။ မိုတို့ ဝါတွင်းကာလလေးမှာ ဥပုသ် သီလစောင့်တည် လေ့ရှိသော ဘုန်းကြီးကျောင်းမှ ကထိန်ဖိတ်စာလေး အိမ်ကို ရောက်လာတော့ တစ်နှစ်က မိုတို့ မိသားစု အားလုံးစုပြီး ကထိန်သင်္ကန်းအလှူမှာ မတည်ဒါကာ ဖြစ်ခဲ့ဖူးတာလေးကို သတိရမိသွားတယ်။ မိသားစုကြီး စုံစုံညီညီနဲ့ အဲဒီနှစ်က ကထိန်အလှူမှာ မတည်ခွင့်ရတာ တကယ့်ကို ပျော်မဆုံး ပီတိဖြစ်ရလွန်းတာပါ။ ကထိန်အလှူဆိုတာ တစ်ဦးဦးက အရင်မတည်ပေးပြီးမှ အခြားခြားသော အလှူရှင်များက တက်အားသလောက် နိုင်သလောက်လေး စုပေါင်းထည့်ကြပြီး ကထိန်ပွဲကြီး တစ်ခု ဖြစ်တည်ခွင့်ရတာပါ။
image
တစ်ချို့ချို့သော အင်အားနည်းလွန်းသော ဘုန်းကြီးကျောင်း တွေမှသာ မတည်သူမရှိပဲ စုပေါင်းကထိန်ပွဲ ကျင်းပကြတာပါ။ ဒါပေမယ့် မြန်မာလူမျိုးများဟာ ဘယ်လောက် အလှူအတန်း ရက်ရောကြလည်းဆို ဒီလ ဒီရာသီ ရောက်ပြီး ဆိုတာနဲ့ ကထိန်ပွဲကြီးကို မတည်ခွင့်ရချင် လွန်းလို့ အပြေးတန်းစီ လှူနေကြတာပါ။ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ကထိန်မတည်သူ ဆိုတာ တစ်ဦးပဲ ဖြစ်ခွင့်ရှိတာလေ။ ဒီတစ်ဦးကို မတည်ခွင့်ပေးထားပြီး ဆိုရင် တစ်ခြားတစ်ဦးကို မတည်ခွင့် ပေးလို့မရလို့ပါ။ အခြားသူမှာ အလှူငွေများ လှူဖွယ်ပစ္စည်းများ လှူတန်းခွင့်ရှိပေမယ့် မတည်တော့ ထပ်ဖြစ်ခွင့်မရှိပါ။ တကယ့် မြတ်သင်္ကန်း အလှူပွဲကြီးမို့ မတည်လှူတန်းချင်သူများမှာ ကျိတ်ကျိတ်တိုးပါ။ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ကောင်း ကောင်းသောအကျင့်တွေကို ကိုယ်တိုင်ခံစား ကိုယ်တိုင်မြင်တွေ့ခွင့် ရနေတာမို့ ကိုယ့်ကိုကို မြန်မာလူမျိုး ဖြစ်ရတာ ဝမ်းသာမဆုံး ဖြစ်ရသလို ဂုဏ်ယူလို့လည်း မဆုံးတာ အမှန်ပဲ။
image
မိုတို့ မိသားစုကြီး မတည်အလှူ ဖြစ်ခွင့်ရတဲ့နှစ် မို့တို့သွားရောက်မြဲ ဘုန်းကြီးကျောင်းက ရပ်ဝေးမှ ဧည့်ပရိတ်သတ်များက လူများလွန်းတာမို့ တစ်ယောက်တစ်လက် စည်စည်ကားကား ချက်ပြုတ်ပြင်ဆင် ပေးကြတာတွေ့ရတော့ လှူတန်းသူ အလှူရှင်များကို ဆထက်တန်ဘိုး လှူချင်စိတ်များ ဖြစ်ပေါ်စေတာပါ။ တကယ့်ကို စည်စည်ကားကား အောင်အောင်မြင်မြင် ကထိန်ပွဲကြီးကို မတည်ခွင့်ရတာ ရင်ထဲကို ပီတိ အပြုံးတွေ ဝေဆာခွင့်ရခဲ့တဲ့ နှစ်လေးတစ်နှစ် ဖြစ်ခဲ့တာ အမှန်ပါ။ ကထိန်အလှူမှာ မှတ်မှတ်ရရ တရားဟော ဘုန်းကြီးမှ ကထိန်မတည်သူတွေ မှတ်ထားသင့်တဲ့ စကားလေး တစ်ခွန်းကို ပြောခဲ့ပါတယ် အခုထိ မှတ်မိနေဆဲပါ။ လူတွေက လွယ်လွယ်ပြောလေ့ရှိတဲ့ စကား ဒီနှစ်တော့ ငါတို့ ဘုန်းကြီးကျောင်းမှာ ကထိန်သွားခင်းမယ် ဆိုတာလေးပေါ့။ ကထိန်ခင်းတယ်ဆိုတာ ဘုန်းကြီးတွေ လုပ်ရတာ လူတွေလုပ်ရတာ မဟုတ်ဘူး လူတွေက ကထိန်ကို မတည်ပြီး လှူခွင့်ပဲရှိတာ ဒါကြောင့် ကထိန်ခင်းတယ်လို့ မပြောရဘူး ကထိန်မှာ အလှူလုပ်မယ် မတည်မယ်ပဲ ပြောရတယ်ဆိုတာလေး ရှင်းပြမှ ကထိန်နဲ့ ပက်သက်တာလေး ပိုမိုသိရှိ မှတ်သားခွင့် ရခဲ့တာလေးကို ပြန်လည် အောက်မေ့သတိရရင်း ကထိန်သင်္ကန်း ကထိန်အလှူပွဲကြီး တို့၏ မြင့်မြတ် ခမ်းနားသော အလှူပွဲလေး ဖြစ်ကြောင်းကို သတိတရ ဝေမျှလိုက်ပါတယ်နော်။ မိုလည်းသိထားတာ နားလည်ထားသလောက်လေး ဝေမျှရတာမို့ အမှားများ ရှိခဲ့ရင် နားလည်ပေးပါလို့။
Steemit family ကြီးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး မြတ်သော ကထိန်သင်္ကန်း အလှူပွဲကြီးမှာ တက်နိုင်သော အင်အားနဲ့ တက်အားသလောက် ပါဝင်ခွင့် ရသူများ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါရစေနော်။
Author @ayemomo(MSC 051)
Photo by my phone

