မင်္ဂလာပါ အောင်မြင်လိုသူ မိတ်ဆွေတို့ရေ...
ပြည့်စုံသောဘဝကို ရရှိရောက်ရှိဖို့ရန် စိတ်ကူးအိပ်မက်တွေ
မက်ပြီး မွေးမြူရမည့် သဘောထားတွေ၊ ထားရှိရမည့်
ယုံကြည်မှုတွေကို တင်ပြပေးပြီးနောက်မှာတော့ မရ ရအောင်၊
မဖြစ်ဖြစ်အောင် လုပ်ဆောင်ဖို့ရန် အတွက် ဆုံးဖြတ်ချက်
အခိုင်အမာဖြင့် ကတိကဝတ်ပြု လုပ်ဆောင်ရမည့် အချက်များ
ကို ဆက်လက် ချပြသွားပါမည်။
Commitment
Commitment ကို ကတိကဝတ်ပြုခြင်း၊ ဆုံးဖြတ်ချက်
အခိုင်အမာ ချထားသည့်အတိုင်း လုပ်ဆောင်ခြင်း ဟု
အဓိပ္ပါယ် ဖွင့်ချင်ပါတယ်။
ကျွန်တော်တို့တွေ ဘာသာရေးအရ အဓိဋ္ဌာန် ဝင်သလိုပါပဲ။
( ဘယ်နေ့ ဘယ်ရက်မှ စ၍ ဘယ်နေ့ထိအောင် ဘာတွေကို
လုပ်ဆောင်မယ်... ဤသစ္စာစကား မှန်ကန်ပါက ဘာဖြစ်ရ
ပါစေသား...) ဆိုတာမျိုးလိုပေါ့။
ကျွန်တော်တို့တွေ ( မိမိ ရယူပိုင်ဆိုင်လိုတဲ့ အရာတစ်ခု ရရှိဖို့ ဘယ်လို ချိုးနှိမ်ဟန့်တားမှု အခက်အခဲများပင် ရှိစေကာမူ
မလွဲမသွေ ရအောင် လုပ်ဆောင်မယ်...) ဆိုတဲ့ ဆုံးဖြတ်
ခံယူချက် ချထားရပါမယ်။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်၊
အရည်အချင်း ရှိရှိ ဆောင်ရွက်မှုတွေဟာ လုံလောက်စွာ
ကြံ့ခိုင် အားကောင်းနေမယ် ဆိုရင် Commitment
အောင်မြင်မှာပါ။ ဒီတော့ Commitment ကို ဘယ်လို
ချကြမလဲ။
Commitment ချမှတ်ခြင်း အောင်မြင်ဖို့ရာမှာ ပထမ မိမိ ဘာဖြစ်ချင်တယ်... ဘာလုပ်ချက်တယ်... ဘာလုပ်နိုင်တယ်.
ဆိုတာကို Think - တွေးခေါ် စဉ်းစားရပါမယ်။
မိမိ၏ အတွေးအခေါ် မှ ရရှိလာသော အကြောင်းအရာကို
အခြားမိတ်ဆွေ (မိမိ ယုံကြည်လေးစား စံပြုထားသူ) အား
ချပြ ပြောဆိုရဲရပါမယ်။ ဒါဟာ ဘာဖြစ်အောင် လုပ်မယ် ဆိုတာ
ကို ကတိကဝတ်ပြုတာပါပဲ။
အဲဒီနောက် မိမိ ပြောခဲ့သည့်အတိုင်း (ကတိ ထားတဲ့အတိုင်း)
လက်တွေ့ကျကျ လုပ်ဆောင်ရပါမယ်။ မဖြစ်ဖြစ်အောင် အစွမ်း
ကုန် ကြိုးစားလုပ်ရပါမယ်။
Think - တွေးခေါ်မယ်...Say - ပြောဆိုမယ်...
Execute - ပြောတဲ့အတိုင်း လက်တွေ့လုပ်ဆောင်မယ်...
ဒါဆို Commitment ချတာ အောင်မြင်သည့်အတွက်
မိတ်ဆွေတို့ အလိုရှိရာ ဖြစ်မြောက်လာမှာပါပဲ။
ကဲ! ကျွန်တော်တို့တွေဟာ ပြည့်စုံသောဘဝကို ရောက်ရှိဖို့
လျှောက်လှမ်းရာမှာ Dream - စိတ်ကူးအိပ်မက်တွေကို
ခြံရံပြီး Attitude - အပြုသဘောထား ထားရှိမယ်...
Belief - ယုံကြည်မှုတွေ ထားရှိမယ်...
