သရဏဂုံ ၀ိနိစ္ဆယကျမ်းသစ်

in myanmar •  6 years ago 

သရဏဂုံ ၀ိနိစ္ဆယကျမ်းသစ်

20181122_071114.jpg
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒဿ။

အခန်း(၁) သရဏဂုံ ပျက်မပျက်ကို ပြခြင်း

၁။ သီလတည်မှု၊ သီလပျက်မှု
၂။ သရဏဂုံ တည်မှု ၊ သရဏဂုံပျက်မှု

     ၁။ သီလတည်မှုမည်သည် ရဟန်းသံဃာ၊စေတီ ပုထိုး၌ခံယူခဲ့သော်၎င်း၊ မိမိအလိုလျောက်ပင် နှုတ်မြွတ်၍ ဆောက်တည်ခဲ့သော်၎င်း ထိုပုဂ္ဂိုလ်သည်သီလတည်၏။ နေ့ရက်အပိုင်းအခြားနှင့် မှန်းထား၍ ခံယူဆောက်တည် သည်ရှိသော် ထိုအပိုင်းအခြားကိုလွန်လျှင်ထိုသီလသည် ပျက်၏။ပျက်၏ဆိုသော်လည်း ခံယူမှု ဆောက်တည်မှု ကွယ်ငြိမ်းသွားသည်ကိုဆိုလိုသည်၊ ကျိုးပေါက်သော အပျက်မျိုးမဟုတ်၊ ခံယူဆောက်တည်သော နေ့ရက် အပိုင်းအခြားကို မလွန်သေးမီ ထိုထိုသီလသိက္ခာပုဒ်ကို ကျူးလွန်ခဲ့သည်ရှိသော် ကျူးလွန်သော သိက္ခာပုဒ်၌ ပျက်၏၊ ဤအပျက်ကား ကျိုးပေါက်သော အပျက်ဖြစ် သည်။

၂။ သရဏဂုံတည်မှု ၊သရဏဂုံပျက်မှု၌ နေ့အပိုင်းအခြား နှင့်မှန်းထား၍ ခံယူဆောက်တည်ရသော အရာမျိုး မဟုတ် နေ့ရက်အပိုင်းအခြားနှင့် ခံယူဆောက်တည်၍ မရ၊ “ပါဏုပေတံ” အသက်ထက်ဆုံးပြု၍ ခံယူဆောက် တည်မှရ၏။ ထို့ကြောင့် သိက္ခာပုဒ်တို့၌သာလျှင် နေ့ ရက်အပိုင်းအခြားလွန်ပါက ပျက်မှုဖြစ်၏။ သရဏဂုံက ထိုသို့မဟုတ် ပိုင်းခြားဆောက်တည်ထားသော နေ့ရက် လွန်သော်လည်း သရဏဂုံ ပျက်မှုမရှိ။

မှတ်ချက်။ ။(၁) သီလအရာတွင် သိက္ခာပုဒ် ကျူးလွန် ရာခဲ့ရာ၌ (၅)ပါး ၊(၈)ပါး အကုန်ပျက်နည်း တစ်မျိုး။
(၂) သိက္ခာပုဒ် ကျူးလွန်ရာ၌ ကျူးလွန်သော သိက္ခာပုဒ် သာပျက်သော ကျူးလွန်နည်းတစ်မျိုး။ (၂)မျိုးရှိသည်။
၁။ ငါးပါးသီလ ရှစ်ပါးသီလ ဆောက်တည်ရာတွင် သီလ တစ်ပါးကျိုးက အကုန်ပျက်နည်းတစ်မျိုး။
၂။ ယခုကာလတွင် အသီးသီးခံယူဆောက်တည်ရာ၌ သီလ တစ်ပါးကျိုးက တစ်ပါးသာပျက်၏ဟု အယူရှိကြ ကုန်၏။