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ပေးသောဆုနှင့်ပြည်နိုင်ပါစေ{မို}

သာဓု ပါဗျာ မွန်မြတ်သောစိတ်ထားလေးတွေ အရမ်းကြည်နူးစရာကောင်းလှပါပေ့ဗျာ

ဟုတ်ကဲ့ပါရှင့်

ကျ နော်လဲ ရေးအူးမလို့ မအားတာနဲ့ မရေးဖြစ်တာ

မြန်မြန်အားပြီး မြန်မြန်ရေးနိုင်ပါစေနော်

သာဓုခေါ်ပါတယ်ရှင်

ဟုတ်ကဲ့ပါ
ညီမလေးထပ်တူရပါစေ

သာဓုသာဓု သာဓုပါ

ဟုတ်ကဲ့
ကျေးဇူးပါ

သာဓု သာဓု သာဓု ပါဗျာ

ဟုတ်ကဲ့ပါရှင့်

သာဓု၃ပါsis​ရေ

ဟုတ်ကဲ့ပါ
ထပ်တူရပါစေ

မွန်မြတ်သောအလှူပါပဲ

ဟုတ်ကဲ့ရှင့်
ထပ်တူသာဓုခေါ်နိုင်ပါစေ

nice post

ကျေးဇူး

သာဓု​ခေါ်ပါ၏

ဟုတ်ကဲ့ပါရှင်

good post

nice

yes,thank

သာဓု ပါဗျာ

ဟုတ်ကဲ့ပါ

ကထိန်ရာသီတောင်နီးနေပါပေါ့လား ကထိန်အကြောင်းရေးအုံးမှထင်ပါတယ်

ရေးရေး

မွန်​မြတ်​​သောအလှုတစ်​ခုပါဗျာ

နိဗ္ဗာန်​နှိုး​ဆော်​​တာလည်း
မွန်​မြတ်​​သော ကုသိုလ်​ပါပဲ ..

သာဓု သာဓု သာဓု