Commitment - ကတိကဝတ်တွေ ချမှတ်ဆောင်ရွက်
မယ်... ဟုတ်ပြီ။ ဒါတွေ ကျင့်ကြံပြီးပြီ ဆိုပါတော့
System လမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်း
ဖို့ပဲ ကျန်ပါတော့တယ်။
System ဆိုတာကတော့ Learn - လေ့လာရမယ်...
Practice - လေ့ကျင့်ရမယ်... Action - လုပ်ဆောင်ရ
မယ်...ဆိုတဲ့ LPA (လ သုံးလုံး) ပါပဲ။
Learn: ဘဝဆိုတာ ရှည်လျားထွေပြားသော လေ့လာနေရခြင်း
ပါ။ ကျွန်တော်တို့တွေဟာ ဘဝတစ်ခုကို အောင်မြင်စွာ
ဖြတ်သန်းဖို့ ဗဟုသုတတွေ၊ နည်းပညာတွေ၊ အတွေ့အကြုံတွေ
ကို စဉ်ဆက်မပြတ် သင်ယူလေ့လာနေရပါမယ်။
ပညာရပ်တွေဟာ သင်ယူလေ့လာမှု ရပ်လိုက်တာနဲ့ တဖြည်းဖြည်း
ပျောက်ကွယ်သွားတတ်ပါတယ်။ ယခုလို ပြောင်းလဲနေတဲ့
ခေတ်ကာလမှာ နည်းနာပညာရပ်တွေကလည်း အသစ်အဆန်း
တွေရော၊ အပြောင်းအလဲနှင့်အညီ ဖြစ်တည်လာတာတွေရော
တိုးပွားလာနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေဟာ ဘဝ
တလျှောက် Learning လုပ်နေရမှာပါ။
Practice: ကျွန်တော်တို့ လေ့လာထားတာတွေကို အလေ့
အကျင့် ပြုလုပ်ရပါမယ်။ ပြည့်စုံသော လေ့ကျင့်မှုကသာ
ဘဝကို ပြည့်စုံစေမှာပါ။ Perfect practice make
Perfect life.ပေါ့။ ကျွန်တော်တို့တွေဟာ ပြည့်စုံသော
ဘဝသို့ ရောက်ရှိဖို့ ပြုမူဆောင်ရွက်ရာမှာ ထိခိုက်မှု နည်း
အောင်၊ လျှက်မြန်လွယ်ကူအောင် မှန်ကန်တဲ့ အလေ့အကျင့်
များများ လုပ်ပေးရပါမယ်။
လေ့လာ၊ လေ့ကျင့်ပြီးနောက်မှာတော့ လက်တွေ့ လုပ်ဆောင်
ဖို့ပဲ လိုပါတော့မယ်။
Action: လက်တွေ့လုပ်ဆောင်ချက် - Action ရှိမှ
Reaction ရှိမှာ မဝုတ်လား။ အောင်မြင်ပြည့်စုံသောဘဝ
ဆိုတဲ့ Result ရရှိဖို့မှာ အောင်မြင်ပြည့်စုံစေမယ့် Action
လုပ်ဆောင်ချက်တွေ ကြိုးစားအားထုတ်ကြရမှာပါ။
ဟုတ်ပါပြီ... ၂၁ ရာစုခေတ်မှာ ကျွန်တော်တို့တွေဟာ
ဘာတွေကို လေ့လာ၊ လေ့ကျင့်၊ လုပ်ဆောင်ကြရမလဲ။
၂၁ ရာစုမှာ အောင်မြင်ဖို့ မည်သည့်ပညာရပ်တွေက အခြေခံ
ကျပြီး အရေးကြီးပါမလဲ။
ဆက်ရန်.....
(မှတ်ချက်။ ။ To Be Perfect Life အပိုင်းဆက် အောင်မြင်ရေး
လမ်းစဉ်များကို ကျွန်တော်၏ Facebook Page ဖြစ်သော
Hein Khant Maung Perfect Life တွင် လွန်ခဲ့သော
သုံးနှစ်ခန့်က Power Point ကို Photo ရိုက်ယူ၍ တင်ခဲ့ဖူး
ပါသည်။ [Page Link မှာ https://www.facebook.com/heinkhantmaung.tinaungsoe/]
မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင်
ပျော်ရွှင်ကြပါစေ.....
