introduce myself

in myanmar •  7 years ago  (edited)

steemit myanmar မှ ချစ်သော ဆရာများ အပါအဝင် ချစ်သော မိသားစု ညီအကို မောင်နှမများအားလုံး ကာယစိတ္တ သုခနှစ်ဖြာနှင့် ပြည့်စုံ၍ လောက၏အကြိုးစီးပွားများကို ဆထက်တန်ဖိုး ပို၍ ကြိုးစားရွှက်ဆောင်နိုင်ပါစေဟု @evernew မှဦးစွာမထမ နှုတ်ခွန်းဆက်လိုက်ရပါတယ်ခင်ဗျာ။
ကျွန်တော်၏ steemit နာမည်ကလေးမှာ@evernew ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်၏ မှတ်ပုံတင်နာမည်သည် မောင်ဝင်းထွန်း ဖြစ်ပါသည်။ ကျွန်တော့အား ခရစ်နှစ် 14.2.1987 မြန်မာသက္ကရာဇ် ၁၃၄၈ တပို့တွဲလပြည့်ကျော် ၁ ရက် စနေနေ့တွင် လူ့လောကကြီး အတွင်းသို့ စတင်ဝင်ရောက်လာသည်မှာ ယခုဆိုလျှင် အသက် ၃၁ နှစ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။
လက်ရှိအချိန်တွင် ကျွန်တော်သည် မိဘ၏ အမွေမျိုးဆက် လုပ်ငန်းလေးဖြစ်သော မြန်မာမှုလုပ်ငန်းကို လုပ်ကိုင်၍ ဘဝအတွက် အသက်မွေးဝမ်းကြောင်းပြု၍ မိဘနှစ်ပါးအား လုပ်ကျွေးပြုစုလျှက် ရုန်းကန်နေရပါသည်။ ကျွန်တော်သည် စာပေအနုပညာရပ်များကို စိတ်ပါဝင်စား၍ လေ့လာသင်ယူလျှက် ရှိပါသည်။ steemitmyanmar မှ ဆရာများအပါအဝင် မိသားစု ညီအစ်ကို မောင်နှမများ အားလုံး ကျွန်တော်၏ စာပေအားနည်းချက်များနှင့် လိုအပ်သည်များကိုလည်း သင်ကြားပြသပေးပါလို့ မေတ္တာရပ်ခံအပ်ပါသည်။
ကျွန်တော်သည် steem အား စိတ်ပါဝင်စား၍ အကျိုးရှိအောင် အသုံးချမည် ဟူသောခံယူချက် စိတ်ကလေးဖြင့် သည်လောကထဲသို့ သူငယ်ချင်းတစ်ဦး၏ အကူအညီဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။ ယခု steemit သည် ကျွန်တော်၏ ဒုတိယမြောက် steemit လေးဖြစ်ပါသည် ။ ကျွန်တော်၏ ပထမ steemit သည် password လေးပျောက်သွားပါသဖြင့် ယခု @evernew နာမည်လေးဖြင့် အသစ်ပြန်လုပ် ထားရခြင်းဖြစ်ပါသည် ။
ကျွန်တော်၏ steemit အကောင့်လေးကို မူလ MSC code လေးအားပြန်လည်၍ အသုံးပြုခွင့်ပေးသော steemitmyanmar မှ ဆရာများနှင့်တကွ ယခုလို ပြန်လည်အသုံးပြု နိုင်အောင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးကြသော ညီအစ်ကို များကိုလည်း အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း သည် post လေးနှင့် ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားလိုပါသည် ။
ကျွန်တော်၏ post လေးကို အားပေး ဖတ်ရှုနေကြသော steemit မိသားစုများသည်လည်း မိမိတို့၏ steemit myanmar မှ ဆရာများနှင့်တကွ steemit လမ်းပေါ်လျှောက်လှမ်းနေကြသော ညီကိုမိတ်ဆွေ များအားလုံး ကျန်းမာ ချမ်းသာကြ ပါစေ အောင်မြင် တိုးတက် ကြပါစေလို့ ဆန္ဒပြုလိုက်ပါသည်ခင်ဗျာ ။

steemit myanmar Teachers beloved family, including brothers who love to all brothers and sister mindedness I could be filled with something of more value than the economic benefit of the world. May try efforts can @evernew lost the first greeting to you.
My name steemit child is @evernew. My identification name Maung Win Tun. 14.2.1987 Myanmar CE 1348 full Ta Po Twele 1 are entered into the human world begins on Saturday, has now reached the age of 31 years.
I inherited my parent's generation, currently working in Myanmar. Their parents are prepared to feed his career life struggles. I dedicated literature student interest. There has been learned. steemitmyanmar teachers all the family, including brothers and sisters to show my weaknesses and necessary teaching literature requested.
Steem interest. I will be used to benefit the perception by chance into the world with the help of a friend arrived. Steemit My second steemit. I lost my first steemit password @evernew has been to repeat the new name.
My baby steemit account gives access to the back in the original MSC code steemitmyanmar teachers needed to recycle with the left to give to the four brothers are very grateful to post need to be said, and expressed his thanks.
Families who read my post I encourage steemit with their teachers steemit myanmar steemit All friends who are walking on the street in good health, has been successfully developed let toast you.
image
MSC 116
@evernew

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Welcome steemit family

thank

good

thank bro

👍👍👍

thank sis

hi, welcome to steemit. steemit community is always growing. thanks for joining steemit and for such good introduction post.

thank

welcome

ကြိုဆိုပါတယ်သားရေ၊ လိုအပ်တာကိုအစစကူညီပါ့မယ်။ https://web.facebook.com/profile.php?id=100016806793354 ဆရာ ကိုဆက်သွယ်ဖို့ပါ။ Steem myanmar အားလုံးကိုချစ်တဲ့ ဆရာ@tinhlaingoo

ဟုတ်ကဲ့ပါဆရာ ကျေးဇူးတင်ပါတယ်ဆရာ