သရဏဂုံမှာ -- ထိုကဲ့သို့မဟုတ်
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ သံဃံ သရဏံ ဂစ္ဆာမိ။ တစ်ပေါင်းတည်း ခံယူ ဆောက်တည်ရ၏ ပျက်လျှင်လည်းအကုန်လုံး ပျက်၏။ သီလသိက္ခာပုဒ်တို့မှာ ကျူးလွန်ခြင်းဖြစ်ရန် အင်္ဂါ အသီး အသီးရှိကြသည်။
သရဏဂုံမှာ ကျူးလွန်မှုမည်သည် ဗုဒ္ဓဘာသာမှ တစ်ခြား ဘာသာသို့ပြောင်းသွားခြင်း၊ သေ လွန်သွားခြင်း။ထို နှစ်ခုသာရှိသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာမှ မစွန့်သေး သမျှကာလပတ်လုံး သရဏဂုံ တစ်ခါဆောက်တည်ထား သူသည် တစ်သက်လုံး သရဏဂုံတည်ပြီ။ အကြိမ်ကြိမ် ဆောက်တည်ဘွယ်မလိုပြီ။ အခါခါဆောက်တည်မှုသည် ကုသိုလ်တိုးပွားဖို့ သာဖြစ်ပါသည်။အပြစ်မရှိ။ငါးပါးသီ လကဲ့သို့ တစ်ပါးပါး ကျူးလွန်မိခဲ့သော် မိမိကိုယ်ကို စိတ်မချ၍သာ အခါခါခံယူဆောက်တည် နေကြခြင်း လည်းရှိကြကုန်၏။

အခန်း(၂) သရဏဂုံ ခံယူမှု ရမှုကိုပြခြင်း

     သရဏဂုံ ခံယူဆောက်တည်ရာတွင် တစ်ပါး သော ရဟန်း၏အထံတွင်၎င်း ၊သံဃာထံတွင်၎င်း တစ် ကြိမ်တစ်ခါခံယူ ဆောက်တည်ခဲ့သော် အသက်ထက်ဆုံး ခံယူဆောက်တည်ပြီး သည်သာလျှင်ဖြစ်သည်။အဖန်ဖန် အခါခါ ခံယူဆောက်တည်ဘွယ်မလို။

ကိုးကွယ်ရာ ဘာသာ ခရစ်ယာန်စသဖြင့် ဘာသာတစ်ခုသို့ ပြောင်းသွားသော် ဆောက်တည်ပြီး သား သရဏဂုံပျက်၏။
ထို ဘာသာပြောင်းသွားသောသူသည် တဖန် မိမိ ဗုဒ္ဓဘာသာသို့ပြန်လည် ကူးပြောင်းလာသော်လည်း ထိုမူလ သရဏဂုံသည် ပကတိသရဏဂုံသာဖြစ်၏ ။ တဖန် သရဏဂုံဆောက်တည်ဘွယ်မလိုပြီ။
*************** ********************

ကိုးကွယ်မှုနှင့် သရဏဂုံကိစ္စ

ပါဌ်အထောက်= ဧတံ ပန သရဏံ ဂတဿ အညသ္မိံ ဘိက္ခုသံဃေ ၀ါ၊ ဘိက္ခုနီသံဃေ ၀ါ ဗုဒ္ဓပ္ပမုခေ ၀ါ သံဃေ သမ္မုတိသံဃေ ၀ါ၊ စတုဝဂ္ဂါဒိဘေဒေ ဧကသ္မိံ ပုဂ္ဂလေပိ ဘဂ၀န္တံ ဥဒ္ဒိဿ ပဗ္ဗဇိတေ ၀န္ဒာဒိကိရိယာယ သရဏဂမနံ နေ၀ဘိဇ္ဇတိ န သံကိလိဿတိ။

       ဗုဒ္ဓဘာသာဝင်တို့သည် သရဏဂုံကို တစ်ခါ တည်သည်နှင့် တစ်ပြိုင်နက် တစ်သက်လုံးတည်၏။ နတ်ကိုးကွယ်မှုကိုလည်း မစွန့်လွှတ်ကြ ၊ပစ္စုပ္ပန် အကျိုးစိးပွားအတွက် တစ်ခြားသော ကွမ်ရင်မယ်တော် နတ် (၃၇)မင်းနတ် စသည်တို့ကိုလည်း မိရိုးဖလာ ကိုးကွယ်ကြသေး၏ ။ထိုသို့ကိုးကွယ်ခြင်းသည် သရဏဂုံတည်မှု ပျက်မှုနှင့်မဆိုင် ၊ပကတိ သရဏဂုံ ပျက်စီးမှုမရှိ ၊ ကိုးကွယ်မှုသည် သရဏဂုံ ကိစ္စကို ညစ်နွမ်းစေမှုလည်းမဖြစ်စေတက် ။