With Kindness ,
@billionairehein
MSC - 193
Hein Khant Maung ပြုစု ရေးသားသည်။
action and reaction ပေါ့ဘဒို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Action မရှိဘဲ reaction ကို မျှော်နေလို့ကတော့
ဘယ်မှာ result ကောင်းမလဲဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အောင်မြင်ဖို့တာ အခြားအရာတွေလည်း လိုအပ်သလို ကံ ဥာဏ် ဝရိယ ပေါင်းစပ်ဖို့လည်း လိုအပ်ပါတယ် အရေးကြီးတာက စာဖက်ရုံနဲ့ မအောင်မြင်နိုင်ဘူး စာပေထဲကအတိုင်း လိုက်နာကျင့်သုံးနိုင်မှလည်း အောင်မြင်မှု့ဆိုတာ ရရှိမှာပါ☺
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် ကိုလင်းရေ...
စာဖတ်ရုံက ဗဟုသုတပဲရပြီး အဲဒီဗဟုသုတကို လက်တွေ့
အသုံးချ လုပ်ဆောင်မှ ရမှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲ့ဒါကို ၁၀၀% လက်ခံတယ်ဘဒို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တကယ်အောင်မြင်ချင်ရင်တော့ ကိုဟိန်းဖော်ပြပေးတဲ့အကြောင်းအရာတွေအတိုင်းတကယ်လုပ်အဟုတ်ဖြစ်မှာမလွဲဧကန်ပါဗျာ
အချိန်တော့လိုမှာပေါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တာပေါ့ ညီရာ...
တစ်ကယ်အောင်မြင်ချင်ရင် တစ်ကယ်လိုပ်လုပ်ရမှာပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ်လေးစားရတဲ့တစ်ယောက်ယောက်ကိုတိုင်တည်ပြီး လုပ်ရမှာပေါ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိမိလေးစားတဲ့သူကို တိုင်တည်ပြောပြီး ကတိကဝတ်ပြုတော့
ပိုခိုင်မာလို့ပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လက်တွေ့တွေ့ကျကျနဲ့ သတိထားဆောင်ရွက်ရင် အောင်မြင်ရန် လမ်းစတစ်ခုလို့ထင်ပါတယ် အမြဲတမ်းစိတ်ကူးယဉ်အိမ်မက်ထဲမှာပဲပျော်မွေ့နေရင်တော့ အောင်မြင်မှုဆိုတာဘယ်ရမလဲနော့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ကူးအိပ်မက်တွေကို လက်တွေ့ကျကျ အကောင်အထည်
ဖော်ရမှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လ သုံးလုံးကို သဘောကျပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တကယ်လည်း လိုက်နာလုပ်ဆောင်ရမည့် လမ်းစဉ်ပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တာပေါ့စာဖက်စိတ်ကူးယဉ်နေရုံဘယ်ရမလဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ကူးယဉ်နေရုံကတော့ စိတ်ထဲသာယာနေရုံပဲ ရမှာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လေ့လာသင်ယူ လေ့ကျင့်ပြီးမှ ပြောဆိုလုပ်ဆောင်မှုကို လက်တွေ့ကျကျ လုပ်ဆောင်ရမယ့်သဘောပေါ့နော် ကိုဟိန်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါပေါ့ဗျာ...
လေ့လာလေ့ကျင့်မှု မရှိဘဲ ရမ်းလုပ်ရင် ဘာဖြစ်လာနိုင်မလဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လေ့လာပြီးလက်တွေ့ကျင့်ကြံအသုံးချ တတ်ဖို့ ကို အားယူရမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားယူပြီးရင်တော့ အားထည့်လုပ်ပေါ့လေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လသုံးလုံး စနစ်ကိုတော့ စိတ်ဝင်စားတယ် ပြောသာပြောတာ လက်တွေ့လေ့ကျင့်နိုင်မှဖြစ်မှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်...
လက်တွေ့ လေ့ကျင့်နိုင်မှ အောင်မြင်မှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆယ်တန်းတုန်းကPhysics Definitionစာအုပ်
နောက်မှာ Thousands of practice make perfect
ဆိုတဲ့စာတန်းလေးကိုတောင်ပြန်သတိရသွားတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Perfect practice make perfect.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လေ့လာမှုအားကောင်းပြီး လက်တွေ့လုပ်ဆောင်နိင်ရင်
အောင်မြင်မှုဆိုတာ ပေါ်လာတက်တာပေါ့နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါပေါ့...
များများလေ့လာ မှန်မှန်လိုက်လုပ် အဟုတ် အောင်မြင်မှာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပြည့်အဝ မလိုက်နာနိုင်သေးပေမဲ့ တန်းဖိုးထား
လေးစားစရာတွေပါ ကိုဟိန်း ကျေးဇူးပါခင်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit