ဟိုအရင်က မန္တလေးကို ပြန်လည်တမ်းတလွမ်းမိပါတယ်

in myanmar •  7 years ago 

ဟိုတချိန်က မန္တလေးမြို့ ဆောင်းရာသီရဲ့ညတွေတိုင်းကို
သတိရတမ်းတမိတယ် ည ၉နာရီနောက်ပိုင်း ကျုံးဘေးကလက်
တွန်းလှည်းလေးနဲ့ရောင်းတဲ့ အအေးဆိုင်လေးမှာ ထောပတ်သီး
ဖျော်ရည်လေးသောက် လမ်းမပေါ်က ဆိုင်ကယ်တွေ ရှေ့ဘီးတွေ
ထောင်စီးတာတွေအားပေးရင်းပေါ့ ၁၀နာရီထိုးအိမ်ပြန်ချိန်ဆို ကျုံး
ကိုတပတ် ပတ် ဆိုင်ကယ်မောင်းဖို့ လူရွေး ပိုက်ဆံရဲ့နောက်ဆုံး
ဂဏန်း၂ကိုယူ ပီး ရှူံးတဲ့သူက ဆိုင်ကယ်မောင်းရတာလေ ကိုယ့်
များရှူံးပီးဆို ရှေ့ကနေမောင်းရတာ အေးလိုက်တာဗျာ ဒီလိုနဲ့မန်း
တောင်ဘက်နေ ပြည်ကြီးမွန်ဖောင်ဘက်ထိမောင်း ရောက်ရင်
ဘေးခနရပ် ဆေးလိပ်ထိုင်သောက် ည၁၁နာရီကျော်မှအိမ်ပြန်
တယ် တခြားပျော်စရာတွေနဲ့ အပူအပင်ကင်းတဲ့ဘဝလေးကို ပြန်
တမ်းတမိတယ် နွေ မိုး ဆောင်း ညတိုင်းကျုံးအမြဲပတ်မောင်းပီး
မှပြန်ကျတယ် ခုဆိုအဲ့အချိန်တွေ့ပျော်ရွှင်စရာတွေနဲ့ ဝေးခဲ့တာ
၈နှစ်တောင်ကျော်ခဲ့ပီလေ ဒါပေမဲ့ ရင်ထဲမှာတော့မနေ့တနေ့က
လိုပဲမြင်ယောင်နေမိတယ် မိုးများလိုရေတွေလမ်းမပေါ်မှာလျှံပီ
ဆို ဆိုင်ကယ်စီးရတာအရမ်းပျော်တယ် တချို့ဆိုင်ကယ်တွေဆို
ပလပ်ထဲရေဝင်လို့ စက်နှိုးမရတာတွေ လမ်းမပေါ်ယောလမ်းဘေး
ယောပုံလို့ဗျာ ကောင်မလေးချောချောလေးတွေဆို ဆိုင်ကယ်ရပ်
ပီး ကူညီတတ်တတ်တာ ကျွန်နော်တို့ သူငယ်ချင်းတွေအားရဲ့
အားနည်းချက်ပေါ့ 😁ယောကျာင်္းလေးတွေဆို မေးပါတယ် မင်း
တို့ဆိုင်ကယ်က ဒီဇယ်လား ဓာတ်ဆီလားလို့😁 ဒါကိုတချို့တွေ
က မသိကျဘူးဗျာ ဒီဇယ်ဆိုပြင်တတ်တယ်ဓာတ်ဆီဆို မပြင်တတ်
ဘူးပြောပီး မောင်းထွက်လာတယ်😁 ၂နာရီးထိုးလဲမပြန်ဘူးဗျ
မြို့ထဲလျှောက်ပတ်ပီးလိုက်စကျတယ် ခုချိန်ပြန်ပီ လိုချင်မိတယ်
အရင်လိုပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကိုပေါ့ ခုတော့ ဘဝ
တိုက်ပွဲတွေကိုယ်ဆီနဲ့ သူငယ်ချင်းတွေလည်းအဆက်အသွယ်မရ
တော့ဘူး သူငယ်ချင်းတို့အစစအရာရာအဆင်ပြေပါစေ။

          HFS-35 ![image](https://img.esteem.ws/m1i3m2z6fm.jpg)<hr> ![image](https://img.esteem.ws/m1i3m2z6fm.jpg)
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အားပေးနေပါတယ်

မန်းလေး ရောက်ဖူးချင်တယ်

  ·  7 years ago Reveal Comment

me too

ဆေးကျောင်းတက်တုန်းက မန်းလေး နေခဲ့ဖူးတယ် ..
မြင်းလှည်းလည်းစီးဖူးတယ်

ကောင်းပါတယ်

အား​ပေး​နေပါတယ်

Good

Good

Good

Good bro

goooooooood post

ကျနော်လဲလွမ်းမိပါသည်။