   ပဋိသန္ဓေ တည်နေစဉ်ကပင် သရဏဂုံတည်မှု ၀တ္ထု
       --------------------×-----------------------------

တစ်ရံရောအခါ မြတ်စွာဘုရားသည် သံသုမာရဂိရိမြို့သို့ ကြွရောက်တော်မူ၏။ ဗောဓိမင်းသားသည် လုလင်တစ်ယောက်နှင့် ဘုရားထံ သို့လာ၍ ချမ်းသာသုခမည်သည်ကို ဒုက္ခနှင့်ရင်းမှ ရနိုင်သည်ဟုထင်မိကြောင်း လျှောက်ထား၏ ။ ထိုအခါ မြတ်စွာ ဘုရားရှင်သည် ဟုတ်၏ဟု မိန့်တော်မူ၏။ ဘုရားအဖြစ်ကို သုခကိုရရန် ၆ နှစ်ပတ်လုံးကျင့်ရသော ဒုက္ကရစရိယ ဒုက္ခကိုအကျယ် အားဖြင့်ဟောတော် မူ၏။ ဒေသနာအဆုံး၌ ဗောဓိမင်းသားသည် အဘိက္ကန္တံ ဘန္တေ အစရှိသော စကားဖြင့်ဒေသနာတော်ကို ကြည်ညိုချီးမွမ်း ၏။ သရဏဂုံ မဆောက်တည်။
ထိုအခါလုလင်က အရှင်မင်းသားသည် သည်လိုချည်း လုပ်သည်။ ဒေသနာတော်ကိုသာ ကြည်ညိုချီးမွမ်းသည်၊ သရဏဂုံကိုကား ဆောက်တည် သည်ဟူ၍မရှိ-ဟုဆိုလေသည်။
ထိုအခါ ဗောဓိမင်းသားက ငါကား သရဏဂုံ ဆောက်တည်ဘွယ် ကိစ္စမလို၊ မယ်တော်၏ ၀မ်း၌ ပဋိသန္ဓေတည်စဉ်အခါ ငါ၏မယ်တော်သည် မြတ်စွာဘုရား၏ အထံတော်သို့ရောက်၍ သရဏဂုံ ဆောက်တည်သောအခါ မိမိအတွက် တစ်ကြိမ်၊ မိမိဝမ်းတွင်းမှနေသော ငါ့အတွက် တစ်ကြိမ် (၂) ၊ထပ်မံ၍ ဆောက်တည်သည်၊ ထို့ကြောင့် ငါသည် မမွေးဖွားမှီကပင် သရဏဂုံကို ဆောက်တည်ပြီး ဖြစ်သည်ဟု မြတ်စွာဘုရားရှေ့တွင် ဗောဓိမင်းသားက လုလင်ကို ပြေားကြား၏။
ယခုအခါ သဒ္ဓါ ပညာရှိကြကုန်သော မာတုဂါမ တို့သည်လည်း မိမိဝမ်း၌ ကိန်းနေသော သူငယ်၏ ဘုန်းကြီးအသက်ရှည်စေခြင်းငှါ အတုခိုးဘို့ကောင်းလှပြီ ဤ ၀တ္ထုကိုထောက်၍ သရဏဂုံမည်သည် ရတနာ ၃-ပါးကို အထွတ်အမြတ်-ဟု ယုံကြည်၍ သိပြီး ငါ၏ ကိုးကွယ်ရာတည်းဟု စိတ်ဖြစ်ပေါ်နေသမျှ ကာလပတ်လုံး သရဏဂုံတည်နေတော့သည်။ ဘယ်သူ့ကိုပင် ကိုးကွယ် သော်လည်း သရဏဂုံပျက်သည်ဟု မရှိတော့ပြီ။
ဤမျှသာ ဒုတိယပိုင်းဆက်လက်ရေးသားပါမည် ။

ဗုဒ္ဒ သာသနံ စိရံတိဋ္ဌတု

ရေးသူ = ခရစ်တွန်သြဘာ
#chirstonawba

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://company.poki.com/terms-of-use/